Monday, 25 March 2013

တောင်ပေါ်ရွှေဘုန်းပွင့် ဘုရား ဆီမီးတစ်ထောင် ပန်းတစ်ထောင် တောင်ကြီးမြို့

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ တောင်ပေါ် ရွှေဘုန်းပွင့် ဘုရားရင်ပြင်တော်ပေါ်တွင် ဆီမီး တစ်ထောင် ပန်းတစ်ထောင် ပူဇော်ပွဲကို ၂၄.၃.၂၀၁၃ ရက်နေ့ ညနေ (၇)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ရာ ပူဇော်ပွဲသို့ ရဟန်းသံဃာတော်များ၊ ရွှေဘုန်းပွင့် ဘုရားဂေါ်ပက ဥက္ကဌ ဦးစိုင်းထွန်းရင် (လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်) နှင့်အတူ ရပ်ဝေးရပ်နီးမှ အလူရှင်များ ပြည်ခိုင်ဖြိုးပါတီမှ လူငယ့်ရေးရာ ကော်မတီဝင်များ တက်ရောက် ကြည်ညို ပူဇော်ကြပါသည်။ ယင်းပူဇော်ပွဲကို ၂၄.၃.၂၀၁၃ ရက်မှ ၂၈.၃.၂၀၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ မည်သူမဆို လာရောက် ကြည်ညိုပူဇော်နိုင်ပါတယ်ခင်ဗျား။
 



 

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။