ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 26 June 2013

ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချောက်အတွင်းကျ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-မိုင်းဆတ် လမ်းမကြီး ဖက်ယိတောင်ကုန်း အဆင်းတွင် ဆွမ်းစားပြန်လာသော သံဃာ ငါးပါးနှင့် လူတစ်ဦး လိုက်ပါလာသည့် ယာဉ်သည် ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က အရှိန်လွန်ကာ ပေ၂၀၀ကျော် အနက်ရှိ ချောက်အတွင်း ပြုတ်ကျ ခဲ့ရာ ရွှေတောင်တန်း ပရဟိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ပျံလွန်တော်မူခဲ့ကြောင်း သွားရောက် ကယ်ဆယ်ခဲ့သည့် ရွှေတာ ချီ ခရီးသွားလုပ်ငန်းမှ ကော်မတီဝင် ဦးကျော်မြင့်က ပြောကြားသည်။

ယာဉ်မောင်း မောင်းနှင်လာသည့် နီညိုရောင် Surf ယာဉ်ကို ကျောင်းထိုင် ဆရာတော် ဦးဥာဏဓဇက ဖယ်ခိုင်းကာ ကိုယ်တိုင် မောင်းနှင်ရာမှ ခဏအကြာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ကျခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်ပေါ် လိုက်ပါလာသူ သံဃာများ၏ ပြောကြားချက်ကို ကိုးကား၍ သွားရောက် ကယ်တင်ခဲ့သည့် မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုဆန်းက ပြောကြားသည်။

“ဘုန်းကြီးက ချောက်ထဲမှာ ကားနဲ့ ကျောက်တုံးကြား ပိနေတာကို မနည်း ဆွဲထုတ်ရတယ်။ ယာဉ် တစ်စီးကို တောင်စောင်းနားမှာကပ်ပြီး ပေ ၂၀၀ အနက်ထဲကို ကြိုးတွေနဲ့ ဆင်းဆယ်ရတာ” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အဆိုပါ သံဃာများသည် ရေပူစမ်းရွာမှ ဆွမ်းစားအပြန်တွင် ကား ချောက် ထဲကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရွှေတောင်တန်း ပရဟိတကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ၊ ဦးခေမာဝိဒ ၊ ဦးနန္ဒာသီရိ ၊ ဦးခေမာသီရိနှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏ သာမိနှင့် ယာဉ်မောင်း ဦးမောင်ညွန့်တို့ စီးနင်းလာခဲ့ရာ သက်တော် ၄၅ နှစ် အရွယ် ရွှေတောင်တန်း ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ရဟန်းလေးပါး ပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်မောင်းသူက လက်ကျိုးခဲ့ကာ လူနာ များ မစိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ဆရာတော် ပျံလွန်တော်မူသွားတယ်ဆိုတော့ နှမြောဖို့ ကောင်းတယ်။ ဆရာတော်ကို မှီနေတဲ့ ကလေးတွေ အများကြီးပဲ” ဟု ဆရာတော်၏ ရုပ်ကလာပ်ကို လာရောက် ဖူးမြော်သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ရွှေတောင်တန်း ပရဟိတ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ကလေးများကို ကျောင်းသို့ ခေါ် ယူကာ လိမ္မာရေးခြား ရှိရေးနှင့် အတတ်ပညာများကို ဆရာတော်ကိုယ်တိုင် သင်ကြားပေးလျက်ရှိပြီး၊ အခြားမြို့များသို့ ကျောင်းသားများကို ပညာသင် စေလွှတ်ခြင်းများလည်းရှိကြောင်း တာချီလိတ် မြို့ခံတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ချောက်ထဲကျမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ကျ ရဲအရာရှိက ၎င်းအနေနှင့် မသိ ရှိကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly

Friday 21 June 2013

Published On: Fri, Jun 21st, 2013 ပြည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး မြန်မာနိုင်ငံ၏ အင်တာနက် Speed ကို ကမ္ဘာကျော် Intel ကုမ္ပဏီမှ ဝေဖန်ပြောကြားသွားခဲ့







ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Intel ကုမ္ပဏီသည် အာရှတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့် အာရှ၏ နိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါဝင်ကြောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum (WEF)) တွင် ပြောကြားခဲ့သည်။ Intel ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Mr.Aruind Sodhamim က “ကျွန်တော်တို့ရဲ့ အာရှိတိုက်တွင် အရဲစွန့်ပြီး လုပ်ဆောင်တဲ့ စီးပွားရေးစနစ်မှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး” ဟု ပြောကြားခဲ့သည်။ Intel ရဲ့ အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံခြင်းတို့ကို အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။ Mr.Aruind Sodhamim က ဆက်လက်၍ “မြန်မာနိုင်ငံ၏ လုပ်ကိုင်ခွင့် ဥပဒေတွေက တိုးတက်မှုမရှိသေးတဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်လျက်ရှိနေပါတယ်။ အဲဒါတွေ စတင်ပြောင်းလဲလာပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကတိပေးပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများမှာ ဖွံ့ဖြိုးရန် လိုအပ်ကြောင်းနှင့် နှေးကွေးတဲ့ အင်တာနက် ဆက်သွယ်မှုသည် မြန်မာနိုင်ငံတွင် နည်းပညကုမ္ပဏီများက လုပ်ငန်းလုပ်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ Mr.Aruind Sodhamim က “ကျွန်တော်တို့တွေ မြန်ဆန်တဲ့ အင်တာနက် အသုံးပြုခွင့်ရဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည။် မြန်မာနိုင်ငံသည် အာရှနိုင်ငံများတွင် အလုပ်သမားဈေးနှုန်း သက်သာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုမရှိခြင်းက ရင်းနှီးမြှုပ်နှံ သူတို့အတွက် အဟန့်အတားဖြစ်စေကြောင်းကို Mr.Aruind Sodhamim က ဆက်လက်ပြောကြားခဲ့သည်။ Intel ၏ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံနှစ်ခုကို လေ့လာခြင်းအားဖြင့် ၎င်းတို့ဆိုလိုရင်း အဓိပ္ပါယ်ကို ပေါ်လွင်စေမည်ဖြစ်သည်။
အဆိုပါ ကုမ္ပဏီကြီးနှစ်ခုသည် အိန္ဒိယနှင့် စင်္ကာပူနိုင်ငံ နှစ်ခုတွင် တည်ရှိနေသည့် ကုမ္ပဏီကြီးများ ဖြစ်နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ Snapdeal.com၊ စင်္ကာပူနိုင်ငံ၏ Reebonz.com တို့တွင် အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် အိန္ဒိယနိုင်ငံနှင့် စင်္ကာပူတွင် ကုမ္ပဏီသက်တမ်း တိုသော်လည်း အောင်မြင်မှု ရရှိနေသည့် ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။ Intel က ရင်းနှီးမြှုပ်နှံမည့် အိန္ဒိယကုမ္ပဏီ တစ်ခုဖြစ်သည့် Snapdeal.com သည် အွန်လိုင်းဈေးဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသုံးပြုသူပေါင်း ၁၈ မီလီယံရှိကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းဈေးဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် ဖက်ရှင်လုပ်ငန်း၊ အီလက်ထရောနစ် လုပ်ငန်း၊ အိမ်တွင်းအလှဆင် လုပ်ငန်းများစွာ ပါဝင်ကြောင်း သိရသည်။
စင်္ကာပူနိုင်ငံ၏ Reebonz သည် အာရှတွင် အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ Reebonz ကုမ္ပဏီနှင့် ၎င်းရဲ့ လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည့် Kwerkee ကုမ္ပဏီကိုပါ Intel က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Reebonz ကုမ္ပဏီသည် အဖိုးတန်ဇိမ်ခံပစ္စည်းများ ရောင်းချခြင်းနှင့် အဝတ်အထည် လုပ်ငန်း၊ အိတ်လုပ်ငန်းများ လုပ်ကိုင်ပြီး အရှေ့တောင်အာရှိ နိုင်ငံများ၊ မြောက်အာရှ နိုင်ငံများနှင့် သြစတြေးလျနိုင်ငံများတွင် ဖောက်သည် အခိုင်အမာရပြီးသား ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ Reebonz ၏ လက်ခွဲကုမ္ပဏီ တစ်ခုဖြစ်သည့် Kwerkee ကုမ္ပဏီသည် ကမ္ဘာ့အတော်ဆုံး ဒီဇိုင်နာများ ပြုလုပ်သည့် ပြိုက်ဘက်ကင်း ထုတ်ကုန်များကို ရောင်းချပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီကြီးနှစ်ခုတွင် Intel က ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ခြင်းသည် ၎င်းတို့၏ စီးပွားရေး မူဝါဒများနှင့် ကိုက်ညီမှုရှိ၍ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိစေရန်ဖြစ်ကြောင်း သိရသည်။ Intel ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို အင်တာနက်မြန်နှုန်း ကောင်းမွန်မှုရှိမှာသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အေးချမ်း
Ref & Credit to Smart Pro Journal


Thursday 20 June 2013

အိပ်မက်ပင်လယ်

အချိန်တွေ ကြာလာလေလေ
အချစ်ဆိုတာ ငါ့အတွက် ဘာလဲ
မေးခွန်းများစွာထဲမှာ ငါကူးခက်လို့
နှစ်၊လ၊ရက်တွေ ကြာခဲ့လေပြီ

ချစ်ကြည့်ဖူးတယ် ဒီအတိုင်းပဲ...
ချစ်ကြည့်လိုက်တယ် ဒီအတိုင်းပဲ..
တုန့်ပြန်မှုတွေက တစ်ဖြေးဖြေး
ငါနဲ့အဝေး ...

စိတ်အာရုံ တစ်ခုလုံး နစ်ပစ်လိုက်တယ်
အချစ်ပင်လယ်ထဲ... ရင်ဘက်ထဲ အချစ်တွေနဲ့
အသက်ရှူမ၀အောင် မွန်းကြပ်တယ်
သူတို့ရဲ့ မသိစိတ် အတ္တတွေနဲ့...

ရိုးရိုးလေး မချစ်တက်ကြဘူး
ရိုးရိုးလေး မမြင်တက်ကြဘူး
မရှိမဖြစ်အချစ်က မင်းတို့အတွက်
လုပ်ဇာတ် ၊ လိုအပ်ချက်အတွက်တဲ့လား

မယုံနိုင်အောင် ချစ်ခဲ့ဘူးတယ်
နူးညံ့တဲ့ အိပ်မက်တွေနဲ့ အနာဂတ်လက်တွဲဖို့
ပင်လယ်ပြင်လို ကျယ်ပြောတဲ့ သူတို့စိတ်က
ငါ့အိပ်မက်ကို အဆိပ်ခပ်လိုက်ကြတယ်လေ....





စွဲမက်ဖွယ် မော်ဒယ်လ် လေးများနဲ့ Go Launcher - (Sexy JB GO Launcher EX Theme v2.0 APK For Android)


http://3.bp.blogspot.com/-tMpIM7o_wf4/UAa1s0-7E4I/AAAAAAAAAyw/DHnHsgHzPIg/s640/ZK0F2.jpg

Sexy JB Go Launcher ကတော့ နာမည်ကြည့်လိုက်တာနဲ့တင်ဘဲ ဘယ်လို Launcher မျိုးလည်းဆိုတာခန့်
မှန်းလို့ရပါတယ်နော်။ Sexy ဆိုပေမယ့် သရုပ်ပျက် Sexy မျိုးတော့မဟုတ်ပါဘူး။ အသက် 18 နှစ်အောက်
လူငယ်များလည်း သဘောကျရင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အရမ်းကြီး ဆင်ဆာမဲ့တဲ့ ပုံမျိုးမဟုတ်လို့
ကျွန်တော်တင်ပေးတာပါ။
Icon တစ်ခုချင်းစီရဲ့ဘေးနားမှာ ညို့စွဲအားရှင်မိန်းမချောလေးများက စတိုင်အလန်းလေးတွေနဲ့ပို့စ် ပေးနေ
တာပါ။ Icon ဒီဇိုင်းတင်မဟုတ်သေးပါဘူး။ Wallpaper , Widget , Locker , အားလုံးအားလုံးဟာ စွဲဆောင်မှု
အပြည့်နဲ့ပါ။ အလန်းဇယားလေးနော်အောက်မှာ အမြည်းသဘောအနဲ့ Screen Shoot ရိုက်ပြီးတင်ပေးလိုက်
ပါတယ်ဗျာ။

Screenshots :










Sexy JB GO Launcher EX Theme v2.0 play.google.com.metro.sexy.hd
Sexy JB GO Launcher EX Theme, specially designed for GO Launcher EX

Provides delicate app icons,Desktop Visualizer DVR, wallpapers, folder and app drawer interface. Get it right now and have a completely new makeover of your Android smartphone.
Get the look of Android 4.1 'Sexy Jelly Bean' for your favorite launcher!

Sexy Theme Style theme that works with:
★ GO LAUNCHER
★ Walpaper Hot Girls
★ GO Task Manager Widget
★ GO Twitter Widget
★ GO Message Widget
★ Go Contacts EX
★ Go SMS PRO
★ Go Locker
★ Go Widgets
★ GO Contacts Widget
★ GO Facebook Widget
★ GO Search Widget
★ GO SMS / MMS Widget
★ GO Switch Widget

This is a launcher theme (for Apex, Nova, ADWEX, ADW.Launcher,Launcher-X, MX Home, LP, RabbitLauncher, Circle Launcher, Crazy Home, Open Home, VTL Launcher) notifications, widgets or anything else. It WILL change the graphics and icons for many popular launcher replacements!

Features:
New streep Folder!
Jellybean Sexy system icons!
Wallpaper HD pack included
ADW Theme support
Apex Theme support
Launcher Pro theme (only icons)
Support for Desktop Visualizer
Support for Folder Organizer
Notes:

★ADW★ users need to manually change the app drawer icon on their homescreen. It can not be done automatically. Long-press or double-tap, choose edit. Select the icon and then choose ADWTheme IconPacks. Choose the theme and then pick the icon of your choosing. We've included a couple!

★Launcher Pro★ users may need to wipe data if they are having 'Force Close' issues. Phone Settings > Applications > Manage Applications, choose Launcher Pro, select 'Clear Data' and then try to load the icons again.

★Icons may also work with Apex Launcher customizable, Nova Launcher, mxHome, Launch-X, Crazy Home Lite, dxTop Lite, Open Home paid, Open Home free, VTL Launcher, Circle Launcher Paid and more!

★Regarding 'Move to SD' availability: If the app is moved to SD Card, you risk the custom icons not loading properly because of how the system loads the SD card.

★DESIGNED FOR XHDPI. YOUR RESULTS MAY VARY WITH OTHER SCREEN RESOLUTIONS★


Required Android O/S : 1.6+



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

credit - http://www.zwmnna.com/

Thursday 13 June 2013

Website & Blog ပိုင်ရှင်များအတွက် apk လုပ်နည်းလေးပါ

မိမိတို့ website & Blog တွေကို Apk လုပ်ပြီး ဖုန်းတွေမှာ ကြည့်ရှု့လို့ရအောင် ဖန်တီးချင်တယ်ဆိုရင် အောက်မှာ လုပ်နည်း လေးပေးထားပါတယ် online offline အသုံးပြုရနိုင်မဲ့Apk  ဖြစ်မှာပါ လုပ်ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ အားပေးမှုကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။
 


credit - www.zwmnna.com


Tuesday 11 June 2013

Call အတု

ဖုန်းအ၀င်နည်းသူများ အားမငယ်စေဖို့ အချိန်ဇယားနဲ့  Autocall






Download - Auto Call for Android

Credit - မောင် (စွယ်စုံကျမ်း)

Monday 10 June 2013

Cartoon




Cartoon






Android ဖြင့် စာရင်းကိုင်လုပ်လို့ ရမယ့် မြန်မာ့စာရင်းကိုင်ဆော့ဝဲကောင်း


 Android ဖြင့် စာရင်းကိုင်လုပ်လို့ ရမယ့် မြန်မာ့စာရင်းကိုင်ဆော့ဝဲကောင်း



MmAccount သည် အလွန် ရိုးရိုးရှင်းရှင်း ကြည့်ရှူ့လွယ်သော 
အကြွေးစာရင်းကို မှတ်သားပေးသည့် app ဖြစ်ပါသည်။
 ပေးရန်နှင့် ရရန် ရှိသော အကြွေးများကို အလွယ်ပင် 
ဖုန်းထဲတွင် မှတ်စုသဖွယ် မှတ်သား အသုံးပြုနိုင်သည်။ 
ချမ်းသာ ကြွယ်ဝချင်သူ တစ်ယောက်အတွက် မိမိ၏ ငွေကြေးကို 
စီမံခန့်ခွယ်တတ်ရန် အရေးကြီးသည် မဟုတ်ပါလော။ 

ပျောက်သွားတာ၊ မှားဖျက်တာတွေ ပြန်ရှာဖို့ အတွက် Data Recovery

ပျောက်သွားတာ၊ မှားဖျက်တာတွေ ပြန်ရှာဖို့ အတွက် Data Recovery 


 



ဒီဆော့ဝဲလေးကတော့ ပျောက်သွားတာတွေ ပြန်ရှာဖို့အတွက်ပါ။ အကြောင်း အမျိုးအမျိုးကြောင့် မှားဖျက်မိတာတွေ Format လုပ်မိတာတွေအတွက် ပြန်ရှာရနိုင်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ သူ့ကို ဒေါင်းလုပ် လုပ်ပြီး Install လုပ်လိုက်ပါ ကီးပါပါတယ်  ထည့်ပေးလိုက်ပါ အမြဲသုံးလို့ရမှာဖြစ်ပါတယ်။ မယုံမရှိနဲ့နော် ကိုယ်တွေ့ အချိန်တွေ အကြာကြီး ဖျက်ထားခဲ့မိတာကို ပြန်ရှာရနိုင်တယ် လိုအပ်မယ်ဆို သုံးကြည့်လိုက်ပါ အရမ်းလန်းတဲ့ ဖလမ်း ဖလမ်း ကောင်လေးဖြစ်ပါတယ်။


Windows Data Recovery အားရယူရန်

အစိုးရမှ ချပေးသည့် 1500 တန်ဖုန်းကဒ်ကို အောက်ခြေ၀န်ထမ်းက 60000 ဖြင့်ရောင်းချ

(အောက်ပါသတင်းမှာ မှားယွင်းနေကြောင်း ဒေသခံ အုပ်ချူပ်ရေးမှူးရုံးမှ သိရှိထားရပါသည်။ )
တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုတွင် ရွာပေါင်း (၁၁) ရွာကို အစိုးရက တန်ဖိုးနည်းဖုန်းကဒ် (၆၀) ချပေးရာ သုံးပုံတစ်ပုံမျှသာ ပြည်သူသို့ ရောင်းချပြီး ကျန်သောဖုန်းကဒ်များကို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှ ခြောက်သောင်းနှုန်းဖြင့် ရောင်းစားနေကြောင်း အမှန်တကယ်ဖုန်းလိုချင်သော အောင်မင်္ဂလာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ဒုတိယသုတ် မေလ ၂၃ ရက်တွင် အစိုးရက ကျေးရွာအုပ်စုအလိုက် ဖုန်းကဒ်ချပေးရာ မဲနိုက်စနစ်ဖြင့် ကျေးရွာရပ်ကွက်ရုံးတွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့မြောက်ဘက် နန်းဟူးကျေးရွာအုပ်စုတွင် မဲနိုက်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ရွာ (၁၁) ရွာရှိ ရွာသူကြီးနှင့် လူငယ်ခေါင်းဆောင်များကို ခွဲဝေပေးတာ အကုန်မရကြောင်း၊ ပြည်သူသို့ သုံးပုံတစ်ပုံသာ ခွဲဝေရောင်းချပြီး ကျန်သောကဒ်များကို ကျပ် (၆၀၀၀၀) ခြောက်သောင်း ပေါက်ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။

ဖုန်းကဒ်လိုချင်၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်မေးမြန်းရာတွင် “ဒါ ငါတို့အခွင့်အရေးပါ၊ ဒီလိုမှ မလုပ်လျှင် စားပေါက်မရှိတော့ဘူး” ဟု နန်းဟူးကျေးရွာ အုပ်ချုပ်ရေးမှုး စာရေးဦးမောင်သိန်းက ပြောကြောင်း၊ ဖုန်းကဒ်လိုချင်သော ဒေသခံတစ်ဦးက ဆိုသည်။

ပြည်သူများ အမှန်တကယ်အသုံးပြုစေပြီး လာဒ်စားခြင်းမရှိအောင် နိုင်ငံတော်အစိုးရက စည်းကမ်းချမှတ်ပေးသော်လည်း မဟုတ်မမှန်လုပ်ကိုင်နေသော တာဝန်ရှိပုဂ္ဂိုလ်များကြောင့် အမှန်တစ်ကယ် အသုံးပြုချင်သော ပြည်သူများက မျော်တော်ဇော်ဖြင့် မောနေရကြောင်း သိရသည်။

ထိုနည်း၎င်းပဲ ဘန်းကွေးကျေးရွာအုပ်စုမှာလည်း ဖုန်းကဒ် (၂၆) လုံး ချပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ခရီးသွားနေစဉ် စာရေးက အေးသာယာဘက်သို့ တစ်ကဒ်ကို တန်ဖိုးခြောင်းသောင်းဖြင့် ရောင်းစားနေကြောင်း၊ အမှန်တကယ်ဖုန်းလိုချင်သော ဒေသခံများ သွားရောက်မေးမြန်းရာတွင် ခရီးရောက်နေ၍ စာရေးက ရောင်းလိုက်ခြင်းဖြစ်ကြောင်း နောက်တစ်ခေါက် အမှန်တကယ်ချပေးမည်ဖြစ်ကြောင်း သိရသည်။ posted by Taunggyi Time

Thursday 6 June 2013

GOthere Myanmar 2013 Stable Release

GOthere Myanmar Phone Finder + Multi-Directories 2013 June Version သို့ ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မြှင့်တင်ထုတ်လုပ်ထားပါသည်။

Download Here

ပြောင်းလဲတိုးတက်မှုများ

  • သတင်းများ ပျက်သွားသည့် အမှားအယွင်းအား ပြင်ဆင်ပေးထားခြင်း
  • သတင်း Widget အသုံးပြုနိုင်ခြင်း
  • မြန်မာစာ စာလုံးပေါင်းများ မှန်ကန်စွာမြင်ရခြင်း
  • သတင်းများအတွင်း ပုံနှင့် စာသား တွဲဖက် ဖေါ်ပြပေးခြင်း
  • သတင်းများ Category စုံလင်စွာ ပါရှိခြင်း
  • Phone Finder တွင် Account Sync on phone lost ပါဝင်ခြင်း
  • Phone Finder တွင် Remove All Accounts on phone lost ပါဝင်ခြင်း
  • Phone Finder တွင် Ring the phone when misplace ပါဝင်ခြင်း
  • Software Auto Update လုပ်ပေးခြင်း
  • ဗေဒင် ကဏ္ဍ ( အဟော၊ အမေး)
  • သတင်းများ ဖတ်ပြီး ပြန်ထွက်ချိန်တွင် မူလနေရာသို့ ပြန်ထားပေးခြင်း
  • သတင်းများ Save လုပ်နိုင်ခြင်း/ Social Network, SMS link များဖြင့် share လုပ်နိုင်ခြင်း
  • သတင်း အဟောင်းများကို အလိုလျှောက် ဖျက်ပေးခြင်း
  • မန္တလေး မြေပုံပါဝင်ခြင်း
  • သတင်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ဖတ်ရှုနိုင်ခြင်း
  • Features အသစ်များ အခါအားလျှော်စွာ အသုံးပြုခွင့်ရမည်
Credit to Gothere myanmar

Wednesday 5 June 2013

Xperia J Jellybean v4.1.2 [11.2.A.0.21]တင်ပြီး Root မယ်

Sony-Xperia-J-Jelly-Bean-Android-4.1.2
Firmware တင်ချင်သူများအတွက် ဒီလင့်ခ်မှာဒေါင်းယူပါ => Xperia J v4.1.2  [11.2.A.0.21] ( password = MMAS )
တင်ပုံတင်နည်းကတော့ သိပြီးသားဖြစ်ကြမှာပါနော် မသိသေးသူများအတွက်ကတော့ဒီလင့်ခ်မှာ Flash Tool ကနေ တင်ပုံတင်နည်းကိုကြည့်ပါ
Firmware Installing Guide

မိမိရဲ့ဖုန်းက Jellybean version ဖြစ်ပြီးသားဆိုရင်တော့ Root မယ်ဆိုရင် ဆက်သွားရအောင် ;)
Root ဖို့အတွက်ကတော့မိမိရဲ့ဖုန်းက Unlock Bootloader ဖြစ်ထားရပါမယ်
Unlock Bootloader စစ်ရန်
Dial *#*#7378423#*#*   -> “Service Info” -> “Configuration“.
Bootloader unlock allowed – Yes << ဒါဟာ Bootloader is Locked
Bootloader Unlocked         – Yes << ဒီလိုပြနေပြီဆိုရင်တော့ bootloader is unlocked

Unlock Bootloader မလုပ်ရသေးသူများ မဖြစ်သေးသူများအတွက် ဒီလိုင်းအတိုင်းလုပ်ပေးပါ = > Unlock Bootloader Guide
Unlock ဖြစ်ပြီးဆိုရင်တော့ ဒေါင်းစရာရှိတာလေးတွေကိုဒေါင်းရအောင် :)
1. CWM
2. Root Zip  
3. Kernel.sin
Root Zip ကိုတော့မိမိဖုန်းရဲ့ SD Card ထဲမှာသွင်းထည့်ထားပေးပါ
လုပ်ငန်းစရအောင်
CWM(boot.img) လေးနဲ့ kernel.sinလေး ကို Flash Tool ရဲ့ firmware ထဲမှာသွင်းထည့်ထားပေးပါ
Flash Tool ကို RUN လိုက်ပါ အဲဒီမှာ  မိုးကြိုးသွားပုံလေးကိုနှိပ်လိုက်ပါ ကျတော်တို့ firmware တင်တဲ့အခါ ရွေးပေးနေတဲ့ Flash Mode ဆိုတာကိုမရွေးပဲ
Fastboot mode ဆိုတာလေးကိုရွေးပေးပါ
x j 1
ပြီးရင် fastboot mode ၀င်ရအောင်ဖုန်းကို Power Off လိုက်ပါ.   Volume Up ကီးကိုနှိပ်ထားပေးပြီး ကြိုးထိုးလို်က်ပါ (မီးအပြာလေးလင်းပါလိမ့်မယ်)

x j2
ပြီးရင်တော့ ဒီပုံအတိုင်းသွားပြီး အစောက firmware ထဲမှာထည့်ထားတဲ့ boot.img ဆိုတာလေးကိုရွေးပေးလိုက်ပါ
cwm for xperia j
finished! ပြသွားပြီဆိုရင် ကြိုးဖြုတ်လိုက်ပါ
Battery ခဏဖြုတ်ထားပေးပါ…ပြန်တပ်ပြီးတော့ ပါဝါအွန်လိုက်ပါ
(Vibrate တုန်သွားရင် ) မီးအပြာလေးလင်းလာရင် volume up key ကိုနှိပ်လိုက်လွှတ်လိုက် နှိပ်လိုက်လွှတ်လိုက်လေးလုပ်ပေးပါ
Recovery Mode
ဝင်သွားပါလိမ့်မယ်
ae
အဲဒီထဲမှာ install zip from ကနေ အဆင့်ဆင့်သွားပြီး အစောက SD Card ထဲမှာ သွင်းထည့်ထားတဲ့ root zip လေးကို install ပေးလိုက်ပါ
ပြီးရင်တော့ Reboot ပေါ့နော်
ဒါပေမယ့် Boot ပြန်တက်လာမှာမဟုတ်ပါဘူး…အဲဒီတော့ ဖုန်းကို Battery ဖြုတ်လိုက်ပါ…ခဏနေရင်ပြန်တပ်ပြီး အစောကလိုပဲ Volume up ကီးကိုနှိပ်ထားပေးပြီး  ကြိုးထိုးလိုက်ပါ
Flash Tool ကိုပြန် RUN လိုက်ပါ
အပေါ်မှာ boot.img သွင်းသလိုမျိုး fastboot mode ကနေ select kernel to flash ကနေ အဲဒီ kernel.sin လေးကို သွင်းပေးလိုက်ပါ
xperia j kernel.sin after root zip installing
Finished! ပြသွားပြီဆိုရင်တော့ ကြိုးဖြုတ်လိုက်ပါ
Battery ခဏဖြုတ်
ပြန်တပ်ပြီး ဖုန်း Power ဖွင့်လိုက်ပါ…ပြီးရင်တော့ Super Su လေးကိုမြင်ရပါလိမ့်မယ် ..အဲဒါဆိုရင်တော့ Root လို့ပြီးပါပြီ..
yiy-Screen
credit to XDA
စမ်းသပ်အောင်မြင်သူ Shallow Way
အားလုံးပဲအဆင်ပြေကြပါစေ
နောင်နောင် (Innocent Love)

From myanmarmobileapp

Tuesday 4 June 2013

အောက်တိန်းအရည်အသွေး မပြည့်သည့်အတွက် မော်ဒယ်မြင့်ကားများပါ မကြာခဏ ပြင်နေရ၊ စက်သုံးဆီအား အရည်အသွေးမီ၊ မမီ စစ်ဆေးသင့်ဟု ကားလုပ်ငန်းရှင်များ ပြောကြား


စက်သုံးဆီ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်များအား တွေ့ရစဉ်
မော်ဒယ်မြင့်ကားများ မကြာခဏ ပြင်ဆင်နေရပြီး အဓိကအားဖြင့် အောက်တိန်း အရည်အသွေး မပြည့်မီသည့် အတွက်ဖြစ်ကြောင်း ကား Services စင်တာများက ပြောကြားခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း အဓိကကြုံတွေ့ရသည့် ပြဿနာမှာ ကားပလပ်များ မကြာခဏ လဲနေရသည့် ပြဿနာ ဖြစ်ကြောင်း၊ ထိုပလပ်လဲရခြင်း၏ အဓိကပြစ်ချက်မှာ စက်သုံးဆီအရည်အသွေး မမှန်သည့်အတွက် ဖြစ်ကြောင်း ကားအင်ဂျင် ကျွမ်းကျင်သူများက ထောက်ပြသည်။
၂၀၁၀၊ ၂၀၁၁ ခုနှစ်ထုတ် ကားသစ်များပါ ပလပ်များလဲလှယ်ရသည့် ဒုက္ခကြုံလာရကြောင်း၊ ဂျပန်နိုင်ငံထုတ် ကားများအပြင် ဥရောပထုတ် ကားများပါ လဲလှယ်လာရကြောင်း၊ ဥရောပထုတ် ကားများမှာ တစ်ခုခုပျက်လျှင် အပိုပစ္စည်း ရှာရခက်သည့် ပြဿနာကိုပါ ရင်ဆိုင်ရကြောင်း သိရသည်။
''ကျွန်တော်တို့က ရွေးချယ်စရာမရှိဘူး။ သူတို့သတ်မှတ်တဲ့ ဈေးနဲ့ဝယ်တယ်။ အရည်အသွေးပြည့်၊ မပြည့်က ဘယ်လိုမှ မသိနိုင်ဘူး။ ကားပျက်လို့ သွားပြတိုင်း ပလပ်လဲနေရတယ်။ တစ်နှစ်အတွင်းမှာ ပလပ်သုံးခါလဲရတယ်။ အောက်တိန်းက အဓိကပဲ။ အခု ၉၂ ရွန်လို့ပြောတယ်။ မပြည့်လို့ပေါ့။ တင်သွင်းတုန်း ကတည်းက နိမ့်တာသွင်းတာလား ဒီရောက်မှပဲ အရောအနှောကြောင့် ဖြစ်တာလားမသိဘူး။ မပြည့်တာတော့ သေချာတယ်။ အခုဆီဆိုင် မပြည့်လို့ အရေးယူပေးတဲ့အတွက် အားလုံးနီးပါး အပြည့်အ၀ရတယ်။ ဒါပေမဲ့ အရည်အသွေး မမီတော့ ကားပါ ထိခိုက်ပြန်ရော။ စက်သုံးဆီဆိုင်တွေအနေနဲ့ သင့်တင့်တဲ့ အမြတ်လည်း ယူထားပြီးပြီပဲ။ အရည်အသွေးပိုင်းကိုတော့ ပြောတဲ့အတိုင်း ရောင်းပေးသင့်တယ်'' ဟု ကားမကြာခဏပျက်၍ ပြင်ဆင်နေရသူ တစ်ဦးက ဆိုသည်။
ထို့အတွက် စက်သုံးဆီအား အခြင်အတွယ် ပြည့်၊ မပြည့် စစ်ဆေးအရေးယူ ပေးနေသည့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အနေဖြင့် စက်သုံးဆီ အရည်အသွေးပိုင်းကိုပါ စစ်ဆေးပေးသင့်ကြောင်း ဆိုကြသည်။

Copyright © 2013 Eleven Media Group.