ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 27 April 2014

Android OS 4.3 ROOT v1.2.0 APK

Android OS 4.3 နှင့်အထက်ဖုန်းတွေမှာ Root ဖောက်နိုင်ဖို့အတွက် Apk လေးတစ်ခုတင်ပေးလိုက်ပါတယ် ဗျာ။ Apk ဆိုတော့ ကွန်ပြူတာနဲ့ချိတ်ပြီး Root ဖောက်စရာမလိုပါဘူး ဖုန်းထဲမှာထည့်ပြီး Install လုပ်လိုက်ရုံပါ ဘဲ။ Reboot ကျသွားပြီးပြန်တက်လာရင်တော့ Root Access ဖြစ်သွားမှာပါ။ တစ်ခုတော့ ကြိုပြီး ပြောထားချင် ပါတယ်ဗျာ ဖုန်းတိုင်းတော့ ရမယ်လို့ အာမမခံပါနိုင်ပါဘူး။ Huawei အပြင် အခြားသော တရုပ်ဟန်းဆက်တွေ ကိုတော့ Support လုပ်ပေးနိုင်ပါတယ်။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

အင်တာနက်ဖွင့်သုံးနေစဉ် Viber ကို offline လုပ်ထားနိုင်သော Viber Switch for Android

Viber Switch.apk သည် Android ဖုန်း Viber user များအတွက် အင်တာနက် ဖွင့်သုံးနေစဉ် မိမိ viber ကို အလွယ်တကူ Online/Offline စိတ်ကြိုက်ထား၍ အသုံးပြုနိုင်သော app ဖြစ်သည်။
ဒီ apk ကို သုံးရန် သင့်ဖုန်းတွင် Viber ကို install လုပ်ပြီးသားဖြစ်ရမည်။ app ကို ဖွင့်၍ Offline ကို ကိုနှိပ်လိုက်ပါက သင့် viber သည် Offline ဖြစ်သွားပြီး စာ၊ ပုံ နှင့် Video ဖိုင်များ ၀င်တော့မည်မဟုတ်ပါ။ အင်တာနက် ဖွင့်ထားသော်လည်း တစ်ဘက်လူမှ သင့် viber ကို ကြည့်လျှင် Offline ဖြစ်နေမည်။ တစ်ဘက်မှ စာပို့သော်လည်း သင့်ထံသို့ စာမ၀င်နိုင်တော့ပါ၊ Delivered မပြတော့ပါ။
app ကိုဖွင့်၍ Online ခလုတ်ကို ပြန်နှိပ်မှသာ သင့် viber ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပါမည်။
သတိပြုရန်မှာ Offline လုပ်ထားစဉ် viber ကို ဖွင့်လိုက်မိပါက Online ကဲ့သို့ဖြစ်သွားပြီး တစ်ဘက်မှ ပို့ထားသောစာများ ချက်ချင်း ၀င်လာလိမ့်မည်။
အင်တာနက်သုံးပြီး Viber မှာ ပုန်း ချင်သူအများ အတွက် တွက်ခြေကိုက်ပါသည်။
Thanks to Viber, Original Owner
အသုံးပြုလိုပါက အောင်က လင့် မှာရယူနိုင်ပါတယ်။
Viber Switch for Android အားရယူရန်
Ref & Thanks to : Ko Kyaw Min Soe

Friday 25 April 2014

မင်္ဂလာပါခင်ဗျာ....

အကြောင်းအမျိုးမျိုးတွေကြောင့် Blog နဲ့ ကျတော်ဝေးကွာနေခဲ့ရတယ် ဒါကြောင့် ပိုစ့်တွေလည်း မတင်နိုင်ခဲ့ဘူး တောင်းပန်ပါတယ် ကျွန်တော်ခုနောက်ပိုင်း ကြိုးစားပြီး ပိုစ့်တွေပြန်တင်ပါမယ်ခင်ဗျ။ ဘ၀ရဲ့ အချိုးအကွေ့ အလုပ်အကိုင်တွေကြောင့် ဝေးကွာခဲ့ရတယ် ဒါပေမဲ့ ကျတော်မစွန့်လွတ်နိုင်တာ သိနေပါတယ်။
ကွန်နက်ရှင် ကောင်းတဲ့အချိန်မစောင့်တော့ပဲ စိတ်ရှည်စွာနဲ့ပဲ ကြိုးစားပါမယ်။အလုပ်ကိုလည်း အိမ်မှာပဲ လုပ်ဖို့စိတ်ကူးလိုက်တယ် လောလောဆယ်တော့ အိမ်မှာ ကွန်ပျူတာသင်တန်းတွေပေးတယ် ကွန်ပျူတာ ပြုပြင်၊ ဖုန်းပိုင်းဆိုင်ရာတွေနဲ့ တစ်ယောက်တည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေတယ် အပြင် internet wifi ဆင်ဖို့ရှိရင်တော့ သွားလုပ်လိုက်တယ်၊ ရုံးတွေ ဌာန ဆိုင်ရာတွေကိုတော့ Computer Service သွားလုပ်ပေးဖြစ်ပါတယ်။ ကျတော့်ဘလော့ဂ်အတွက် အချိန်ပေးနိုင်အောင်ကြိုးစားပြီး ပို့စ်တွေကို များများတင်ပါမယ် ပြန်လည် မျှဝေပါတော့မယ်ခင်ဗျ။ (ကွန်ပျူတာနဲ့ ပတ်သက်လို့ အကူအညီလိုအပ်တယ်ဆိုလျှင် လှမ်းလာခဲ့ပါ (တောင်ကြီး) ဖုန်း 09428363601 ကိုဆက်သွယ်လိုက်နော်)