ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Saturday 29 May 2010

Local Disk (D) ပျောက်လို့

ကျွန်တော်အရင်က Drive တွေပိတ်တဲ့ ပို့စ် ရေးခဲ့ဘူးပါတယ် ပြန်ဖွင့်ဖို့အတွက် အခုမှရေးဖြစ်တော့တယ် လွယ်ပါတယ် ပိတ်တုန်းကလည်း ပိတ်ခဲ့ပြီးပေါ့ အခု အဲဒီလမ်းကြောင်းအတိုင်းပြန်သွားလိုက်ယုံပါပ။ဲ ဒီလိုပါ ခင်ဗျာ Start / Run မှာ diskmgmt.msc ရေးပြီး အိုကေ လိုက်ရင် အလွယ်တကူ ရရှိသွားပါပြီး ။နောက်တစ်နည်းက start / run မှာ gpedit.msc ဆိုပြီး ရေးလိုက်ပါ User Configuration / Administrative Templates / Windows components / windows Explower ဆိုပီးသွားလိုက်ပါ Hide these specified drives in my computer ဆိုတာတွေ့ပါလိမ့်မယ် ဖွင့်လိုက်ပါ Enabled လုပ်ထားတာကို Not configured ကိုပြန်ရွေးပေးပြီး Apply / ok ဆိုရင် ရသွားပါပြီ ပိတ်ထားတာလေး ပြန်ဖွင့်လို့ပြီးသွားပေါ့။ ပြန်ပိတ်ထားချင်တယ်ဆိုရငEnabled ပြန်ရွေးလိုက်ပေါ့ အိုကေ...

ကြိုးစားလျှက် ......

Friday 28 May 2010

မင်းအသံလေပြေ

ငါ့ နား မှာ လေပြေတိုးလို့
သူ့အသံနဲ့ ပျော်ခဲ့ဘူးတယ်
ေ၀၀ါး တဲ့ စိတ်တွေ ဘယ်သူရယ် မသိပေမဲ့
ရင်ဘက်မှာတော့ ထင်ဟပ်ခဲ့တယ်
သူ့အသံ လေပြေ..။

သူ့အသံလေပြေ ပျောက်ကွယ်လေတိုင်း
ရင်ဘက်တစ်ခု ကွက်လပ်အဖြစ်နဲ့
လစ်ဟင်းနေသလို
မျှော်လင့်ချက်လည်း မဲ့ခဲ့ရ၏..။

ဆောင်းအိပ်မက်လား
ခဏတာမက်ခွင့်ရှိမယ်ဆိုရင်တောင်
အိပ်မက် မှာ ငါ့အနားမင်းရှိနေပေးပါ
မင်းရှိနေရင် အရာရာပြည့်စုံတယ်လို့
ခံစားနေမိလို့ပါ ငါ့ရဲ့လေပြေ..။

မင်းခတ်ခဲနေလား  ဆုံတွေ့ချိန်တွေ
 အိပ်မက်တွေပဲ ပေးမယ်ဆိုလည်း
မနိုးထနိုင်တဲ့  အိပ်မက်တွေ
မင်းအပိုင်စား ပေးသနားပါ....ငါ့ရဲ့လေပြေ။

မင်းအသံလေပြေ
ရင်ခုန်သံအထက်မှာ ပွင့်ဖူးနေပါတယ်လေ.....။

Wednesday 19 May 2010

Networking Book


Networking မြန်မာလိုစာအုပ်လေး ထပ်တွေ့လို့ တင်ပေးလိုက်ပါတယ် တည်ဆောက် အသုံးပြုခြင်းနှင့် သဘောတရားလေးပါ Beginner များအတွက် အသုံးတဲ့မယ်လို့မျှော်လင့်ပါတယ်။စားသုံးချင်တဲ့ သူများကတော့ အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါနော်....။

ကြိုးစားလျှက် ....(ခရီးသည်)

Networking book download 
download /ifile.it


Monday 17 May 2010

အတွေးနဲ့အလွမ်း

အရင်ရက်တွေမှာဆို နေအရမ်းပူတာပဲ မနေ့က မိုးရွာတော့ အိပ်ကောင်းမယ် ထင်ခဲ့တာ အိပ်မပျော်ခဲ့ပါဘူး မီးကလည်းမလာဘူး နဖူးပေါ် လက်တင်လိုက်မိတယ် သူအဲဒီနေရမှာ ဘာတွေလုပ်နေလည်း ဘယ်လိုပုံ များဖြစ်နေလည်း၊ မသိ မမြင်နိုင်တော့ အတွေးနဲ့ပေါ့ စမ်းတ၀ါးဝါးနဲ့ လက်နှိပ်ဓါတ်မီးကို စွဲကိုင်လိုက်ရင်း အိတ်တစ်လုံးမှာ ရှာဖွာကြည့်ရင်း သူ့ဓါတ်ပုံတွေ တွေ့လိုက်မိတယ် ကြည့်နေရင် အဝေးကိုရောက်သွားတဲ့ အတွေးတွေ ပြန်ခေါ်လို့မရအောင်ပါပဲ။ အတူဆုံခဲ့တဲ့ရက်တွေကို စမြုပ်ပြန်နေမိပါတယ်။
ဝေးသွားခဲ့တာကလည်း နှစ်တွေတောင် ကြာနေခဲ့ပြီလေ တစ်ခါတစ်လေတော့လည်း သူ့အသံကို ကြားရတက်ပါတယ် ၀တ်တရားနဲ့ဖြေသိမ့် ပြောနေတာလား နားမလည်နိုင်လောက်တဲ့ စကားတွေလည်းကြားရပါတယ် အရာရာ အိပ်မက်လို့လည်း သူမှတ်ယူတယ်လို့ ခဏခဏလည်း ကြားနေရတက်ပါတယ် အဲလောက်လွယ်ကူတက်လား တွေးနေခဲ့မိတယ် အတွေးကမဆုံးပါဘူး ညကနက်လာပြီလေ။ဒါပေမဲ့ အတွေးကိုမရပ်တန့်ချင်ပါဘူး အတိတ်ရက်တွေ ခေါင်းထဲ ၀င်လာတယ် ကျောင်းသူ / သား နေ့ရက်တွေ အတူလက်တွဲ ပျော်ရွင်ခဲ့ဘူးတာက တစ်ရက်တာ မဟုတ်တဲ့ နှစ် လ ရက် တွေလေ ဒါတွေကို လွယ်လွယ်နဲ့ မေ့ပျောက် အိပ်မက် သက်မှတ်ချင်ခဲ့သူ ။
အချိန်တွေ ပြောင်းသွားပေမဲ့ လွမ်းသူ ရင်မှာ အရင် ဇာတ်ကွက် အတိုင်းပါပဲလေ ဆုံတွေ့ခြင်းက ခွဲခွာခြင်းဖြစ်ခဲ့ပြီးနောက် ခွဲခွာပြီးနောက် ဆုံတွေ့ဖို့ရှိနိုင်မလား အတွေးတွေနဲ့ ဒီတစ်ည မျက်စိမှိတ်လိုက်ခဲ့ပြီ။

Tuesday 11 May 2010

ကွန်ပျူတာပိတ်တော့မယ်

ကွန်ပျူတာကို Windows ကို Shut Down လုပ်လိုက်ရင် Speaker ကနေ "ကောင်းသောညပါ" ဆိုပြီး အသံထွက်လာပါတယ်။ ဒီလိုကွန်ပျူတာ Window တက်လာတိုင်း Shut Down လုပ်တိုင်း ကိုယ့်စိတ်ကြိုက် အသံထွက်စေချင်တယ်ဆိုရင်။
Microphone ကို ကွန်ပျုတာ Sound Card ရဲ့ Mic အပေါက်မှာတပ်၊ ပြီးတော့ (Start / Program / Accessories / Entertainment / Sound Record) လုပ်ထား။
ပြီးရင် ကိုယ်ကြိုက်တာ ပြောင်းလိုက်၊ ပြီးရင် ဖိုင်သိမ်းထား။
ပြီးရင် Control Panel >>Program Events ရှိမယ် Exit Windows ဆိုတာကိုတွေ့ပါမယ် အောက်က Sound မှာ အသံကိုရွေးဖို့ Browse ကိုရွေးလိုက်ပါ။ ခုနကသိမ်းထားတဲ့ အသံဖိုင်ကိုပြန်ခေါ်။ Ok လိုက်ပါ ဒါဆိုရပါပြီ။

Saturday 8 May 2010

Sothink Logo Maker

Logo လုပ်ချင်တဲ့ ဘော်ဘော်များ Sothink Logo Maker ဆော့ဖ်ဝဲလေး ကလည်းကောင်းပါတယ် မနေ့က လည်လည်သွားရင်း တွေ့တာနဲ့ ပြန်ရှဲပေးလိုက်တယ်နော် လုပ်ရတာလည်း လွယ်ကူတယ်လေ ဒါကြောင့် လုပ်နည်းကို ရှည်ပြီးတော့ ရေးမပေးတော့ဘူးနော် အဆင်ပြေပါစေ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ ဂျာ.. အားပေးပါဦး..။

Tuesday 4 May 2010

Restart ချလိုက်ပျောက်(DeepFreeze software)

ဒီဆော့ဖ်ဝဲ ကိုတော့ကျွန်တော်သုံးကြည့်တယ် တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ် သုံးနည်းတော့ ရှင်းမပြတော့ပါဘူး လွယ်ပါတယ် သူ့ပုံစံက ဘယ်လိုလည်းဆို မိမိစက်ကို ကိုယ်မသိတဲ့ software တွေ internet cafe' တွေဆို ရင် IP တွေ ပြောင်းသွား network ကို Disable လုပ်သွားတယ်ပေါ့ ဗျာ ဒါဆိုရင် ဒီ ဆော့ဝဲသွင်းထားလိုက်ရင် restart ချလိုက်တာနဲ့ အားလုံးဟာ အရင်တိုင်းပဲပြန်ဖြစ်သွားပါတယ်။
အဆင်မပြေရင်တော့ ကွန်မန်းရေးသွားနိုင်ပါတယ် စီဘောက်မှာ အော်လိုက်လည်းရပါတယ်။
ကြိုးစားလျှက်