ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 26 December 2013

လေးဖြူ သီချင်းသစ် (စိတ်ပူတယ်)

လေးဖြူ သီချင်းသစ် (စိတ်ပူတယ်)
နားထောင်မယ်ဆို အောက်မှာဒေါင်းလုပ်ယူသွားနိုင်ပါပြီ....



လေးဖြူ စိတ်ပူတယ် Download

Friday 20 December 2013

Zapya လာပြီ For pc

ပို့စ်မရေးခင် တစ်ခုလောက်တောင်းပန်ပါတယ် နောက်ပိုင်း ဘလော့မှာ ပို့စ်တွေမတင်ဖြစ်တာတော်တော်ကြာနေပါပြီ အလုပ်မအားတာထက် ကိုယ်ပိုင်အချိန်အရမ်းနည်းသွားလို့ပါ ခုနောက်ပိုင်း ကြိုးစားပြီး ပို့စ်တွေ ပြန်ရေးပါတော့မယ်ခင်ဗျာ... လစ်ဟင်းသွားတဲ့ အချိန်တွေအတွက် ကျတော့်ဘလော့ပရိတ်သက်ကို တောင်းပန်ပါတယ်ခင်ဗျာ....

ကွန်ပျူတာတွေအတွက် Zapya လာပါပြီ ကွန်ပျူတာထဲက apk and game တွေကို wifi hotspot စနစ်ဖြင့်ပို့လို့ရနေပါပြီ ပြောနေတာ ဖတ်ရတာကြာနေသေးတယ် ကိုယ်တိုင်ဒေါင်းပြီး ကလိကြည့်လိုက်ပါဗျာ အောင်မှာ ဒေါင်းလုပ်ပေးထာပါတယ်။




Zapya Download For pc

Facebook Fan Page သို့ မဟုတ် Facebook Like Page ပြုလုပ်နည်း



အခုတလော  Facebook မှာ  Page လုပ်သူတွေ  တအားများလာတာတွေ့ တယ်

မလုပ်တတ်သေးသူတွေ ရှိနေလို့    ပြုလုပ်နည်းအသေးစိတ်  ရေးတင်လိုက်တာ

တစ်ဆင့်ချင်းလုပ်ကြည့်  10 မိနစ်မကြာဘူး ။  နာမည်ကျော်  မင်းသား မင်းသမီး

ကုန်ပစ္စည်းကြော်ငြာ  သတင်း  နည်းပညာ  နယ်ပယ်အစုံကနေ  Fan Page တွေ

ပြုလုပ်လာကြပီး  အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ

အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ  ပုံတင်တာ  လူအများကြီးဆီကို

ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ  ကြော်ငြာထည့်တာ   လူသိဖို့ သိပ်မမြန်ဘူး

နာမည်ရပီး  Like သူများတဲ့  Fan Page မှာ  ကြော်ငြာရင် ခဏလေးနဲ့  လူသိများ

နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့်  ကုမ္ပဏီတွေ  မင်းသားမင်းသမီးတွေ Fan တွေ

လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား

သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး

Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ  အများကြီး လုပ်လို့ ရတယ်

ပြုလုပ်ချင်သူများ  အောက်ကလင့်မှာ  တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ


ဒီလင့်မှာ Faebook Fan Page တစ်ခု သွားလုပ်ပါ - www.facebook.com/page



ရောက်ပီဆို အမျိုး 6မျိုး မြင်ပါလိမ့်မယ် ကြိုက်တဲ့ အကွက်ရွေးပြီးလုပ်လို့ ရတယ်

Brand and Product ကို ရွေးနှိပ်လိုက်ရင် စာတွေဖြည့်ရပါလိမ့်မယ် ဆက်ဖြည့်ပါ

Choose a category မှာ တစ်ခုခု ရွေးလိုက်ပါ  Brand of Product မှာတော့ကိုယ့်

လုပ်မယ့် Fan page  အကြောင်းအရာပေါ့ နမူနာ Daily News ဆိုပီး ပေးလိုက်တယ်

ပီးရင် I agree ဆိုတဲ့အကွက် အမှန်ချစ်ပြီး Get Started နှိပ်လိုက်ပါ ။ဒါဆို ရပါပြီ

နောက်တစ်ဆင့်မှာတော့ Facebokk သာမာန်လုပ်တည်းအတိုင်းပါပဲ လုပ်ကြည့်



About = Fan page  အကြောင်း အနည်းငယ်ရေးပါ ( နမူနာ နေ့ စဉ်သတင်းများ)

Profile = ဒါတော့ ပုံထည့်ပေးဖို့  အဆင်ပြေတဲ့ပုံ သင့်တော်ရာပုံထည့်လိုက်ပါ

Add to favourites မှာ Skip နှိပ်လည်းရတယ်  Add to favourites နှိပ်လည်းရတယ်

Reach more people မှာတော့  Skip နှိပ်လိုက်ပါ  ။  Free Page လုပ်တာမလို့ ပါ

ဒါဆို Fan page တစ်ခုရလာပီ ။ ကိုယ်နှစ်သက်ရာ ကဗျာ နည်းပညာ စာပေများကို

ရေးသားပြီး Like သူများတဲ့ Page တစ်ခုဖြစ်အောင် ကြိုးစားနိုင်ပါပြီ. Good luck :

credit: မောင် (စွယ်စုံကျမ်း)

Internet Download Manager 6.18 Build 11 | 5.7 MB

Internet Download Manager အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
12လပိုင်း 15 ရက်နေ့မှာ အပ်ဒိတ်လေးထွက်လာပါပြီ .....
Fack Serial Number ဖြစ်မဖြစ် စမ်းပြီး အဆင်ပြေလို့တင်ပေးလိုက်ပါတယ် 
 အသုံးပြုမယ့်သူငယ်ချင်းများ
အနေနဲ့ အောက်ကလိပ်စာမှာရယူုနိုင်ပါတယ်


 
သူမှာလိုင်စင်ရဖို့အတွက် Patch ဖိုင်အသုံးပြုရမှာဖြစ်ပါတယ်

Patch ဖိုင် က တစ်ချို့သော Fre antivrius တွေနဲ့မတည့်တာမျိုးဖြစ်တတ်ပါတယ်
အဲလိုဖြစ်တဲ့အခါ antivrius ခဏပိတ်ထာပေးပါ 
  Install လုပ်နည်းကတော့
IDM အဟောင်းကို ဖွင့်ပြီး Exit လုပ်လိုက်ပါ ပြီးရင် ဒေါင်ထားတဲ့ ဆော့စ်ဝဲလ်ကိုသွင်းပါ
ပြီးသွားရင် စက်ကို restar လုပ်ခိုင်းပါမယ် မလုပ်ပါနဲ့  အဲဒါဆို 
သူလိုင်စင်တောင်းတဲ့ ဘောက်လေးပေါ်လာပါ့မယ် Cancel လုပ်လိုက်ပါ
ပြီးရင် ပါလာတဲ့ အပေါ်ဆုံး Patch ဖိုင်ကိုဖွင့်
C:\Program Files\Internet Download Manager\  
ပုံမှ ပြထားတ့အတိုင်းရွှေး ပြီးတော့ ဒုတိယ မြောက် Patch ဖိုင်ကို
 Generate ကိုကလစ် ပြီးတော့ Patchကို ကလစ် 
C:\Program Files\Internet Download Manager\ သွားပြီး ပုံမှာ ပြထားတဲ့
အတိုင်း ရွှေးပြီး Open လိုက်ပါ   ပြီးရင် Auto reg ကိုကလစ် 
ပြီးရင် ဆောစ့်ဝဲလ်ကိုဖွင့်လို့ရပါပီ

Wifi Password တွေကို 95%အမှန်အကန် Hack ပေးနိုင်တဲ့ WIBR+ WIfi BRuteforce Hack APK


WIBR+ WIfi BRuteforce hack APK Download
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော့်ဆရာသမားလည်းဖြစ် ဆေးထိုးဖော်လည်းဖြစ်တဲ့
အိုင်တီ မုဆိုးပေးတဲ့ Application လေးဖြစ်ပါတယ်။ Hacker ကြီးသုံးနေတဲ့ Application ဆိုတော့ နယ်နယ် ရရတော့ မဟုတ်လောက်ဖူးနော်။ ကျွန်တော်ကလည်း ရရချင်းစမ်းသပ်ကလိနေတုန်းပါဘဲ။ အခု Application နဲ့ ရခဲ့ဖူးတဲံWifi Password တွေရှိတယ်လို့ Hacker ကြီးကပြောပါတယ်ဗျာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ Wifi တွေရှိတဲံ ဘော်ဒါများ အတွက် ဒေါင်းယူထားသင့်ပါတယ်ဗျာ။ တစ်ခုတော့ကြိုပြီးပြောပါရစေနော် Hacking ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကလိချင်သူများကလိနိုင်ပါပြီဗျာ။ File Size ကလည်း 146KB လေးဘဲရှိလို့လွယ်ကူ စွာဒေါင်းယူနိုင်ပါတယ်ဗျာ။ သူက Wifi Signal Strength အနည်းဆုံး 50 ရှိမှ Hack ပေးနိုင်မှာပါ။ ဒီကောင်လေး ကိုအသုံးပြီး Hack နေတဲ့အတွက် Phone ကိုမထိခိုက်စေပါဘူး။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application လေးအကြောင်း သိချင်ရင် တော့ ကျွန်တော့်ဆရာ အိုင်တီမုဆိုးကိုမေးမြန်းနိုင်ပါတယ်ဗျာ။ ဖြစ်နိုင်ချေရှိတာတွေကို ဦးနှောက် သုံးပြီး Hack ကြတာပေါ့ဗျာ။

အရေးကြီးတာတစ်ခုကတော့ သူ Hack ပေးနိုင်တဲ့ Wifi အမျိုးအစားတွေကတော့ WPA-PSK-WPA2-PSK စတာတွေကိုဘဲ Hack ပေးနိုင်ပါတယ်ဗျာ။
View bigger - WIBR+ WIfi BRuteforce hack for Android screenshot

View bigger - WIBR+ WIfi BRuteforce hack for Android screenshot

View bigger - WIBR+ WIfi BRuteforce hack for Android screenshot

 View bigger - WIBR+ WIfi BRuteforce hack for Android screenshot

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Thursday 12 December 2013

iphone setting style for android



မိမိတို့ android ဖုန်းရဲ့  setting ကို iPhone ရဲ့  setting style ပုံစံမျိုးလေးနဲ့ အသုံးပြုကြည့်လို့ ရမယ့် App လေးတစ်ခု တင်ပေးလိုက်ပါတယ် အသုံးပြုလိုပါက အောက်က Link မှာ Download ရယူနိုင်ပါတယ်..
ဆော့ဝဲလ်အားရယူရန်
credit to:ကိုဇော်သွင်(နည်းပညာ)(Myanmar Mobile Users Group)

Thursday 21 November 2013

Samsung Galaxy S4



စွမ်းဆောင်ရည်မြင့် Galaxy S4 ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကလိုမျိုး လုပ်ဆောင်ချက်ဖြစ်တဲ့ Air View ကို ဒီလုပ်ဆောင်ချက်ဟာ phone ကို ကိုင်စရာ၊ ထိစရာတောင်မလိုဘဲ ထိန်းချုပ်နိုင်စေပါတယ်။ Smart Stay (Full HD မျက်နှာပြင် ကို ကြည့်လိုက်တာနဲ့ အဆင်သင့် ဖြစ်ပေးနေပါတယ်။) ကို လုပ်ဆောင်ချက်မျိုးနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ သူ့ကို ကောက်ကိုင်လိုက်တာနဲ့ 13 MP camera က အသင့်ဖွင့်ပြီးသား ဖြစ်နေပါတယ်။ S4 16 GB version ကို US carrier အများစုဆီမှာ ဒေါ်လာ ၂၀၀ နဲ့ ရနိုင်ပါတယ်။ (go.pcworld.com/galaxys4)

Tuesday 12 November 2013

တောင်ကြီးမြို့ မြို့မဈေးအနောက်ဘက် မီးလောင်မှုဖြစ်ပွား

11/11/2013 ည(9:30) ချိန်ခန့်တွင်တောင်ကြီးမြို့ မြို့မဈေးအနောက်ဘက် ဈေးပိုင်း ဥက္ကဌ၏ တိုက်အောက်တွင် ဌားရမ်းဖွင့်လှစ်သော လှသီရိ ဖန်စီ အရုပ်အရောင်းဆိုင်တွင် လျပ်စစ်ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမူဖြစ်ပွားကြောင်း ဖြစ်ပွားမူနေရာမှသိရှိရပါသည်။



Sunday 10 November 2013

Android ဖုန်းတွေအတွက် မြန်မာကီးဘုတ် အသစ်ထွက်ရှိ

var moa_n = 4376; var moa_s = 24234; var moa_t = 5;
-->

Android ဖုန်းတွေအတွက် Sulfur’s Myanmar Keyboard လို့ ခေါ်တဲ့ မြန်မာကီးဘုတ် အသစ်ထွက်ရှိလာပါပြီ။ဗားရှင်း 1.0.12 ပါ။Keyboard Theme ကိုလည်း မိမိစိတ်ကြိုက်ပြောင်းနိုင်ပါတယ်။စာလုံး အဆင့်တွေရိုက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့စာလုံးက ဖိထားလိုက်ပါ။ဒါဆိုစာလုံးအဆင့်တွေ ပေါ်လာပါလိမ့်မယ်။ကီးဘုတ်ကို English-Myanmar ပြောင်းချင်ရင်Space Bar ကိုဖိပြီး ဘယ်ညာ ပွတ်ဆွဲရုံနဲ့  Keyboard ပြောင်းနိုင်ပါတယ်။လိုချင်ရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။
အဆင်ပြေပါစေ။

သတိထားရန်
Sulfur’s Keyboard ရဲ့  Setting ထဲက input language ဆိုတာကို သွားမနှိပ်ကြ
နဲ့ နော်။မြန်မာကီးဘုတ် ပြောင်းမရပဲဖြစ်သွားမယ်။တကယ်လို့  input language
ကိုနှိပ်မိလို့  မြန်မာကီးဘုတ် ပြောင်းမရ ဘူးဆိုရင် ဖုန်းရဲ့  Setting ထဲကApplication ထဲက Sulfur’s Keyboardကိုဝင်လိုက်။ပီးရင် Clear Data လုပ်ပေးလိုက်။ဒါဆို မြန်မာကီးဘုတ် ပြန်
ပြောင်းလို့ ရသွားပါလိမ့်မယ်

        ကီးဘုတ်ကို English-Myanmar ပြောင်းချင်ရင်Space Bar ကိုဖိပြီး ဘယ်ညာ 
                                 ပွတ်ဆွဲရုံနဲ့  Keyboard ပြောင်းနိုင်ပါတယ်



            Keyboard Setting ပါ။ဒီ Setting ကနေ တစ်ဆင့် Keyboard Theme                                                                          တွေပြောင်းလို့ ရပါတယ်။             


Jelly Bean Fix ဆိုတာကို on ထားပါ။


ကီးဘုတ်အတွက် အကို Soe Minn Minn အား Credit ပေးရင်း ကျေးဇူးအရမ်းတင်ပါတယ်

Download

ကမ္ဘာ့အမြန်ဆုံး 4G ကွန်ရက်စနစ် ဗြိတိန်တွင် စတင်တပ်ဆင်



ဗြိတိန်နိုင်ငံတွင် ကမ္ဘာ့အမြန်ဆုံး 4G အင်တာနက် ကွန်ရက်စနစ်ကို စတင်တပ်ဆင် အသုံးပြုနေပြီဟု သိရှိရသည်။ EE ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီက တပ်ဆင်သည့် အဆိုပါ ကွန်ရက်ကို အင်္ဂါနေ့က လန်ဒန်မြို့ အရှေ့ဘက်ခြမ်းတွင် စတင်၍ အသုံးပြုခွင့် ပေးခဲ့သည်။ လတ်တလောတွင် တစ်စက္ကန့်လျှင် အချက်အလက် ပေးပို့မှုမြန်နှုန်း 24Mb နှင့် 30Mb ကြားသာ ရှိသေးသော်လည်း အဆင့်မြှင့်မှုများ ပြုလုပ်သွားမည်ဟု EE က ဆိုသည်။ အဆိုပါ 4G ကွန်ရက်သည် အမြင့်ဆုံးအဆင့်ထိ မွမ်းမံ တပ်ဆင်ပြီးပါက တစ်စက္ကန့်လျှင် 300Mb ထိ အချက်အလက် လွှဲပြောင်းနိုင်အောင် မြန်နှုန်းမြင့်လာမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ EE သည် ယခု 4G ကွန်ရက်ကို ကမ္ဘာ့အမြန်ဆုံး Router ဟု သတ်မှတ်ခံရသည့် CAT 6 တွင် တပ်ဆင်မောင်းနှင်စေသည်။ အဆိုပါ Router ကို Huawei ကုမ္ပဏီက ဖန်တီးထားခြင်း ဖြစ်သည်။ လတ်တလောတွင် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သေးသော်လည်း (၂၀၁၄) ခုနှစ်တွင် နိုင်ငံအတွင်းရှိ မိုဘိုင်းလ်ဖုန်းများ အားလုံးလိုလို ချိတ်ဆက်နိုင်သည်အထိ ကျယ်ပြန့်လာမည်ဟု EE က ပြောကြားခဲ့သည်။ EE ၏ ကွန်ရက်စနစ်သစ်သည် လက်ရှိ အသုံးပြုနေသည့် 4G ကွန်ရက်များထက် မြန်နှုန်း (၁၀) ဆ မြင့်တက်လာမည်ဟုလည်း ဆိုသည်။
EE ၏ ခြေလှမ်းသည် ပြိုင်ဘက် ဆက်သွယ်ရေး ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့် O2 တို့ကို ဖိအားပေးမှုလည်း ဖြစ်လာသည်။ EE ၏ 4G ကွန်ရက် အပြည့်အဝ အလုပ်လုပ်ချိန်တွင် အလွန် အရည်အသွေးမြင့်ပြီး အရွယ်အစား ကြီးမားသည့် BluRay ဗီဒီယိုဖိုင်များကိုပင် စက္ကန့်ပိုင်းအတွင်း Download ပြုလုပ်နိုင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။ EE သည် ဗြိတိန်တွင် ပထမဆုံး 4G ကွန်ရက်ကို စတင်တပ်ဆင်သည့် ကုမ္ပဏီဖြစ်ပြီး ယမန်နှစ် အောက်တိုဘာလက အစပြုခဲ့သည်။ ထို့နောက်တွင်မှ ယခုနှစ် အစောပိုင်းတွင် O2 နှင့် Vodafone တို့ကပါ 4G ကွန်ရက်များ အစပြု တပ်ဆင်လာနိုင်ခြင်းဟု သိရှိရသည်။
Ref & Credit to : Plnet Myanmar News

Friday 1 November 2013

ဘလော့ဂါသမားတွေအတွက်အသုံးဝင်တဲ့အခမဲ့ Tools များ

ဒီနေ့တင်တဲ့ပိုစ်လေးကတော့ဘလော့ဝါဿနာရှင်တွေအတွက်အရမ်းကိုအသုံးဝင်တဲ့အခမဲ့EssentialToolsတွေဖြစ်ပါတယ်။ဘလော့မှာလိုအပ်တဲ့
ဝဘ်ဆိုက်ဒ်တွေပေါ့နော်။ကြိုက်ကြမယ်လို့လည်းမျော်လင့်ပါတယ်။ဘလော့မိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်ကေပီသရီးမိသားစု


 1. Free Code Converter/Phraser
ဒါကတော့ phrase Adsense ad code နဲ့အခြားသော HTML/JAVA codesတွေကိုဘလော့ပေါ်မှာတင်ရန်ကူညီပေးနိုင်ပါတယ်။
1. http://www.blogcrowds.com/resources/parse_html.php
2. http://www.eblogtemplates.com/blogger-ad-code-converter/
2. Free ClipArt
ဒီနေရာတွေမှာအခမဲ့ clip art images တွေကိုရှာပြီးသုံးနိုင်ပါတယ်။
1. http://www.wpclipart.com/browse.html
2.http://free-clipart.net/3. http://office.microsoft.com/en-us/images/
4. http://www.free-graphics.com
3. Icons for RSS Feeds
 RSS feed အတွင် Icon လေးတွေယူသုံးချင်ရင်။
1. http://www.hongkiat.com/blog/free-rss-feed-icons-the-ultimate-list/
2. http://www.feedicons.com/
3. http://www.toxel.com/design/2008/08/13/collection-of-free-rss-feed-icons/
4. Free Image Watermark
မိမိရဲ့ဓါတ်ပုံတွေကို online ကနေပြီးအမျိုးမျိုးပြုပြင်ချင်ရင်။
1. http://picmarkr.com/
2. http://www.picture-shark.com
3. http://www.watermarktool.com/
5. Favicon Generator
ဒါကတော့ဘလော့နဲ့ဝဘ်ဆိုက်ဒ်အတွက် favicon လုပ်ရင်ဆိုက်ဒကောင်းလေး။
1. http://tools.dynamicdrive.com/favicon/
2. http://www.favicon.cc/
3. http://www.degraeve.com/favicon/ (It creates,edit and generate the favicon)
6. Free HTML Tutorial
အကောင်းဆုံး HTML ကုဒ်တွေကိုလွယ်ကူစွာသင်ယူချင်ရင်.
1. http://www.2createawebsite.com/build/html.html
2. http://www.htmlcodetutorial.com/
3. www.w3schools.com/
7. Online Free File Storage
ဒါလေးကတော့ Online ပေါ်မှာမိမိရဲ့ Fileတွေကိုသိမ်းထားချင်ရင်ပေါ့နော်။
1. http://filefactory.com/ (free up to 300MB)
2. http://skydrive.live.com/ (25GB)
3. https://www.box.net/ (1GB)
8. HTML Color code picker
ဒါကတော့ HTML value of a specific color တွေပေါ့်နော်
1. http://www.blogger-help.com/2009/02/get-html-color-code-values.html
9. Reveal exact color of HTML color code
အခြားတော့ HTML color code e.g. #CCCCCC တွေကိုရနိုင်ပါတယ်။
1. http://www.colorcombos.com/CCCCCC-hex-color
10. Social Bookmarking and Sharing
ဒါလေးကတော့add social bookmarking နဲ့ sharing icons အတွက်ပါ။
1. http://addthis.com/
2. http://www.socialmarker.com/
3. http://sharethis.com/
11. Free website statistics
1. http://www.google.com/analytics/index.html
12. Free buttons and logo's
လှလှပပ Buttons တွေနဲ့ Logo တွေအတွက်အသုံးဝင်တဲ့ဆိုက်ဒ်ကောင်းလေးပါ။
1. http://www.buttonator.com/
2. http://www.simwebsol.com/ImageTool/
3. http://www.mycoolbutton.com/

G Talk နဲ့ Myanmar ပြည်ကဖုန်းကို Message ပို့မယ်


Gtalk က နေ မြန်မာနိုင် ငံက ဖုန်း Message ပို့ဖို့ အရင်ဦးဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ .....  gtalk@etmsms.com account online ရောက်လာပါလိမ့်မယ်။ gtalk message box ထဲမှာ ( sms 095024564 Hello, Nice to meet you  ) အဲလိုမျိုး ရိုက် ရပါတယ် ..... sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ် ..... ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ် ..... အဲ့ဒီမှာသူက You are not a member on eTm SMS service. Please register at http://www.etmsms.com/mem_reg.aspx ပေါ်လာရင် ပေးထားတဲ့ link ထဲဝင်ပြီး register လုပ်လိုက် င်ရရပါပြီ.....

Wednesday 30 October 2013

မော်ဒယ်ဆုမြတ်နိုးကျော်ရဲ့ ဖလန်းဖလန်းထနေတဲ့ဓာတ်ပုံတွေ

မော်ဒယ်ဆုမြတ်နိုးကျော်ရဲ့ ဖလန်းဖလန်းထနေတဲ့ဓာတ်ပုံတွေကို အောက်က Link ကနေကြည့်လို့ရတယ်နော်...

>> http://www.myanmarcutegirl.com/2013/08/attractive-model-girl-su-myat-noe-kyaw.html <<

မြန်မာ့ငွေဈေး (30.10.2013 3:00PM)


**************************
ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 967(~) Ks 975(~)
1 စင်္ကာပူ SGD = Ks 780(~) Ks 790(~)

1 ဥရောပငွေ EUR = Ks 1333(~) Ks 1350(~)

ကမ္ဘာ့ငွေဈေး(30.10.2013 3:00PM)
*************************
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2389 (-0.0034)
ထိုင်း Baht 31.0700(+0.0300)
မလေးရှား Ringgit 3.1505(+0.0050)
တရုတ် Yuan 6.0951(+0.0047)
အိန္ဒိယ Rupee 61.4700(+0.0150)
ဘင်္ဂလားဒေ့ရှ် Taka 77.6500(+0.3300)
တောင်ကိုရီးယား Won 1060.5150(-1.7850)
ထိုင်ဝမ် TWD 29.4030 (-0.0420)
ဂျပန် Yen 98.2085(+0.0400)
ဥရောပငွေ EUR 0.7277(+0.0004)
ၾသစေၾတးလ် AUD 1.0539(-0.0005)
အင်္ဂလန် Pound 0.6231(+0.0001)

မြန်မာ့ရွှေဈေး(30.10.2013 3:00PM)
*************************
Ks 692,700 (-100)

ရန်ကုန်စက်သုံးဆီဈေး(30.10.201
3 3:00PM)
******************************
Premium Diesel (1L) Ks 940

Diesel (1L) Ks 920

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 910

ဓာတ်ဆီ (1L) Ks 814



https://www.facebook.com/excellencemedia

မြန်မာစတော့အိတ်ချိန်း ၂ဝ၁၅ခုနှစ်တွင် ပေါ်ပေါက်နိုင်ရေးဆွေးနွေးပွဲကျင်းပ



မြန်မာစတော့အိတ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာဥပဒေ ဆွေးနွေးခြင်းအပါအဝင် ၂ဝ၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် စတော့ဈေးကွက်အကြိုလေ့လာမှု ဆွေးနွေးပွဲကို ယခုလ ၂၅ ရက်က ရန်ကုန်မြို့ Park Royal ၌ ကျင်းပခဲ့သည်။

ဂျပန်နိုင်ငံမှ Japan Exchange Group နှင့် Daiwa Institute of Research အပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေချင်လို့ စတော့ရှယ်ယာဈေး ကွက်ကို တည်ဆောက်နေတာပါ''ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်း ကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းဟုအမည်ရသော စတော့ရှယ်ယာရောင်း ဝယ်ရေးတစ်ခုကို ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိရာ အာမခံကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက် မှတ်များရောင်းဝယ်ရေး ကုမ္ပဏီ(သို့မဟုတ်) ဘွန်းရောင်းဝယ်ရေးကုမ္ပဏီများကို ၂ဝ၁၄ ခုနှစ် အတွင်းတည်ထောင်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်ချပေး ထားပြီးဖြစ်သော် လည်း လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်သာ မြန်မာ့အာမခံလုပ်ငန်း ၏မူဝါဒအရသာ လုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း ၄င်းကဆက် ပြောသည်။

ဂျပန်နိုင်ငံမှ စီးပွားရေးပညာရှင်များနှင့် မူဝါဒရေးရာသုံးသပ်ရေး သုတေသနများမှပညာရှင် များက အကူအညီပေးလျက်ရှိပြီး လာမည့်ဇန်နဝါရီလတွင် Stock Exchange Commission (SEC) ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးစတော့အိတ်ချိန်း တည်ထောင်ရန် ဆောင်ရွက်ခြင်းဖြစ်သော်လည်း အစိုးရအာမခံငွေတိုက်စာချုပ်များကို ၁၉၉၃ ခုနှစ်အတွင်းက ပုဂ္ဂလိကသို့ရောင်းချထားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

The Union Daily

TV ကိုဖုန်းနဲ့ အပိတ်အဖွင့်လုပ်မယ်

သူငယ်ချင်းတို့ရဲ့ Android နှင့် Tablet ဖုန်းတွေမှာTV Remote Control အဖြင့်အသုံးပြုလို့ရနိုင်မဲ့
အသစ်ထွက်လာတဲ့ version : (Updated : Sep 24, 2013) ဖြစ်တဲ့ Smart IR Remote - Samsung/HTC v1.4.1 ကိုတင်ပေးလိုက်ပါ။ ဒီApp လေးကိုတော့ Android 4.2 အထက်မှာသာ
အသုံးပြုနိုင်မှာပါ။ Samsung Galaxy Tab , Samsung Galaxy S4, Samsung Galaxy Note, HTC One တို့မှာအသုံးပြုနိုင်ပါတယ်။
Smart InfraRed Remote for your HTC One, you can add, create and customize any number of remotes, combining controls from any of your existing remotes. Imagine a single remote on which the CHANNEL UP button controls your Set Top Box from your TV provider, the VOLUME keys control your home theater system and the arrow keys control your TV's menu.
Smart Remote can control your TV, Set Top Box, Lights, Projectors, etc.. Virtually anything that has an Infrared Receiver can be controlled by Smart Remote with the correct remote codes. And we're working 24/7 on adding more!
 
>>>>>Download Now<<<<<

စကုမြို့တွင်းရှိကျေးရွားများ ချောင်းရေလျှံမှုကြောင့် တောင်သူများနစ်နာ

မကွေးတိုင်း၊မင်းဘူးခရိုင်၊စကုမြို့နယ်အတွင်းမှာရှိသည့် အနောက်ဘက်ကျေးရွာ လက်ခုပ်ပင်ကျေးရွာနှင့်ပင်လယ်သက်ကျေးရွာများတွင် ရေလျှံမှုကြောင့် အရမ်းနစ်နာကြပါတယ် မန်းကြောင်းတစ်လျှောက် လုပ်စားကြတဲ့တောင်သူ တင်မကဘူး ကုန်းတွင်းပိုင်းပါ ချောင်းရေလျှံတာကြောင့် ကုန်းပေါ်ကစိုက်ခင်းတွေပါ ဆုံးရှုံးရတယ်။ကျေးရွာပေါင်း နှစ်ဆယ်ကျော်က တောင်သူပေါင်းနှစ်ရာကျော်လောက်မှာ အခက်အခဲ ဆုံးရှုံးနစ်နာမှုများနှင့်ရင်ဆိုင်နေရပါတယ်။


Photo-kohtaykyaw

မှတ်ချက်-ဒေသခံတစ်ဦး၏သတင်းပေးပို့ချက်

Sunday 27 October 2013

လေးဖြူ ဒိုင်ယာရီ တဲ့ သီချင်းအသစ်လေး


လေးဖြူ  ဒိုင်ယာရီ တဲ့ သီချင်းအသစ်လေး လိုချင်ရင် အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ် ....

ဒိုင်ယာရီ

ဝိုင်းစုခိုင်သိန်း အာ...ဘွား mp3song


ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား စီးရီးခွေကို အဝေးရောက်များ ၀ယ်ယူမရှိနိုင်ပါက ကျတော့်ဘလော့တွင် တင်ပေးထားပါတယ် ဒေါင်းလုပ်လုပ်ပြီး  အားပေးနိုင်ပါပြီခင်ဗျာ။ ဒေါင်းလုပ်လင့်ပေးထားပါတယ်။

Download Link

Wednesday 16 October 2013

window 8 64bit မှာ Folder / Icon တွေမြန်မာလိုမပေါ်ဘူးလား


ဒီပို့ကိုတင်ထားပေးပြီးသာပါ အဲဒီမှာက အချက်အလက်များတယ် စာဖတ်သူအတွက်ရှုပ်မှာဆိုးလို့ window 8 နဲ့ပတ်သက်တာလေးတွေကို အစိတ်အပိုင်းလိုက်ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။ ပုံလေးနဲ့ အရင်အတိုင်းဖော်ပြပေးလိုက်ပါတယ်။



အပေါ်နဲ့ အောက်ကပုံအတိုင်း Control Panel / Fonts ထဲကို ဝင်လိုက်ပါ..။


Fonts ထဲမှာ Myanmar Text  Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show နဲ့ ဖေါ်လိုက်ပါ..။




အပေါ်ပုံအတိုင်း  Myanmar Text  Regular ဖေါင့်ကို Show ပေးလိုက်လို့ ပေါ်လာပြီဆိုရင် ဇော်ဂျီဝမ်းဖေါင့်ကို Install ထည့်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် ဇော်ဂျီဖေါင့်နဲ့ ဖိုဒါတွေ ၊ Icon တွေမှာ ပေါ်နေပါပြီ..။

မန္တလေးစည်ပင်နယ်နိမိတ် လိုင်စင်သက်တမ်း မတိုးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော်ကျန်


မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း သတ်မှတ်ကာလ ကျော်လွန်သည် အထိ လိုင်စင်သက်တမ်း တိုးခြင်း မရှိသေးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန စာရင်းများအရ သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည့် လုပ်ငန်းများအတွက် လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း တိုးရန် ကျန်ရှိ လုပ်ငန်းများတွင် စားသောက်ဆိုင်လုပ်ငန်း အများစု ပါဝင်ကြောင်း အဆိုပါဌာန ထံမှ ထပ်မံသိရသည်။

"ကျန်နေတဲ့ လုပ်ငန်း တော်တော်များများက ဆိုင်နေရာ ပြောင်းသွားတာတို့ ဒဏ်ငွေ မဆောင်ချင်လို့ ထွက်ပြေးသွားတာမျိုး တို့ရှိတော့ အခုချိန်ထိ အရေးယူဖို့ ကြန့်ကြာနေ သေးတာပါ။ လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို သုံးကြိမ်အထိ ဒဏ်ရိုက်မယ်။ သုံးကြိမ် ပြည့်သွားရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမယ်" ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

သတ်မှတ်ကာလအတွင်း မပြုလုပ်ပါက လုပ်ငန်းလုပ်ဆောင်ခွင့်ကို ရပ်ဆိုင်းမည် ဖြစ်ပြီး လုပ်ငန်းရပ် ဆိုင်းခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ အရ ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းထိ သို့မဟုတ် ထောင်ဒဏ်သုံးလ၊ ဒဏ်ကြေးငွေ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းထိ (သို့) ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားကြောင်း၊ လုပ်ငန်းပိတ်သိမ်း ခံရ၍ ပြန်လည် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး နေ့စဉ်သတင်းစာ များတွင် အမည်ပျက်စာရင်း ထည့်သွင်းကြေညာမည်ဟု သတ်မှတ်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

"ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သက်တမ်းတိုးဖို့ မေ့မေ့သွားတယ်။ ပထမတစ်ကြိမ် ဒဏ်ငွေဆောင် လိုက်ရကတည်းက သက်တမ်း သွားတိုးထားလိုက် တာပါ။ လုပ်ငန်းပိတ်သိမ်း ခံရရင် ပြန်စဖို့က မလွယ်ဘူး" ဟု အောင်မြေသာစံမြို့နယ် အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သတ်မှတ်ကာလ ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလ ၁၁ရက်နေ့အထိ စာရင်းများအရ လိုင်စင်သက်တမ်း တိုးသူ ၁၂,၀၀၀ နီးပါးသာရှိပြီး အမှန်တကယ် သက်တမ်းတိုးရမည့် လုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော်ရှိကာ လိုက်နာမှုမရှိသည့် အတွက် ပိတ်သိမ်းခံရသည့် လုပ်ငန်းပေါင်း ၉၀၀ နီးပါး ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice Weekly

Friday 11 October 2013

သရုပ်ဆောင်အသစ်ကို ရိုက်နှက်


5 Series ရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံ ဇာတ်လမ်း ရိုက်ကူးစဉ် ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီး သရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ် ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

 ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့် မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

“လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မရပါဘူး၊ ဒီနေ့ မနက်မှာပဲ နှစ်ဖက်စလုံးလာတိုင်သွားတယ်၊ ဒီကိစ္စကိုအောက်တိုဘာ ၁၅မှာ ကျွန်တော် တို့ စပြီးတော့ စစ်ပေး မှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးခင်မောင်ချင်းက People Powerသတင်းစာကို ပြောကြားသည်။

 အနုပညာလောကတွင် အဆိုပါ ဖြစ်စဉ်မျိုးသည် မကြာခဏဖြစ်ပွားတတ်ပြီး အစည်းအရုံးအနေဖြင့် မှန်သည်ဘက်မှရပ်တည်ပြီး တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 ယင်းကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် မင်းရာဇာသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်း စက်ပိတ်ထားသည်။

People power (ညနေခင်းသတင်းစာ) 

Monday 7 October 2013

USB Stick ရဲ့ Data ရွှေ့ပြောင်းမှုကို မြန်နှုန်းမြှင့်တင်နည်း


 
တစ်ချို့ Memory Stick တွေက ဖိုင်တွေကိုကူးယူရာမှာ အလွန်နှေးကွေးကြပါတယ်..တော်တော်နဲ့မပြီးပါဘူး
ဒီလိုနှေးတဲ့ Stick တွေကိုဘယ်လိုမြန်အောင်လုပ်မလဲ..လွယ်ပါတယ်..အောက်ပါအတိုင်းသာလိုက်လုပ်
ကြည့်ပါ..ဖလန်းဖလန်းထအောင် မြန်ထွက်သွားပါ့မယ်. .:)

အရင်ဆုံး Stick ပေါ်သို့ Right Click >> Format ကိုရွေးချယ်ပါ..File System နေရာမှာ NTFS ကိုရွေးချယ်ပါ
ပြီးရင် Quick Format ကိုရွေး Start နှိပ်ပါ..

 

ပြီးတာနဲ့ Stick ပေါ်သို့ Right Click ပြန်ထောက်ပါ.. Properties နှိပ်ပြီး Hardware Tab သို့သွားပါ


 
 
ပြီးတာနဲ့ မိမိရဲ့ USB Stick Name ပေါ်သို့ တစ်ချက်ထောက်..ပြီးရင် Properties နှိပ် Policies မှာ Better Performance ကိုရွေးပြီး OK ပေးလိုက်ပါ..ဒါဆိုရင် သင့်ရဲ့ စတစ်လေး မြန်ဆန်သွားတာတွေ့ရပါလိမ့်မယ်..အဆင်ပြေပါစေ။

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer