ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 31 October 2011

တောင်ကြီးမြို့  မြို့ လုံးကျွတ်မဟာဘုံကထိန်ပွဲတော်

2011 ခုနှစ်၊ အောက်တိုဘာလ (14)ရက်
တောင်ကြီးမြို့ တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်ပွဲတော်နှင့်မဟာဘုံကထိန်ပွဲတော်ကို ၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့မှ တန်ဆောင်မုန်းလဆုပ် (၁)ရက်နေ့အထိ၊ (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ) ကျင်းပသွားမည်ဖြစ်ပါသည်။ (၆၄)ကြိမ်မြောက် မြို လုံးကျွတ်မဟာဘုံကထိန် ပွဲတော်ကိုမူ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့မှ တန်ဆောင်မုန်းလဆုပ်(၁)ရက်နေ့ထိ (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ) ကျင်းပသွားမည်ဖြစ်ပါသည်။
၂၀၁၁ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်နှင့် မဟာဘုံကထိန်ပွဲတော်ကို အောင်မြင်စွာကျင်းပသွားနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ၁၀-၁၀-၂၀၁၁ ရက်စွဲပါစာအမှတ် (၈၈၈)/၄-၈၀၉/အစရ(ရှမ်း) ဖြင့် မြို့လုံးကျွတ်မဟာဘုံကထိန်ကျင်းပရေးကော်မတီကို အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်(၁၀)ရပ်ကို ချမှတ်ပေးခဲ့ပါသည်။ 

ရည်ရွယ်ချက်

ရှေးနှစ်ပေါင်း (၆၀)ကျော်ကပင် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့်အညီ ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားရန်ဖြစ်ပါသည်။
အဓိကအားဖြင့် တောင်ကြီးမြို့ပေါ်နှင့် အေးသာယာ၊ စဉ့်ဟယ်၊ ရွှေညောင်တို့တွင် ကျောင်းတိုက်ပေါင်း (၁၂၉)ကျောင်းရှိသည့်အနက် ကထိန်မခင်းရသေးသည့် ကျောင်းများအား ကထိန်ခင်းနိုင်ရန် ကထိန်သင်္ကန်းနှင့် လှုဖွယ်ပစ္စည်းမစုစုတို့ကို လှုဒါန်းပေးပြီး ကထိန်ခင်းသည့် ကျောင်းများအားလည်း အရံသင်္ကန်းနှင့်တကွ လှုဖွယ်ပစ္စည်းများ အချိုးကျ လှုဒါန်းပေးသွားရန်ဖြစ်ပါသည်။
အောက်ပါပုံတွင်သေးပြီးမမြင်နိုင်ပါက ပုံတွင် click တစ်ချက်နှိပ်ပြီးကြည့်နိုင်ပါသည်။

Friday 28 October 2011

Thursday 27 October 2011

တောင်ကြီး အပျော်မီးပုံးပျံနှင့်မီးပဒေသာပွဲ


 တောင်ကြီးမြို့ အေးစေတီစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် 26.10.2011 တွင်ကျင်းပသွားတဲ့ ပွဲလေးဖြစ်ပါတယ်။ ပုံတွေလှလှပပမရှိပါဘူး အမှတ်တရဖြစ်စေဖို့တွက်သာ တင်ပေးလိုက်ရပါတယ်။ အဝေးရောက်နေသူများလဲ အလွမ်းပြေကြည့်လို့ရသွားတာပေါ့။ ကျေးဇူးတင်ပါ၏ ..
















































































































Sunday 23 October 2011

အိပ်ရာဝင် စိတ်မှာပင်ဝင်လာ

ရင်ခုန်သံမညီမျှခြင်းနဲ့
သံသယကင်းစွာ ရှင်သန်နေတဲ့
ငါ့ရဲ့ အိပ်မက်...။
အသိမကြွယ်ပေမဲ့
ငါနားလည်တရ်
ဒါ...ရင်ခုန်ခြင်းရဲ့စနစ်တံပါကွယ်..။
အသံတွေ ငါကြားနေတရ်
ကျေနပ်မှုတွေနဲ့ ရှင်သန်စေတရ်
ငါ့အနားမှာ ရှိနေပေးပါ  ချစ်သူရယ်...။
ကောင်းကင်ယံ မှောင်မှိုက်လို့နေ
ငါ့အခန်းငယ်မှာ အထီးကျန်သော်ငြား
လင်းလက်နေခဲ့တာ မင်းအတွေးတွေနဲ့ပေါ့.....

ကျတော့် စနေနေ့

ဒီနေ့ စနေနေ့ အေးဆေးပါပဲ နံနက်မိုးလင်း အိပ်ရာနိုးတော့ မေမေ လုပ်ကျွေးတဲ့ မုန့်ဟင်းခါးကို အားပါးတရစားပြီးနောက် အိမ်မှာ ဟိုလိုလိုဒီလိုလိုနဲ့ပေါ့ နာရီကိုမသိမသာကြည့်မိပြန်တော့ 9:30 နာရီခွဲရှိပြီ အပြင်မှာ အလုပ်နည်းနည်းရှိတာနဲ့ ထွက်လာခဲ့တယ် ပြီးတာနဲ့ ဘဏ်က မိတ်ဆွေးကြီးတစ်ယောက်ဆီသွားမယ်ဆို ထွက်လာခဲ့တယ် လမ်းဒေါင့်တစ်နေရာမှတွေ့တယ်။ ဒါနဲ့ပဲ နှစ်ဦးသားလက်ဘက်ရည်ဆိုင်သွားလိုက်ကြတယ်။ အချိန်တစ်နရီလောက်ဖြုန်းပြီးနောက် မိတ်ဆွေက ဒီနေ့စနေဆိုတော့ သူအဆောင်မှာ ကိုယ်တိုင်ချက်ပြုပ်စားမယ်ဆိုပြီး ဆန်၊ဆီ၊စား လိုမျိုးပေါ့ ကိုယ်ချက်ပြုပ်စားသောက်မဲ့အရာတွေဝယ်လာပြီးမိတ်ဆွေကြီးအဆောင်ကို ပြန်လာလိုက်ကြတယ်။ အဆောင်ရောက်တော့ စကားခဏတာပြောပြီး လမ်းကြောင်းရှာ အပြင်ပြန်ထွက်မယ်လုပ်ပြန်တယ်လေ ဒါနဲ့နေရာ တစ်ခုကိုရွေးလိုက်တယ် မြေဖြူရွာသွားမယ်ဆုံးဖြတ်ပြီး ထွက်လာခဲ့ပြီ။ အဲမှာသဘာဝပုံစံအတိုင်းပြုလုပ်ထားတဲ့ အလှမွေးငါးကန် အကျယ်ကြီးရှိမယ် ခြံဝန်းထဲမှာ သစ်ပင်၊ပန်းပင်များ စိမ်းလန်းစိုပြေနေတယ်။ရံဖန်ရံခါ ပုဇဉ်းရင်ကွဲအော်သံတစ်ချို့လည်းကြားရပြန်တယ် သူမအော်တော့ရင် ပတ်ဝန်ကျင်က ငြိမ်သက်သွားပြန်ရော ကန်ထဲမှာရှိတဲ့ ငါးကြီးတွေဆို တစ်ပေလောက်ကြီးတွေပါပဲ တစ်ချို့ ငါးပေါက်တွေကောပေါ့ ငါးမျိုးစုံနေတာပါပဲ ကျတော်ကလဲ ငါးဝါသနာရှင်လေ သိတယ်မလား ဒါကြောင့် အဲနေရာကိုရွေးပြီး သွားခဲ့ကြတာပါပဲ အချိန်တော်ကြာတော့ မိတ်ဆွေကြီးကိုပြန်ပို့ပြီး ကျတော်လည်း အိမ်ပြန်ထင်းစား နေ့လည်ပိုင်း ခဏတာ အိပ်နေလိုက်တယ်။ လေးနာရီခွဲလောက်ရောက်တော့ ကျတော့်မျက်လုံးတွေပြန်ပွင့်လာပါပြီ 10မိနစ်လောက်ကြာတော့ အိပ်ရာထဲမှထပြီး မျက်နှာသစ် မေးမေကပြောတယ် ညအလုပ်မရှိရင် နောက်မကျနဲ့ စောစောပြန်ဆိုပြီးပြောနေတယ် ဟုတ်ကဲ့ မေမေဆိုပြီး အပြင်သွားဖို့အ၀တ်စားလဲပြီတာနဲ့ ထွက်ခဲ့ပါတယ် မြို့ထဲခဏဆင်းတယ် ဟိုကြည့်ဒီကြည့်နဲ့ အိမ်ဘက်ပြန်တက်လာခဲ့တယ် အိမ်နားရောက်တော့ အိမ်နီးနား ဘော်ဒါနဲ့တွေ့တော့ စားသောက်ဆိုင် ငယ်ငယ်လေးတစ်ခုကို ရောက်သွားတာပေါ့ စကားစမီပြောနေရင်း အိုးစည်သံ လကွင်းသံတွေကြားနေရတယ်ခဏကြာတော့အဲဒီအသံကကိုယ်တို့ထိုင်နေတဲ့နေရာနားရောက်လာတယ်လေသိလိုက်ပါပြီ အလူလာခံတာပါဗျာ (26)ရက်နေ့ အေးစေတီဘုန်းတော်ကြီးကျောင်းမှာ မီးပုံးပျံတွေလွှတ်မယ် ရပ်ကွက်လိုက်မီးပဒေသာလှည့်မယ် အဲဒီအတွက် အလှုလာခံတာနဲ့ထည့်လိုက်တယ် ထိုလူငယ်တွေနဲ့လိုက်သွားမယ် စိတ်ကူးသေးတယ် အဲဒီထဲမှာ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေတစ်ချို့လဲပါတယ် အဲထဲတစ်ယောက်က အစ်ကိုကျတော်တို့ မီးပုံးပျံလုပ်နေတယ် ဒီညယမ်းတွေလုပ်နေပြီ အဲဒါလာလုပ်ကူမလားဆိုပြီးမေးလာတယ် သူမေးတာမဆုံးသေးဘူး ကျတော်ဖင်ကြွလာပြီလေ ဒါနဲ့မီးပုံးပျံလုပ်နေတဲ့ အိမ်ကိုလိုက်သွားပြီး အဲဒီညအဲမှာ အချိန်ကုန်ခဲ့တယ် သတိတော့ရလိုက်ပါတယ် မေမေမှာလိုက်တာ ညအလုပ်မရှိရင် နောက်မကျနဲ့စောစောပြန်ဆိုတဲ့စကားကို ခုအလုပ်တော့မဟုတ်ပါဘူး စကားကြီးစကားကျယ်ပြောရမယ်ဆို ရပ်ရေးရွာရေးအလုပ်ပေါ့ဗျာ ဒါနဲ့ မီးပုံးပျံအတွက် တက်စွမ်းတဲ့ဘက်က ကူညီလုပ်ကိုင်ခဲ့လိုက်တယ် ညက (11)နာရီထိုးတော့မယ်လေ ဒါနဲ့ အိမ်းနားမှာနေတဲ့ သူငယ်ချင်းနှစ်ယောက်ပါခေါ်ကူပြန်ခဲ့လိုက်တယ် အိမ်ရောက်တော့မေမေအိပ်နေပြီလေ ကိုယ့်ကိုထမင်းစားခဏနေပြီတာနဲ့အိပ်ရာထဲဝင်အိပ်လိုက်ပါတော့တယ်။ တစ်နေ့တာကုန်ဆုံးသွားပါပြီဗျာ...............

Wednesday 19 October 2011

သခင်မလေး

ဒီနေ့မိုးလင်းကတည်းက ရာသီဥတုက အုံ့မှိုင်းနေတာပါပဲ ကျတော်မျက်နှာမသစ်ခင် အိမ်အပြင် ထွက်ကြည့်လိုက်တော့ မိုးစက်မှုန်မှုန်လေးတွေက ကျတော့်အပေါ်ကို မသိမသာကျလို့နေတယ် ညကချောင်းဆိုးလို့ အိပ်ပျက်ပေမဲ့ စိတ်ကကြည်နေတယ်။ကျတော်ငေးနေမိတယ် သူကလဲ ကျတော့်ကို မျှော်လင့်ချက်တွေနဲ့ ပြန်ကြည့်နေတယ် ဘယ်သူလဲဆို မှန်ကန်ထဲမှာထည့်ထားတဲ့ ကျတော်ချစ်တဲ့ Oscar fish ပေါ့ သူအစာတောင်းနေပြီလေ ဒါနဲ့အရင်နေ့က ဈေးရောက်တာနဲ့ ပုဇွန်လေးတွေဝယ်လာတယ် လှော်ပြီး သူ့အတွက် လုပ်ထားပေးတယ် သူမျှော်နေတဲ့ အစာလေးချကျွေးလိုက်တာနဲ့ သူ့မျက်လုံးတွေ အရောင်တောက်သွားသလိုပဲ လိုအပ်သလောက်ကျွေးပြီးတာနဲ့ ကျတော်လဲ မျက်နှာသစ် နံနက်စာ စားပြီးတာနဲ့ ကျတော့်အလုပ်ကိုသွားခဲ့ပါတော့တယ်။ ကျတော်ဆေးသောက်ဖိုမမေ့ပါဘူး ချောင်းဆိုးနေတာ လေးရက်ခန့် ရှိသွားပြီ ပထမညကဆို အိပ်လို့တောင်မရဘူးလေ ဒါနဲ့ အလုပ်ရောက်မှသောက်မယ်ပေါ့ အလုပ်ရောက်တော့လဲ တော်တော်နဲ့မသောက်ဖြစ်သေးဘူး။ ဆေးလေးသောက်ဖို့အရေး အချိန်ခါရွေးနေတာနဲ့ သေစရာရှိလောက်တယ်နော် :D ကျတော့်သခင်မလေးကိုစောင့်နေတာကြောင့်လား မသောက်ချင်သေးလို့လားမသိပါဘူး။ သခင်မလေး အသံကြားလိုက်ရချိန်မှာ ဆေးသောက်ဖို့ အားတွေရှိလာသလိုပဲ သူကအထီးကျန်နေတဲ့ ကျတော့်ကို နွေးထွေးစေတယ် အားအင်တွေပေးနေသလို ခံစားမိနေလို့ပါ။ နေမကောင်းကတည်းကတိုင် ကျတော့်ကိုဂရုစိုက်ပေးခဲ့တယ် သခင်မလေး အိမ်ပြန်ရောက်တာတောင် ဆေးသောက်ဖို့မေ့မှာဆိုးလို့ ဖုန်းဆက်ပြီးပြောပေးတယ် ကာရံတွေ အဓိပ္ပါယ်တွေပြည့်စုံတဲ့ သံစဉ်တစ်ပုဒ်ကိုနားထောင်နေရသလို ဘ၀ကပြည့်စုံသွားသလိုခံစာရတယ် ဒါပေမဲ့ အဲဒီအရာတွေဟာ ကျတော့်အနားမှာ အမြဲမရှိနိုင်ဘူးထင်ပါတယ် ဒါပေမဲ့ သတိရဖို့အတွက်တော့ ရှိလာနိုင်ပြီပေါ့ နောင်အချိန်တွေမှာ စသားမဲ့အသံမဲ့ တိုးတိတ်စွာ ရေရွတ်နေရမှာကိုလဲ ကြောက်နေမိသလိုပဲ။ အရိုးသားဆုံးပြောခွင့်ရှိမယ်ဆို အချိန်တိုအတွင် ကျတော့်ရင်ဘက်မှ ကြိုးမျှင်တစ်ချောင်း သခင်မလေးဆီသို့ ဆန့်တန်းလိုက်မိသလားေ၀၀ါးအတွေးတွေပဲလား သေချာချင်ပါတယ်။

Tuesday 18 October 2011

File and Folder Hidden ဖြစ်နေသလား

ပို့စ်ရေးတာ အေးနေတယ်လို့ Cbox မှာ အော်နေတဲ့ မိတ်ဆွေတွေကို အားနာမိပါတယ်ဗျာ ရေးစရာတွေတော့ရှိပါတယ် ကျန်းမာရေးကလဲ ခုတလော မကြာမကြာဖြစ်နေတယ်ဗျာ မအားတာတွေလဲပါတာပေါ့။ဒီနေ့တော့ မိမိတို့ကွန်ပျူတာ သို့မဟုတ် Memory Stick ထဲမှာ Virus ကြောင့် Hedden ဖြစ်နေတဲ့ file and folders တွေကိုပြန်ပေါ်လာအောင်လုပ်မဲ့နည်းလမ်းလေးပါ။ ပထမဦးစွာ Start>>Run>>မှာ cmd လို့ရိုက်လိုက်ပြီး ok လုပ်လိုက်ပါ command prompt ပေါ်လာပါလိမ့်မယ် အဲဒီမှာမှ ကိုယ်က local disk D ထဲကလိုချင်တာလား E ထဲကလိုချင်တာလား သိဖို့လိုပါမယ် Memory Stick က drive ကဘာလဲပေါ့ ဒါဆိုcommand prompt မှာ D: လို့ရေးပြီး enter ခေါက်လိုက်ပါ Stick က E ဆို E ပေါ့ ပြီးတာနဲ့ အောက်မှာ ဒီတိုင်းလေးလိုက်ရေးလိုက်ပါ မှားလို့မရပါဘူး space ခြားသွားရပါတယ် အောက်မှာ ပုံနှင့်တကွဖော်ပြထားပါတယ် ပုံမှာကြည့်ရတာသေးနေမယ်ဆို click တစ်ခါနှိပ်လိုက်ပါ ကောင်းကောင်းမြင်ရပါမယ်  attrib *.* -r -h -s /d /s လို့ရေးပြီး Enter ခေါက်လိုက်ပါ။နောက်အလွယ်တကူအသုံးပြုချင်တယ်ဆိုရင်ဖြင့် Notepad ကိုဖွင့်ပြီး အစောက အတိုင်းလိုက်ရေးလိုက်ပါ attrib *.* -r -h -s /d /s ရေးပြီးတာနဲ့ File>>save As..ကိုသွားပါမယ် File name မှာမိမိကြိုက်နှစ်သက်သည့်နာမည်ကိုရေးပြီးအဲဒီနောက်မှာ .bat ဆိုပြီးထည့်ပေးရပါမယ် ဥပမာ (name.bat)လိုမျိုးပေါ့ ပြီးတာနဲ့ ကိုယ်သိမ်းမဲ့နေရာမှာ Save လုပ်လိုက်ပါ။ဒါဆိုရပါပြီ ထိုbatfile လေးကို Stick ထဲထည့်ပြီး Double click လုပ်လိုက်ပါ Hidden ဖြစ်နေတဲ့ ဖိုင်တွေပြန်ပေါ်လာမှာဖြစ်ပါတယ်။ File တွေမတွေ့တော့ရင်လဲ ရဲစခန်းသွားတိုင်လိုက်ပေါ့ဗျာ ကျတော့ File တွေ Folder တွေမတွေ့တော့လို့ဆိုပြီး...:D မန်းလေးဂေဇတ်မှ ဖြည့်စွတ်ပေးတဲ့ ကိုပေါက်ဖော်ကိုလဲ ဒီပို့စ်နဲ့အတူ ကျေးဇူးတင်ပါတယ်ဗျာ.
(လေးစားလျှက်) 

Monday 10 October 2011

Taunggyi မှာ ယနေ့ဒီလို

ဒီနေ့ အပြင်ကမိုးစိုစိုနဲ့ အပြန်ခဏနားမယ်ရှိသေးတယ် မြို့လယ်မီးပွိုင်နားတ၀ှက်မှာ ရေလျှံနေတယ်ဆိုတာနဲ့ ဓါတ်ပုံသွားရိုက်လိုက်တယ်။တောင်ကျရေနဲ့ မြောင်းတွေပိတ်ဆို့မှုကြောင့် ယခုလိုဖြစ်သွားရတာပါ ဒီနှစ်မှာ မိုးကလည်း အရမ်းကိုကောင်းနေတယ် ယခုထိရွာနေတုန်းပါပဲ တစ်ချို့ဆိုင်တွေဆို အလုပ်ပျက်ကုန်တော့တာပေါ့ ရွှေခရားကြီးလက်ဘက်ရည်ဆိုင်ဆို ခုဘာမှအလုပ်လုပ်မရတော့ဘူးလေ ဒီနှစ်ပိုင်းမှာ နေရာတော်တော်များများတွေမှာ ယခုလိုတွေကြုံနေကြရပါတယ်။အဓိကထဲမှာ မြေင်းတွေ ပိတ်ဆို့မှုကြောင့်လဲပါနေတယ်။ ကိုယ်နဲ့တော့မဆိုင်ပါဘူး လက်ယားပြီးရေးလိုက်မိပြန်ပေါ့ အဲလိုဖြစ်နေရတာမကောင်းပါဘူး ကျန်းမာရေးအတွက်ပါ စဉ်းစားစရာဖြစ်လာတယ် ငှက်ဖျားရောဂါ၊သွေးလွန် တုတ်ကွေးရောဂါတို့ ၀မ်းပျက်ဝမ်းလျှောရာဂါတွေဖြစ်နိုင်တယ်လေ ထင်တာပဲ...:D

Sunday 2 October 2011

နက်ဝတ်ခေါင်း ညှပ်ကြမယ်။

နတ်ဝတ်ခေါင်း ညှပ်တဲ့နေရာမှာ Type 3 မျိုးရှိတယ်။
၁။ Straight Through Cable
၂။ Cross Cable
၃။ Roll-over cable ဆိုပြီးသုံးမျိုးရှိတယ်။
၁။ Straight Through Cable ဆိုတာ ဘယ်လို ညှပ်ရလဲဆိုတာ အရင်ပြောမယ်။ နတ်ကြိုးတစ်ချေင်းမှာ ဟိုဘက်မှာ တစ ဒီဘက်မှာ တစ ရှိတယ်မလား။ အဲဒီ နှစ်ဘက်လုံးကို ပုံစံတူ ခေါင်းညှပ်ပေးရပါမယ်။ ဘယ်လို ညှပ်ရမလဲဆိုတော့ အောက်ကပုံကိုကြည့်။ 

ဘယ်လိုနေရာမျိုးမှာ Straight Through Cable ဆိုတာကို သုံးရလဲဆိုရင် Computer ကနေ Switch တို. Hub တို.ကိုချိတ်ဆက်ချင်ရင် သုံးပါတယ်။

၂။ Cross Cable ကြိုးညှပ်ပုံကတော့ တဖက်မှာ Type A ကို ညှပ်ပြီး ကြိုးစတဖက်မှာ Type B ကို ညှပ်ပေးရပါမယ်။ အောက်ကပုံကိုကြည့်ပါ။ 







Cross Cable ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင် Computer to Computer တို. Switch to Switch တို. ချိတ်ဆက်တဲ့နေရာမှာသုံး ပါတယ်။

၃။ Roll-over cable ဆိုတာကတော့ Router တွေကို ကွန်ပြူတာနဲ. Configure လုပ်တဲ့နေရာတွေမှာ ချိတ်ဆက်ဖို.အတွက်အသုံး ပြုပါတယ်။ Roll-over cable ကတော့ ကိုယ်တိုင်ညှပ်ဖို.မလွယ်ပါဘူး။ ဘာဖြစ်လို.လဲဆိုရင် ကြိုးစတဖက်က RJ-45 ခေါင်း ဖြစ်ပြီး နောက်တဖက်က Serial ခေါင်းပါ။ အောက်ကပုံမှာ ကြည့်ပါ။
ကျွန်တော်တို.တွေ PC to PC, Router to Router တို. Router to Hub တို. ချိတ်ဆက်တဲ့နေရာမှာ ဘာကြောင့် Type A နဲ. Type B ဆိုပြီး Cross Cable ကို ညှပ်ရလဲဆိုတာ နဲနဲပြောကြည့်မယ်။
နတ်ဝတ်ကြိုးတွေမှာ ၀ါယာကြိုးက ၈ ချောင်းပါတာမှန်ပေမယ့် တကယ်တန်း ဒေတာပို.ဆောင်တာက ၄ ကြိုးပဲအလုပ်လုပ်တာပါ။ ဖြူမော်(၁)၊ မော်(၂)၊ ဖြူစိမ်း(၃)၊ ပြာ(၄)၊ ဖြူပြာ(၅)၊ စိမ်း(၆)၊ ဖြူညို(ရ)၊ ညို(၈) ဆိုပြီး အရောင်တွေကို နာပါတ်တွေနဲ. သတ်မှက်ပေးကြည့်ပါ။ တကယ်ဒေတာပို.ဆောင်ဖို. အလုပ်လုပ်တာက ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ပါ။ အဲဒီတော့ ဒေတာပို.တဲ့ ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ကိုပဲ ပြောကြမယ်။
ဘယ်လိုအလုပ်လုပ်လဲဆိုရင် Transfer + (၁) က အခြားတဖက်က Reserve +(၃) အတွက်အလုပ်လုပ်ပေးပါတယ်။ ဒီဘက်ကလည့် ဒေတာပို. ဟိုဘက် ကလည်း ဒေတာပို.ဆို အဆင်မပြေဘူးလေ။ တဖက် Transfer ဆိုရင် တဖက်က Reserve ဖြစ်သင့်တာပေါ့။
Transfer - (၂) က အခြားတဖက်က Reserve -(၆) အတွက် အလုပ်လုပ်ပေးပါတယ်။ Reserve +(၃) က အခြားတဖက်က Transfer +(၁) အတွက် အလုပ်လုပ်ပေးတယ်။ Reserve -(၆) က အခြား တဖက်က Transfer -(၂) ကိုသွားတယ်။ ဒါဆို ပို.တာနဲ. လက်ခံတာနဲ.မျှသွားပြီ။ ဒါကတော့ Cross Cable ညှပ်တာရဲ့ Theory လေးပါ။






Saturday 1 October 2011

တစ်ချိန်ကလူ

လေထုက အသံတွေကိုယူလာ
ရင်ခုန်သံမပါ ငါ့စကားတွေမှာ
အသံတွေပြာနေရပြီပေါ့။
အဖြေမရှိတဲ့ ပုစ္ဆာ
နေ့ရက်ပေါင်းများစွာ ချတွက်
အကြိမ်ကြိမ်တွေထပ်
ပုစ္ဆာမှားနေတဲ့ နေ့ရက်တွေကို
ငါရေတွက် ရင်နစ်ရပါပြီ။