မြန်မာစတော့အိတ်ချိန်း ၂ဝ၁၅ခုနှစ်တွင် ပေါ်ပေါက်နိုင်ရေးဆွေးနွေးပွဲကျင်းပ
မြန်မာစတော့အိတ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး
ဆိုင်ရာဥပဒေ ဆွေးနွေးခြင်းအပါအဝင် ၂ဝ၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့်
စတော့ဈေးကွက်အကြိုလေ့လာမှု ဆွေးနွေးပွဲကို ယခုလ ၂၅ ရက်က ရန်ကုန်မြို့ Park
Royal ၌ ကျင်းပခဲ့သည်။
ဂျပန်နိုင်ငံမှ Japan Exchange Group နှင့် Daiwa Institute of Research အပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေချင်လို့ စတော့ရှယ်ယာဈေး ကွက်ကို တည်ဆောက်နေတာပါ''ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်း ကပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းဟုအမည်ရသော စတော့ရှယ်ယာရောင်း ဝယ်ရေးတစ်ခုကို ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိရာ အာမခံကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက် မှတ်များရောင်းဝယ်ရေး ကုမ္ပဏီ(သို့မဟုတ်) ဘွန်းရောင်းဝယ်ရေးကုမ္ပဏီများကို ၂ဝ၁၄ ခုနှစ် အတွင်းတည်ထောင်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
ပုဂ္ဂလိကအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်ချပေး
ထားပြီးဖြစ်သော် လည်း လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများကို
ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်သာ မြန်မာ့အာမခံလုပ်ငန်း ၏မူဝါဒအရသာ
လုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း ၄င်းကဆက် ပြောသည်။
ဂျပန်နိုင်ငံမှ စီးပွားရေးပညာရှင်များနှင့် မူဝါဒရေးရာသုံးသပ်ရေး
သုတေသနများမှပညာရှင် များက အကူအညီပေးလျက်ရှိပြီး လာမည့်ဇန်နဝါရီလတွင် Stock
Exchange Commission (SEC) ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးစတော့အိတ်ချိန်း တည်ထောင်ရန် ဆောင်ရွက်ခြင်းဖြစ်သော်လည်း အစိုးရအာမခံငွေတိုက်စာချုပ်များကို ၁၉၉၃ ခုနှစ်အတွင်းက ပုဂ္ဂလိကသို့ရောင်းချထားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
The Union Daily
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။