ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုရန် ဆင်းကဒ်ပေါင်း (၇)သိန်းကျော်ဝယ်ယူမည်
ဆက်သွယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် ဆင်းကတ်ပေါင်း ခုနှစ်သန်းကျော် ဝယ်ယူမည်
-------------------------------------------------
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သော ဆင်းကတ်
အရေအတွက်ပေါင်း ခုနှစ်သန်းခွဲအထိ ဝယ်ယူသွားမည် ဖြစ်ကြောင်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၏ ထုတ်ပြန်ကြေညာချက်အရ ၅-၈-၂၀၁၃ ရက်က သိရသည်။ ထိုကဲ့သို့
ဝယ်ယူရာတွင်GSM Sim Card ပေါင်း နှစ်သန်းခွဲနှင့် WCDMA USIM ဆင်းကတ်ပေါင်း ငါးသန်းကို တင်ဒါခေါ်ကာ ၀ယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်ပြီး ရွှေဂုံတိုင်ရှိ ပြည်တွင်းငွေဖြင့် စက်ပစည်းများဝယ်ယူရေးနှင့် ဈေးနှုန်းစီစစ်ရေး ကာမတီထံသို့ ဆက်သွယ်မေးမြန်းရာ ပြည်တွင်းပြည်ပ ဘယ်ကုမ္ပဏီမဆို တင်ဒါလျှောက်လို့ရလားဆိုတော့ ကြေငြာထားတာက မြန်မာကျပ်ငွေနဲ့ ၀ယ်ယူမယ်လို့ကြော်ငြာထားပါတယ် တင်ဒါစည်းကမ်းချက်တွေကတော့ ပြောလို့မရပါဘူး ကျမတို့က နည်းပညာပိုင်းနဲ့ ပတ်သက်တာကိုပဲ ပြောခွင့်ရှိပါတယ် ဒါပေမဲ့လာလျှောက်တဲ့ကုမ္ပဏီတွေကိုပဲ ပြောခွင့်ရှိတာပါ မီဒီယာတွေကိုပြောလို့မရပါဘူး ဟုဖြေကြားခဲ့ပါသည်။ ကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံ တစ်စောင်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့်ဝယ်ယူကာ ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းရှိ ပြည်တွင်းငွေဖြင့် စက်ပစည်းများ ၀ယ်ယူရေးနှင့် ဈေးနှုန်းစီစစ်ရေး ကော်မတီထံသို့ 16.8.2013 ရက်နေ့နောက်ဆုံးထား တင်သွင်းလျှောက်ထားနိုင်ကြောင်းသိရှိရပါတယ်။
Ref &Credit: ပြည်မြန်မာ
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။