ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 30 October 2013

မော်ဒယ်ဆုမြတ်နိုးကျော်ရဲ့ ဖလန်းဖလန်းထနေတဲ့ဓာတ်ပုံတွေ

မော်ဒယ်ဆုမြတ်နိုးကျော်ရဲ့ ဖလန်းဖလန်းထနေတဲ့ဓာတ်ပုံတွေကို အောက်က Link ကနေကြည့်လို့ရတယ်နော်...

>> http://www.myanmarcutegirl.com/2013/08/attractive-model-girl-su-myat-noe-kyaw.html <<

မြန်မာ့ငွေဈေး (30.10.2013 3:00PM)


**************************
ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 967(~) Ks 975(~)
1 စင်္ကာပူ SGD = Ks 780(~) Ks 790(~)

1 ဥရောပငွေ EUR = Ks 1333(~) Ks 1350(~)

ကမ္ဘာ့ငွေဈေး(30.10.2013 3:00PM)
*************************
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2389 (-0.0034)
ထိုင်း Baht 31.0700(+0.0300)
မလေးရှား Ringgit 3.1505(+0.0050)
တရုတ် Yuan 6.0951(+0.0047)
အိန္ဒိယ Rupee 61.4700(+0.0150)
ဘင်္ဂလားဒေ့ရှ် Taka 77.6500(+0.3300)
တောင်ကိုရီးယား Won 1060.5150(-1.7850)
ထိုင်ဝမ် TWD 29.4030 (-0.0420)
ဂျပန် Yen 98.2085(+0.0400)
ဥရောပငွေ EUR 0.7277(+0.0004)
ၾသစေၾတးလ် AUD 1.0539(-0.0005)
အင်္ဂလန် Pound 0.6231(+0.0001)

မြန်မာ့ရွှေဈေး(30.10.2013 3:00PM)
*************************
Ks 692,700 (-100)

ရန်ကုန်စက်သုံးဆီဈေး(30.10.201
3 3:00PM)
******************************
Premium Diesel (1L) Ks 940

Diesel (1L) Ks 920

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 910

ဓာတ်ဆီ (1L) Ks 814



https://www.facebook.com/excellencemedia

မြန်မာစတော့အိတ်ချိန်း ၂ဝ၁၅ခုနှစ်တွင် ပေါ်ပေါက်နိုင်ရေးဆွေးနွေးပွဲကျင်းပ



မြန်မာစတော့အိတ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာဥပဒေ ဆွေးနွေးခြင်းအပါအဝင် ၂ဝ၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် စတော့ဈေးကွက်အကြိုလေ့လာမှု ဆွေးနွေးပွဲကို ယခုလ ၂၅ ရက်က ရန်ကုန်မြို့ Park Royal ၌ ကျင်းပခဲ့သည်။

ဂျပန်နိုင်ငံမှ Japan Exchange Group နှင့် Daiwa Institute of Research အပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေချင်လို့ စတော့ရှယ်ယာဈေး ကွက်ကို တည်ဆောက်နေတာပါ''ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်း ကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းဟုအမည်ရသော စတော့ရှယ်ယာရောင်း ဝယ်ရေးတစ်ခုကို ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိရာ အာမခံကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက် မှတ်များရောင်းဝယ်ရေး ကုမ္ပဏီ(သို့မဟုတ်) ဘွန်းရောင်းဝယ်ရေးကုမ္ပဏီများကို ၂ဝ၁၄ ခုနှစ် အတွင်းတည်ထောင်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်ချပေး ထားပြီးဖြစ်သော် လည်း လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်သာ မြန်မာ့အာမခံလုပ်ငန်း ၏မူဝါဒအရသာ လုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း ၄င်းကဆက် ပြောသည်။

ဂျပန်နိုင်ငံမှ စီးပွားရေးပညာရှင်များနှင့် မူဝါဒရေးရာသုံးသပ်ရေး သုတေသနများမှပညာရှင် များက အကူအညီပေးလျက်ရှိပြီး လာမည့်ဇန်နဝါရီလတွင် Stock Exchange Commission (SEC) ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးစတော့အိတ်ချိန်း တည်ထောင်ရန် ဆောင်ရွက်ခြင်းဖြစ်သော်လည်း အစိုးရအာမခံငွေတိုက်စာချုပ်များကို ၁၉၉၃ ခုနှစ်အတွင်းက ပုဂ္ဂလိကသို့ရောင်းချထားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

The Union Daily

TV ကိုဖုန်းနဲ့ အပိတ်အဖွင့်လုပ်မယ်

သူငယ်ချင်းတို့ရဲ့ Android နှင့် Tablet ဖုန်းတွေမှာTV Remote Control အဖြင့်အသုံးပြုလို့ရနိုင်မဲ့
အသစ်ထွက်လာတဲ့ version : (Updated : Sep 24, 2013) ဖြစ်တဲ့ Smart IR Remote - Samsung/HTC v1.4.1 ကိုတင်ပေးလိုက်ပါ။ ဒီApp လေးကိုတော့ Android 4.2 အထက်မှာသာ
အသုံးပြုနိုင်မှာပါ။ Samsung Galaxy Tab , Samsung Galaxy S4, Samsung Galaxy Note, HTC One တို့မှာအသုံးပြုနိုင်ပါတယ်။
Smart InfraRed Remote for your HTC One, you can add, create and customize any number of remotes, combining controls from any of your existing remotes. Imagine a single remote on which the CHANNEL UP button controls your Set Top Box from your TV provider, the VOLUME keys control your home theater system and the arrow keys control your TV's menu.
Smart Remote can control your TV, Set Top Box, Lights, Projectors, etc.. Virtually anything that has an Infrared Receiver can be controlled by Smart Remote with the correct remote codes. And we're working 24/7 on adding more!
 
>>>>>Download Now<<<<<

စကုမြို့တွင်းရှိကျေးရွားများ ချောင်းရေလျှံမှုကြောင့် တောင်သူများနစ်နာ

မကွေးတိုင်း၊မင်းဘူးခရိုင်၊စကုမြို့နယ်အတွင်းမှာရှိသည့် အနောက်ဘက်ကျေးရွာ လက်ခုပ်ပင်ကျေးရွာနှင့်ပင်လယ်သက်ကျေးရွာများတွင် ရေလျှံမှုကြောင့် အရမ်းနစ်နာကြပါတယ် မန်းကြောင်းတစ်လျှောက် လုပ်စားကြတဲ့တောင်သူ တင်မကဘူး ကုန်းတွင်းပိုင်းပါ ချောင်းရေလျှံတာကြောင့် ကုန်းပေါ်ကစိုက်ခင်းတွေပါ ဆုံးရှုံးရတယ်။ကျေးရွာပေါင်း နှစ်ဆယ်ကျော်က တောင်သူပေါင်းနှစ်ရာကျော်လောက်မှာ အခက်အခဲ ဆုံးရှုံးနစ်နာမှုများနှင့်ရင်ဆိုင်နေရပါတယ်။


Photo-kohtaykyaw

မှတ်ချက်-ဒေသခံတစ်ဦး၏သတင်းပေးပို့ချက်

Sunday 27 October 2013

လေးဖြူ ဒိုင်ယာရီ တဲ့ သီချင်းအသစ်လေး


လေးဖြူ  ဒိုင်ယာရီ တဲ့ သီချင်းအသစ်လေး လိုချင်ရင် အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ် ....

ဒိုင်ယာရီ

ဝိုင်းစုခိုင်သိန်း အာ...ဘွား mp3song


ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား စီးရီးခွေကို အဝေးရောက်များ ၀ယ်ယူမရှိနိုင်ပါက ကျတော့်ဘလော့တွင် တင်ပေးထားပါတယ် ဒေါင်းလုပ်လုပ်ပြီး  အားပေးနိုင်ပါပြီခင်ဗျာ။ ဒေါင်းလုပ်လင့်ပေးထားပါတယ်။

Download Link

Wednesday 16 October 2013

window 8 64bit မှာ Folder / Icon တွေမြန်မာလိုမပေါ်ဘူးလား


ဒီပို့ကိုတင်ထားပေးပြီးသာပါ အဲဒီမှာက အချက်အလက်များတယ် စာဖတ်သူအတွက်ရှုပ်မှာဆိုးလို့ window 8 နဲ့ပတ်သက်တာလေးတွေကို အစိတ်အပိုင်းလိုက်ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။ ပုံလေးနဲ့ အရင်အတိုင်းဖော်ပြပေးလိုက်ပါတယ်။



အပေါ်နဲ့ အောက်ကပုံအတိုင်း Control Panel / Fonts ထဲကို ဝင်လိုက်ပါ..။


Fonts ထဲမှာ Myanmar Text  Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show နဲ့ ဖေါ်လိုက်ပါ..။




အပေါ်ပုံအတိုင်း  Myanmar Text  Regular ဖေါင့်ကို Show ပေးလိုက်လို့ ပေါ်လာပြီဆိုရင် ဇော်ဂျီဝမ်းဖေါင့်ကို Install ထည့်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် ဇော်ဂျီဖေါင့်နဲ့ ဖိုဒါတွေ ၊ Icon တွေမှာ ပေါ်နေပါပြီ..။

မန္တလေးစည်ပင်နယ်နိမိတ် လိုင်စင်သက်တမ်း မတိုးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော်ကျန်


မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း သတ်မှတ်ကာလ ကျော်လွန်သည် အထိ လိုင်စင်သက်တမ်း တိုးခြင်း မရှိသေးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန စာရင်းများအရ သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည့် လုပ်ငန်းများအတွက် လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း တိုးရန် ကျန်ရှိ လုပ်ငန်းများတွင် စားသောက်ဆိုင်လုပ်ငန်း အများစု ပါဝင်ကြောင်း အဆိုပါဌာန ထံမှ ထပ်မံသိရသည်။

"ကျန်နေတဲ့ လုပ်ငန်း တော်တော်များများက ဆိုင်နေရာ ပြောင်းသွားတာတို့ ဒဏ်ငွေ မဆောင်ချင်လို့ ထွက်ပြေးသွားတာမျိုး တို့ရှိတော့ အခုချိန်ထိ အရေးယူဖို့ ကြန့်ကြာနေ သေးတာပါ။ လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို သုံးကြိမ်အထိ ဒဏ်ရိုက်မယ်။ သုံးကြိမ် ပြည့်သွားရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမယ်" ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

သတ်မှတ်ကာလအတွင်း မပြုလုပ်ပါက လုပ်ငန်းလုပ်ဆောင်ခွင့်ကို ရပ်ဆိုင်းမည် ဖြစ်ပြီး လုပ်ငန်းရပ် ဆိုင်းခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ အရ ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းထိ သို့မဟုတ် ထောင်ဒဏ်သုံးလ၊ ဒဏ်ကြေးငွေ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းထိ (သို့) ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားကြောင်း၊ လုပ်ငန်းပိတ်သိမ်း ခံရ၍ ပြန်လည် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး နေ့စဉ်သတင်းစာ များတွင် အမည်ပျက်စာရင်း ထည့်သွင်းကြေညာမည်ဟု သတ်မှတ်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

"ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သက်တမ်းတိုးဖို့ မေ့မေ့သွားတယ်။ ပထမတစ်ကြိမ် ဒဏ်ငွေဆောင် လိုက်ရကတည်းက သက်တမ်း သွားတိုးထားလိုက် တာပါ။ လုပ်ငန်းပိတ်သိမ်း ခံရရင် ပြန်စဖို့က မလွယ်ဘူး" ဟု အောင်မြေသာစံမြို့နယ် အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သတ်မှတ်ကာလ ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလ ၁၁ရက်နေ့အထိ စာရင်းများအရ လိုင်စင်သက်တမ်း တိုးသူ ၁၂,၀၀၀ နီးပါးသာရှိပြီး အမှန်တကယ် သက်တမ်းတိုးရမည့် လုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော်ရှိကာ လိုက်နာမှုမရှိသည့် အတွက် ပိတ်သိမ်းခံရသည့် လုပ်ငန်းပေါင်း ၉၀၀ နီးပါး ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice Weekly

Friday 11 October 2013

သရုပ်ဆောင်အသစ်ကို ရိုက်နှက်


5 Series ရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံ ဇာတ်လမ်း ရိုက်ကူးစဉ် ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီး သရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ် ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

 ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့် မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

“လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မရပါဘူး၊ ဒီနေ့ မနက်မှာပဲ နှစ်ဖက်စလုံးလာတိုင်သွားတယ်၊ ဒီကိစ္စကိုအောက်တိုဘာ ၁၅မှာ ကျွန်တော် တို့ စပြီးတော့ စစ်ပေး မှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးခင်မောင်ချင်းက People Powerသတင်းစာကို ပြောကြားသည်။

 အနုပညာလောကတွင် အဆိုပါ ဖြစ်စဉ်မျိုးသည် မကြာခဏဖြစ်ပွားတတ်ပြီး အစည်းအရုံးအနေဖြင့် မှန်သည်ဘက်မှရပ်တည်ပြီး တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 ယင်းကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် မင်းရာဇာသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်း စက်ပိတ်ထားသည်။

People power (ညနေခင်းသတင်းစာ) 

Monday 7 October 2013

USB Stick ရဲ့ Data ရွှေ့ပြောင်းမှုကို မြန်နှုန်းမြှင့်တင်နည်း


 
တစ်ချို့ Memory Stick တွေက ဖိုင်တွေကိုကူးယူရာမှာ အလွန်နှေးကွေးကြပါတယ်..တော်တော်နဲ့မပြီးပါဘူး
ဒီလိုနှေးတဲ့ Stick တွေကိုဘယ်လိုမြန်အောင်လုပ်မလဲ..လွယ်ပါတယ်..အောက်ပါအတိုင်းသာလိုက်လုပ်
ကြည့်ပါ..ဖလန်းဖလန်းထအောင် မြန်ထွက်သွားပါ့မယ်. .:)

အရင်ဆုံး Stick ပေါ်သို့ Right Click >> Format ကိုရွေးချယ်ပါ..File System နေရာမှာ NTFS ကိုရွေးချယ်ပါ
ပြီးရင် Quick Format ကိုရွေး Start နှိပ်ပါ..

 

ပြီးတာနဲ့ Stick ပေါ်သို့ Right Click ပြန်ထောက်ပါ.. Properties နှိပ်ပြီး Hardware Tab သို့သွားပါ


 
 
ပြီးတာနဲ့ မိမိရဲ့ USB Stick Name ပေါ်သို့ တစ်ချက်ထောက်..ပြီးရင် Properties နှိပ် Policies မှာ Better Performance ကိုရွေးပြီး OK ပေးလိုက်ပါ..ဒါဆိုရင် သင့်ရဲ့ စတစ်လေး မြန်ဆန်သွားတာတွေ့ရပါလိမ့်မယ်..အဆင်ပြေပါစေ။

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer