ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 8 February 2010

p4 ကွန်ပျူတာ တစ်လုံးကို ငွေကျပ်တစ်သိန်းကျော်နဲ့ ဆင်ပေးမဲ့ ACT

p4 ကွန်ပျူတာ တစ်လုံးကို ငွေကျပ်တစ်သိန်းကျော်နဲ့ ဆင်ပေးမဲ့ ACT ကွန်ပျူတာ အရောင်းနဲ့ ဆားဗစ်စင်တာ ဖွင့်လှစ် ACT Computer Sales & Services Centre ဖွင့်ပွဲကို အမှတ်(၁၅၄)၊ (၃၈)လမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း(ဝ၁-၃၈၈၇၈၁၊ ဝ၉-၅ဝ၈၉၈၂၂၊ ဝ၉-၅၁၉၉၈၈၂) မှာ (၂၁၊၆၊၂ဝဝ၉)ရက် ညနေ (၃)နာရီက ကျင်းပ ခဲ့ပါတယ်။ ACT ဆိုင်ဖွင့်ပွဲကို သရုပ်ဆောင် သတ္တိ၊ ပပဝင်းခင်၊ မိုးဟေမာန်ခင်တို့ တက်ရောက် ခဲ့ကြတာကို တွေ့ရပါတယ်။ ACT ကွန်ပျူတာ အနေနဲ့ P4 အမျိုးအစား ကွန်ပျူတာ use များကို ငွေကျပ် တစ်သိန်းကျော်နဲ့ ဆင်ပေး နိုင်တယ်လို့ သိရပါတယ်။ ACT ကွန်ပျူတာ အနေနဲ့ မကြာမီမှာ မလေးရှားဖက်စပ် LCD မော်နီတာ၊ ကီးဘုတ်၊ မောက်စ်တို့ကို တစ်ဦးတည်း ကိုယ်စားလှယ် အနေနဲ့ သွင်းတော့မယ်လို့ သိရပါတယ်။ ACT ကွန်ပျူတာ အနေနဲ့ ကွန်ပျူတာ သင်တန်း ဖွင့်မယ့်သူတွေကို လိုင်စင်များ လျှောက်ပေးမှာ ဖြစ်သလို အင်တာနက်ဆိုင်ဖွင့်မယ်သူတွေကို လိုင်စင်ရော၊ လိုင်းပါ လျှောက်ပေးမယ့် အခမဲ့ဝန်ဆောင်မှုပေးမယ်လို့ လည်းသိရပါတယ်။ ACT ကွန်ပျူတာအနေနဲ့ဈေးနှုန်းကို အထူးသက်သာအောင် ရောင်းချပေးမယ့်အစီအစဉ်ဟာ တစ်ဆင့် ဝယ်ယူရောင်းချခြင်းမဟုတ်ဘဲ တိုက်ရိုက်ဝယ်ယူ ရောင်းချခြင်းဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်းအထူးသက် သာခြင်းဖြစ်တယ်လို့ ACT ဆိုင်ရှင် ကိုပြည့်စုံနဲ့ ဆိုင် တာဝန်ခံ မပွင့်သန္တာစိုးတို့က ရှင်းပြခဲ့ပါတယ်။ KZY
လျှပ်တစ်ပြက် သတင်းဂျာနယ် မှ ကူးယူ ဖော်ပြသည် ။


Saturday 6 February 2010

Gtalk အတွက် skin




ဒီတစ်ခါတော့ ယခုခေတ်အသုံးများတဲ့ Google talk လေးကို အလှဆင်ဖို့အတွက်ပါ ပုံမှန် gtalk ကိုပဲ ပြောင်းလဲလိုက်တာပါ လုပ်ရတာလဲ လွယ်ကူပါတယ် အသစ်ဆန်းလေး ကြိုက်နှစ်သက်တယ် ပြောင်းလဲကြည့်ချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါ ကျွန်တော့်ဆိုင်မှာတော့ အားလုံး အဲလိုလေးတွေ လုပ်ထားလိုက်တယ် skin နှစ်မျိုးပေးထားပါတယ် အပြာနုရယ် အစိမ်းရောင်လေးရယ်ပါ ကျွန်တော်ပေးတာလေးကို ဒေါင်းလုပ်စွဲ ပြီးရင် copy ယူလိုက်ပါ ပြီးရင် my computer / local Disk (c) / program files / Google / google talk ထဲမှာ ရှိတဲ့ မူလ googletalk ကို ဖျက်လိုက်ပါ ပြီရင် စောစောက copy လုပ်ထားတာကို အဲထဲမှ paste လုပ်လိုက်ရင် ရပါပြီ Desktop မှာရှိတဲ့ googletalk ကို ဖွင့်လိုက်ချိန်မှာ ဘောက်တစ်ခုကျလာပါမယ် browse ကိုနှိပ်ပြီး googletalk ကိုရွေးပေး open အဲဒီနောက် Run box တစ်ခုကျလာရင် "always ask before..."အမှတ်ခြစ် အစိမ်းလေး ကိုနှိပ်ပေးပြီး Run ကိုနှိပ်လိုက်ပါ ဒါဆို အမြဲတမ်းသုံးလို့ရသွားပါပြီ အဆင်မပြေရင် ကွန်မန်း ကိုနှိပ်ပြီး ရေးပေးပါ ...။

ifile download


Friday 5 February 2010

စာမျက်နှာ

ညလေးတစ်ည မှောင်မိုက်ခြင်းနဲ့
ကြယ်တွေကို ခံစားခဲ့တယ်
အပြုံးရီသံ ရင်ခုန်မမှန် ….
တဒင်္ဂတွေ အစဉ်တည်စေ
အမြဲမျှော်လင့် ရှင်သန်စေလေ
မထင်မှတ်မှ ရင်ခုန်ချက်တစ်ခု
ထာဝရတစ်ခုဖြစ်စေခဲ့ပြီ
မင်းမသိစေ ငါ့ရင်ခုန်သံ
အသိစိတ်ဆိုး မင်းစိတ်ငြှိးမှာ
မမြင်လိုပေ ..
ကြင်နာပါရစေ ငါ့ကိုတိုးတိတ်
ခွင့်ပြုပေးပါ
တိုးတိုးလေးချစ် အနှစ်တစ်ခု မင်းသိပါစေ …
ခါးသက်သက်လေး ပူပူနွေးနွေး
အတူခုံမင် အဲဒီနေ့ရက်
နောက်နှစ်တရာ ပျော်ရွင်ပါစေ
ရင်ခုန်ခြင်းည အိပ်စက်ခဲ့ရပါပြီ ….






ခြေထောက်တစ်စုံ

ခြေထောက်တစ်စုံ
ခြေထောက်နှစ်ချောင်း ရပ်တည်ခြင်းက
လောကတစ်ခု စိန်ခေါ်ခြင်းနှင့်အမျှ
ထက်တူညီခဲ့၏ …။
ထိုသည်အရပ် သွားမည်ဆုံးဖြတ်
ယုံကြည်မဲ့ခြင်း ငါ့တွင်မရှိ
တစ်ခုတည်းသော ခံယူချက်ပဲရှိခဲ့၏
ငါသည် လုံ့လ ဇွဲနှင့် သည်းခံ
ခံစားသည်မြင် မြင်သည်ကိုမှတ်
လောကဇာတ်ခုံသွားလင့်နေအံ့
ဘယ်မည်ရပ်တန့် ငါလဲမသိခဲ့ပြီ
ရေအလျှင်သွားလင့်နေမည် ….။
ဆုံးမည့်အချိန်ငါအဘယ် သည့်မည်နည်း
နူးညံ့မှုလည်း ငါကြုံတွေ့မည် မုန်တိုင်းထန်လဲ
ငါဝင်တိုးမည် …ကြုံကြုံသမျှ
ငါဘ၀ အဟာရပေတည်း….။





Wednesday 3 February 2010

coffee birthday


ဒီနေ့ သူငယ်ချင်းမွေးနေ့လေ ဒီနေ့ပဲ သူပြောလို့သိလိုက်တာ အွန်လိုင်းမှာ တွေ့ရင် ကော်ဖီ လိုက်တိုက်မယ်တဲ့ ဒါနဲ့ ချိန်းလိုက်တယ် ည 6.30 ဆုံမယ် ကျွန်တော့်ဆိုင်နားမှာပဲချိန်လိုက်တယ် သူတို့တွေရောက်လာပါတယ် ဆိုင်ကယ် တစ်စီး ကောင်မလေးနှစ်ယောက် ကျွန်တော့်ကိုလိုက်ခဲ့လို့မှာခဲ့တယ် fri အိမ်သွားခေါ်မယ်ပေါ့ ကျွန်တော်မကြာပါဘူး သူတို့နောက်က ဆိုင်ကယ်နဲ့လိုက်သွားလိုက်တယ် သူတို့က ကောင်မလေး သုံးယောက် ကျွန်တော်ကတော့ တစ်ယောက်ထဲပေါ့ စိုးရိမ်စရာ အချစ်ရွာ ကဖေးဆိုင်ကို ရောက်သွားကြတယ် ကျွန်တော်ကြိုက်တဲ့ နေရာလေးမှာ ထိုင်လိုက်တယ် အပေါ်ထပ် လမ်းမပေါ်ကို မြင်နေရတဲ့ ခုံလေး မှာထိုင်လိုက်တယ် တစ်ယောက်က ကြက်ဆီထမင်း တဲ့ နောက်တစ်ယောက်က မာလာထမင်းသုပ် ကျွန်တော်နဲ့ မွေးနေ့ရှင် ကတော့ ကော်ဖီ ပူပူ လေးတစ်ခွက်စီရယ် လက်ဘက်သုပ် မှာလိုက်တယ် စကားလုံးတွေဖောင်းပွနေလိုက်ကြတာ ပြီးတာနဲ့ နာမည်တွေမိတ်ဆက်ကြတယ် ( ............................................... ) အဲလိုနဲ့ပဲ ညလေးတစ်ည လှပခဲ့ပါတယ် စကားလုံးတွေ ဖောင်ဖွဲ့ပြီးနောက်သူတို့ဘက်က ပြောလာတယ် ဘုရားပေါ်သွားအောင်တဲ့ အဲဒါနဲ့ စားသောက်ပြီး အချစ်ရွာ ကဖေး ဆိုင်လေးမှ ထွက်ခွာခဲ့တယ် ညက ဘုးရားပေါ် မရောက်ခင် လမ်းမှာ မီးပျက်သွားတယ် ဘုရားရောက်တော့ ခဏနေပြီး ကော်ဖီသောက်ဖို့ ထပ်ပြီးစိတ်ကူးကြတယ် အဲဒါနဲ့ကော်ဖီ သောက်ကြတယ် မွေးနဲ့ရှင် နဲ့ ကျွန်တော်က အကြိုက်တူနေသဗျ ကော်ဖီ ခါးခါး လေး သောက်ကြတယ် မွေးနေ့ရှင်က .....?.... ပါ မွေးနေ့လက်ဆောင် အဲဒီည မပေးလိုက်ရပါဘူး ဒီနေ့တော့ ၀ယ်ထားလိုက်တယ် မပေးရသေးဘူး စာဖတ်သူသိချင်လား လက်ဆောင်ကကော်ဖီခွက်လေး တန်းဖိုးဖြတ်ရင်တော့ တန်ဖိုးနဲပါတယ် ဒါပေမဲ့ အမှတ်ရစေတာလေးကို ရွေးချယ်လိုက်တာပါ အခုပဲ မွေးနေ့ဆုတောင်းလိုက်ပါဦးမယ် ထုံးစံအတိုင်း "ယနေ့မှ နှစ်တစ်ရာ ပျော်ရွှင်ချမ်းမြေ့ပါစေ" 'D လိုနဲ့ ညလေးတစ်ည ကျွန်တော်အမှတ်တရ လဲဖြစ် ပျော်ရွင်ခဲ့ရပါတယ် ကျေးဇူးပါ မွေးနေ့ ရှင် ကော်ဖီခါးခါး လေးသောက်တိုင်း သတိရနေပါမယ် မွေးနေ့တိုင်းလဲ ဆုံစည်းပါရစေ အခုတော့ သူပျောက်နေတယ် အဆိုတော် ကိုချစ်ကောင်း သီချင်းလေးဆိုနေလိုက်တယ် "ကော်ဖီဆိုရင် ခါးခါး ကြိုက်မိတယ် :D