ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 29 March 2013

တောင်ကြီးမြို့ ၀င်းမေတ္တာဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား

28.3.20123 ရက်နေ့ တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်းသိရှိရပါသည်။။မီးစတင်လောင်တဲ့ ဆိုင်မှ ၀န်ထမ်းတစ်ဦးကတော့ ဒီကနေ့ ဆိုင်မှာ အန္ဒရယ်ကင်း ပရိတ်တရားတော်နာနေစဉ်အတွင်း မီးလောင်ပြီလို့ သိတာနဲ့ မီးလောင်နေတဲ့ ပေပါကို စောင်ရေစွတ်ပြီး အုပ်လိုက်သော်လည်း အပေါ်များပြီး မထိန်းနိုင်တဲ့အတွက် ပေပါဟာ ပွင့်ထွက်လာပြီး မီးစတင်လောင်ခဲ့ခြင်းလို့ ပြောကြားခဲ့ပါတယ်။ မီးစတင်လောင်ပြီး 10 မိနစ်ခန့်အကြာ တောင်ကြီးမြို့ မီးသက်ယာဉ်များနှင့် ရေသည်ယာဉ် ထောင်လာဂျီများ၊ အေးသာယာ၊ဟိုပုံး၊ ရွှေညောင်မီးသက်ကားများ ရောက်ရှိလာပြီး မီးများငြိမ်းသက်သော်လည်း ဓါတ်ဆီများ လောင်ကျွမ်းတာဖြစ်တဲ့အတွက် လွယ်လွယ်ငြိမ်းသက်မရနိုင်ပဲ ရေသည်ယာဉ်များဖြင့် ဘေးပတ်ဝန်းကျင်အိမ်များ ဓါတ်ဆီဆိုင်များ မီးမကူးဆက်ယုံသာ ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ် မီးလောင်ရာနေရာသို့ မီးငြိမ်းသက်တဲ့ ပေါင်းနာမှုန့်ဖြင့် ပတ်ဖြန်းသော်လည်း သိုလှောင်ထားတဲ့ ဓါတ်ဆီပမာဏမှာ များပြားတဲ့အတွက် လွယ်လွယ်မငြိမ်းသက်နိုင်ပဲ ညနေ(6.30)နာရီမှာ မီးများ ငြိမ်းသက်နိုင်ခဲ့ပြီး အန္ဒရယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြတယ်လို့ သိရှိခဲ့ရပါတယ်။ အဆိုပါ မီးလောင်ရာသို့ မီးသက်ဝန်ထမ်းများ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာများ ပတ်ဝန်းကျင်ရှိ ဓါတ်ဆီဆိုင်များမှ မီးငြိမ်းသက်ဘူးများဖြင့် လာရောက်ငြိမ်းသက်ခဲ့ကြောင်းသိရှိရပါတယ်။ 
 

Tuesday 26 March 2013

တောင်ကြီးလို့ခေါ်ပါတယ်

ပအိုဝ်း တပေါင်းပွဲရဲ့ ပအိုဝ်း လူမျိုးများ ပဒေသာပင် ကထိန်ဖြစ်ပါတယ် ပုံမှာဆိုရင်ဖြင့် တက္ကသိုလ်စိန်မြင့် အားကစားပစ္စည်းနှင့် ဆုတံဆိပ်များ အေ၇ာင်းဆိုင်မှ ဒိန်ချဉ်ရေခဲချောင်းများနှင့် သောက်ရေ အလှူဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ တောင်ကြီးမြို့ရဲ့ ပွဲလေးတစ်ခုဆိုလည်းမမှားနိုင်ပါဘူးဗျာ။ ဓါတ်ပုံ ကိုနိုင် ဖြစ်ပါတယ်။





Monday 25 March 2013

တောင်ပေါ်ရွှေဘုန်းပွင့် ဘုရား ဆီမီးတစ်ထောင် ပန်းတစ်ထောင် တောင်ကြီးမြို့

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ တောင်ပေါ် ရွှေဘုန်းပွင့် ဘုရားရင်ပြင်တော်ပေါ်တွင် ဆီမီး တစ်ထောင် ပန်းတစ်ထောင် ပူဇော်ပွဲကို ၂၄.၃.၂၀၁၃ ရက်နေ့ ညနေ (၇)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ရာ ပူဇော်ပွဲသို့ ရဟန်းသံဃာတော်များ၊ ရွှေဘုန်းပွင့် ဘုရားဂေါ်ပက ဥက္ကဌ ဦးစိုင်းထွန်းရင် (လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်) နှင့်အတူ ရပ်ဝေးရပ်နီးမှ အလူရှင်များ ပြည်ခိုင်ဖြိုးပါတီမှ လူငယ့်ရေးရာ ကော်မတီဝင်များ တက်ရောက် ကြည်ညို ပူဇော်ကြပါသည်။ ယင်းပူဇော်ပွဲကို ၂၄.၃.၂၀၁၃ ရက်မှ ၂၈.၃.၂၀၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ မည်သူမဆို လာရောက် ကြည်ညိုပူဇော်နိုင်ပါတယ်ခင်ဗျား။
 



 

Monday 4 March 2013

မတော်တဆ ယာဉ်တိမ်မှောက်မှု လူ(7)ဦး ဒဏ်ရာ ရရှိ

2.3.2013 နံနက် 1.30 နာရီခန့်တွင် ပုသိမ်မြို့ အလွန် ရှောပြာရွာ ချောင်းသာ အသွား ကားလမ်းမ ဘေးတွင် မတော်တဆ ယာဉ်တိမ်းမှောက်ရာ လူ ၇ ဦး ဒဏ်ရာ အပြင်းအထန် ထိခိုက်သွားကြောင်းသိရှိခဲ့ရပါသည်။ 
ဓါတ်ပုံ-နိုင်နိုင်