စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
စက်ရုပ်လုပ်သားများနှင့်လည်ပတ်နေသော တရုတ်စားသောက်ဆိုင်

လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က
အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ
စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့
နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊
သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း
ပြုလုပ်တာ ဖြစ်ပါတယ်။
စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။
ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု
ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း
စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင်
ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း
စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း
ထိန်းချုပ် ပေးနိုင်ပါတယ်။
သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က
ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ
ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော
စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ
ဖြစ်ကြောင်း သိရပါတယ်။
Source:techblog
Aung Kham (TSJ team)
TechSpace Journal
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။