ကျနော် ဘလောဂ်နဲ့ဝေးနေတာ တော်တော်လေးကြနေပေါ့ဗျာ အခုလွမ်းလွန်းလို့ ရတဲ့အချိန်လေး ခဏမှာ
Blogger တစ်ယောက်ရှိပါသေးတယ်ဆိုတာ လာပြောလိုက်တာပါ :D အရင်လို အလုပ်က ထိုင်လုပ်ရတာ
မဟုတ်တော့တဲ့ အတွက်ကြောင့် Post တွေကို အလင်မှီအောင် မတင်ပေးနိုင်တာပေါ့ လက်ရှိလုပ်နေတာ
အခြေအမြစ်မရှိတဲ့ အလုပ်ဆိုပါတော့ဗျာ ဘာအလုပ်လဲဗျာဆို Internet WiFi & Computer Service လိုက်လုပ်
နေတာကြောင့်ပါ။ ဖုန်းဆက်လာလိုက် ပြေးလိုက် နယ်ဘက် Hotel တွေ WiFi သွားဆင်လိုက်နဲ့ဆိုတော့
ကျနော့် ဘလော့ဂ်ကို အားတောင်နာနေရတာပေါ့။ ဒါပေတီး တောင်ကြီး တန်ဆောင်ျံတိုင် ရောက်တော့မှာ
ဒီလကုန်ဆိုစပြီး ဒီတော့ မီးပုံးပျံ သတင်းနှင့် ဓါတ်ပုံတွေတော့ တင်နိုင်အောင်ကြိုးစားသွားပါမယ်ဗျာ။
အခုတော့ ဒီလောက်ပေါ့ အလုပ်လေးပြီးလို့ အိမ်ပြန်ရမှာ အလှန်းဝေးလို့ ဘိုင့်ဘိုင့်နော် ။
Saturday, 25 October 2014
Tuesday, 5 August 2014
တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ဖိုရမ် ဖွင့်ပွဲ (တောင်ကြီး)
ရှုမ်းပြည်နယ်(တောင်ပိုင်း)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်ကျင်းပပြုလုပ်သည့်
တောင်သူလယ်သမား၊အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို
သြဂုတ်လ(၃)ရက်နေ့၊ နံနက် (၈း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့မြို့တော်ခန်းမတွင်
ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပါတီဝင်လူငယ်များမှတို့ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့်
သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာရှမ်းပြည်နယ်(တောင်ပိုင်း) နယ်မြေတာဝန်ခံ
ဗဟိုအလုပ်အမှုဆောင်ဦးအောင်ထွန်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)မှအဖွင့်အမှာစကားပြောကြားပြီးရှမ်းပြည်နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးစ၀်အောင်မြတ်မှထပ်ဆင့်အမှာစကား ပြောကြားပြီးနောက် တောင်သူလယ်သမား၊
အလုပ်သမားနှင့်
လူငယ်ဖိုရမ်တို့၏
လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီးရှမ်းပြည်နယ်(တောင်ပိုင်း)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ
အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးညဏ်လင်းမှ
ရှင်းလင်းပြောကြားပြီးနောက် ပါတီဝင် လူငယ်များမှတို့ခြင်္သေ့ပါတီသီချင်းဖြင့်
သီဆိုဖျော်ဖြေပြီး အခမ်းအနားကိုနံနက်(၉း၃၀)နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါအခမ်းအနားသို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်များ၊
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊
ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်အသီးသီးမှ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ဖိုရမ်သို့
တက်ရောက်လာသည့် မြို့နယ်အသီးသိးမှ ကိုယ်စားလှယ်များ၊
ရပ်ကွက်/ကျေးရွာအုပ်စုမှ
စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊မိတ်ဖက်ပါတိမှ ကိုယ်စားလှယ်များ၊ လူမှုရေး
အသင်းအဖွဲ့ဝင်များ၊စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့်ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို
ဖိုရမ်ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး
ပြည်နယ်ပါတီရုံးတွင်
ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့်ဖိုရမ်ဆွေးနွေးခြင်းကို (၃.၈.၂၀၁၄)ရက်နေ့မှ
(၅.၈.၂၀၁၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ြေ)ကာင်း သိရှိရပါသည်။
Friday, 1 August 2014
TeamViewer Software (For Computer)
TeamViewer ဆိုတော်တော်များများ သိနေပြီးသားဖြစ်မှာပါ သိသူကျော်သွားနိုင်ပါတယ် နည်းနည်း လျှာရှည်ပြီး ရှင်းပြချင်သေးလို့ပါ အရင်တင်ပေးဖြစ်လားတော့မသိပါဘူး လွန်ခဲ့တဲ့ ရက်အနည်းငယ်က လေယာဉ် လက်မှတ်အရောင်း ဌာနမှာ WiFi သွားစစ်ပေးတော့ သူတို့သုံးထားတာလေးတွေ့လို့ အမှတ်ရတာနဲ့ ပြန်တင်ပေးလိုက်တာပါ သူ့ကို ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သုံးလို့ရသလို ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်အသုံးပြုလည်းရပါတယ် ယခု ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ပြီးသုံးတဲ့နည်းကိုပြောမှာပါ။ (ချိတ်ဆက်မဲ့ ကွန်ပျူတာ နှစ်လုံးမှာ အင်တာနက်ရှိဖို့တော့လိုအပ်ပါတယ်)။ ကျတော် တင်ထားပေးတဲ့ TeamViewer Software ကို ဒေါင်းလုပ် လုပ်လိုက်ပါ မိမိ ကွန်ပျူတာမှာ အင်စတော့လုပ်လိုက်ပါ Run နှိပ်လိုက်ပြီးနောက် ကျတော်က Personal ကိုရွေးထားပေးတယ် ပုံမှာကြည့်လိုက်ပါ။ Install လုပ်ပြီးပါက ပုံ (2) ကိုမြင်တွေ့ရမှာပါ။ မိမိနဲ့ ချိတ်ဆက်မဲ့ နောက် ကွန်ပျူတာမှာလဲ ဒေါင်းထားတဲ့ Software ကို သွင်းထားပေးပြီး ဖွင့်ထားရမှာဖြစ်ပါတယ်။ တစ်ခြားကွန်ပျူတာမှ Your ID နံပါတ်ကို မိမိကွန်ပျူတာရဲ့ Partner ID နေရာမှာ ထည့်ပေးရမှာပါ connect to partner ကိုနှိပ်ပေးလိုက်ပါ ခဏနေရင် Password လာတောင်းလိမ့်မယ် တစ်ခြားကွန်ပျူတာမှ Password ကိုယူပြီးထည့်ပေးလိုက်ပါ connect လုပ်လိုက်ရင် ရပါပြီ ဒါဆို တစ်ခြားကွန်ပျူတာမှာ ဘာလုပ်နေလည်းဆိုဒါရယ် ထိုစက်မှ ဒေတာတွေကို ရယူနိုင်မယ် စသဖြင့်ပေါ့ဗျာ ကိုယ်တိုင်လုပ်ကြည့် သုံးကြည့်ရင် ပိုသိပါလိမ့်မယ် ကျတော် ဒီလောက်ပဲ လျှာရှည်တော့မယ်နော်... :D
![]() |
| picture 1 |
| ||||||||||||
| Picture 2 |
Whistle Camera Apk
လေချွန်ယုံလေးနဲ့ ဓါတ်ပုံရိုက်လို့ရတဲ့ camera apk လေးဖြစ်ပါတယ် သူများကိုရိုက်ခိုင်းစရာမလိုတော့တာပေါ့ တစ်ခုတော့ရှိတယ် လေချွန်တက်ဖို့တော့လိုမယ်နော်.. :D ဒေါင်းပြီးတော့ သုံးကြည့်လိုက် အရမ်းမိုက် သြော် setting ထဲမှာ sensitiv ကို level 1 ရွေးပေးထားလိုက်ပါ ပိုပြီးအဆင်ပြေတာပေါ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။
Thursday, 24 July 2014
လူကိုမုန်းရင်မူကိုသုံး တယ် လူကိုခင်ရင်မူကိုပြင်တယ် လို့ မင်းကိုနိုင်ဆို
"ဥပဒေဆိုတာ ကျနော်သိသလိုပြောရရင် ကျနော်တို့ တိုင်းပြည်မှာ လူကိုမုန်းရင်မူကိုသုံး တယ် လူကိုခင်ရင်မူကိုပြင်တယ် ဆိုတဲ့
အတိုင်း မူနေရာမှာ ဥပဒေထားလိုက်
လို့ရှိရင် အစိုးရနဲ့ အဆင်ပြေလို့ရှိရင်တော့ ဥပဒေနဲ့ အဆင်ပြေတာပေါ အဆိုးရနဲ့ အဆင်မပြေဘူးဆိုရင်တော့ အဲဒီဥပဒေ
ဆိုတဲ့အရာတွေက ကျနော်တို့ကိုနှိပ်ကွပ်တော့တာပဲ။
အဲဒီတော့ ဥပဒေရှေ့မှာ အခြေခံထည့်
လိုက်တဲ့ အခါကြတော့ အခြေခံလူတန်း
စားတွေခံဖို့သာပြင်ထားပေတော့ဆိုတဲ့
အခြေအနေဖြစ်နေပြီ " လို့ မင်းကိုနိုင် ပြော(အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်ကြီး)
Subscribe to:
Posts (Atom)

