ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 24 July 2014

လူကိုမုန်းရင်မူကိုသုံး တယ် လူကိုခင်ရင်မူကိုပြင်တယ် လို့ မင်းကိုနိုင်ဆို



"ဥပဒေဆိုတာ ကျနော်သိသလိုပြောရရင် ကျနော်တို့ တိုင်းပြည်မှာ လူကိုမုန်းရင်မူကိုသုံး တယ် လူကိုခင်ရင်မူကိုပြင်တယ် ဆိုတဲ့
အတိုင်း မူနေရာမှာ ဥပဒေထားလိုက်
လို့ရှိရင် အစိုးရနဲ့ အဆင်ပြေလို့ရှိရင်တော့ ဥပဒေနဲ့ အဆင်ပြေတာပေါ အဆိုးရနဲ့ အဆင်မပြေဘူးဆိုရင်တော့ အဲဒီဥပဒေ
ဆိုတဲ့အရာတွေက ကျနော်တို့ကိုနှိပ်ကွပ်တော့တာပဲ။
အဲဒီတော့ ဥပဒေရှေ့မှာ အခြေခံထည့်
လိုက်တဲ့ အခါကြတော့ အခြေခံလူတန်း
စားတွေခံဖို့သာပြင်ထားပေတော့ဆိုတဲ့
အခြေအနေဖြစ်နေပြီ " လို့ မင်းကိုနိုင် ပြော(အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်ကြီး)

Monday 21 July 2014

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တာဝန်မှရပ်စဲခြင်းအပေါ် ကျေနပ်မှုမရှိသောကြောင့် ဆန္ဒထုတ်ဖော်ပြသခြင်း

တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးလှသော်အား (၁၂.၆.၂၀၁၄)ရက်နေ့မှ စပြီး တာဝန်မှရပ်စဲလိုက်ခြင်းကြောင့် လည်းကောင်းကို ထောက်ခံသူများမှ မြို့နယ်မှမတရားဆောင်ရွက်သည်ဟု ယူဆပြီး (၂၁.၇.၂၀၁၄)ရက်နေ့ ဆန္ဒထုတ်ဖော်ပြသရာ နံနက်(၇)နာရီအချိန် ကျေးရွာတွင် ခေတ္တဆန္ဒပြပြီး ဟက်ကယ်ကျေးရွာသို့ မော်တော်ယာဉ်(၆)စီးဖြင့် စတင်ထွက်ခွာပြီး ဟက်ကယ်ကျေးရွာတွင် အသင့်စောင့်ဆိုင်းနေသော မော်တော်ယာဉ်(၂)စီးဖြင့် ပူးပေါင်းပြီး ရွှေညောင်တွင် ထပ်မံပြီး မော်တော်ယာဉ်(၃)စီး စုစုပေါင်းမော်တော်ယာဉ် (၁၁)စီး လူအင်အား (315)ဦးခန့်ဖြင့် တောင်ကြီးမြို့သို့ ထွက်ခွာလာရာ ပြည်နယ်အားကစားကွင်းရှေ့သို့ (၀၉း၄၅)နာရီအချိန် ရောက်ရှိလာပြီး မိုင်းသော်ရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးလှသော်အား ပြန်လည်ခန့်ထားရေးနှင့် တောင်နီကျေးရွာ လျှပ်စစ်မီးသွယ်တန်းရေးတွင် ဘဏ္ဍာငွေအလွှဲသုံးစားမှု ပြန်လည်စီစစ်ပေးရေး ဆိုင်းဘုတ်အားကိုင်ဆောင်ပြီး ရုံးကြီးလမ်းနှင့် ကလေးဆေးရုံလမ်းထောင့်အထိ စီတန်းလှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ပြီး နံနက်(၁၀း၅၁)အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးလှသော်သည် (၂၀၀၇)ခုနှစ်မှစပြီး ယနေ့အချိန်ထိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဌ၊ (ရ.ယ.က)ဥက္ကဌ အဖြစ်နှင့် ယခုတာဝန်မှရပ်စဲလိုက်သည့် အချိန်ထိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်ထက်အထိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးအစုရှယ်ယာဝင်များ၏ အများပိုင် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း(၁၁၆၀) သိန်းတစ်ထောင့်တစ်ရာ့ခြောက်ဆယ်
ကျပ် ကွာဟမှုနှင့် စာရင်းရှင်းတမ်းစာအုပ်ထွက်ပြီး ထပ်မံလျှပ်စစ်မီးအစုရှယ်ဝင်သည့် ငွေများ (၂၀၁၄)ခုနှစ်အထိ ခန့်မှန်းငွေကျပ် သိန်း(၂၀၀၀) ကျော် ကွာဟမှုနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်များအရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး( ဟောင်း) ဦးလှသော်သည် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးငွေများအား ရုံးလုပ်ငန်းနှင့်အညီ ကော်မတီများဖွဲ့စည်းပြီး စနစ်တကျထားရှိသုံးစွဲမှုမရှိခြင်း၊ အများပြည်သူအစုရှယ်ယာရှင်များအား ပွင့်လင်းမြင်သာစွာ ချပြမှုမရှိခြင်းတို့ကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၄.၆.၂၀၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၅)အရ မိုင်းသော်အရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသော်အား (၁၂.၆.၂၀၁၄)ရက်နေ့မှစပြီး တာဝန်မှရပ်စဲလိုက်ခြင်းကြောင့် လည်းကောင်းကို ထောက်ခံသူများမှ မြို့နယ်က မတရားဆောင်ရွက်သည်ဟု ယူဆပြီး ဆန္ဒထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု သိရှိရပါသည်။


သတင်း ဓါတ်ပုံBlogger
 
 

Saturday 19 July 2014

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ (၆၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပ



ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်(၁၉)ရက်နေ့ နံနက်(၆)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး ဘုရားအမှူးရှိသော သံဃာတော်များအား နံနက် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
၊ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခြင်း၊ စသည့် ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့နှင့်အတူ ဗဟိုပါတီကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကြီးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတို့မှ ဖူးမြော်ကြည်ညို ကန်တော့ကြပြီး ဆရာတော်သံဃာတော်များမှ အနုမောဒနာတရားများဟောကြားပြိးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး ကောင်းမှုကုသိုလ်အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ထုရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်း။ အဆိုပါ အခမ်းအနားကို ပြည်နယ်ပါတီ ကော်မတဓီဝင်များ၊ တောင်ကြီးခရိုင်ပါတီမှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ကြောင်းသိရှိရပါသည်။
(သန်းထူး  တောင်ကြီး မှ သတင်းပေးပို့သည်။)



Tuesday 15 July 2014

19July Apk v1.0

image
-ဂျူလိုင်​လ ၁၉ရက်​​နေ့၊အာဇာနည်​​နေ့ကို​အောက်​​မေ့သတိရဂုဏ်​ပြုတဲ့အ​နေနဲ့ဆရာမထားထား​စောလွင်​မှ"19July"ဆိုတဲ့android ဖုန်းအသုံပြု application ​လေးတစ်​ခု​ရေးသား​ပေးလိုက်​တာဖြစ်​ပါတယ်​-
-ဒီ apk ကို ရတာနဲ့ ဖုန်းမှာ install and open လုပ်ထားပါ။ အခြားဘာမှထပ်လုပ်စရာမလိုဘဲ အာဇာနည်နေ့ နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဥသြသံထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဥသြသံပြီးတာနဲ့ ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည်ဆိုသည့်​ သီချင်းဆက်တိုက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အချိန်ကိုက်တပြိုင်နက်သံပြိုင်ဥသြသံထွက်ပေါ်စေရန် မြန်မာနိုင်ငံသားတိုင်း မမေ့မလျော့ install လုပ်ထားကြပါ--ကြိုတင်ခံစားကြည့်ချင်ရင်တော့ မိမိတို့ဖုန်းရဲ့ Date and Time ကို July 19 10:35 လောက်ပြောင်းထားကြည့်ပါ--​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူနိုင်​ပါပြီ-
       အဆင်​​ပြေပါ​စေ။
        
Credit; ထားထား​စောလွင်

Thursday 10 July 2014

အာဇာနည်နေ့ သီချင်း Download

အာဇာနည်နေ့ ရောက်တော့မှာမို့ အာဇာနည်နေ့ကို ကြိုတင်ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်နေ့ သီချင်းများ တစ်ချို့ကို တင်ပေးလိုက်ပါတယ်။ ရယူလိုပါက အောက်တွင် ဒေါင်းလုပ်ယူသွားနိုင်ပါပြီခင်ဗျ အောက်က လင့်ခ်ကို နှိပ်ပြီးပါက Direct Download ကိုနှိပ်ပြီး ဒေါင်းပါရန် ကျေးဇူးတင်ပါတယ် .. -:)




အာဇာနည်နေ့ သီချင်း Download

Thursday 3 July 2014

၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲ ရှမ်းပြည်နယ် တောင်ကြီး

jul 3. 2014 နေ့လည် (၁၂) နာရီ အချိန်တောင်ကြီးမြို့ ရေအေးကွင်းရပ်၊ ဟုတ်ကြန့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲကို အခန်းနား အစီးအစဉ် (၉)ခုဖြင့်ကျင်းပခဲ့ပါသည်။
ဟောပြောပွဲကို NLD မှ နာယကကြီး ဦးတင်ဦး နှင့် တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း မှ ကိုမင်းကိုနိုင်နှင့်
ကိုထိန်လင်းဦးတို့မှ ဟောပြောခဲ့ကြပါသည်။ အခမ်းနားကို ညနေ ၃း၁၅ အချိန်တွင် ပြီးဆုံးခဲ့ပါတယ်ခင်ဗျ။

photo by Blogger








Wednesday 2 July 2014

စစ်ဘက် ဥပဒေအောက်နှုတ်ဆိတ်နေရသည့် အမျိုးသမီးများ



ရန်ကုန်မြို့လယ်တစ်နေရာတွင် အမျိုးသမီးများလိင်အကြမ်းဖက်မှုဆန့်ကျင်ဆန္ဒပြနေသူများ (ဓာတ်ပုံ - Burma Partnership)
ချင်းအမျိုးသမီးအဖွဲ့များ ဆန္ဒပြနေသည့် မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံနှံ့လာသည်။ နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်လည်းဖြစ်၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ခေါင်းစဉ်အမျိုးမျိုးဖြင့် နိုင်ငံအနှံ့ ထင်ရှားလာသည့် ဆန္ဒပြပွဲများကို တွေ့ရလေ့မရှိသည့် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးများအတွက် ပထမဆုံးအကြိမ် ဆန္ဒပြခြင်းလည်း ဖြစ်သည်။

မတူပီမြို့နယ်ခွဲ ရေဇွာမြို့တွင် အသက်(၅၀)အရွယ် ချင်းအမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်အကြမ်းဖက်မှုမှ အစပြုပြီး ဆန္ဒဖော်ထုတ်သူ လူပေါင်း ၄၀၀ ကျော် လမ်းပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေအိမ်မှ ထွက်လာသူ အသက်(၅၀)ကျော် ချင်းအမျိုးသမီးတစ်ဦး တောင်ယာလုပ်ငန်းသို့ သွားရာလမ်းတွင် စစ်သားတစ်ဦးက အကြမ်းဖက်အဓမ္မပြုကျင့်ရန် ကြံစည်နေသည်ကို မြို့ခံနှစ်ဦးက မြင်ခဲ့သည်။ စစ်သားတစ်ဦးနှင့် ချင်းအမျိုးသမီးတစ်ဦး လုံးထွေးနေသည်ကို မြင်သဖြင့် ထိုနေရာမှ ကြောက်လန့်တကြား ထွက်ပြေးခဲ့ပြီး ရပ်မိရပ်ဖများကို သွားရောက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဖြစ်ပွားခဲ့ပုံများကို ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစူဇီက ပြောပြသည်။

ထိုအမျိုးသမီးသည် စစ်သားတစ်ဦး၏ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာများရကာ သုံးရက်ကျော် ဆေးကုသမှုခံယူသော်လည်း ဒဏ်ရာသက်သာမှုမရှိသေးဟု ဆိုသည်။

ယင်းဖြစ်ရပ်သည် ချင်းပြည်နယ်တွင် ခြောက်ကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဟု ချင်းအမျိုးသမီးများကွန်ရက်အဖွဲ့မှ သိရှိရသည်။ ထိုအဖြစ်အပျက်မျိုးသည် ချင်းပြည်နယ်တွင်သာမက မြန်မာပြည်အနှံ့အပြားရှိ တိုင်းရင်းသားဒေသများတွင် အများပြားကြုံတွေ့နေရသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ဆိုသည်။

‘‘ဒီလိုဖြစ်ရပ်မျိုးက ချင်းပြည်နယ်မှာ ခဏခဏဖြစ်တယ်။ ဒါကိုမခံနိုင်လို့ နောက်နောင်ဒီလိုမဖြစ်ဖို့ ကျွန်မတို့အဖွဲ့တွေက လှုပ်ရှားဆန္ဒပြကြတာပါ’’ဟု ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစူဇီကပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက်အတွင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စစ်သားများက အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်သည့် အမှုပေါင်း ၁၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၏ စစ်တမ်းကောက်ယူမှုများအရ သိရှိရသည်။

အရပ်သားများက ကျူးလွန်သော လိင်အကြမ်းဖက်မှုများကို အရပ်ဘက်တရားရုံးတွင် ပြစ်ဒဏ်စီရင်ခွင့်ရှိသော်လည်း စစ်သားများက ကျူးလွန်သော ပြစ်မှုများကို အရပ်ဘက်တရားရုံးတွင် စီရင်ခွင့်မရချေ။ ထို့ကြောင့် အမျိုးသမီးရေးရာလှုပ်ရှားသူများက ကျူးလွန်သူများကို အရပ်ဘက်တရားရုံး၌ ပြစ်ဒဏ်ပေးရန် တောင်းဆိုကြသည်။

ကျူးလွန်သော တပ်မတော်သားများကို တပ်ဥပဒေအတိုင်း ပြစ်မှု၊ ပြစ်ဒဏ်များ ချမှတ်မည်ဟု ဆိုသော်လည်း မည်သည့်တပ်မတော်သားကို မည်သည့်ပြစ်ဒဏ် ချမှတ်ပေးခဲ့သည်ကို ကျူးလွန်ခံရသူနှင့် အရပ်သားများကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဟု အမျိုးသမီးလှုပ်ရှားသူများက ဆိုသည်။

‘‘ဒီလိုဖြစ်ရပ်မျိုးက ပဋိပက္ခအတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ကြုံတွေ့နေရပါတယ်။ ဒီလို ဖြစ်ရပ်မျိုးဖြစ်တိုင်း တပ်ဥပဒေအရပဲ စီရင်ချက်ချတယ်။ တကယ်ပြစ်ဒဏ်ခံရလား၊ မခံရလား မသိရဘူး။ ဒါပေမဲ့ ကျူးလွန်ခံရသူနဲ့ ကျူးလွန်ခံရတဲ့သူဘက်က အမြဲတမ်းကူညီပေးတဲ့လူတွေ တစ်မျိုးမဟုတ်တစ်မျိုး ခြိမ်းခြောက်ခံရတယ်’’ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ မစူစန္ဒာကပြောသည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို စစ်တမ်းကောက်ယူခြင်း၊ အကျိုးဆောင်ပေးခြင်း လုပ်ကိုင်နေသူများကို အခြေအနေအမျိုးမျိုးဖြင့် အုပ်ချုပ်ရေးအာဏာပိုင်များက ခြိမ်းခြောက်လျက်ရှိသည်ဟု အမျိုးသမီးရေးရာလှုပ်ရှားသူများက ပြောသည်။

‘‘စဖြစ်တဲ့ ၁၀ ရက်ကနေ ၁၇ ရက်အထိက ကျူးလွန်ခံရတဲ့ အမျိုးသမီးက အဓမ္မပြုခံရတယ်လို့ ပြောသေးတယ်။ ၁၇ ရက်နောက်ပိုင်း မြို့တော်ခန်းမမှာ စစ်ဗျူဟာမှူးလာပြီး မြို့မိမြို့ဖတွေ့ဆုံပွဲနောက်ပိုင်းမှာတော့ အဲဒီအမျိုးသမီးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောတော့ဘူး။ အရိုက်ခံရတယ်၊ အကြမ်းဖက်ခံရတယ်လို့ပဲ ပြောတော့တယ်’’ဟု ချင်းအမျိုးသမီးရေးရာလှုပ်ရှားသူ မစူဇီကပြောသည်။

အလားတူဖြစ်ရပ်မျိုးကို တနင်္သာတိုင်းဒေသကြီး ထားဝယ်ဒေသတွင်လည်း ယခုနှစ်သင်္ကြန်တွင်း နေအိမ်၌  ဥပုသ်စောင့်နေသူ အသက်(၄၀)ကျော်အမျိုးသမီးတစ်ဦးကို တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးက နေအိမ်သို့ လာရောက်ရေလောင်းပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။ ထိုအမှုမျိုးကို တရားရုံးနှင့် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရာ တပ်ဖွဲ့စည်းပုံအတိုင်း အရေးယူမည်ဖြစ်သဖြင့် လက်မခံခဲ့ချေ။

ထို့နောက် ကျူးလွန်ခံရသူ ထိုအမျိုးသမီးကို ၎င်းနေအိမ်တွင် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရန် ပြည်ပနိုင်ငံမှ (ထိုင်းဖုန်း) တပ်ဆင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထိုဖုန်းများကို မြန်မာ-ထိုင်းနယ်စပ် ကျေးရွာ၊ မြို့များတွင် ကိုင်ဆောင်အသုံးပြုကြသော်လည်း ထိုအမျိုးသမီးတစ်ဦးတည်းကိုသာ တရားမဝင် ပြည်ပနိုင်ငံမှ ဖုန်းကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်ဟု မစူစန္ဒာကပြောသည်။

တပ်မတော်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအနက် မွန်ပြည်နယ် သံဖြူဇရပ်တွင် ဖြစ်ပွားသော အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှုမှာ ပို၍လူသိများခဲ့သည်။

၂၀၁၄ နှစ်ဆန်းပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာအုပ်စု ရွာသာယာကျေးရွာသူ မိချိုကို ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားက လိင်အကြမ်းဖက်ရန်အတွက် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ကျူးလွန်တဲ့သူကို စစ်ခုံရုံးကို တင်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ မြင်ခွင့်၊ ကြားနာခွင့် မရခဲ့ဘူး။ ကျွန်မပြောချင်တာက စစ်တပ်ထဲမှာ ကျူးလွန်တဲ့ပြစ်မှုတွေကို စစ်တပ်ဥပဒေအတိုင်း တရားစီရင်တာ အပြစ်မဟုတ်ပေမယ့် စစ်တပ်က အရပ်ဘက်ကို ကျူးလွန်တဲ့ပြစ်မှုကိုတော့ အရပ်ဘက်မှာပဲ သီးသန့်အပြစ်ဒဏ်ချစေချင်တယ်’’ဟု ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်မှ မသန္တာကပြောသည်။

တပ်မတော်သားများ ပြစ်မှုကျူးလွန်သည့် ပြစ်မှုအကြီး၊ အသေးကိုလိုက်၍ အချုပ်ကျခြင်း၊ နုတ်ထွက်ခွင့်ပေးခြင်းအပြင် ရာထူးတိုးပေးမှု ရပ်တန့်ထားခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းနှင့် သေဒဏ်ပေးခြင်းအထိ အရေးယူသည်ဟု စစ်ဘက်မှ ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကပြောသည်။

တပ်တွင်းကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် အပြင်သို့ ထုတ်ဖော်ပြောကြားခြင်းမရှိဟုလည်း ထပ်မံပြောဆိုခဲ့သည်။

ပဋိပက္ခဖြစ်နေပြီး တရားဥပဒေစိုးမိုးမှုမရှိသော နယ်မြေအတွင်း အစိုးရတပ်သာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ကြသော လိင်အကြမ်းဖက်မှုများက မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံများတွင်လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင်သာမက တရားဥပဒေစိုးမိုးသော ဒေသများတွင်ပါ ယင်းပြစ်မှုမျိုးကို တပ်မတော်သားများ ခပ်စိပ်စိပ် ကျူးလွန်လာကြသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။

တရားဥပဒေစိုးမိုးမှုရှိသည့် ဒေသများတွင် တပ်မတော်သားတစ်ယောက်က အရပ်ဘက်တွင် လာရောက်ကျူးလွန်သည့် ပြစ်မှုမျိုးကို အရပ်ဘက်တရားစီရင်ရေးတွင် အဆုံးအဖြတ်ပေးရန် တောင်းဆိုထားသော်လည်း ကာကွယ်ရေးဦးစီးချုပ်က ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့အချိန်အထိ ထုတ်ဖော်ပြောကြားထားခြင်းမရှိဟု အမျိုးသမီးအရေးလှုပ်ရှားသူများကဆိုသည်။

‘‘ကျွန်မတို့က တရားစီရင်ခွင့်နဲ့ ပတ်သက်ပြီး အခုရေးဆွဲနေတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာ ထည့်သွင်းရေးဆွဲဖို့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းနေဆဲဖြစ်လို့ အစိုးရဆီက ဘာမှတော့ မသိရသေးပါဘူး’’ဟု ကျား၊ မ တန်းတူညီမျှရေးကွန်ရက်အဖွဲ့မှ တာဝန်ခံ မမေစံပယ်ဖြူကပြောသည်။

အရပ်သားအစိုးရလက်ထက်အတွင်း ဥပဒေပေါင်းများစွာကို ရေးဆွဲအတည်ပြုခဲ့သည့်အနက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေတစ်ရပ်ကို ရေးဆွဲခွင့်ပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အရပ်ဘက် အမျိုးသမီးများအဖွဲ့က ပူးပေါင်းရေးဆွဲနေကြသည်။

ပူးပေါင်းရေးဆွဲနေသည့် အဆိုပါဥပဒေတွင် တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုတွင် တရားစီရင်ခြင်းကို အရပ်ဘက်တရားရုံး၌ စီရင်ဆုံးဖြတ်ရန် အရပ်ဘက်အဖွဲ့အစည်းများက တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

တပ်မတော်သားများ ကျူးလွန်သည့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများမှာ ယခုနှစ်နောက်ပိုင်းအတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများသာမက အခြားဒေသများတွင်ပါ ရဲတင်းစွာကျူးလွန်ကြသောကြောင့် ပွင့်လင်းမြင်သာစွာ အရေးယူမှုပြုလုပ်မှသာ ထိုအဓမ္မမှုကို တိုက်ဖျက်ရလွယ်ကူလိမ့်မည်ဟု အမျိုးသမီးလှုပ်ရှားသူများက ထင်မြင်ယူဆကြသည်။

အစိုးရသစ်လက်ထက်အတွင်း အမျိုးသမီးများအား အုပ်ချုပ်ရေးနေရာများတွင် နေရာပေးခြင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ခြင်းများရှိခဲ့သည်။

နိုင်ငံတကာအမျိုးသမီးများ ညီလာခံကိုလည်း မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည်။ ထို့အပြင် လန်ဒန်၌ကျင်းပသော ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အမျိုးသမီးများ လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံသို့ အစိုးရကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ညီလာခံတွင် အစိုးရက လိင်အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်း၌ ပါဝင်မည်ဟု လက်မှတ်ရေးထိုးခဲ့သည်။

‘‘ဒီကိစ္စမှာ အဓိက ကတိကဝတ်ပေးရမယ့်သူက တပ်မတော်က ဖြစ်ပါတယ်။ သူများနိုင်ငံက စစ်တပ်ဗိုလ်ချုပ်တွေ အဲဒီပွဲကိုလာကြတယ်။ ကတိပေးကြတယ်။ ကျွန်မတို့နိုင်ငံက ဒုဝန်ကြီးပဲတက်တယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ သူက တပ်မတော်အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိမလဲ။ ဒီလို ကတိပေးနေတဲ့အချိန်မှာ ချင်းပြည်နယ်မှာ ပြဿနာဖြစ်တယ်။ ကျူးလွန်ခံရသူတွေ၊ ကျူးလွန်ခံရသူတွေဘက်က ရပ်တည်ပေးတဲ့သူတွေ ခြိမ်းခြောက်ခံရတယ်’’ဟု လန်ဒန်တွင် ကျင်းပသည့် ပဋိပက္ခဒေသအတွင်း အမျိုးသမီးများ လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံသို့ တက်ရောက်ခဲ့သူ မမေစံပယ်က ပြောသည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူမှသာ ထိုပြစ်မှုများ လျော့နည်းလာနိုင်မည်ဟု အမျိုးသမီးအဖွဲ့များက ဆိုသည်။ ထိုသို့မဟုတ်ပါက ကျူးလွန်သူများကို ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာရောက်မည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများ မည်သို့မည်ပုံ တရားစီရင်သည်ကို ပြည်သူများ သိခွင့်မရသည့် ကာလအတွင်း ကျူးလွန်ခံရသူများသည် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရ၍ မိမိခံစားရမှုများကို  ထုတ်ဖော်ပြောကြားရန် လက်တွန့်ကြသလို ကျူးလွန်ခံရသူများဘက်က ရပ်တည်သူများမှာလည်း တရားတပေါင် ရင်ဆိုင်နေရသည်။         
credit to 7daydaily

သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်

သိမ်းဆည်းလယ်ယာမြေများပြန် လည်ရလိုမှု ဆန္ဒဖော်ထုတ်ပွဲအား တောင်ကြီးမြို့နယ်ရွှေညောင်၊ ဟက်ကယ်၊ ကွန်လုံ၊ ကျောက်နီကျေးရွာအုပ်စုမှ ဦးတင်ရွှေ (NLD)ဦးပေါ်၊ ဦးသန်းဝင်းခေါင်းဆောင်ကာ အင်အား (၁၀၀)ခန့်ဖြင့် ရွှေညောင်မြို့မော်ဒန်လက်ဖက်ရည်ဆိုင်မှ စုရပ်အဖြစ် (၁.၇.၂၀၁၄)ရက် နံနက်
(၇း၀၀)နာရီအချိန်မှစတင်ပြီးခြေလျင် လမ်းလျှောက်ကာ ဆိုင်းဘုတ်များကိုင်ပြီး ကြွေးကြော်သံများဖြင့်  ရွှေညောင်ဘောလုံးအားကစားကွင်းသို့ စီတန်း လှည့်လည်ဆန္ဒထုတ်ဖော်ကြပြီး (၈း၂၅)အချိန်တွင်ရွှေညောင်မှ အေးသာယာ စက်မှုဇုန်သို့ မော်တော်ယာဉ် (၃)စီးဖြင့်ဆက်လက်ထွက်ခွာပြီး (၈း၄၅)အချိန်တွင် စက်မှုဇုန်မှ ဆနပြတောင်သူ (၁၅)ဦးခန့်လာရောက် ပူးပေါင်းပြီး စက်မှုဇုန်ခန်းမနှင့် အေးသာယာ(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အင်အား(၁၁၅)ဦးဖြင့် စီတန်းလှည့်လည်ဆနထုတ်ဖော်ကြပါသည်။ ဆက်လက်ပြီး (၉း၃၀)အချိန်တွင် မော်တော်ယာဉ်(၃)စီးဖြင့် တောင်ကြီးမြို့သို့ ဆနဆက်လက်ဖော်ထုတ်ရန်အတွက် ထွက်ခွာလာရာ တောင်ကြီးမြို့အ၀င် မြေပုံဆိုင်းဘုတ်သို့ (၁၀း၃၀)အချိန် ရောက်ရှိလာပြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အိတ်ဖွင့်ပေးစာအားဦးတင်ရွှေ (NLD) မှ သွားရောက်ပေးအပ်ပြီး မြေပုံဂိတ်မှ စတင်လမ်းလျှောက် စီတန်းလှည့်လည်ကာ ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များဖြင့် အနောက်မြို့ပတ်လမ်းမှတဆင့် ညောင်ဖြူစခန်းရပ်ကွက်၊ ပတမြားလမ်း၊ ရွှေညောင်ပင်လမ်းမှတဆင့် အရှေ့မြို့ပတ်လမ်းအတိုင်းစီတန်းလှည့်လည်ပြီး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အရှေ့ဘက်တွင် စုရပ်အဖြစ်
(၁၁း၅၀)အချိန်ရောက်ရှိလာရာ ရှမ်းပြည်နယ်လွှတ်တော်ဥကဌနှင့် ၀န်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ ဦးတင်ရွှေ(NLD) မှ သွားရောက်ပေးအပ်ပြီး ထိုစုရပ်တွင် မြေယာသိမ်းဆည်းခံရမှုအား ဦးတင်ရွှေ (NLD)၊ ဦးပေါ်တို့မှ ဟောပြောပြီး (၁၂း၄၀)အချိန်တွင် နိုင်ငံတော်သီချင်းနှင့် ကြွေးကြော်သံများ (၃)ကြိမ်သီဆိုကာ
ဆနထုတ်ဖော်ပွဲကို ရုပ်သိမ်းလိုက်ပါသည်။
သတင်းပေးပို့သူ (Than htoo TGI)