ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday, 5 October 2015

Photography နှင့်ဆိုင်တဲ့ စာအုပ်များ

Photography နှင့်ဆိုင်တဲ့ စာအုပ်များဖြစ်ပါတယ် အောက်မှာ Download ယူရန် အောက်မှာ လင့်ပေးထားပါတယ် မူရင်းတင်တဲ့သူမသိတဲ့အတွက် မူရင်း Credit ပေါ့ :D အင်္ဂလိပ်လို မြန်မာလို နှစ်မျိုးလုံးပါပါတယ် ကျေးဇှူးတင်ပါတယ်ခင်ဗျ



စားအုပ်ယူရန် Download

Saturday, 19 September 2015

ဘာ Software မှ မလိုပဲ Folder Lock ချနည်း

အရင် ဆုံး notepad ကို ဖွင့်လိုက်ပါနော် ပြီးရင် ကျွန်တော်ပေးမဲ့ comment လေးကို copy လုပ်ပေးပြီး
notepad မှာ paste လုပ်လိုက်ပါ ပြီးရင် save ပေးပါ save name as ဆိုတဲ့ နေရာမှာ Lock.bat ဆို့ တဲ့ နာမည်နဲ့ save ပေးပါနော်
(၁) သူငယ်ချင်းတို့ save ထား တဲ့ notepad လေးကို desktop ပေါ် တင်လိုက်ပါ
(၂) ခဏက တင်လိုက်တဲ့ bat file လေး run လိုက်ပါ
(၃) desktop ပေါ်မှာ private ဆိုတဲ့ floder လေ ပေါ်လာတာ တွေ့ရမှာပါ
(၄) private တို file ထဲ မှာ ကိုယ် lock ချထား ချင်တဲ့ data တွေ ကို ထဲ့လိုက်ပါ
(၅) နောက် တစ်ဆင့် အနေနဲ့ကတော့ example.bat ဆို တဲ့ file ကို ထပ်ပြီး run ပေးပါ
You can set Password as you like. Don’t use my name “ZARNI”  :P :P :P(Y/N) ဆိုတာပေါ်လာပါလိမ့်မယ် ဗျာ လိုချင်တဲ့ password ကို စိတ်တိုင်းကြပေးလိုက်ပေါ့နော်
ပြီးရင် Type your password to unlock folder  ဆိုတာပေါ်လာပါလိမ့်မယ် Y ကို ရိုက်ပြီး enter ခေါက်လိုက်ပါ
private ဆိုတဲ့ file လေး ပြောက်သွားတာ တွေ ရပါလိမ့်မြင်ရပါမယ်
ကိုယ် ဖွက်ထားတဲ့ flie တွေ ပြန်ဖော် ချင်တယ်ဆိုရင် desktop ပေါ် တင်ထား တဲ့ Lock.bat ဆိုတဲ့ bat file လေးကို run လိုက်ပါ
Enter Password to Unlock Folder ဆိုတာ ပေါ်လာပါလိမ့်မည် သူငယ်ချင်းတို့ ခဏက ပေးထားတဲ့ password ကို ထဲ့ ပြီး enter ပြန်ခေါက်လိုက်ပါ
private ဆိုတဲ့ file လေးပေါ်လာပါလိမ့်မည် ခင်များ စမ်းကြည့် ချင်တယ်ဆို ရင် အောက်မှာ copy ကူး သွားနိုင်တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo You can set Password as you like. Don’t use my name “ZARNI”  :P :P :P(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Type your password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End
==================================

Tuesday, 23 June 2015

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ

Air Plane mode


မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ..
လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။
အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။
Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။
ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။
မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။
ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။
ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (MMAS)

Saturday, 23 May 2015

Skynet cgi login ဖွင့်နည်းလေးပါ

Skynet သုံးသူများအတွက် cgi login page ဖွင့်နည်း
ဒီပိုစ့်လေးမှာ ကျနော် skynet သုံးသူများအတွက် cgi page ကြည့်နည်းကိုမျှဝေပေးပါ့မယ်။ အဲ့ဒီ cgi page ကိုကြည့်ခြင်းအားဖြင့် မိမိရဲ့ ကွန်နက်ရှင်ဘယ်လောက်ရှိလဲ  signal ဘယ်လောက်မိလဲဆိုတာကို သိရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ page ကိုဖွင့်လိုက်တိုင်း 502 cgi page error ဆိုတာတက်နေပါတယ်။အဲ့ဒါရုံးကိုဖုန်းဆက်ကြည့်တော့သူတို့လည်း မသိကြောင်း၊ နောက်မှသိရသည်မှာ ISP မှ cgi login page ကိုပိတ်ထားကြောင်းသိရပါတယ်။အဲ့ဒီတော့ ကွန်နက်ရှင် ဘယ်လောက်ရှိလို့ရှိမှန်းမသိ လိုင်းပြုတ်လားမပြုတ်လားမသိဖြစ်နေပြီး ဒီလိုလေးဘဲ အင်တာနက်ကိုသုံးနေရတာပေါ့။ အခု အဲ့ဒီ page ကိုဘယ်လိုဖွင့်မလဲဆိုတာ ပြသွားပါ့မယ်။ ရုံးကလူတွေသိရင်တော့    အဲ့လိုဖြစ်မှာ သေချာတယ်။ ဒါကတော့ အရင်ပုံပါ။ cgi page login ၀င်နည်းကတော့ internet explorer မှာ 

http://xxx.xx.xx.xxx:8080/x.cgi

အောက်ပါ error လေးတက်ပါလိမ့်မယ်



အဲ့ဒါအခုအချိန်မှာဖြစ်နေတဲ့ ပုံနော်။ ကဲဒီအတိုင်းရိုက်လိုက်။
Code: [Select]
http://xxx.xx.xx.xxx:8080/xwebgateway.cgi?page=
အဲ့ဒါဆိုရင် အခုလိုပုံမျိုးပြန်ရမယ်။


ကဲအဲ့ဒါဆိုရင် ကိုယ်ရဲ့ကွန်နက်ရှင်လေးကို ဘယ်လောက်တက်လဲဆိုတာကြည့်လို့ရပါပြီ။ အခုသုံးလိုက်တာနည်းပညာကတော့ html surfing လုပ်လိုက်တာပါ   
မှတ်ချက်။ xxx.xx.xx.xxx နေရာတွင် ကိုယ်ရထားသော အိုင်ပီထည့်ပေးရန် ။။


Credit : IT Camp

Thursday, 26 March 2015

Photo Museum

Facebook မှာ Photo Museum ဆိုပြီး ကျနော်ရိုက်ထားတဲ့ပုံတွေကို Like Page လေးလုပိထားပါတယ် သဘာဝအလှ ဓါတ်ပုံတွေချစ်မြတ်နိုးသူများ  လာရောက်အားပေးပါဦးလို့ ဝေဖန် အကြံဥာဏ်ပေးသွားနိုင်ပါတယ်
အောက်က Link ကိုနှိပ်ပြီး Photo Museum Page လေးကို သွားနိုင်ပါတယ်ခင်ဗျ
တော်တော်များများ Facebook အကောင့်ရှိပြီးသားဆိုတော့ အဆင်ပြေမှာပါ ကျေးဇူးပါ

https://m.facebook.com/profile.php?id=290173984440108