တောင်ကြီးမြို့ တောင်နီကျေးရွာမှ ဆန္ဒပြမှု

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းမှာရှိတဲ့
တောင်နီစြံပကျေးရွာသူားများသည် မိမိတို့ဈေးဟောင်းကို ပြန်လည်ဖွင့်လှစ်ရောင်းချခြင်းကို ခွင့်ပြုရန်တောင်းဆိုဆန္ဒပြရာ စည်ပင်နှင့်သက်ဆိုင်ရာအချို့မှ မှခွင့်မပြု ကြောင်း။တောင်နီ စံပြကျေးရွာတွင် (7)ရက်နေ့ နံနက် ၇ နာ၇ီအချိန်တွင် လူ အင်အား ၅၀၀ ခန်.လောက် ပါဝင်သည်. ဈေးသူဈေးသား
များသည် ဒုတိယအကြိမ် ဆက်လက် ဆန္ဒပြတောင်ဆိုနေကြောင်း သိ၇ပါသည်။
စည်ပင်ဝန်ထမ်းများ ရဲများ က အင်အား ၁၀၀ လောက်ခန့် နှင့် စောင့် ကြည့်
လျက်ရှိနေပါသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်လို့ တောင်နီကျေးရွာသူားများသည်
တောင်နီတွင် ဆန္ဒပြခဲ့သည်။ ညှိနှိုင်းမရပါက တောင်ကြီးမြို့ပေါ်ထိ တက်ရောက်ပြီး ဆ`န္ဒပြကြမည်ဖြစ်သည်ဟု ကြားသိရပါသည်။ တောင်ကြီးမြို့တွင် စည်ပင်နှင့်သက်ဆိုင်ရာလူကြီးများဖြင့်
ညှိနှိုင်းရာ အဆင်မပြေဟု ကြားသိရပါသည် ဒီအတွက်ကြောင့် မနက်ဖြန်တွင်
တောင်နီမှ ကျေးရွာသူားများ တောင်ကြီးမြို့ပေါ်သို့ တက်ရောက်ဆန္ဒပြမည်ဟု
ကြားသိရပါသည်။ စိုးရိမ်စရာတစ်ခုမှာ တောင်နီ ကိစ္စသည် ရခိုင်၊ကုလားပြသနာနှင့်မသက်ဆိုင်သော်ငြား သို့ဖြစ်ရာ ရောထွေး သွားနိုင်စရာရှိပါကြောင်း။ ကမ္ဘာကြီး ငြိမ်းချင်းပါစေ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချစ်ပါစေ လူတွေအားလုံး ငြိမ်းချမ်းကြပါစေ။ အမှားအမှန်တစ်ခုကို အဖြေရှာရာတွင်လည်း တရားမျှတမှု ရှိစေလိုပါသည်။ ဥပဒေအတိုင်း ဖြစ်သင့်သည်ကို ဖြစ်စေလိုကြသည်မှာ ပြည်တွေအားလုံးပါပဲ။
ငြိမ်းချမ်းရေးကို ပြည်သူတွေအားလုံးလိုလားပါသည်။ပြည်သူတွေဘက်မှလည်း ဆန္ဒပြတောင်ဆိုရာတွင် တရားမျှတစေလိုပါသည်။ မျှတမှုရှိစွာ ဆန္ဒပြပါက သက်ဆိုင်ရာ လူကြီးများအသေချာစဉ်းစား ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း ပြည်သူတွေဘက်ကို တစ်ချက်လေးငဲ့ကြည့်စေလိုပါကြောင်း။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။