ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 3 February 2012

Coin


အဟောင်းဆိုင် အဟောင်းတွေ ငါနဲ့ဆိုင်တယ်နော်...:D အခုတင်ထားတဲ့ပုံဟာ သိန်ဂဏန်း တန်ဖိုှးိတယ်လို့ သိထားရပါတယ် မိတ်ဆွေတို့ လမ်းမှာများ အမှတ်တမဲ့ တွေ့ခဲ့ရင် ကောက်ယူလို့ရအောင် အသိပေးလိုက်တာနော် ဒီ Coin ဟာ ဘာကြောင့်အဲလိုတန်ဖိုးရှိသြွးတာလည်းတော့ နော်လည်းသိဘူး ဘာဖြစ်ဖြစ် အမှတ်တရ ကြည့်လို့ရအောင်တင်ပေးလိုက်တာပါ မတွေ့ဖူးသူတွေ့ဖူးပါစေဆိုတဲ့ ဆန္ဒလေးတစ်ခုပါပဲ....ပုံကတော့ ယိုးဒယားငါးဆက်မြောက်ဘုရင်ဖြစ်မယ်ထင်ပါတယ်....

Thursday 2 February 2012

တောက်တဲ့ …. တောက်တဲ့ ……..

တောက်တဲ့သည် သွေးအေးသတ္တဝါ တစ်မျိုးဖြစ်ပြီး ကြွက်၊ တီကောင်နှင့် အင်းဆက်ပိုးမွှားများကို အစာအဖြစ် ဖမ်းယူစားသုံးလေ့ရှိပါသည်။ လူနေအိမ်ရှိချောင်ကြသော နေရာများနှင့် သစ်ခေါင်းပေါက်များတွင် နေထိုင်တတ်ကြပြီးမြွေကဲ့သို့ အရေခွံလဲတတ်သောသတ္တဝါမျိုးဖြစ်ပါသည်။ အန္တရာယ်နှင့်ကြုံတွေ့ပါက ပြန်လည်ကိုက်တတ်သည်။ တရုတ်၊ အင်ဒိုနှင့် ဂျပန်လူမျိုးများကတောက်တဲ့ကို လာဘ်လာဘကောင်းသော အိမ်မွေးသတ္တဝါအဖြစ် ယုံကြည်ကြပြီးတရုတ်ဆေးကျမ်းများ၌ ဆေးဖက်ဝင်သော သတ္တဝါ ဖြစ်သည်ဟုရှေးလူကြီးများရဲ့ပြောပြချက်အရ သိရပါတယ်။ သူတို့တွေဟာ ဖွတ်၊ ပုတက်များနဲ့မျိုးစိတ်တူများဖြစ်ကြပြီး မြန်မာနိုင်ငံမှာတော့ ပူနွေးစွတ်စိုတဲ့ အရပ်ဒေသတွေနဲ့ ကျေးလက်ဒေသများ၊ တောအစွန်အဖျားများမှာ တွေ့ရှိနိုင်ပါတယ်။ ဂျာဗားလူမျိုးများကအက်ရှ်တန်း လို့ခေါ်ကြပြီး (လိုတရ-အိုး)လို့ အဓိပ္ပါယ်ရပါတယ်။ ဆူဒန်လူမျိုးများက ဂတ်ကို (Gecko) လို့ခေါ်ကြပြီး၊ အင်္ဂလိပ်လိုတော့ The Tokay Gecko (သို့) Tucktoo လို့ ခေါ်ဝေါ်ကြပါတယ်။တောက်တဲ့များဟာ ရှည်လျားတဲ့ခန္ဓာကိုယ်၊ အမြီး၊ မျက်ခွံ၊ ခြေလေးခြောင်း၊ လက်ငါးချောင်းနဲ့ ကြမ်းတမ်းတဲ့ အရေခွံများပါရှိပြီးကြီးမားသောဦးခေါင်းရှိတဲ့ သတ္တဝါဖြစ်ပါတယ်။ အများအားဖြင့် အမြီးကအကောင်ရဲ့တစ်ဝက်နီးပါးရှိ တတ်ကြပါတယ်။ တောက်တဲ့များဟာ "တောက်တဲ့...တောက်တဲ့..." လို့ ကျယ်လောင်ပီသသော အသံပြုတတ် ကြပါတယ်။ တောက်တဲ့များရဲ့ အသံပေါ်မူတည်ပြီး မိုးလေ၀သအခြေအနေများကို ခန့်မှန်းတွက်ချက်ကြတယ်လို့ ဆိုရိုး စကားများလည်းရှိခဲ့ပါတယ်။ ကမ္ဘာ့ဆေးပညာသိပ္ပံနည်းကျ စစ်ဆေးတွေ့ရှိမှုအရ တောက်တဲ့များတွင် ထိရောက်စွာ ရောဂါ ပျောက်ကင်းနိုင်သော ဓါတ်တစ်မျိုးပါရှိတယ်လို့သိရပါတယ်။ ၎င်းပါဝင်သောဓါတ်တစ်မျိုးဖြင့် ဆေးခန်းတွင်း စမ်းသပ် ကုသမှုအရ ကောင်းမွန်သောအဖြေကိုရရှိခဲ့ပါတယ်။ ထိုဓါတ်တစ်မျိုးကို ဓါတ်ခွဲစမ်းသပ်နိုင်ဖို့အတွက် နိုင်ငံတကာ ဓါတုဗေဒသုတေသနအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ရာ ကင်ဆာဆဲလ်များပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ခြင်းနှင့် သက်သာ ပျောက်ကင်းလာနိုင်စေခြင်း၊ H1N1 ဗိုင်းရပ်စ်နှင့် HIV ကိုခုခံနိုင်ခြင်း စတဲ့ ကုသနိုင်စွမ်းများကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကုသရန်ခက်ခဲလှတဲ့ ရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်သည်ဟု ရောင်းဝယ်သူများအကြားမှာ ပြောနေကြ
ပါတယ်။ တောက်တဲ့၏ ၃ရက်တစ်ကြိမ် အန်ထုတ်သော အန်ဖတ်အား ဆေးဖော်ရာတွင် အသုံးပြုကြောင်း သိရသည်။ တောက်တဲ့သတ္တဝါဟာ ရုပ်သွင်ပြင်မှာကြောက်စရာကောင်းသော်လည်း အိမ်မှာရှိပါက အေးချမ်းပြီး မြွေဆိုးများ မဝင် နိုင်ကြောင်း တိုင်းရင်းသားများကယုံကြည်ကြပါတယ်။ မိမိဥကိုပြန်စားတတ်သောကြောင့် ပေါက်ပွါးနှုန်းနဲပါးကာ ရှားပါး သတ္တဝါစာရင်းတွင်ပါနေကြောင်း သဘာဝဝန်းကျင်ထိန်းသိမ်းရေးလေ့လာသူတစ်ဦးက ပြောပါသည်။ ပြည်တွင်းထုတ် ဂျာနယ်စာစောင်များတွင် ၃ပေ ရှိပြီး အလေးချိန် ၁ပိသာနှင့် ၄၀သားရှိတဲ့ တောက်တဲ့ကို ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် အရောင်းအ၀ယ်ဖြစ်သွားကြောင်း သတင်းဖေါ်ပြချက်အရ တောက်တဲ့ တစ်ကောင်ကို ကျပ်သိန်းပေါင်း သောင်းဂဏန်းတန်ဖိုးရှိကြောင်း လူတော်တော်များများသိရှိသွားကြပါတယ်။ အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ ကုန်သည်တစ်ဦးက ကျပ်သိန်းပေါင်းတစ်သောင်းဖြင့် ဝယ်ယူရန် ကနဦး ကမ်းလှမ်း ခဲ့သော်လည်း အရောင်းအ၀ယ်မဖြစ်ဘဲ အခြားသူတစ်ဦးနှင့် ဈေးတည့်ကာ သိန်း-တစ်သောင်းခုနစ်ထောင်ဖြင့် ရောင်းခဲ့ကြောင်း အဆိုပါတောက်တဲ့ပိုင်ရှင်ကဆိုပါသည်။ ယနေ့ဈေးကွက်တွင် ၂၀ ကျပ်သားအထက် အလေးချိန် ရှိသော တောက်တဲ့များကိုလည်း လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။
ဈေးကွက်အရ တောက်တဲ့ပေါက်ဈေးတွေကတော့....
၄၂၀ ဂရမ် - ၄၉၉ ဂရမ် = ရင်းဂစ် ၁ သန်း
၅၀၀ ဂရမ် - ၅၉၉ ဂရမ် = ရင်းဂစ် ၃ သန်း
၆၀၀ ဂရမ် - ၆၉၉ ဂရမ် = ရင်းဂစ် ၅ သန်း
၇၀၀ ဂရမ် - ၇၉၉ ဂရမ် = ရင်းဂစ် ၇ သန်း
၈၀၀ ဂရမ် - ၈၉၉ ဂရမ် = ရင်းဂစ် ၉ သန်း
၉၀၀ ဂရမ် - ၁ ကီလို = ရင်းဂစ် ၁၂ သန်း
340 grams == 21 ကျပ်သား
2900 Grams = 1ပိသာ၆၀ကျပ်သား
တောက်တဲ့များသည် အကောင်အရွယ်အစားကြီးသော်လည်း ၀မ်းဗိုက် အခေါင်းပွသတ္တ၀ါမျိုးဖြစ်တဲ့အတွက် အလေးချိန် ချိန်တွယ်ရာမှာ တိကျသေချာမှုရှိရန်အတွက် အခက်အခဲ ရှိကြပါတယ်။ တောက်တဲ့များကို
လက်ရှိချိန်တွင် တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဆက်လက်မွေးမြူထားကာ တောက်တဲ့၏ ဇလုတ်မှအဆီကို ထုတ်ယူ၍ ဆေးဖေါ်ရာတွင် အသုံးပြုကြကြောင်း လေ့လာသိရှိရပါတယ်။ ကောလာဟလသတင်းများအရ တောက်တဲ့မှယိုသည့် မစင်(ချေး)တွင် ရွှေမှုန်များပါဝင်၍ ရွှေကျင်ရန်အတွက်ဝယ်ယူနေခြင်းဖြစ်ကြောင်း၊ တောက်တဲ့သည် နတ်၊ နဂါး မျိုးရိုး ဖြစ်ပြီး အလွန်နတ်ကြီးသည့်သတ္တ၀ါဖြစ်ကြောင်း စသည်ဖြင့် ကောလာဟလများစွာလည်း ရှိကြောင်းလေ့လာ သိရှိ ရပါသည်။ တောက်တဲ့ကို ၀ယ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက ကြိုးပမ်းလျက် ရှိကြပြီး အကောင်ကြီးကြီးရဖို့နဲ့ ဈေးကောင်းကောင်းရဖို့ မျှော်လင့်နေကြပါတယ်။ အရောင်းအ၀ယ်ကဏ္ဍမှာတော့ အမှန်တကယ်ဝယ်ယူသူနဲ့ ရောင်းချသူ တွေ့ဆုံရန်ခက်ခဲကြပြီး ပွဲစားများရဲ့ လောဘကြီးမှု၊ လိမ်ညာမှုတွေကြောင့် ရာဇ၀တ်မှုများပင် ဖြစ်သည်အထိ အဖြစ်အပြက်များရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးက ပြောပါသည်။

အလေးချိန်မပြည့်လို့ ၊ အကောင်က ဒဏ်ရာရထားလို့၊ အလေးချိန်တိုးအောင်လုပ်ထားလို့၊ သူဌေးက ပြည်ပ ပြန်သွားလို့၊ ခေါ်တဲ့ဈေးနှုန်းကအရမ်းများနေလို့၊ တောက်တဲ့ကို မမြင်ရလို့ စသည့်ပြောဆိုသံများသည် ပွဲစားများ၏ လက်သုံးစကားလိမ်ညာမှုများဖြစ်ကြပြီး အမှန်တကယ် မ၀ယ်ယူနိုင်ခြင်း၊ ပေါ-ချောင်-ကောင်း ရရှိလိုခြင်း၊ ပွဲစားခ မဟုတ်ဘဲ ဈေးနှုန်းတင်ရိုက်ခြင်းများကြောင့် အရောင်းအ၀ယ်ပျက်ပြားမှုများကြောင်းလည်း သိရှိရပါသည်။
''ရန်ကုန်တက္ကသိုလ် စာတမ်းဖတ်ပွဲမှာ တောက်တဲ့နဲ့ပတ်သက်ပြီး တောင်ငူက ဆရာမတစ်ယောက်က စာတမ်းဖတ်တယ်။ အဲဒီမှာ တောက်တဲ့ကို တောင်ငူမှာဆိုရင် အကောင်လိုက် ကြော်စားကြတယ်တဲ့။ နောက်ပြီး တောက်တဲ့ကို ဆီနဲ့အဆီ ဖြစ်အောင်ချက်တယ်။ ရတဲ့အဆီကို ဆေးအဖြစ်လိမ်းတာ မီးယတ်ခြောက် (သွေးဆုံးကိုင်) ရောဂါတောင် ပျောက်တယ်လို့ပြောကြားသွားပါတယ်။ နောက်-တောက်တဲ့ရဲ့မစင်က အဆိပ်အတောက် ဖြစ်တယ် လို့လည်း လှိုင်တက္ကသိုလ်မှ သုတေသန ဆရာမတစ်ဦးက ဖတ်ကြားသွားကြောင်း သိရှိရပါတယ်။

(Wildlife Trade)သားရိုင်း ရောင်းဝယ်ရေးလုပ်ငန်းများတွင် ကျား၊ ၀က်ဝံ စသည်ဖြင့် ရောင်းဝယ်လျက်ရှိ သော်လည်း တောက်တဲ့များကိုမူ အကောင် အရွယ်အစားအလိုက် ဈေးနှုန်းသတ်မှတ်ပြီး ၀ယ်ယူနေကြောင်း၊ ယခုအခါ မြန်မာနယ်စပ်မူဆယ်ဘက်တွင် တောက်တဲ့များသိပ်မတွေ့ရတော့ကြောင်း၊ သို့သော် တရုတ်နိုင်ငံ ရွှေလီဘက်တွင်မူ တောက်တဲ့အရေခွံများ အခြောက်လှန်းထားသည်ကို တွေ့ရကြောင်း (Wildlife Trade)မှ လေ့လာသူတစ်ဦးက ပြောပါသည်။ တောက်တဲ့က အကောင်ကြီး ပေမယ့် အလေးချိန်ကျတော့ ပေါ့တယ်လို့ ပြောတယ်''ဟု ၄င်းကပင် ဆက်လက်ပြောကြားပါသည်။ မည်သို့ပင်ဆိုစေ ဈေးကွက်တည်ရှိနေခြင်း၊ အရောင်းအ၀ယ်ဖြစ်နေခြင်းတို့သည် လက်တွေ့နယ်ပယ်တွင် တွေ့မြင်နေရသည့်အတွက် အရောင်းအ၀ယ်ကဏ္ဍတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုထားကာ ဥပဒေများဖြင့် တရားဝင်ပြုလုပ်သင့်ပါသည်။ စာချုပ်စာတမ်းများချုပ်ဆိုခြင်း၊ တောက်တဲ့စစ်-မစစ် သတ္တဗေဒ စစ်ဆေးခြင်း၊ Ultra-sound ရိုက်ခြင်း၊ နှစ်ဦးနှစ်ဖက် အာမခံချက်ပေးနိုင်ခြင်း၊ ထိုက်သင့်သည့် ၀င်ငွေခွန်ပေးဆောင်ခြင်း အစရှိသည်တို့ကို ပြုလုပ်သင့်ပြီး နှစ်ဦးနှစ်ဖက်လုံခြုံရေးများအရလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီများရယူသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။