ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday, 12 April 2010

Gtalk မှာ User name ကျန်ခဲ့မှာဆိုးလား


ကျွန်တော်လည်းစာမရေးဖြစ်တာကြာပြီ အချိန်မရလို့ပါ ရတဲ့အချိန်လေး ၀င်ဝင်ရေးရတယ် အခု Gtalk ဆိုတဲ့ Google Talk အကြောင်းလေးပါ ကျွန်တော်မြင်တွေ့နေရတယ် ဘာကြောင့်လည်းဆို  User တွေပါ သူတို့နာမည်လေးတွေကျန်မှာဆိုးလို့ User name မှာ လျှောက်ရိုက်ခဲ့တယ် တကယ်တော့ ကျန်ပါတယ် လောလောဆယ်အဆင်ပြေဖို့အတွက်တော့ ပြောပြလိုက်ပါတယ် user name and password မှာ လျှောက်နှိပ်ပြီး enter ခေါက်ခဲ့ပေါ့ အဲလိုလုပ်လည်းကျန်နေခဲ့သေးတာပါပဲ ကဲ ရှည်နေလိုက်တဲ့စကား စနေသားဖြစ်လို့ပဲ ဒီလိုပါခင်ဗျာ သုံးတဲ့သူမှန်သမျှ Registery မှာ ကျန်နေခဲ့ပါတယ် ရှာချင်တယ် ဖျက်ချင်တယ်ဆိုရင်တော့ win + R နှိပ်ပါ မသိသေးရင်တော့ Start / Run ပြီးရင် regedit ဆိုရိုက်ပြီး ok HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။

Friday, 9 April 2010

ဘအပေါင်းဝ

ဖြစ်ချင်တဲ့ ရည်ရွယ်ချက်က
တစ်ခုတည်း ..
လုပ်နေရတာတွေက ဗလပွအမြဲ
အဲဒါ လက်တွေ့ ပုံမှန်တွေပဲလား
တွေးကြည့်လွယ်တဲ့ ဘဝ
ငါပြေးကြည့်တော့ ကြုံဆုံလိုက်ရ
အဲဒါ ဘ၀..
မမောပန်းပါ ဆက်လျှောက်နေဦးမှာ
(ခရီးများအဆုံးထိပါ)
ထိုင်နေရတဲ့ ဘ၀ အိမ်
ငါလေ မနှစ်မြို့
အဝေးကိုပြေးထွက် မုန်တိုင်းကိုကူးခက်ခြင်းတွက်
နောင်တမရှိ အလွမ်းတွေတော့
ခရီအဆုံးးထိပေါ့
(အိမ်လွမ်းသူ)ပေါ့...။

G-talk ချက်သမျှ သိမ်းမထားချင်ရင်


G-talk chat ထားတာတွေကို သိမ်းမထားချင်ရင် ဒီလိုလုပ်ပါ
1.Google Talk မှ settings
2.Chat ကို click ပါ
3.Don't save chat history in my Gmail account ကို click ပေးပါ
ပြီးရင်တော့ Ok ပေါ့ဗျာ...

Wednesday, 7 April 2010

ဖျက်မရအမှား



ဖျက်လို့မရတဲ့ အမှားပါ  ဘာရည်ရွယ်ချက်မှကိုမရှိဘူး ဟီးဟီး လှတယ်မလား တကယ်တော့ ဒီလို တက်တူး ထိုးတယ်ဆိုတာ အများအားဖြင့်မကြိုက်ကြပါဘူး မထိုးတာကောင်းတယ်လို့တော့ ပြောလို့မရဘူး ကြိုက်တဲ့ သူကတော့ ထိုးမှာပဲပေါ့ ဘာဖြစ်ဖြစ် ကိုယ့်စိတ်သာအဓိကပါ ကျွန်တော်တော့ ကြိုက်လို့ထိုးတာ ဖျက်ရတယ်ထားဦး မဖျက်တော့ဘူး သေရာပါလေးပေါ့ ကြိုက်လိုထိုးတာ ဖျက်ဖို့ထိုးတာမှမဟုတ်တာ ဟုတ်တယ်မလား အဖော်ခေါ်နေတာနော် :P ပထမ တစ်ခါထိုးတုန်းက သေးသေးလေး ကနုတ်လေ နောက်တစ်ခါတော့် ဇပြင်းးလာပြီ လက်တစ်ဝက်လောက် ထိုးလိုက်တယ် ထိုးပြီးနောက်နေ့မှတော်တော်နာလာတယ် နံနက် (9)ရီထိုးလိုက်တာ မကြာပါဘူး (10) ကျော်မှာ ပြီးသွားတယ် တစ်ချို့ရဲ့ ထင်မြင်မှု တွေရှိပါတယ် မှားတယ်လို့ထင်မြင်ချက်ကိုယူဆလို့မရဘူး ဒါထိုးခြင်းအားဖြင့် ရောဂါတွေ ၀င်ရောက်နိုင်တယ်ဆိုဒါလေ ဟုတ်မှာပါ တစ်ချို့လည်း သူငယ်ချင်းအချင်းချင်းစမ်းထိုးတာတွေရှိကြတယ် အပ်တွေ ဆေးတွေနဲ့အတူတူထိုးကြိတယ် တကယ်တမ်းထိုးမယ်ဆို တက်တူးထိုးရတာ တန်ဖိုးပေးရတာများတယ်ဆိုပေမဲ့ စိတ်ချရတယ် ပါကင် အပ်တွေ ဆေး သီးသန့်တွေ ပြောရမယ်ဆို ဒါထိုးဖို့အတွက် ကိုယ်စိတ်တိုင်းကြ အသုံးဆောင်ရွေးချယ်ထိုးတာအကောင်းဆုံးပါ ဒါဆို ဘာမှမဖြစ်ပါဘူး ဒါထိုးတိုင်း ဒီရောဂါတွေဖြစ်မယ်ဆိုရင် တွေးကြည့်ပါ ဟုတ်တယ်မလား အဓိက ကတော့ထိုးမယ်ဆိုဆုံးဖြတ်ပြီးမှ ဒါလေးအရင်စမ်းထိုးမယ်မလုပ်နဲ့ပေါ့ ကိုယ်ထိုးချင်တာဒါကြီး စိတ်တိုင်းကျ ကောင်းတဲ့နေရာမှာသွားထိုးလိုက်ပါ ဘာကြောင့်လည်းဆို ဖျက်လို့မရတဲ့အမှားကြီးလေ စာရွက်ပေါ်က ရေးခြစ်ပြီးသား ခဲဖြက်နဲ့ ပြန်ဖျက်သလိုမလွယ်ကူးပါဘူး ကျွန်တော်ကတော့ ဘာပုံထိုးလိုက်လည်းဆို ပုံမှာကြည့်လိုက်ပေါ့ဗျာ ကျွန်တော်ရေးခဲ့တဲ့ ပို့စ် တစ်ချို့မှာရှိတယ် အဲဒီအကောင်ကို သဘောအရမ်းကြတာ ဒါကြောင့် အဲဒီပုံထိုးလိုက်တာ အဆင်ပြေလို့ ပုံလေးထည့်ပြီးပြလိုက်တယ်နော် ...


Thursday, 1 April 2010

ကာလာမဲ့ ကဗျာ

အရာရာခွဲခွာ တစ်သက်စာ
ဝဋ်ကြွေးတွေရှိနေလို့လား
ကြုံဆုံနေသမျှ ခွဲခွာသွားရခြင်းက
အဆုံးသက်ဦးမှာလား ။။

ငါ့မျှော်လင့်ချက် ငါလှမ်းခဲ့ပေမဲ့
အဆုံးသက် အနာဂတ်မှာလေ
ငါတစ်ယောက်တည်းပဲလား
ဥယျာဉ်လေးမှာ ပန်းပွင့်ဝေဆာ
လှပပွင့်ဖူး သာယာနေချင်သေး ..။

အိပ်မက်မဟုတ် ဟုတ်ခဲ့ဘူးလည်း
လျှောက်လှမ်းနေပြီ ခြေလှမ်းတွေသည်
ဟိုးအဝေးဆီ  ခိုင်မြဲချင်ပြီ