မန္တလေးစည်ပင်နယ်နိမိတ် လိုင်စင်သက်တမ်း မတိုးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော်ကျန်
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း သတ်မှတ်ကာလ
ကျော်လွန်သည် အထိ လိုင်စင်သက်တမ်း တိုးခြင်း မရှိသေးသည့် လုပ်ငန်းပေါင်း
၁၄၀၀ ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန
စာရင်းများအရ သိရသည်။
ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည့် လုပ်ငန်းများအတွက်
လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို ၂၀၁၃
-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း
တိုးရန် ကျန်ရှိ လုပ်ငန်းများတွင် စားသောက်ဆိုင်လုပ်ငန်း အများစု
ပါဝင်ကြောင်း အဆိုပါဌာန ထံမှ ထပ်မံသိရသည်။
"ကျန်နေတဲ့ လုပ်ငန်း
တော်တော်များများက ဆိုင်နေရာ ပြောင်းသွားတာတို့ ဒဏ်ငွေ မဆောင်ချင်လို့
ထွက်ပြေးသွားတာမျိုး တို့ရှိတော့ အခုချိန်ထိ အရေးယူဖို့ ကြန့်ကြာနေ
သေးတာပါ။ လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို သုံးကြိမ်အထိ ဒဏ်ရိုက်မယ်။
သုံးကြိမ် ပြည့်သွားရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမယ်" ဟု အဆိုပါဌာနမှ
တာဝန်ရှိသူက ဆိုသည်။
သတ်မှတ်ကာလအတွင်း မပြုလုပ်ပါက
လုပ်ငန်းလုပ်ဆောင်ခွင့်ကို ရပ်ဆိုင်းမည် ဖြစ်ပြီး လုပ်ငန်းရပ် ဆိုင်းခြင်း
မရှိဘဲ ဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ အရ ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ
ကျပ်သုံးသိန်းထိ သို့မဟုတ် ထောင်ဒဏ်သုံးလ၊ ဒဏ်ကြေးငွေ ကျပ်ငါးသောင်းမှ
ကျပ်ငါးသိန်းထိ (သို့) ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားကြောင်း၊
လုပ်ငန်းပိတ်သိမ်း ခံရ၍ ပြန်လည် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ပြန်လည်
လျှောက်ထားရမည်ဖြစ်ပြီး နေ့စဉ်သတင်းစာ များတွင် အမည်ပျက်စာရင်း
ထည့်သွင်းကြေညာမည်ဟု သတ်မှတ်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ
ထပ်မံသိရသည်။
"ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သက်တမ်းတိုးဖို့
မေ့မေ့သွားတယ်။ ပထမတစ်ကြိမ် ဒဏ်ငွေဆောင် လိုက်ရကတည်းက သက်တမ်း
သွားတိုးထားလိုက် တာပါ။ လုပ်ငန်းပိတ်သိမ်း ခံရရင် ပြန်စဖို့က မလွယ်ဘူး" ဟု
အောင်မြေသာစံမြို့နယ် အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
သတ်မှတ်ကာလ ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလ ၁၁ရက်နေ့အထိ စာရင်းများအရ
လိုင်စင်သက်တမ်း တိုးသူ ၁၂,၀၀၀ နီးပါးသာရှိပြီး အမှန်တကယ် သက်တမ်းတိုးရမည့်
လုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော်ရှိကာ လိုက်နာမှုမရှိသည့် အတွက်
ပိတ်သိမ်းခံရသည့် လုပ်ငန်းပေါင်း ၉၀၀ နီးပါး ရှိကြောင်း အဆိုပါဌာနထံမှ
သိရသည်။
The Voice Weekly
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။