တန်ဖိုးနည်း ဆင်းကတ်များ ဟန်းဆက် အရောင်းဆိုင်များမှ လျှော့ဈေးဖြင့် ရောင်းချလာ
မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့်
ကန့်သတ် ရောင်းချသော ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များကို ပိုမိုတိုးမြှင့်
ချထားပေး ခဲ့ပြီးနောက် ယခင် မှောင်ခိုဈေးကွက် အဖြစ် ဈေးကြီးပေးဝယ် နေရသော
တန်ဖိုးနည်း ဖုန်းဆင်း ကတ်များကို ဟန်းဆက် အရောင်းဆိုင်တို့မှ
လျှော့ဈေးများဖြင့် ရောင်းချလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
အဆိုပါငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို စတင်ထုတ် ပေးခဲ့စဉ်က (၆)ကြိမ်သာ
ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါတွင် လူတိုင်းရရှိနိုင်ရန်
လတိုင်း ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်
ခဲ့ပြီးနောက် ဟန်းဆက်အ ရောင်းဆိုင်များမှ ယခင်မဲပေါက် သူများထံက
သုံးလေးသောင်းဖြင့် ဝယ်ယူ ခဲ့သော ဖုန်းဆင်းကတ်များကို ယခင်ပေါက်ဈေး
တစ်သိန်းကျော် ထက်လျှော့၍ ရောင်းချခြင်း များပြုလုပ် လာသည်ဟု မိုဘိုင်းလ်
ဖုန်းသုံးစွဲသူ တစ်ဦးက ပြောကြားခဲ့သည်။
GSM မိုဘိုင်းလ်
ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက်
လိုင်းကတ်နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်း တစ်သောင်း ခွဲဝေ
ရောင်းချခဲ့ပြီး ယခုလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန်
စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်း ရရှိသည်။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။