ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 30 September 2013

iTools 2013 Beta 0524 နောက်ဆုံထွက် 5c တို့  5s တို့နဲ့လဲရပါတယ်

iPhone/Pad/Pod touch တွေကို ကွန်ပျူတာနဲ့ချိတ်ပြီး သီချင်းသွင်းတာ ၊ ဆော့ဝဲ ၊ ဂိမ်းသွင်းတာတွေပြုလုပ်ဖို့အတွက် iTools 2013 Beta 0524 (latest version) လေးကိုတင်ပေးလိုက်ပါတယ်။ iTools ကတော့ iDevices သုံးသူတိုင်းသိရှိကြမှာပါ။ iTools ကို iPhone/Pad/Pod touch အကုန်လုံးနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်။ iTools ကို Windows XP/ Windows 7 / Windows 8 အကုန်လုံးမှာအသုံးပြုနိုင်ပါတယ်။ iTools 2013 Beta 0524 ကိုအောက်က link ကနေရယူပါ။
ref:http://www.tomsguide.com/us/download/iTools,0313-47064.html

Tuesday 24 September 2013

next launcher 3D

next launcher 3D နောက်ဆုံးထွက် Version နှစ်ခုတင်ပေးလိုက်ပါတယ်။





iPhone 5S ကိုရင်သား(nipple)နဲ့လည်း Security သတ်မှတ်လို့ရ

ပေါက်ပေါက်ရှာရှာ သတင်းတစ်ခုလို့ဆိုရမှာပါ။ငိုအားထက်ရယ်အားသန်ရ မလိုပါပဲ။Apple ကသူ့ရဲ့  iPhone5S ကိုယခင်လက်ဟောင်းဖုန်းတွေထက်
အသုံးပြုသူပိုမိုလုံခြုံစေတဲ့ Touch ID fingerprint စနစ်ကိုထည့်သွင်း ပေး
ထားတာ အားလုံးအသိပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲလုံခြုံတယ်ပဲဆိုဆို နည်းပညာခေတ်ကြီးထဲ မှာဘယ်အရာကိုမဆို ဖြေနိုင်တဲ့နည်းကတော့ ရှိစမြဲပဲလေ။ဒါကြောင့်ပဲ ပြီးခဲ့
တဲ့ရက်ပိုင်းတင်ပဲ finger စနစ်ကိုဖြတ်စီးနိုင်တဲ့ ဂျာမနီက Hacker တောင်ပေါ်
လာသေးတာပဲ။

အခုလည်း ဂျပန်ဝက်ဆိုဒ်တစ်ခုမှလွှင့်တင်ထားတဲ့ ဗီဒီယိုဖိုင်အရ Touch ID fingerprint နဲ့သာသတ်မှတ်ထားတဲ့ iPhone 5S ကိုရင်သားဖြစ်တဲ့(nipple) နဲ့လည်း Security သတ်မှတ်လို့ရတယ်ဆိုတာကို ဗီဒီယို နဲ့မှတ်တမ်းတင် သက်သေပြထားတာကို ပေါက်ပေါက်ရှာရှာမြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားရဲ့ ရင်သား(nipple) နဲ့ Security ပြုလုပ်ထားပုံကို အောက်ပါဗီဒီယို
ဖိုင်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

TechSpace Journal မှ ကူးယူဖော်ပြသည် ......

http://www.independent.co.uk/life-style/gadgets-and-tech/news/personal-security-apple-iphone-5s-unlocked-using-nipples-8835121.html

Monday 23 September 2013

Android all Driver

Android ဖုန်းတွေ အင်တာနက်သုံးဖို့ ကွန်ပျူတာမှာ Driver လိုအပ်မယ်ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ် ကွန်ပျူတာမှာ Driver လိုနေခဲ့မယ်ဆိုရင် ဒါလေးကိုသုံးလိုက်ပါ အားလုံးအဆင်ပြေသွားပါတယ် Phone service သမားတွေအတွက် ပိုပြီးလိုအပ်မှာပါ စကားမရှည်တော့ပါဘူး :D လိုချင်ရင် အောက်မှာ ဒေါင်းလုပ်လင့်ပေးထားပါတယ် ယူသွားလိုက်ပါနော် ကျေးဇူးအများကြီးတင်ပါတယ် :D

Mobogenie လာပါပြီ...



ဒီsoftware လေးကအတော်လေးကောင်းပါတယ် Moborobo တို့ထက်အားသာချက်လေးတွေပါဝင်တယ် google play မှာရှိတဲ့ game app တွေကိုဒေါင်းလို့ရတယ်ဗျ သြော်... wallpaper တွေ Ringtone တွေတောင်ဒေါင်းလို့ရတယ်နော် စိတ်ဝင်စားရင် အောက်မှာဒေါင်းလုပ်ယူသွားလိုက်နော်... ကျေးဇူးအများကြီးတင်ပါတယ်... 

Sunday 22 September 2013

ကချင် ပြည်နယ်ရှိ ဂန်လန်ရာဇီ တောင်ထိပ်သို့ ပထမဆုံး အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သူများ ပြန်လည် ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၂၁
ကချင်ပြည်နယ်ရှိ တစ်ကြိမ် တစ်ခါမှ ရောက်ရှိခဲ့ခြင်း မရှိသည့် ဂန်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက် ခဲ့သော မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရေး တောင်တက် အဖွဲ့သည် ယနေ့  ညနေ ၅နာရီ ၄၅မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ  Htoo Foundation, Air Bagan, AGD Bank, Aureum Palace Hotel, Treasure Resorts  တို့မှ တာဝန် ရှိသူများနှင့် ဝန်ထမ်းများက ကြိုဆိုကြသည်။
အဆိုပါ တောင်တက် အဖွဲ့တွင် မြန်မာ နိုင်ငံမှ အမျိုးသား နှစ်ဦးနှင့် အမေရိကန် နိုင်ငံမှ အမျိုးသား လေးဦး၊ အမျိုးသမီးတစ်ဦး တို့သည် သြဂုတ် ၁၅ရက်တွင် စတင်၍ တက်ရောက်ခဲ့ကြရာ လမ်းခရီးတွင် မြန်မာနိုင်ငံသား တစ်ဦး နေမကောင်း ဖြစ်သဖြင့် တောင်ထိပ်သို့ မရောက် ရှိခဲ့ပေ။ စက်တင်ဘာ ၇ရက် မွန်းလွဲ ၂နာရီတွင် ဂန်လန်ရာဇီ တောင်ထိပ်သို့ မြန်မာ နိုင်ငံသား ကိုပြည့်ဖြိုးနှင့် အမေရိကန် နိုင်ငံသား ငါးဦးတို့ ရောက်ရှိခဲ့ပြီး အောင်ပွဲ ခံခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း၊ အမြင့်ပေ တိုင်းတာခြင်းများကို ဆောင်ရွက်ပြီး  မြန်မာအလံနှင့် အမေရိကန် အလံတို့အား တောင်ထိပ်တွင် စိုက်ထူနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တောင်ထိပ်သို့ တက်ရောက်ရခြင်းမှာ ဂန်လန်ရာဇီ တောင်သည် တစ်ကြိမ် တစ်ခါမှ   လူမတက် ရောက်နိုင် သည့်  တောင်ထိပ် ဖြစ်သဖြင့် တက်ရောက် နိုင်ရန်၊  ကွဲလွဲမှုရှိသော ဂန်လန်ရာဇီ တောင်ထိပ် အမြင့်များ (အိန္ဒိယ မြေပုံ အရ ၅၈၈၁မီတာ)၊ (ဒုတိယ ကမ္ဘာစစ်အပြီး ရုရှားတရုတ် မြေပုံများအရ ၅၆၉၁မီတာ)၊  (ဟားဗတ်မြေပုံ စာကြည့်တိုက် အရ ၅၇၅၈မီတာ)၊ (Google  မြေပုံအရ  ၅,၇၈ဝ မီတာ)ဟု ဖော်ပြမှု များကို အမှန်တိုင်းတာ၍ အမြင့်တစ်ခုကို အတည်ပြုနိုင်ရန်၊ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ အမြင့်ဆုံးတောင် ခါကာ ဘိုရာဇီကို မြန်မာ- ဂျပန် တောင်တက်အဖွဲ့  တက်ရောက်စဉ် ပထမဦးဆုံး တက်ရောက်သူမှာ မြန်မာ နိုင်ငံသား နမားဂျွန်ဆင်ဖြစ်ခဲ့၍ ယခုဂန်လန်ရာဇီ တောင်ကို ပထမဆုံး တက်ရောက် နိုင်သူကိုလည်း မြန်မာနိုင်ငံသား ဖြစ်စေ လိုကြောင်းနှင့် ယခု တက်ရောက်သော မိတ်ဆွေ အမေရိကန် အဖွဲ့တွင် စာရေးဆရာ၊ ဂျာနယ် လစ်များ၊ ဓာတ်ပုံ ဆရာများ၊ ရုပ်ရှင် ဒါရိုက်တာများ ပါဝင်သဖြင့် မြန်မာ့ အလှ၊ မြန်မာ့ သဘာဝ များကို ကမ္ဘာအနှံ့ သိစေရန် ရည်ရွယ်၍ တက်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သည့် ကိုပြည့်ဖြိုးက မြန်မာ နိုင်ငံသား တစ်ဦးအနေဖြင့် နိုင်ငံခြားသား များနှင့် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် အတွက် အလွန်ပင် ဝမ်းသာကြောင်း ပြောကြားသွား သည်။   Written by 

ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိသည့် လူမှုဖူလုံရေးနည်းဥပဒေ

လူမှုဖူလုံရေးနည်းဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ထားပြီးဖြစ်ကာ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ အလုပ်သမား
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါနည်းဥပဒေကို အတည်ပြုပြီးပါက ယခုနှစ်အတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အခုလို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း နည်းဥပဒေပါ အချက်အလက်တွေ အတိုင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသနိုင်ခွင့်တွေအပြင် အတည်ပြုပြဋ္ဌာန်းပြီးတဲ့ဥပဒေအတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ လူမှုဖူလုံရေးဥပဒေကိုလည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်တယ်လို့သိရပါတယ်။
ယခုလက်ရှိမှာ လူမှုဖူလုံရေးကဒ်ပြားတွေကို Smart card အဖြစ် အသုံးပြုနိုင်ဖို့ ဓါတ်ပုံ ရိုက်ခြင်းနဲ့ လက်ဗွေယူခြင်းကိစ္စရပ်တွေကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ အခုလိုပြုလုပ်ပေးရာ မှာတော့ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်နဲ့ အလုံ၊ စမ်းချောင်းအစရှိတဲ့ မြို့နယ်တွေက လုပ်ငန်းတွေမှ လူမှုဖူလုံရေးအဖွဲ့ဝင်တွေကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။

... MRTV-4

Friday 20 September 2013

ဘလော့မှာ ကြော်ငြာတွေ (သို့) ဆိုဒ်တွေကို Slide Show လေးနဲ့ ညွှန်ပြခြင်လား



မင်္ဂလာပါ  ဘလော့မိတ်ဆွေအပေါင်းတို့ သည်နည်းလမ်းလေးကတော့ မိမိတို့ ဘလော့ပေါ်မှာ ကြော်ငြာတွေ ဖြစ်စေ မိမိတို့ လမ်းညွှန်လိုတဲ့ ၀က်ဆိုဒ်တွေ ဖြစ်စေ... မိမိတို့သွားစေလိုတဲ့ နေရာလေးတွေ နည်းပညာလေးတွေ  ပို့စ်လေးတွေကို ဖြစ်စေ  slider ပုံစံလေးနဲ့ လှလှ ပပ လမ်းပြလိုပါက  နည်းလမ်းကောင်းလေး တစ်ခုကို  ရေးသားဖေါ်ပြလိုက်ပါတယ်နော်....
ဆက်ဖတ်ရန်...

PES apk & data



PES 2012 Game apk & data files လေးကိုကျွန်တော်တင်ပေးလိုက်ပါတယ်
gameကအရမ်းကောင်းတဲ့gameလေးပါ။လက်ရှိကျွန်တော်ဆော့နေတဲ့game
လေးဖြစ်ပါတယ်ဆော့ချင်ရင်အောက်မှာယူနိုင်ပါတယ်





အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Here ! and Here !

Smart GApps Installer(4.0.3 မှ 4.2.2 ထိ Google App တွေကို လွယ်လွယ်ကူကူသွင်းကြမယ်)


Android 4.0.3 မှ 4.2.2 အထိ Google App တွေကို လွယ်ကူစွာ သွင်းနိုင်မယ့် ကိုကျော်စွာသွင်ရဲ့ Smart GApps Installer လေးပါ။

GApps Installer တွေ ပုံစံအမျိုးမျိုး အိုင်ဒီယာအမျိုးမျိုးနဲ့ လူတော်တော်များများ လုပ်နေကြတာပါပဲ... ဒါပေမယ့် နောက်ထွက်တဲ့ G610 လို ဖုန်းတွေနဲ့ သိပ်အဆင်မပြေတာလဲ သိတဲ့အတိုင်းပါပဲ... ဒါ့ကြောင့် ဒီ Tool လေးကို လုပ်ဖြစ်သွားတာပါ... Smart GApps Installer လို့ အမည်ပေးထားပြီး... လက်ရှိမှာ Android Version 4.0.3 မှ 4.2.2 အထိ အလုပ်လုပ်ပါတယ်... ဒီ Tool လေးကို သုံးဖို့ Root Access လိုအပ်ပါတယ်... Custom Recovery ရှိရန် မလိုအပ်ပါ...

Credit to: Kyaw Swar Thwin





အောက်ကလင့်မှာ ဒေါင်းပါခင်ဗျာ။

Wednesday 18 September 2013

TeamViewer အသုံးပြုနည်း


TeamViewer ဆိုတာကတော့ တစ်ချို့သိပြီးသားပါ မသိသေးတဲ့သူတွေအတွက် ကျတော်ကအသုံးပြုနည်းလေး လျှာရှည်ပြီးပြောပါဦးမယ်ခင်ဗျာ TeamViewer ဆိုတာကတော့ လွယ်လွယ်ပြောရရင် Desktop control တစ်ခုဖြစ်ပါတယ် another Desktop တွေကို connect to patner လုပ်ပြီးကြည့်ရတာပါ။အသုံးပြုနည်းလေးပြောပြပါမယ် လိုက်လုပ်ကြည့်လိုက်ပါ ဆော့ဖ်ဝဲကိုတော့ တင်တော့ပေးလိုက်ပါမယ် အဆင်မပြေခဲ့ရင် Google ဆီသာပြေးလိုက်ပါတော့။ဒီလိုပါ ဒေါင်းလုပ်ရရှိလာတဲ့ TeamViewer software ကို Install လုပ်လိုက်ပါ။ ပထမဦးဆုံး Next ဆိုတာကိုရွေးပါ ပြီးတာနဲ့ ဒါကောင်ကိုဘယ်လိုနေရာမှာသုံးချင်လဲဆိုတာမေးလာမယ် personal/ non-commercial use ဆိုပြီးတော့ကျတော်ကရွေးထားတယ် ပြီးရင်တော့ Next ကိုဆက်နှိပ်လိုက်ပါ။နောက်ထပ် သဘောတူညီကြောင်း လက်ခံကြောင်း I accept and I agree တို့ဘေးတွင် အမှတ်ခြစ်ပေးပြီး Next ကိုနှိပ်လိုက်ပါ နောက်ဆုံး Finish ဆိုတာကိုရွေးပေးလိုက်ပါ ဒါဆို Install လုပ်တဲ့အပိုင်းပြီးဆုံးပါပြီ။ထိုနည်းတူပဲ တစ်ခြား Desktop ကိုကြည့်ချင်တယ်ဆို အဲဒီစက်မှာလည်း ယခုလို install လုပ်ပေးထားပါ။ပြီးသွားပြီဆိုရင် အသုံးပြီးနည်းပြောပြပါမယ်။
(၁) install လုပ်ထားတဲ့ စက်နှစ်စက်လုံးရဲ့ Desktop မှာပေါ်နေတဲ့ TeamViewer ကိုဖွင့်လိုက်ပါ
(၂) Your Id / Password  ဆိုတာတွေကိုတွေ့မြင်နေရပါမယ်
(၃) ကိုကတစ်ခြားစက်ကိုကြည်ချင်တယ်ဆို တစ်ခြားစက်ရဲ့ Your ID ကို မိမိစက် Patner ID မှာထည့်ရန်
(၄) conect to partner ရွေးပေးပါ
(၅) password တောင်းလာပါမယ် ...တစ်ခြားစက်ရဲ့ password ကိုထည့်ပြီး Login နှိပ်လိုက်ပါ
ဒါဆိုတစ်ခြားစက်မှာရှိသမျှကိုကလိလို့ရပါပြီဗျာ... မှတ်ချက် တစ်ခြားစက်ကလက်ခံမှသာအသုံးပြုလို့ရပါမည်။

TeamViewer Download

Myanmar-Typingtutor


Myanmar -Typingtutor portable လေးဖြစ်ပါတယ် Install လုပ်စရာမလို Click နှစ်ချက်နှိပ်ပြီး သုံးလို့ရပါတယ်။အဆင်ပြေပါတယ်နော်..အဆင်ပြေတယ်လိုချင်တယ်ဆိုရင် အောက်လင့်မှာ ဒေါင်းလုပ်ယူ
သွားလိုက်ပါဦးနော်။ Size ကတော့ 955kb ပဲရှိပါတယ်။ သြော်...တစ်ခုတေှာ့ရှိတယ်ဗျ...ကွန်မန်းမှာဖြစ်ဖြစ် Cbox မှာဖြစ်ဖြစ် အားပေးသွားပါဦးနော်... ဒါမှပို့စ်တင်ရတာ အားရှိမှာပေါ့ဗျာ..။

Myanmar-Typingtutor Download

အားပေးမှုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျား...

Tuesday 17 September 2013

mzw

 
Android app and game တွေကို မိမိတို့စက်မှာ (pc) ပုံမှန်အားဖြင့် Android ပုံလေးတွေနဲ့ပေါ်နေတက်ပါတယ်... ယခုတင်ပေးလိုက်တာလေးကို Install လုပ်လိုက်မယ်ဆို.. အားလုံး Android ပုံနဲ့မပေါ်တော့ပဲနှင့် သူတို့ရဲ့နဂိုမူရင်း ပုံလေးတွေအတိုင်း မိမိတို့ကွန်ပျူတာမှာပေါ်နေမှာဖြစ်ပါတယ်.. service ဆိုင်တွေအတွက်တော့ ပိုအသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်..လိုချင်ရင် အောက်လင့်မှာ ဒေါင်းသွားလိုက်ပါဗျာ...။ size ကတော့ 12.19Mb ပဲရှိပါတယ်။ ... For pc...

တန်ဖိုးနည်း ဆင်းကတ်များ ဟန်းဆက် အရောင်းဆိုင်များမှ လျှော့ဈေးဖြင့် ရောင်းချလာ

 
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် ကန့်သတ် ရောင်းချသော ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များကို ပိုမိုတိုးမြှင့် ချထားပေး ခဲ့ပြီးနောက် ယခင် မှောင်ခိုဈေးကွက် အဖြစ် ဈေးကြီးပေးဝယ် နေရသော တန်ဖိုးနည်း ဖုန်းဆင်း ကတ်များကို ဟန်းဆက် အရောင်းဆိုင်တို့မှ လျှော့ဈေးများဖြင့် ရောင်းချလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

အဆိုပါငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို စတင်ထုတ် ပေးခဲ့စဉ်က (၆)ကြိမ်သာ ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါတွင် လူတိုင်းရရှိနိုင်ရန် လတိုင်း ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန် ခဲ့ပြီးနောက် ဟန်းဆက်အ ရောင်းဆိုင်များမှ ယခင်မဲပေါက် သူများထံက သုံးလေးသောင်းဖြင့် ဝယ်ယူ ခဲ့သော ဖုန်းဆင်းကတ်များကို ယခင်ပေါက်ဈေး တစ်သိန်းကျော် ထက်လျှော့၍ ရောင်းချခြင်း များပြုလုပ် လာသည်ဟု မိုဘိုင်းလ် ဖုန်းသုံးစွဲသူ တစ်ဦးက ပြောကြားခဲ့သည်။

GSM မိုဘိုင်းလ် ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက် လိုင်းကတ်နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်း တစ်သောင်း ခွဲဝေ ရောင်းချခဲ့ပြီး ယခုလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်း ရရှိသည်။

Online Media

Wednesday 11 September 2013

တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော တေးသံရှင်ဆိုတေး၏ ကျန်းမာရေး အခြေအနေမှာ ပိုမို တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များက ပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ကျန်းမာရေး ကောင်းမွန်လာမှုကြောင့် စက်တင်ဘာ၂ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင် သို့ ပြောင်းလဲ ကုသပြီးသည့် နောက်ပိုင်းတွင် သိသာစွာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ဖခင်ဖြစ်သူ ဦးမင်းလွင် က ပြောကြားသည်။
"လူနာ စကားပြောခြင်းတော့ မရှိသေးပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေ အနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ဇနီး၊ ခယ်မတို့နှင့်အတူ တောင်သာမြို့သို့ သွားရောက်စဉ် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်မှာ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ ခြေထောက်နှင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။


iPhone 5S နဲ့ 5C ဘာရွေးမလဲ

မနေ့ညက Apple တို့ တရားဝင် မိတ်ဆက်ပြသ ပြီးသွားပါပြီ။ အလူမီနီယံ iPhone စီးရီးထဲက နောက်ဆုံးထွက် iPhone 5S နဲ့အတူ ပလပ်စတစ်ကိုယ်ထည်နဲ့ ပထမဆုံးမျိုးဆက် iPhone 5C ကိုလည်း မိတ်ဆက် ခဲ့ပါတယ်။ 

iPhone 5S

ကမ္ဘာ့ ပထမဆုံး A7 64 bit Smarphone လို့ ဆိုပါတယ်။ ကင်မရာ ကတော့ 8 Megapixel ပဲ ပါဝင်ပါတယ်။ ၄ လက်မ အရွယ် Retina Display ဖြစ်ပြီး iPhone 5 နဲ့ ပုံဏ္ဍာန် အားဖြင့် မထူးမခြားနားပါပဲ။ သို့ပေမယ့် ရွေးစရာ အရောင် သုံးခု ဖြစ်လာ ပါတယ်။ ခဲရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင် ဖြစ်ပါတယ်။ ရွှေရောင်က ပိုမို လူကြိုက်များမှာပါ။ iOS 7 ထည့်သွင်း ပေးထားပါတယ်။ လက်ဗေ စစ်ဆေး လုံခြုံရေး စနစ် ပါဝင် လာပါတယ်။ 16GB, 32GB, 64GB unlocked ဗားရှင်းတွေကို 649 ,749, 849 ဒေါ်လာ အသီးသီးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

iPhone 5C

ပလပ်စတစ် ကိုယ်ထည်ဆိုပေမယ့် ပိုလီကာဘွန်နိုက်သားနဲ့ ပြုလုပ်ထားပါ။ အပူဒဏ်ခံနိုင်ရည် ရှိပြီး အကြမ်းခံလည်း ခံတဲ့ ကာဗာ ဖြစ်ပါတယ်။ A6 Chip ကိုပဲ အသုံးပြု ထားပါတယ်။ ၄ လက်မ Retina Display ပါပဲ။ အရောင် ငါးမျိုးနဲ့ ထုတ်ထားပါတယ်။ အစိမ်းရောင်၊ မီးခိုးရောင်၊ ပြာနုရောင်၊ အနီနုရောင်၊ အဝါရောင် ဆိုပြီး ထုတ်လုပ်ထားတာပါ။ 16GB နဲ့ 32 GB ပဲ ထုတ်လုပ် ထားပါသေးတယ်။ ဈေးနှုန်းကတော့ ၅၄၉ ဒေါ်လာနဲ့ ၆၄၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ ဒီတော့ ဈေးသက်သာဖုန်းလို့ ပြောလို့ မရတော့ ပါဘူး။ ဈေးကြီးဖုန်း အမျိုးအစားပါပဲ။

ဘယ်ဟာ ရွေးမလဲ

ဈေးကတော့ ဒေါ်လာ ၁၀၀ ပဲကွာမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ၇ သိန်းလောက်တတ်နိုင်ရင် iPhone 5C မှာဆိုရင် 32 GB ရနိုင်ပြီး iPhone 5S မှာဆိုရင် 16 GB ဗားရှင်း ရနိုင်မှာ ဖြစ်ပါတယ်။ iPhone 5 ထပ် ဘာတွေထူးသလဲမေးရင် Chipset ပိုကောင်းလာမှု၊ Finger print ပါဝင်မှု နဲ့ ရွှေရောင် ပါဝင်ထွက်ရှိလာမှုတို့လောက်ပဲ အပေါ်ယံမှာ မြင်ရ ပါတယ်။ ဒီဇိုင်းက ထူးခြားမသွားပါဘူး။ သို့ပေမယ့် လုပ်ဆောင်ချက် မြန်ဆန်တဲ့ ဖုန်းဖြစ်လာမှာပါ။ အော်ဒါမှာယူမှုကို စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ လက်ခံပြီ ဖြစ်ကြောင်း သိရပါတယ်။
.
www.apple.com

http://www.innewsmyanmar.com/2013/09/iphone-5s-5c.html

.

မိကျောင်းဖမ်းယူမူစံချိန်အသစ်



လွန်ခဲ့ တဲ့ (၁၄)နာရီ အကြာက အမေရိကန် နိင်ငံရဲ တောင်ဘက်အပိုင်းဆုံ့း Mississippi ပြည်နယ်၊့ Mississippi မြစ်ထဲက နေ အရှည် 13ပေ၊ 6.5 လက်မ ၊အလေးချိန်အားဖြင့် 741.5 ပေါင်ရှိတဲ့  မိကျောင်းခေါင်းတို တစ်ကောင်ကို ဖမ်းဆီးရရှိခဲ့ တယ်လို့ သိရပါတယ်။ ဒီဖမ်းယူရရှိတဲ့  မိကျောင်းကတော့ Mississippi မြစ်ထဲကနေ တစ်ပတ်ထဲမှာ့ဖမ်းမိခဲ့ တဲ့ မိကျောင်းတွေထဲက (၃)ကောင်မြောက်ပဲဖြစ်ပါတယ်။ သို့ ပေမဲ့ တက္ကဆက်ပြည်နယ်၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနရှိ ပေါင်(၈၀၀)ရှိတဲ့ မိကျောင်းခေါင်းတို၏မှတ်တမ်း စံချိန်ကိုတော့ ကျော်ဖြတ်နိင်ခြင်းမရှိသေးပါဘူး။

Ref: Aung Heine (MM social Sky)