ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday, 27 November 2009

Link တွေကိုနေရာညွှန်းရအောင်

လင့်တွေကို "ဒီမှာ" ဆိုပြီးတော့ ညွှန်းတာမျိုးကိုဆိုလိုတာပါ ... ကိုကြိုက်တာကို Select ပေးပြီးတော့ ညွှန်းတာမျိုးကို ဆိုလိုတာပါ . ကဲစမ်းကြည့်ရအောင်

ပထမဆုံး Posting>> Create>> Edit Html ကိုရောက်ပြီဆိုရင်
Example .. ကျွန်တော့်သူငယ်ချင်း မောင်မျိုး ဟာဆိုရင် တော်တော်လေးကို ချစ်စရာအလွန်ကောင်းပါတယ်..
မယုံဘူးဆိုရင်တော့ "ဒီ" ဆိုက်လေးကို သွားကြည့်လိုက်ပါလား .

အဲ့ဒီ့နေရာမှာ ကိုလိုချင်တဲ့ "ဒီ" ဆိုတဲ့ စာလုံးလေးကို selection ပေးလိုက်ပါ ..
အဲပြီးပြီဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း insert link ကလေးကို ကလစ်နှိပ်လိုက်ပါ.
insert link ကတော့ မိမိတို့ post ရေးတဲ့အခါ အပေါ်နားမှာရှိတဲ့ သံကွင်းပုံလေးပါ အဲးဒါလေးကိုနှိပ်ပါ
box လေးပေါ်လာပြီဆိုတာနဲ့ သူနဲ့သက်ဆိုင်တဲ့ လင့်လေးကို ဒီ box လေးထဲမှာ ရိုက်ထည့်လိုက်ပါ.
ဒါဆိုရင်တော့ ကိုညွှန်းချင်တဲ့ လင့်လေးကို ချိတ်ပေးလို့ရသွားပါပြီ ..

Thursday, 26 November 2009

ကျတော်လဲ ဘလော့နဲ့ပတ်သက်တာလေးကိုပို့စ်တင်ဖို့ကြိုးစားနေပါတယ်
ဘလော့လောကထဲရောက်တာတော်တော်နောက်ကျတယ်လေ..အရှေ့က
မိတ်ဆွေကြီးတွေလဲတော်တော်တင်ထားတာတွေကများနေပြီ..အဲဒါကြောင့်
မတင်ဖြစ်တာပါ..ဘာပဲဖြစ်ဖြစ် ဘာလော့ ညီကိုတွေကို ခွင့်တောင်ပြီးကျတော့်
ဘလော့မှာ သူတို့ရဲ့ပိုစ့်တွေကိုစုဆောင်းပြီး တစ်ဆင့်တင်ပြချင်ပါတယ်..ဟီးဟီး
ကောက်စား တော့ဟုတ်ပါဘူးဗျာ ဘလော့ တွေကိုခေါင်းမူးအောင်ရှာစရာမလို
အောင် ကျတော့ဘလော့မှာ စုပြီးတင်ပေးလိုက်ပါမယ်..အခုတော့ခဏစောင့်ပေး
ကြပါဗျာ..
ကျတော့်ဘလော့နဲ့ပတ်သက်တာတွေကို ဝေဖန်ဆွေးနွေးနိုင်ပါတယ်
လိုအပ်တာတွေကိုလဲ ဆီဗုံးမှာ အော်ခဲ့လို့ရပါတယ်ဗျာ..ကျတော်ကြိုးစားပြီး
တင်ပေးပါမယ်..
ဒီပို့စ်နဲ့အတူ ကျတော့်ကိုကူညီပြောဆိုခဲ့သော ဘလော့ဂါများကို
လဲကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်..
အစဉ်လေးစားလျှက်..

Wednesday, 25 November 2009

ဝင်ရိုးစွန်းမှာ

..........၀င်ရိုးစွန်းမှာ.............

နင်ဟာငါ့ရဲ့ စကားလုံးတွေ
သီချင်းများကိုပြောင်မြောက်စေသူ....

နင်ဟာငါ့ရဲ့  မိုးစက်လေး
သက်တန့်  တွေရဲ့ မျက်ခုံးပေါ်ကကောင်မလေးတစ်ယောက်...

နင်သာငါ့ရဲ့ မီးတောက်
မီးဖိုလေးကိုနွေးစေခဲ့.........

နင်ဟာငါ့ရဲ့  မျိုးစေ့
ငါ့သစ်ပင်တို့  စိမ်းလန်းစွာ........

ငါ့ဝင်ရိုးစွန်းမှာ နင်ရှိတယ်

နင်ဟာငါ့ရဲ့  ကိုယ်ယောင်ပြသူ
အလင်းရောင်ထိုးတိုင်း လန့် လန့် နိုးတက်တဲ့အိမ်မက်

နင်ဟာငါ့ လူလိမ်
အရှံးထဲကငါ့ဘ၀ကို အဖက်ဆယ်ဖို့  ကြိုးစားခဲ့တဲ့တဲ့လူလိမ်..

ဝေးလိုက်ကြပါအုံးစို့ 

နူတ်ဆက်လို့  ပြန်တွေ့ ကြတဲ့အခါ....................

ကောင်းဇော် (ရန်ကုန်)

Tuesday, 24 November 2009

ရူးနေတဲ့ကဗျာ

.....ရူးနေတဲ့ကဗျာ......

ခလုတ်တိုက် မိသွားလား?

ငါမပိုင်တဲ့ကျောက်ခဲလေးရယ်...


အလွမ်းမိုးမိသွားလား?
.
ငါမနိုင်တဲ့သက်ရှိလေးရယ်....

ဝါဂွမ်းတစ်စလို မထိရက်မကိုင်ရက်နဲ့
ငါ့လက်က မီးတွေကူးမှာစီုးတယ်.....

ကဲ..... ပြဇတ်လိုပဲမှက်ကြပါစို့ 
မိက်ကပ်လူး ကာချယ်အဖွေးသားနဲ့ 
ရုးနေတဲ့ကဗျာ တစ်ထောင့်တစ်ညစာ

ဆက်ရေးကြပါအုံးစို့ ။
ကောင်းဇော်..

Monday, 23 November 2009

ဂျီမေးနဲ့ဂျီတော့အတွက်လုံခြုံမှုရှိစေမဲ့ဆော့ဖ်ဝဲ

ဂျီမေးလ် ၊ ဂျီတော့ခ် အသုံးပြုရာမှာ ကိုယ့်ရဲ့ အချက်အလက်တွေကို တစ်စုံတစ်ယေက်က ကြားဖြတ်ခိုးယူ အသုံးပြု၊ ကြည့်ရှုနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပေမယ့် ဒါကို ဆော့ဖ်ဝဲတစ်မျိုးနဲ့  လုံခြုံအောင်ဖန်တီးနိုင်တယ်လို့ သိရပါတယ် ...


မေးလ်ပို့ တာဘဲဖြစ်ဖြစ်၊ ဂျီတော့ခ်ပြောတာဘဲဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ်ဆက်သွယ်နေတဲ့ လူနှစ်ယောက်ကြားမှာ တစ်စုံတစ်ယောက်က ကြားဖြတ်ကြည့်ရှုနိုင်တယ်... ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်စကားပြောတဲ့အခါ ကြားထဲမှာ ဖြတ်သွားရတဲ့ hop တွေက အများကြီးဘဲ... ဘယ်လိုမှလုံခြူံမှုမရှိနိုင်ပါဘူး...
Simp Lite လို့ ခေါ်တဲ့ ဆော့ဖ်ဝဲက ဂျီမေးလ်နဲ့ ဂျီတော့ခ်အတွက်လုံခြုံမှုပေးတယ်လို့ သိရပါတယ် ...ဒါပေမယ့် နှစ်ဦးနှစ်ဖက်စလုံးမှာ ဆော့ဖ်ဝဲရှိမှ အပြည့်အ၀လုံခြုံနိုင်တယ်လို့ သိရပါတယ် ...ဂျီမေးလ်နဲ့ ဂျီတော့်ခ်နှစ်ခုလုံးကို TLS encryption ကထောက်ပံ့ပေးထားပါတယ်...Google ကနေ download , upload , send လုပ်တာတွေမှာ တစ်စုံတစ်ယောက်က ကြားကနေဖြတ်နိုင်တဲ့ အလားအလာတွေရှိပါတယ် .. Google Talk ဟာ TLS ကိုပုံသေ သုံးထားပြီး " http " အစား " https" အနေနဲ့  https://mail.google.com မှာ browser ကိုထားမယ်ဆိုရင် ဂျီမေးလ်က TLS ကို သုံးမှာပါ ...
TLS/HTTPSကိုအသုံးပြုတာဟာ ကိုယ့်ကွန်ပျူတာနဲ့  Google ရဲ့ ဒေတာစင်တာကြားမှာ secure channael တစ်ခုကို ဖန်တီးပေးပါတယ်... သည်အချက်က ကိုယ့်ကိုယ့်ကွန်ပျူတာကို Wi-Fi hotspot လို public နက်ဝင်တစ်ခုနဲ့  ဆက်သွယ်ထားတဲ့ အချိန်မှာ အလွန်အရေးကြီးတဲ့ အချက်ဘဲဖြစ်တယ် ..Secway ကထုတ်တဲ့ SimpLite ဆော့ဖ်ဝဲကို free ရနိုင်ပါတယ် ..

ဒီဆော့ဖ်ဝဲကို ကိုယ့်စက်ထဲ download လုပ်ထားရမယ် .. ကိုယ်နဲ့ ဆက်သွယ်မယ့်သူမှာလဲ ဒီဆော့ဖ်ဝဲရှိနေမယ်ဆိုရင် လုံးဝလုံခြုံမှုရှိသွားပြီ .. အချင်း၂စကားပြောပြီဆိုရင် လုံခြုံမှုရှိတယ်ဆိုတဲ့ သင်္ကေတပြမယ် ... တကယ်လို့ ဒီဆော့ဖ်ဝဲမရှိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလာဆက်သွယ်ပြီဆိုရင် လုံခြုံမှုမရှိဘူးဆိုတဲ့ သင်္ကေတပြလိမ့်မယ် ... ကိုယ်က cyber တွေမှာလဲသုံးမယ် .. တခြားတစ်နေရာသွားမယ်ဆိုရင်လဲ ဆော့ဖ်ဝဲကို စတစ်ခ်ထဲထည့်ပြီး သိမ်းထားပေါ့ .. ကိုယ်သုံးမဲ့ နေရာရောပက် စတစ်ခ်လေးထိုးပြီးသုံးရင် အဆင်ပြေပါတယ် ...