ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label ကျတော်၏မှတ်စုများ. Show all posts
Showing posts with label ကျတော်၏မှတ်စုများ. Show all posts

Saturday, 9 April 2016

ဘ၀အတွက်ဘဝ

ဘ၀အတွက်ဘ၀ဆိုသည်မှာ ဘ၀ကိုပြေလည်စေဖို့အတွက် မိန်းကလေးတစ်ယောက် ဘ၀ကိုပေးဆပ်ခဲ့ခြင်းပါပဲ တစ်ချိန်က ထိုမိန်းကလေးတစ်ယောက်သည် သိရသလောက်မှာ သီချင်းဆိုရသော စင်တင်ဆိုသော လာရောက်စားသောက်သူများကို သီဆိုဖျော်ဖြေရသော နေရာတွင် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၄င်းနောက် အကြောင်းအရာများဆပ်ဆက်လာခဲ့ပြီးနောက် ချစ်သူအတုရောင်ဆန်သော အလုပ်များပြုလုပ်လာလေသည် ထိုသည်မှာ ခေတ်စနစ်အသုံးအရ  စပွန်စာပေးသည့် လူကြီးများနှင့်တွေ့ခြင်းပါပဲ ရိုးသားကြိုးစားသည်လားမသိပါ ဒါပေမဲ့ သူမမိသားစုဘ၀ အဆင်ပြေဖွယ်ရာရှိလာပါသည် နောက်ပိုင်းတစ်ဖြေးဖြေးခြင်း အလုပ်အကိုင်ပြောင်းလဲလာသော မိန်းကလေးသည် သူ့ဘ၀တစ်ခုကိုပြန်လည်ပြောင်းလဲလိုက်ပြန်သည်။
သူမသည် ချောမောလှပလွန်းသည်လဲမဟုတ် ကြည့်လို့အဆင်ပြေပါသည် အရည်အချင်းတော့ ရှိပါသည် ယောက်ကျားလေးတစ်ယောက်ကို စွဲဆောင်နိုင်သည် ချွဲပြစ် ယုယ ကြင်နာမှုများဖြင့်သာ။
နောက်ဆုံးမှာ သူမချစ်တက်လာသည်လားမသိ လူငယ်တစ်ယောက်နှင့် ချစ်မြတ်နိုးပြန်လာသည် သို့သော် ထိုလူငယ်သည် သူမအား နောက်ဆုံးမလွန်ဆန်နိုင်လောက်တဲ့ထိဖြစ်လာခဲ့ရသည် သို့သော် သူသည် သူမိကို လက်ထက်ဖို့မဖြစ်နိုင်မှန်းသိနေပါသည်... ထို့နောက် မျှော်....

Friday, 30 November 2012

ဘာကြောင့်လည်း ဘာအတွက်လည်း ???

ကြွရောက်လာ ဘလော့ဂ် မိတ်သဟာ ညီအစ်ကိုမောင်နှမများကို ပြန်လည်တင်ပြခွင့်ရပါပြီခင်ဗျာ ကျွန်တော့် ဘလော့ဂ် နံနက်(10)နာရီဝန်းကျင်တွင် ကျွန်တော်ပို့စ်တစ်ခု တင်ဖို့ကြိုးစားနေတုန်းမှာပဲ ကျွန်တော်ဘလော့ကို view blog လုပ်ကြည့်ချိန်မှာ Blogger not found ဆိုပြီးလာပြပါတော့တယ် Google Search မှာလည်း ခရီးသည် ဆိုတဲ့ကျွန်တော့် လိပ်စာမတွေ့ရတော့ပါဘူး နောက်သေချာစစ်ကြည့်လိုက်တော့ ကျွန်တော်ဖွင့်ထားတဲ့မေးတွေပြန် ၀င်ကြည့် Google Talk တွေဖွင့်ကြည့်လိုက်ချိန်မှာ သေချာသွားပါပြီ။
ဘာအကြောင်းကြောင့် ဘယ်သူဘယ်ဝါ ဟတ်လိုက်လည်းသိပါဘူးဗျာ အဲလိုလုပ်လိုက်တဲ့အတွက် သူတို့ဘာအကြိုးရှိမှာမို့လည်းမသိပေါင် ဒါပေတိ ဒီဘလော့လေးက ကျွန်တော့မှတ်တိုင် ကျွန်တော့်မှတ်စုဖြစ်တဲ့အတွက် ဆုံးရှုံးရမှာကိုတော့ ကျွန်တော် အရမ်းတုန်လှုပ်သွားခဲ့ပါတယ် အခုတော့ Back up လုပ်ထားလိုက်ပါပြီ။ ဖြစ်သင့်မဖြစ်သင့် လုပ်သင့်မလုပ်သင့် ခင်ဗျားတို့ပဲစဉ်းစားကြည့်ကြပါဦးဗျာ။

Friday, 19 October 2012

"ရဟတ်စီးတဲ့အချစ်"


သေချာသလားဆိုတာတော့ မသိပါဘူး ရဟတ်စီး သလိုရင်ခုန် စရာကာင်းတဲ့အချစ်ကို  မခံစားဘူးသေးတာပေါ့  တစ်သက်မှာတစ်ခါတော့ ရဟတ်ကိုစီးဘူးခဲ့တယ် မှတ်မှတ်ရရ တက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ မကွေးမြသလွန်ဘုရားပွဲတော် သွားလည်ကြတယ်လေ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလိုက်ရတာပါပဲ  ရဟတ်မစီးရင် မခေါ်တော့ဘူး  စကားလည်းမပြောဘူး  ဆက်ပြီးတော့လည် မလည်တော့ဆိုတာနဲ့ သူတို့အလိုကိုလိုက်ခဲ့မိလိုက်တယ် နှစ်ယောက်နှစ်ယောက်စီ ထိုင်ကြရတယ်မလား ကျွန်တော်ရင်တွေအရမ်း ခုန်နေခဲ့တာပေါ့ တစ်ဖြေးဖြေးနဲ့ ရဟတ်က အရှိန်ရလာချိန်မှာ ကျွန်တော် သေသွားမလားခံစားရတယ် အရမ်းရင်ခုန်ဖို့ ကောင်းပါတယ် ကျွန်တော်အဲဒီလိုမျို နောက်ထပ်ခံစားချင်သေးတယ် ဒါပေမဲ့ ရဟတ်စီးဖို့တော့မဟုတ်ပါဘူး အဲဒီလိုရင်ခုန်စရာကောင်းတဲ့ တကယ့် အချစ်ကို ခံစားရင်ခုန်ကြည့်ချင်တာပါ ကျွန်တော့်အသက်ကို စတေးလို့ပေါ့။ တစ်ချို့လူတွေ ကပြောကြတယ် အချစ်ဆိုတာအလကားပါ နားလည်မှုမရှိရင် ဘာမှအဆင်မပြေဘူးတဲ့ ဒါပေမဲ့ အဲဒီနားလည်မှုဆိုတာ အချစ်မပါပဲ နားလည်မှုဆိုတာ မရနိုင်ဘူးလို့ပြောလို့ရတာ ပဲလေ မုန်းနေတဲ့သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်နေရင် ဘယ်မုန်းကြမှာလည်း ပုံစံအမျိုးမျိုးနဲ့ စိတ်ဝင်စားစရာ အချစ်ဆိုတာရှိရဲ့လား  ကျွန်တော်ပြောသလို ရင်ခုန်စရာကောင်းတဲ့အချစ်ဆိုတာကော ရှိမှာပါနော် ထူးခြား ဆန်းပြားလှတဲ့ ရဟတ်စီးသလို ရင်ခုန်စရာကောင်းလှတဲ့ အချစ်မျိုးတွေနဲ့ တစ်ဘ၀စာ  ရှင်သန်ကြည့်ချင်သေးပါရဲ့ဗျာ။

Tuesday, 11 September 2012

ဘယ်မှာလည်း ငါ့အနာဂတ်

လှပတဲ့နံနက်ခင်းတစ်ခုက ငါ့အတွက်မဟုတ်ခဲ့ရင်တောင် ငါကျေနပ်စွာ ငေးမောနေမိမှာပဲ နူးညံ့ စွာတောက်ပနေတဲ့ အခက်ခဲဒုက္ခတွေက ငါ့အတွက်ဆိုလည်း ငါမြိန်ယှက်စွာ စားသုံးမိလိမ့်မယ် ငါကမင်းအတွက်ဖြစ်လာခဲ့ပြီပဲ ငါစိုးရိမ်မိတာ အချိန်လွန် အနာဂတ်တွေမလှပမှာကိုပါ။  ငါကမျှော်လင့်ချက်တွေနဲ့ ငါ့ဘ၀ကိုတည်ဆောက်ခဲ့တယ် ဒါပေမဲ့ ငါမင်းကိုခေါ်ဆောင်ဖို့အတွက် အချိန်တွေကို ခဏလောက်ရပ်တန့်ပေးနိုင်ရင်သိပ်ကောင်းမှာပဲ နိစ္စဒူဝ မိုးလင်းမိုးချူပ် ငါလျှောက်နေတဲ့လမ်းတွေကိုလည်း ငါအားမရ စိတ်အလိုမကျရပါဘူးလေ....။

Monday, 23 July 2012

အမူအကျင့်

သူ့ရဲ့အကျင့်အမူတွေက မပြောင်းလည်းနိုင်ဘူးသိရဲ့တဲ့အချိန်မှာ ငါသံသယတွေနဲ့ အနာဂတ်ကိုမသယ်ဆောင်ချင်တော့ဘူး တစ်ခြားသောယောက်ကျားသားတွေနဲ့ ပြောဆိုနေရတာ သူကျေနပ်နေတာ မသိစိတ်က သူပျော်မွေ့နေတာ။ အဲဒါဟာ အနာဂတ်အတွက် ကြီးမားတဲ့ ပြသနာ တစ်ခုဖြစ်စေခြင်းပဲ။လူတစ်ယောက်အကျင့်ကို ပြောင်းလည်းဖို့ဆိုတာမလွယ်ကူသလို အကျင့်တိုင်း မကောင်းဘူးဆိုလို့တော့မရပါဘူး။ဒီလိုအမူအကျင်မျိုးဟာ မကြာမကြာဖြစ်နေမယ်ဆိုရင်တော့ အိမ်ထောင်ရေးအတွက် လုံးဝအဆင်မပြေနိုင်လို့ပါ။ ရင်ခုန်သံနဲ့တည်ဆောက်တဲ့အချစ်ဆိုပေမဲ့ ဒီလိုသံသယတွေက အမြဲတမ်းလွမ်းမိုးနိုင်စားမှာပါပဲ။တစ်စုံတစ်ခုကြုံတိုင်း ကြားတိုင်း မယုံနိုင်တော့ပါဘူး စိတ်မှာ ခဏတော့ ဖုံးကွယ်ထားလို့ရပေမဲ့ ကြာရှည်မရနိုင်ဘူးဆိုတာ ခံစာတက်သူတိုင်းတော့ သိနေလိမ့်မယ် ဘယ်လောက်ပဲ ရင်းနှီးတဲ့ ချစ်သူတွေဖြစ်လို့နေ သူ့စိတ်ထဲက သံသယက ခွင့်လွှတ်မှာတော့ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ချစ်နေတဲ့အခိုက်တန့်တွေမှာ သစ္စာတရားရှိဖို့က အရေးပါဆုံးနေရာတစ်ခုမှာပါ။ သစ္စာတရားကို ချစ်သူတွေအဖြစ်မှာ မစောင့်စည်း မထိမ်းသိမ်းခဲ့လျှင် အိမ်ထောင်ရေးအတွက် အရမ်းကြောက်စရာကောင်းလွန်းလှပါတယ်။တစ်ဘ၀လုံး တစ်သက်လုံး အားလုံးအမှားမှားအယွင်းယွင်းတွေနဲ့ အဆုံးသက်ရပါလိမ့်မယ်။ယခုလို စိတ်ဆင်းရဲ့ ၀ဋ်ဒုက္ခမှ ကင်းလွတ်ရပါစေသား.............

Thursday, 12 July 2012

ကိုကျော်ထွန်းသိန်း နှုတ်ဆက်ပွဲည

နာရီလက်တံတွေက ပုံမှန်လည်ပက်လို့ တစ်စုံတစ်ခုကို စကားပြောနေသလိုပါပဲ။ အခု စကားတစ်ခွန်းကြားလိုက်တယ် တွေ့ဆုံးပြီး ခွဲခွာကြရမယ်တဲ့လေ.ကျတော်ဒီနေ့ည နှုတ်ဆက်ပွဲသွားဖို့ရှိတယ် ဘယ်သူလည်း ဘယ်ကလည်း ဘာလုပ်တာလည်း ကျတော်တို့တွေအရမ်းရင်းနှီးခဲ့ကြတဲ့မိတ်ဆွေတွေပေါ့  နာမည်က ကိုကျော်ထွန်းသိန်းပါ တောင်ကြီး ယူနိုက်တက်အမရဘဏ်ခွဲ လက်ထောက်မန်နေဂျာဖြစ်ပါတယ်။ကျတော်နဲ့လုပ်ဖော်ကိုင်ဖက် မဟုတ်ပေမဲ့ နေ့တိုင်းတွေ့ဖြစ်ကြတယ် တစ်နှစ်ကျော်လောက် ရင်းနှီးခဲ့ကြတာပေါ့ ညနေပိုင်းဆိုကျတော့်ဆိုင်ကိုလာတက်တယ်။ညဆိုသူပျင်းရင် ကျတော် ဆီဖုန်းတွေဆက်တက်တယ် အဲလောက်ထိရင်းနှီးပါတယ် အလုပ်ပိတ်ရက်တွေမှာ သူ့အဆောင်မှာ ထမင်းဟင်းတွေချက်စားတဲ့နေ့တွေကလည်းမမေ့နိုင်စ၇ာပါ။ ကျတော်တို့ တွေမှာ စိတ်ဖိစီးမှုတွေရှိကောင်းရှိနေသော်လည်း ပျော်ရွင်အောင်နေတက်ခဲ့ပါတယ်။ ညှိမရတာ တစ်ခုတော့ရှိတယ် လက်ဘက်ရည်ဆိုင်သွားထိုင်ဖို့ဆိုရင် သူငြင်းနေကြပါပဲ သူအခါးကြိုက်တယ်ထင်ပါရဲ့..:D ဘယ်သူမှမသိတာလေးတစ်ခု သူ့မှာရှိတယ် ကျတော် ပြောပြမယ် ဘယ်သူ့မှ မပြောရဘူးနော် ကျတော်တောင် အွန်လိုင်းပေါ်ရှိတဲ့သူလောက် သာပြောပြတာ သူညအိပ်ပြီဆို ဘေးအနားရှိတဲ့သူအိပ်မရလောက်အောင်ပဲ ဒူးထောင်ပြီး လှုပ်လှုပ်နေတက်တယ် လှုပ်တာကိုတောင် စည်းနဲ့ဝါးနဲ့ပါဗျာ အိပ်မက်ထဲ ဘာတွေများ ဖြစ်ဖြစ်နေလို့လဲတော့မသိပေါင်။ကျတော် တစ်ခါတစ်လေ သူ့အဆောင်လိုက်အိပ်တယ် အဲဒီမှာညစာအတူစားဖြစ်ကြတယ် ကိုကျော်ထွန်းသိန်းနဲ့အတူရှိတဲ့ကိုကျော်ကိုကိုထိုက် ထမင်းဟင်းလက်ရာတွေနဲ့အတူမြိန်စွာစားခဲ့ကြတယ်။ ကျတော့်အစ်ကိုကြီး ကိုကျော်ထွန်း သိန်းကအရမ်းပျော်တက်တယ် အပျော်ကိုလိုလားသူပေါ့ အကြောင်းတော့ရှိပါတယ်။ လူမှုရေးကြောင့်လုပ်ငန်းကြောင့် ဖိစီးမှုတွေကများရတယ်လေ။ သူ့ထွက်ပေါက်ကတော့ ညချမ်းအချိန်အခါတွေပါပဲ သူစီးမျောနေခဲ့တာ တစ်နှစ်ကျော်ခဲ့လေပြီ အခုဆို ရန်ကုန်ကို ပြောင်းရတော့မှာမို့ ကျတော်တို့တွေခွဲခွာကြရတော့မယ် အရင်နေ့စဉ်နေ့တိုင်းဆုံခဲ့ကြ တဲ့သူတွေ ခွဲခွာသွားရပြီဆိုဝမ်းနည်းစရာတစ်ခုပေါ့ ခွဲရမယ်ဆိုတာကို သိပေမဲ့တကယ်ခွဲ ခွာရပြီဆို ခံစားကြရတာဓမ္မတာပဲမလား။ဒီညကျတော့်ကိုနှုတ်ဆက်ပွဲအတွက်ခေါ်ထားတယ် အခုစာရေးနေချိန်ထိ ကျတော်အလုပ်မှာပဲရှိနေသေးတယ်လေ ဆိုင်စောစောပိတ်ပြီး ကျတော်သွားဖို့စီစဉ်ထားတယ်။ ဒီတစ်ညမဆုံဖြစ်လိုက်ရရင် ကျတော်တို့တွေ စိတ်မကောင်း စရာဖြစ်ရမှာပေါ့ နောင်တစ်ချိန်ပြန်ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ သူ့အလုပ်ကိုယ့်အလုပ်တွေနဲ့လေ။ ဒီညကျတော်တို့တွေ တောင်ခြေနားက စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ချိန်းထားပါတယ်။ သတိရစရာနေ့ရက်တွေအတွက် စကားလုံးတွေဖောင်ဖွဲ့ကြာဦးမှာပေါ့။ ဒီပို့စ်လေးနဲ့ အမှတ်တရဖြစ်စေပါစေ Good Luck Ko Kyaw Htun Thein !

Friday, 22 June 2012

ချက်တာ နှင့် ဘလော့ဂါ


ယနေ့ခေတ်ရဲ့ Chatter and Blogger နဲ့ပတ်သက်တာလေးပါမူရင်းဆိုဒ်မှာသွားဖတ်နိုင်ပါတယ် Click

မောဟိုက်ပင်ပန်းရပါတယ်

ငါဘယ်လိုဖြေရပါ့မလည်းချစ်သူ ငါဒါတွေကိုကြိုမြင်ခဲ့ပေမဲ့ ငါမခံစားနိုင်ပါဘူး အမှတ်တမဲ့တွေကို ငါကြောက်တယ် အွန်လိုင်းချက်တင်ဆိုတာ  လက်တွေ့ဘ၀ကိုသည်ဆောင်သွားနိုင်တယ်လေ အဲဒီထဲမှာတင်ရှိနေရမယ်ဘယ်သူမှမသက်မှတ်ထားပါဘူး နောက်တစ်ဆင့် ဖုန်းနံပါတ်တွေပေး အချိန်ကြာလာတာနဲ့အမျှ လက်တွေ့ဘ၀ကိုကူးစက်လာပါတယ်။ငါချစ်သူကိုမယုံကြည့်လို့မဟုတ်ပေမဲ့ ကံကြမ္မာဆိုတာ လူကလုပ်တယ်လို့ ပြောကြပါတယ် အဲဒီကံကြမ္မာကိုပဲငါမယုံကြည်ဆုံးပါ။ အင်တာနက်ပေါ်မှာတွေ့တဲ့သူငယ်ချင်းဆိုတာ အကောင်းဆိုးတွေအများကြီးရှိပါတယ် ဆိုးတဲ့ လိမ်ညာမှုတွေက အရမ်းကိုများပါတယ်။ ဆက်သွယ်ဖို့ဖုန်းတွေပေးတယ် ပြီးရင်အပြင်မှာတွေ့ဆုံကြမယ် အရမ်းကိုအန္တရယ်များလှပါတယ် ချစ်သူ အင်တာနက်ပေါ်မှာ ရှိတဲ့သူငယ်ချင်းဆိုတဲ့သူတွေအတွက်နဲ့ ငါတို့ချစ်ခြင်းမှေးမှိန်သွားစေတယ်ဆိုတာသတိပြုမိရဲ့လား။ငါမှာအရမ်းမောဟိုက်နေ ရပါတယ်ချစ်သူ။ အင်တာနက်ပေါ်ကဟာ အင်တာနက်ပေါ်မှာထားလိုက်ပါ ဆက်သွယ်စရာဖုန်းနံပါတ်တွေပေးပြီးပြောဆိုနေတာ ငါဘယ်လိုခံစားနိုင်မှာလည်း အင်တာနက်ပေါ်ကအသိမိတ်ဆွေထက် ကိုယ့်ချစ်သူကအရေးမပါတော့ဘူးလား။ ကိုယ်ချစ်သူ မကြိုက် မဖြစ်စေချင်တာတွေကို အကြိမ်ကြိမ်လုပ်ခဲ့တယ်ချစ်သူ ငါအဝေးကြီးကိုထွက်သွားချင်နေပြီ အရာရာကိုငါမပြောချင်တော့ပေမဲ့ ငါ့ရင်ဘက်တွေကဆူညံနေပါတယ်။ အပျင်းပြေဆိုတာကြီးကိုငါကြောက်သွားပါပြီ။ အင်တာနက်အပျင်းပြေသုံးတာဆိုတာကြီးက လွဲမှားနေမှုဆိုတာ အကြိမ်ကြိမ်ငါသိတာတွေ ဖြစ်နေတာတွေကို ပြောပြ ခဲ့ပြီပဲ။ မင်းဘေးနားမှာချစ်သူရှိနေတယ်ဆိုတာဂရုမစိုက်တော့ပါလား။အင်တာနက်ချက်ရွန်းရဲ့စွဲလန်းရူးသွတ်မှုဟာ အသက်အရွယ်အပိုင်းခြား မသက်မှတ်ထားခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက် မမြင်မဆုံရသေးတာကိုအရမ်းတန်ဖိုးထားတယ် ဆက်သွယ်ဖို့ဖုန်းနံပါတ်တွေပေးဖို့လိုအပ်
ခဲ့လို့လား အစပိုင်း အင်တာနက်သုံးရချိန်မှာ အဝေးရောက်နေတဲ့ အတူလက်တွေ့မှာခင်မင်ခဲ့တဲ့သူငယ်ချင်းတွေနဲ မင်းတွေ့ရတဲ့အတွက် ငါအရမ်းကျေနပ်ခဲ့တယ်
တဖြေးဖြေးနဲ့ လွန်ကဲမှု တွေက ငါ့စိတ်တွေကို အချိန်နဲ့မျှမောဟိုက်ပင်ပန်းနေရပြီချစ်သူ။အနားမှာရှိနေတဲ့ချစ်သူကို မင်းမကြည့်တော့ဘူးနော်..

Tuesday, 19 June 2012

စနေ (၁၆)

တကယ်တော့ ငါနေတက်ပါတယ် ဒီလိုပဲငါနေခဲ့တာပဲလေ တစ်ယောက်တည်းအလွမ်းတွေနဲ့ ငါမှာကျိန်စာသင့်ထားတဲ့အလွမ်းတွေရှိနေခဲ့ပြီးသားပဲ။ အခုလည်းမင်းမရှိပေမဲ့ ငါအလွမ်းတွေနဲ့ပေါ့ ငါ့စိတ်ကိုငါအတက်နိုင်ဆုံး အဆင်ပြေအောင်လျှော်လိုက်ရတာက မင်းမသိပေမဲ့ ကြာလာရင် အချိန်တစ်ခုက ငါတို့နှစ်ယောက်ဖြစ်ခဲ့တာတွေကိုဝါးမြိုသွားမှာမဟုတ်တဲ့အတွက်ပါပဲ။ ငါလုပ်ချင်တာ တစ်ခုနဲ့ပြောပြချင်တာ ပေးပြချင်တာတစ်ခုကိုမင်းသိသွားခဲ့ရင် မင်းအတွက် ငါအရမ်းဝမ်းနည်းရမှာပါ။ တကယ်ဆို ငါအမှားပါ မင်းအတွက် အရာရာငဲ့ညှာသင့်တာပါ။ငါ့အနားမင်းရှိနေစေခြင်းက ငါ့အတ္တနဲ့ စွဲလန်းမှုကြောင့်ပါပဲ။ ငါမမှားတာတစ်ခုက သေချာစဉ်းစားကြည့် ငါတို့တွေ တွေ့နေကြရတဲ့အချိန်ကာလအပိုင်းတိုလေးတွေဟာ မင်းအတွက် ထိုက်သင့်သလောက်အဆင်ပြေနေပေမဲ့ ငါ့အတွက် ပျက်ကွက်မှု့တွေနဲ့ အပြောဆိုခံမှုတွေကြာမှာလေ။ ဒါပေမဲ့ မင်းအနားမှာ ငါရှိနေခဲ့တယ် ချစ်သူအနားမှာရှိနေပေမဲ့ အခက်ခဲ့တွေနဲ့ အလုပ်ကတစ်ဖက် အဆင်မပြေဘူးဆိုတာမင်းသိပါတယ် ဒါကိုအမြဲတမ်းတွေ့နေရပါတယ်ဆိုတဲ့စကားက မှန်ပေမဲ့ ငါ့အတွက် ဘယ်လိုအဓိပ္ပါယ်ရှိမှာလည်း လွတ်လပ်အေးဆေးတဲ့အချိန်နဲ့ ကိုယ့်အနားမှာ ရှိနေချင်သေးတာပေါ့။ စကားကိုလက်လွပ်စပါယ်ပြောတာကို ငါမကြိုက်ဘူး ငါ့သယောဇဉ်နဲ့ လေးစားမှုကိုပါ။ အိမ်ထောင်တစ်ခုအတွက် နားလည်မှုက အရေးကြီးတယ်ဆိုတာပြောဘူးပါတယ် နားလည်ပေးတယ်ဆိုတာကလည်း နားလည်ပေးသင့်မှပေါ့။အချစ်တစ်ခုမှာနွေးနွေးထွေးထွေး မရှိနေခဲ့ဘူးဆိုရင် အိမ်ထောင်ရေးမှာ ဘယ်တော့မှာနွေးထွေးမှာမဟုတ်ပါဘူး။ ဒါကြောင့် နွေးထွေးတဲ့ တွေ့ဆုံမှုတွေနဲ့အချိန်တွေကို ချစ်သူနှစ်ဦးမှာပိုင်ဆိုင်မထားသင့်ဘူးလား။ အခုငါအချစ်တစ်ခုအတွက်ရယ် ငါ့ရဲ့တစ်ဖက်သက်ကြနေမှုတွေကြောင့် ငါမင်းအတွက်ရှိနေမှာပါ ငါအတက်နိုင်ဆုံး ငါ့အတ္တတွေကို မင်းအတွက်မဖြစ်စေလိုတော့ပါဘူး။ ငါတောင်းပန်ပါတယ်ချစ်သူ ငါနေတက်အောင်ကြိုးစာပါမယ်။ ဟဟ ဒါအချစ်လားဗျာ....။

Tuesday, 22 May 2012

ဝက်ခေါင်း(၀က်နားရွက်)တုတ်ထိုးလုပ်စားမယ်

 

စနေနေ့မှာလုပ်စားဖြစ်တဲ့ ၀က်ခေါင်း(၀က်နားရွက်)တုတ်ထိုးဖြစ်ပါတယ်။ အားလပ်ရက် စနေနေ့တစ်ရက်မှာပါ။ ညနေပိုင်းမှာ ကြက်တောင်ရိုက်ကြတယ် ကျန်းမာရေးပေါ့ နေ့တိုင်းတော့မကားဖြစ်ပါဘူး။ညပိုင်းမှာတော့လုပ်ထားတဲ့ တုတ်ထိုး ချိုမြိန်စွာစားခဲ့ကြတာပေါ့ တုတ်ထိုးဆိုလို့ တုတ်တော့မထိုးထားဘူးဗျ :D ဒီလိုပြောရင်မှန်မလားပဲ တူညှပ်ပေါ့ဗျာ ကျတော့ဘလော့လာလည်သူတွေ စားသွားဦးနော် အားမနာနဲ့ အ၀သာစားသွားကြဗျာ ဘယ်လိုလည်း ကောင်းတယ်မလား  :D ဒီလိုအရသာရှိရှိလုပ်စားချင်ကြပြီဟုတ် ၀က်ခေါင်း(၀က်နားရွက်)တုတ်ထိုး လုပ်တဲ့နည်းလေးမျှဝေလိုက်မယ်နော် အားလပ်ရက်မှာ ကိုယ့်ကိုလုပ်စားကြည့်ကြပေါ့ ဒီလိုဗျ ကျတော်တို့တော့ဒီလိုလေးလုပ်တယ်ဗျ ထမင်းလွတ်စားမှာဆိုတော့ ၀က်ခေါင်း၊နားရွက် နှစ်ပိသာ (၀က်အူ)အနည်းငယ်ပါသပေါ့ ပထမဦးစွာ ၀ယ်လာတဲ့ ၀က်ခေါင်း၊၀က်နားရွက်တွေကို ရေနွေးဖြင့်စိမ်ပြီး ဖြူသွားအောင်ဓါးနဲ့ခြစ်ပါတယ် ပြီးလျှင်ရေစင်အောင်ဆေးရပါ
တယ်။ရေဆေးပြီးနောက် ပျားရည်၊ခရုဆီ၊ဗီနီကာ၊ကြာညှို့ ၊ဆား၊ဟင်းချိုမှုန့်၊တရုတ်မဆလာ၊တို့ကို သင့်တင့်လျှောက်ပတ်စွာထည့်ပြီး နှယ်ပေးပါ။ထို့နောက် ရေခဲသေတ္တာအအေးခန်းထဲတွင် သုံးနာရီခန့်ထည့်နှပ်ထားပေးပါ။သုံးနာရီပြီးနောက် ရေခဲသေတ္တာအတွင်းမှ နာရီဝက်ခန့်ကြိုထုတ်ထားပါ ပြီးမှ ချက်မည့်အိုးထဲတွင် ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် သကြားအနည်းငယ်ကို နီလာအောင်ကြော်ပေးလိုက်ပါ ပြီးလျှင် အစောက ရေခဲသေတ္တာထဲမှ နာရီဝက်ခန့်ထုတ်ထားသော ၀က်ခေါင်း(၀က်နားရွက်)များကို အိုးထဲသို့ထည့်ပြီးမွှေပါ ဆီပြန်လာမှရေထည့်ပြီး နူးအောင်ချက်ပါလေ အသားနူးသွားလျှင်စားသုံးလို့ရပါပြီခင်ဗျာ။အရည်သောက်လည်းရတယ် အဖတ်စားလည်းရမယ် ကြိုက်နှစ်သက်သလိုပေါ့ဗျာ။ ကဲ ဘလော့ပရိတ်သက်တို့ ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်ခင်ဗျာ။

လိပ်ပြာဥလေးများ



ဒီလိပ်ပြာဥလေးတွေဟာဘောက်ဖတ်လေးတွေဖြစ်လာပါလိမ့်မယ်  တွန့်လိမ် တွန့်လိမ်နဲ့ သစ်ရွက်ကလေးတစ်ရွက်ပေါ်မှာ နေနေရရှာတယ်။ နေပူတော့လည်း နားခိုစရာ မရှိ။ နှင်းရွှဲတော့လည်း ချမ်းခိုက်ခိုက်တုန်။ ကိုယ်ဘဝကို စိတ်ကုန်နေရှာသတဲ့။ စားရပြန်တော့မလည်း သစ်ရွက်၊ နေရပြန်တော့လည်း သစ်ရွက်၊ နေပူ၊ လေတိုက်၊ သစ်ပင်ပေါ်က အမှိုက်တစ်စလို ကိုယ့်ကိုကိုယ် ခံစားမိပြီး အားငယ်နေရှာတယ်။
လေအတိုက် လေအကြမ်းမှာ လွင့်ကျမသွားဖို့ သူ မနေချင်ဘူးဆိုတဲ့ သစ်ရွက်ကလေးကိုပဲ မြဲမြဲကုပ်တွယ်ထားရရှာတယ်။
သူမပျော်နိုင်ရှာပါဘူး။
ခန္ဓာကိုယ်က ပျော့စိစိနဲ့ ရွံစရာကလည်း ကောင်း၊ အပေါင်းအသင်းကလည်း မရှိ၊ တွေးကြည့်ရင် သူ့ဘဝဟာ ဝမ်းနည်းစရာပါ။
ခုန်ပေါက်ပြီး ဆော့ကစားနေတဲ့ ဓားခုတ်ကောင်လေးတွေကို ကြည့်ပြီးအားကျ၊ ဝမ်းနည်းဖြစ်နေ၇ှာသတဲ့ ။ သူတို့လိုလည်း မြင့်မြင့်ကို မခုန်နိုင်၊ သူတို့လိုလည်း မသန်စွမ်း၊ သူတို့လိုလည်း အားမာန်တွေမိရှီ၊ သူတို့လိုလည်း အတောင်မပါ။ သူတို့လိုလည်း ဝေးဝေးမသွားနိုင်၊ ငါဟာ ဘာမှ အသုံးမကျတဲ့ အကောင်ပဲလို့ တွေးပြီး စိတ်ဓာတ်တွေလည်း တဖြည်းဖြည်း ကျလာတယ်။ တွေးလိုက်တိုင်း စိတ်အားငယ်စရာတွေချည်းပဲ။  ငါသေချင်လိုက်တာလို့ အမြဲစဉ်းစားနေသတဲ့။ သိမ်ငယ်စိတ်တွေနဲ့ပေါ့။
ဘောက်ဖတ်ကလေးရေ….
မင်း မသိလို့ပါ။
မင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမြင့်ကိုလည်း ပျံသန်းနိုင်တဲ့၊ လေတွေကိုလည်း တစ်ဝကြီး ရှူသွင်းခွင်ရတဲ့ အရောင်အသွေးစုံတဲ့၊ အသွေးအရောင်လှပတဲ့ ၊ တောင်ပံတွေကို ပိုင်ဆိုင်နိုင်တဲ့ လိပ်ပြာလှလှလေးတစ်ကောင် ဖြစ်လာမှာပါ။ လှပတဲ့ ပန်းကလေးတွေကို မင်းကြိုက်သလို နားခွင့်ရမှာပါ။ ပန်းကလေးတွေကိုလည်း မျိုးဆက်ပြန့်ပွားဖို့ ဝတ်မှုန်ကူးပေးနိုင်သူ ဖြစ်လာမှာပါ။ ပန်းလှလှလေးတွေလိုပဲ ဥယျာဉ်ကြီးကို ပိုပြီး လှပလာအောင် မင်းရဲ့ တောက်ပ အရောင်စုံတဲ့ အတောင်ပံလေးတွေနဲ့ ကူညီပေးနိုင်သူ ဖြစ်လာမှာပါ။ မင်း ဘာလို့ အားငယ်နေရတာလဲ။

Monday, 14 May 2012

သူမသိလို့ပါ

 
နားလည်ပါတယ် ဒါပေမဲ့ ငါနာကျင်တယ် အဆိပ်သင့်နာကျင်မှုတွေနဲ့ ငါ့လျှောက်မဲ့လမ်းကို ငါကိုယ်တိုင်ခင်းခဲ့မိတာလား ငါမှားပါတယ် နောက်ထပ် ငါမရှိတော့ပါဘူး ခံနိုင်စွမ်းမရှိတော့လို့ပါ။ ဘာမှမရှိတော့အောင် တစ်ယောက်တည်းရွေးချယ်ပြီးတဲ့နောက် နာကျင်မှုတွေနဲ့ငါ အိပ်မက်ဆိုးတွေမက်နေရပါလား မင်းမသိလို့လား မင်းအတ္တနဲ့ ပြုမှုနေခြင်းက ငါနေ့စဉ် ခံစားနေရပါတယ် မင်းရဲ့သာယာမှုခဏတွေနဲ့ ငါကုစားခဲ့ပါတယ် ငါနားလည်ပေးမှုက ကယ်တင်ရှင်မရှိ ငါ့အတွက်အဆိပ်ခွပ်ဖြစ်သွားမှာ ငါစိုးရိမ်မှုတွေနဲ့အတူ ငါ့ခြောက်ခြားညတွေ မင်းမသိခဲ့လို့လား။ခုတော့ ငါ့မှာ မတည်ငြိမ်တဲ့အတွေးတွေနဲ့ မင်းနဲ့ဝေးရာမှာနေနေရတဲ့နေ့ရက်တွေကို ငါမုန်းနေမိတယ်။ ငါဘယ်လိုနေရမှာလည်း ချစ်သူ.....

Thursday, 15 March 2012

ဘ၀လက်တွဲဖော်(၁)

အချိန်တွေနဲ့အတူပြောင်းလည်းမှုတွေကလိုက်ပါနေတာလား မပြောင်းလည်းချင်ပါဘူး အချစ်က တကယ်ချစ်ပြီး  ပြောင်းလည်းလို့မှမရနိုင်တာ တကယ်ချစ်ခဲ့ပြီလေ  တူညီမှုရှိမှ ပေါင်းစပ်ခွင့်ရှိမယ်ဆိုရင်  ကျတော်တို့တွေနဲ့အတူ ဘယ်သူဘယ်ဝါမှ  ပေါင်းသင်းခွင့်ရှိလိမ့်မယ်လို့ ကျတော်မထင်ပါ။  ဘာကြောင့်ဆိုသော် လူတွေတစ်ယောက်နဲ့တစ်ယောက်  မည်သို့မှပင် မတူညီကြပါ လူအမျိုးမျိုး  စိတ်အမျိုးမျိုးရှိကြပေသည်မလား။ ဒါပေမဲ့  တူညီမှုအစိတ်အပိုင်းအချို့တွေတော့ ရှိတက်ကြပါရဲ့  ထိုတူညီမှုတွေကို နားလည်မှုဆိုတာနဲ့ပေါင်းစပ်ပြီး  ဘ၀တစ်ခုကိုလက်တွဲသွားကြာတာတွေပါပဲ။

Friday, 9 March 2012

နိစ္စဒူဝ

နီးလာပါပြီ တစ်ဖြေးဖြေးနဲ့ပေါ့ သေခြင်းတရားဆီသို့ နေ့စဉ်နေရောင်ခြည်အလင်းနဲ့အတူငါနိုးထလာခဲ့ရတယ် မျက်နှာသစ် သွားတိုက် လုပ်ထုံးလုပ်နည်းတိုင်းပေါ့ စားသောက် အ၀တ်စားလည်း အလုပ်ကိုသွားမယ် အလုပ်ရောက်တာနဲ့ တံခါးတွေဖွင့် သန့်ရှင်းလုပ် ကွန်ပျူတာတွဖွင့် လိုအပ်တာတွေလုပ်ဆောင်ရင်းနဲ့ နေ့ပိုင်းအချိန်တွေကုန်လွန်သွားပြန်တယ် ညအစောပိုင်းချိန်မှာလည်း လုပ်စရာရှိတာလေးတွေလုပ် ပြီးလျှင်အိမ်ပြန် စားသောက် ၊ အိပ်ရာဝင် တစ်ညတာအိပ်စက်အနားယူလိုက်ပြန်တယ်။ နေရောင်ခြည်အလင်းနဲ့အတူ ငါနိုးထလာရပြန်ပြီး အရင်နေ့ရက်တိုင်းတွေလိုပဲ ဓါတ်ပြားဟောင်းကြီးပေါ့ဗျာ ဒါဘ၀တဲ့လား လူ့ဘ၀တဲ့လား ဟုတ်ပါပြီ ငါ့မှာယခုဘာတွေပိုင်ဆိုင်ထားသလဲ ဘာမှမပိုင်ဆိုင်သေးပါဘူး။ ငါဘ၀ကိုငါတောင် မပိုင်တဲ့ဘ၀ပါလား နောင်ဘ၀အတွက်ကော ဘာတွေစုဆောင်းမိနေပြီလဲ ဘာမှမရှိသေးပါလား။ နိစ္စဒူဝဘ၀နဲ့ ဘ၀ကိုကုန်ဆုံကြရတာ လူသားတွေရဲ့သဘာဝတဲ့လား.......

Thursday, 8 March 2012

ချစ်သူသို့ပေးစာ(၁)

သံယောဇဉ်တွေက တစ်နေ့နဲ့တစ်နေ့ ပိုလို့သာချည်နှောင်လာပြီ ခဏလောက်မမြင်တွေ့နေရရင်ကို မနေတက်သလိုပါပဲ သတိရတမ်းတမှုတွေစီးဝင်နေပြီ ခံစားမှုဆိုသည်က ခံစားတက်မှ ပေါ်ပေါက်လာတက်သည်။ ကိုယ့်အနာဂတ်တစ်ခုဖြစ်တဲ့ချစ်သူ ကိုယ်အရမ်းချစ်နေမှာပေါ့၊ သ၀န်တိုခြင်းက သဘောထားသေးငယ်မှုလို့မဆိုနိုင်ပါဘူး အချစ်ကြီးနေသူတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကိုယ့်ချစ်သူ တစ်ခြားယောက်ကျားလေးနားရှိနေခြင်း စနောက်ပြောဆိုနေခြင်းတို့က စိတ်ကိုတိုစေတယ် မကျေနပ်မှုတွေနဲ့ နေရက်တွေကိုဖြတ်ကျော်စေတယ် ချစ်သူကိုမယုံကြည် စိတ်မချခြင်းမဟုတ်ပေမဲ့  အဲဒီလိုမျိုးမနှစ်မြို့လို့ပါ။ ကြာလာရင် ဝေးသွားနိုင်တယ် မခံစားနိုင်တော့တဲ့အဆုံး အဝေးမှာသွားထိုင်နေတက်ခြင်းကကျတော့ဘီဇဖြစ်နေခဲ့လို့ပဲ။ချစ်နေတဲ့အချစ်ကို လျော့ဖို့တော့မဖြစ်နိုင်ပေမဲ့ မကြာမကြာကိုယ့်ချစ်သူကို စိတ်လည်းမတိုချင်ဘူး ကိုမနှစ်မြို့တာတွေလည်း မရှိစေခြင်ဘူး မမြင်ခြင်ဘူး အဝေးတစ်နေရာကိုနာကျင်ခံ့စာမှုတွေကိုသည်ဆောင်ပြီးအနာဂတ်ကိုလည်းမမှေးမှိန်ချင်ဘူး။ချစ်သူနားလည်
ပေးပါအရမ်းချစ်မိနေလိုဖြစ်မှာပါ။ ကိုယ်တို့ရဲ့နေရက်တွေကို ပျော်ရွှင်ကျေနပ်မှုတွေနဲ့ပဲ ဖြတ်သန်းကြရအောင်ပါ အနာဂတ်ကိုအလှပစေဖို့ နေ့ရက်တိုင်းရဲ့ ပျော်ရွှေမှု သံယောဇဉ်ကြိုတွေနဲ့ပဲ ဆက်သွားကြမယ်ဆိုရင် အနာဂတ်မှာပန်းတွေပွင့်လို့ကြိုဆိုနေမှာပါ။ သ၀န်တိုမှုတွေသာလွန်နေခဲ့ရင်တောင် အချစ်အတွက်နဲ့ဖြစ်တည်နေတယ်ဆိုတာ ထာဝရမှတ်ယူပေးပါချစ်သူ။

Friday, 27 January 2012

My Thinking My Write

ကျတော်တို့တွေနေ့စဉ် ဦးနှောက်ကိုအသုံးပြုကြရတယ် အလုပ်ကြောင့် စားသောက်ဖို့အတွက်ကြောင့် မိသားစုအရေးကြောင့် နောက်ဖြစ်လာမဲ့အနာဂတ်အတွက်ကြောင့် အမျိုးမျိုး ဦးနှောက်ကိုအသုံးပြုခိုင်းစေကြရပါတယ် ဒီတော့ကကျတော်ဦးနှောက်ကိုသန့်ရှင်းမှုပေးသင့်တယ် ဥပမာ ကွန်ပျူတာလိုမျိုးပေါ့ မလိုအပ်တဲ့ Recent file တွေ Temp ဖိုင်တွေလိုမျိုးပယ်ဖျက်သင့်ပါတယ် တန်ဖိုးမဲ့ တွေးခေါ်စဉ်းစားခြင်းမျိုး တွေနဲ့ ဦးနှောက်ကိုအလုပ်မပေးသင့်ပါဘူး နှစ်မျိုးဆုံးရှုံးစေပါတယ် ဦးနှောက်ပင်ပန်းမယ် တန်ဖိုးဖျက်မရတဲ့ အချိန်ရယ်ပေါ့။ ဦးနှောက်ကိုအလုပ်ပေးတာကောင်းသလို မကောင်းမှုတွေကလည်း ဒွန်တွဲပါလာမှုရှိပါတယ်။လူတိုင်းမှာစိတ်တိုတက်မှုဆိုတာပါလာတက်ကြတယ် ဒါပေမဲ့ လူတိုင်းစိတ်တိုမလွယ်တက်ကြပါဘူး တစ်ချို့မှာစိတ်တိုမှုနဲ့အတူ အခိုက်ရန်တွေဖြစ်ပွားတက်ကြပါတယ် အချို့မှာတော့ မိမိစိတ်တိုနေတာကို ဖြေလျော့လေ့ရှိကြပါတယ် လူတိုင်းစိတ်တိုတက်ကြတယ်မလား ဒါဆိုရင်ကျတော်တို့က ဘယ်နည်းလမ်းဘက်မှာရပ်တည်သင့်သလည်း။
ကျတော်တို့တွေ သူတစ်ပါးတစ်ယောက်ကိုအပြစ်ပြောတက်ကြတယ် ကိုယ်လည်းအပြောခံရတက်တာပဲလေ တစ်ချို့သောသူတွေမှာ အလိုလိုအပြစ်ပြောချင်တက်ကြတယ် အပြစ်ပြောတယ်ဆိုတာ အပြစ်ရှိလို့ပြောစရာဖြစ်တာလေ အပြစ်မရှိဘူးသေချာရဲ့နဲ့ အပြစ်သဘောဆောင်ပြောတာ ဘာအကျိုးရှိနိုင်လဲ ဒါမျိုးဆိုတာက သူတစ်ဘက်လူရဲ့ အခွင့်အရေးသို့မဟုတ် စိတ်ကိုအနှောက်ယှက်ပေးရာကြသွားပြီပေါ့ ဒါဆိုကျတော်တို့တွေ ကိုယ့်တပည့် ၊သူငယ်ချင်း၊မိတ်ဆွေ တွေကိုအပြစ်ပြောမိသွားရင် ပြန်စဉ်းစားရမှာက အမှန်တကယ်ပဲသူအပြစ်ပြောစရာဖြစ်နေလို့လားဆိုတာပါပဲ...သူတစ်ပါးစိတ်ကိုအနှောက်ယှက်ပေးတာဆိုတာ လုံးဝမကောင်းတာပါပဲ....လူတိုင်းမှာ လွတ်လပ်စွာတွေခေါ်လို့ရတဲ့ အခွင့်အရေးရှိမယ် ကျတော်သိသလောက် လူတစ်ယောက်ရဲ့လွတ်လပ်တဲ့အခွင့်အရေးဆိုတာ လက်နှစ်ဘက်ကိုဆန့်လိုက်ပါ အဲလောက်ထိပါပဲ အဒီအတွင်းမှာ ကိုယ့်လွတ်လပ်ခွင့်ပါပဲ ကိုယ့်လွတ်လပ်ခွင့်ကြောင့် သူတစ်ပါးထိခိုက်စေမယ်ဆိုရင် အဲဒါဟာ လူတစ်ယောက်မှာပိုင်ဆိုင်သင့်တဲ့ လွတ်လပ်ခွင့်ကိုချိုးဖောက်ရာကြပါတယ်....။

Thursday, 26 January 2012

Oscar Fish


25.1.2012 (ဗုဒ္ဓဟူး)နေ့ညမှာ ကျွန်တော်သိပ်ချစ်တဲ့ ငါးတစ်ကောင် (Oscar Fish)လေး သေဆုံးသွားခဲ့ရတယ် ကျတော်အရမ်းဝမ်းနည်းမိပါတယ် တကယ်ဆို မသေသင့်ပါဘူး အကြောင်းကြောင်းတွေကြောင့် သေသွားလိုက်ရရှာတာ ကိုယ့်ကိုပဲအပြစ်တင်မိပါတယ် ဒီနေ့နံနက်တော့ သူ့အတွက် ကျင်းလေးတူးပြီးမြေမြုပ်ပေးခဲ့လိုက်တယ် သူနဲ့ကျတော် နံနက်မိုးလင်းတဲ့အချိန်နဲ့ ညဘက်ပိုင်းတွေမှာပဲ တွေ့ခွင့်ရကြတယ်လေ ကျတော်ကတစ်ယောက်တည်းသမား တစ်နေကုန်အလုပ်မှာပဲမို့ကြောင့်ပါ ခုတော့ ကျတော့်ကိုအဖော်သဟဲပြုပေးတဲ့ ချစ်ရတဲ့ ငါးတစ်ကောင်မရှိတော့တဲ့အတွက် ကျတော်မျိုးဆွေတွေထဲက တစ်ယောက်မရှိသလိုခံစားလိုက်ရတယ် ချစ်ရတဲ့ငါးလေး ကောင်းရာမွန်ရာရောက်ပါစေ....

Monday, 16 January 2012

မောပန်းနေရင်း

လှိုင်းတွေထဲငါကူးခက်လို့ မောပန်းနေခဲ့တယ်

နူးညံ့ခြင်းတွေမှာလည်းငါလဲပြိုနေခဲ့ရတယ်

ကိုယ်ပြိုလည်းသွားခဲ့တာဘာကြောင့်လဲဆိုတဲ့မးခွန်းတွေ

ကိုယ့်ကိုမေးခဲ့မိတိုင်း ကိုယ်ကဘာဖြည့်ဆည်းပေးနိုင်ခဲ့လို့လဲ

ချစ်တာပဲရှိခဲ့တာလေ မဖြစ်နိုင်သေးတဲ့အချိန်တစ်ခုမှာ

ဖြစ်နိုင်ပါတယ်ဆိုတဲ့ဟန်ဆောင်မှုတွေနဲ့

ဘ၀ကိုတစ်သက်လုံး မလိမ်ညာချင်ခဲ့တာ

ကိုယ့်အမှားလား…./

ငါတိတ်တိတ်လေး လူတွေမသိအောင်

လောကကြီးကထွက်သွားချင်မိတယ်

ညတွေကမှောင်လို့

အလင်းရောင်ရှိဖို့အတွက် အားအင်တွေချိနဲ့နေခဲ့တယ်

ငါပျံသန်းနေရင်း  ကာရံတွေမဲ့လို့  ငါအသက်ဆက်နေရတယ်....



Monday, 9 January 2012

လေပြေခေါ်ဆောင်တဲ့အသံ

ဟိုတစ်ချိန်က မကြာမကြာ ကြားနေခဲ့ရတဲ့လေးပြေခေါ်ဆောင်လာတဲ့အသံ တစ်ခြားအသံတွေနဲ့မတူဘူး သူ့အသံက ဂရုနာအသံတွေလည်းပါလာတက်တယ် ထိုအချိန်က အဲသံတွေကို စွဲစွဲမြဲမြဲမှတ်မိနေခဲ့မိတာ ဘာကြောင့်လည်းလို့ မေးခွန်းတစ်ခုဖြစ်လာခဲ့ရတယ်။ တိမ်တွေကိုကြည့်ပြီး စိတ်၏အားဖြင့်လူတွေခံစားတက်ကြသလို အသံတွေကိုလည်းခံစားမိမယ်ထင်ပါတယ် အမြင်ဖြင့်ခံစားသလို အသံဖြင့်လည်းခံစားနိုင်ကြတယ်မလား ဒါကြောင့် ကျွန်တော်အသံနဲ့ခံစားနိုင်ခဲ့တယ် ခံစားမှုမှန်ပါတယ် တစ်ချိန်ကကြားခဲ့တဲ့အသံတွေဟာတစ်ဖြေးဖြေးနဲ့ကျွန်တော့်အနားကိုရောက်လာပါတယ်လေပြေသယ်လာတဲ့ 
အသံကအခုဆိုကျွန်တော့်ရင်ဘက်ထဲမှာနွေးထွေးနေပါပြီ။ ဒီနေ့ကကျွန်တော့်မွေးရက်ပါမွေးနေ့တော့မဟုတ်သေးပါဘူးချစ်သူနဲ့တွေ့ဖို့အတွက်စုံမှတ်တစ်ခုကိုသွားခဲ့တယ်
ရောက်ပြီးမကြာပါဘူးချစ်သူရောက်လာပါတယ် ကျွန်တော်တစ်ခါမှမထိုင်ဘူးသေးတဲ့ ခေါ်ဖီဆိုင်လေးကိုသွားဖို့ ချစ်သူလမ်းညွှန်လိုက်ပါတယ် ရောက်သွားတော့နေရာလေးကိုတော်တော်သဘောကျသွားတယ်ဗျ အသံတွေတိတ်နေတယ် စကားလုံးတွေတီးတိုးစွာပြောနေလို့ရတာပေါ့ စကားလုံးတွေနဲ့အတူ ရင်ခုန်သံတွေကလည်း ပဲတင်ထပ်နေပါတယ် ကျွန်တော်စကားနည်းနေတယ် ချစ်သူပြောတာကိုပဲ အလေးအနက်နားထောင်ပေးနေခဲ့တယ် နံနက်က နာရီ(5.30)ကို ချစ်သူနဲ့ချိန်းထားတဲ့ (10)နာရီအထင်နဲ့ အစွဲလန်းကြီးစွာအိပ်ရာနိုးလိုက်တယ် အဲဒီမှာလူကအိပ်ရေးမ၀သလိုဖြစ်နေတော့တာပေါ့ ဒါပေမဲ့မကြာပါဘူး ကျွန်တော့်ရင်ဘက်မှာ ကော်ဖီတွေနွေးထွေးစွာဝင်ရောက်သွားတော့ စိတ်ကြည်လာသလိုခံစားရတယ် ချစ်သူနှစ်ဦးလက်ကိုခိုင်မြဲစွာစုပ်ကိုင်ထားလိုက်မိတဲ့အချိန်ဟာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ကိုယ်စေလိုရာစေခိုင်းလို့ရနိုင်တဲ့အားအင်တွေရှိလာသလိုပဲ။ကျွန်တော်ကြောက်နေမိပြီ ဘာကြောင့်လည်းဆို နာရီတွေကအရှေ့ကိုတစ်ဖြေးဖြေးမောင်းနှင်နေတယ်လေချစ်သူနဲ့အတူရှိရတဲ့အချိန်တွေကိုတိုက်စားသွားနေ
တယ် ကော်ဖီဆိုင်လေးမှာ အချိန်ကြာထိုင်ပြီး တစ်ခြားတစ်နေရာကိုဆက်သွားခဲ့ပါတယ် စိတ်ကိုပေါ့ပါးစေတယ် လေထုကသန့်ရှင်းမှုကိုသယ်ဆောင်လာပေးတယ် စိမ်းလန်းတဲ့မြင်ကွင်းနဲ့အတူ မြို့ပြကို လွှမ်းခြုံကြည့်လိုရတဲ့နေရာလေးမှာ ချစ်သူနှစ်ဦးအချိန်နာရီတွေနဲ့အတူ မောပန်းမှု ရှုပ်ထွေးမှုတွေကိုမေ့လျော့လိုက်ပြီး ပျော်ရွှင်စရာနေ့ရက်တစ်ခုအဖြစ်မှတ်မိစေလောက်ပါပြီ။