Friday, 23 November 2012

ဖုန်းနံပါတ်အပူးအလှ လေလံပွဲ ၀၉-၄၀၄၄၄၄၄၄၄

"မန်းတွင် ဈေးအမြင့်ဆုံး လေလံအောင်ခဲ့သော ဂျီးဖုန်းနံပါတ် ၀ယ်သူမရှိ၍ ရန်ကုန်တွင် ထပ်မံလေလံတင်"

ရန်ကုန်၊ နိုဝင်ဘာ 23

နိုဝင်ဘာ ၁၅ ရက်နေ့က မန္တလေး၌ ကျင်းပခဲ့သည့် ဖုန်းနံပါတ်အပူးအလှ လေလံပွဲတွင် ကျပ် ၄၇ သိန်းဖြင့် ရောင်းချခဲ့သည့် ၀၉-၄၀၄၄၄၄၄၄၄ ဖုန်းကို လေလံအောင်နိုင်သူ လာရောက်ငွေချေခြင်းမရှိသည့်အတွက် ရန်ကုန်တွင် အဆိုပါ ဖုန်းကိုထပ်မံလေလံတင်ရာင်းချခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

အဆိုပါ ဖုန်းမှာ ဂျီဖုန်းအမျိုးအစားဖြစ်ပြီး မန္တလေး၌ ၄၇ သိန်းဖြင့် အမြင့်ဆုံး လေလံဈေးရရှိခဲ့သော်လည်း ရန်ကုန်တွင်မူ ကျပ် ၄၁ သိန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် နံပါတ်အပူး အလှများ လေလံပွဲအထက်ပါဖုန်းနံပါတ်အပူးမှ ဈေးအမြင့်ဆုံးပေးသူကို လက်ဆောင်အဖြစ် i Phone 5 ချီးမြှင့်ပေးခဲ့သော်လည်း လေလံအောင်သူမှာ စရံငွေ ငါးသောင်းသာ မြန်မာ့ဆက်သွယ်ရေးကို ပေးချေပြီး နံပါတ်ကို မ၀ယ်ယူခဲ့ကြောင်း သိရသည်။
(From Popular Myanmar News Journal)

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။