တောင်ကြီးမြို့ ၀င်းမေတ္တာဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား
28.3.20123 ရက်နေ့ တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင်
ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့
စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်းသိရှိရပါသည်။။မီးစတင်လောင်တဲ့
ဆိုင်မှ ၀န်ထမ်းတစ်ဦးကတော့ ဒီကနေ့ ဆိုင်မှာ အန္ဒရယ်ကင်း
ပရိတ်တရားတော်နာနေစဉ်အတွင်း မီးလောင်ပြီလို့ သိတာနဲ့ မီးလောင်နေတဲ့ ပေပါကို
စောင်ရေစွတ်ပြီး အုပ်လိုက်သော်လည်း အပေါ်များပြီး မထိန်းနိုင်တဲ့အတွက်
ပေပါဟာ ပွင့်ထွက်လာပြီး မီးစတင်လောင်ခဲ့ခြင်းလို့ ပြောကြားခဲ့ပါတယ်။
မီးစတင်လောင်ပြီး 10 မိနစ်ခန့်အကြာ တောင်ကြီးမြို့ မီးသက်ယာဉ်များနှင့်
ရေသည်ယာဉ် ထောင်လာဂျီများ၊ အေးသာယာ၊ဟိုပုံး၊ ရွှေညောင်မီးသက်ကားများ
ရောက်ရှိလာပြီး မီးများငြိမ်းသက်သော်လည်း ဓါတ်ဆီများ
လောင်ကျွမ်းတာဖြစ်တဲ့အတွက် လွယ်လွယ်ငြိမ်းသက်မရနိုင်ပဲ ရေသည်ယာဉ်များဖြင့်
ဘေးပတ်ဝန်းကျင်အိမ်များ ဓါတ်ဆီဆိုင်များ မီးမကူးဆက်ယုံသာ
ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ် မီးလောင်ရာနေရာသို့
မီးငြိမ်းသက်တဲ့ ပေါင်းနာမှုန့်ဖြင့် ပတ်ဖြန်းသော်လည်း သိုလှောင်ထားတဲ့
ဓါတ်ဆီပမာဏမှာ များပြားတဲ့အတွက် လွယ်လွယ်မငြိမ်းသက်နိုင်ပဲ
ညနေ(6.30)နာရီမှာ မီးများ ငြိမ်းသက်နိုင်ခဲ့ပြီး အန္ဒရယ်ကင်း
ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြတယ်လို့ သိရှိခဲ့ရပါတယ်။ အဆိုပါ
မီးလောင်ရာသို့ မီးသက်ဝန်ထမ်းများ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာများ
ပတ်ဝန်းကျင်ရှိ ဓါတ်ဆီဆိုင်များမှ မီးငြိမ်းသက်ဘူးများဖြင့်
လာရောက်ငြိမ်းသက်ခဲ့ကြောင်းသိရှိရပါတယ်။


No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။