Sunday, 23 September 2012

ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲ

ရန်ကုန်နဲ့ ရှမ်းပြည်နယ် တောင်ကြီး အောင်ပန်းမြို့တွေမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။ Click

Tuesday, 11 September 2012

ဘယ်မှာလည်း ငါ့အနာဂတ်

လှပတဲ့နံနက်ခင်းတစ်ခုက ငါ့အတွက်မဟုတ်ခဲ့ရင်တောင် ငါကျေနပ်စွာ ငေးမောနေမိမှာပဲ နူးညံ့ စွာတောက်ပနေတဲ့ အခက်ခဲဒုက္ခတွေက ငါ့အတွက်ဆိုလည်း ငါမြိန်ယှက်စွာ စားသုံးမိလိမ့်မယ် ငါကမင်းအတွက်ဖြစ်လာခဲ့ပြီပဲ ငါစိုးရိမ်မိတာ အချိန်လွန် အနာဂတ်တွေမလှပမှာကိုပါ။  ငါကမျှော်လင့်ချက်တွေနဲ့ ငါ့ဘ၀ကိုတည်ဆောက်ခဲ့တယ် ဒါပေမဲ့ ငါမင်းကိုခေါ်ဆောင်ဖို့အတွက် အချိန်တွေကို ခဏလောက်ရပ်တန့်ပေးနိုင်ရင်သိပ်ကောင်းမှာပဲ နိစ္စဒူဝ မိုးလင်းမိုးချူပ် ငါလျှောက်နေတဲ့လမ်းတွေကိုလည်း ငါအားမရ စိတ်အလိုမကျရပါဘူးလေ....။