ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label ဟာသကမ္ဘာ. Show all posts
Showing posts with label ဟာသကမ္ဘာ. Show all posts

Wednesday, 15 August 2012

ဟာသကမ္ဘာ

*ဧည့်သည် *

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ
မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။ အပြင်တွင်
ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့
အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။ "ကျုပ်က လူသတ်သမားပဲ။
မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်" ယောက်ျားဖြစ်သူက ထိုလူအား
ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။ "မိန်းမရေ၊ ဟောဒီမှာ
မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
သာတဲ့အချက်--

မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘ၀ပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
သမီးရည်းစား

ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ
(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)

ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီး
ရင် ရင်တွေအရမ်းခုန်တာပဲ
(နာမည်မှားခေါ်မိမှာစိုးလို့)

ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမ
ှ လုံခြုံတယ်လို့ ခံစားရတယ် (လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်.
..အိပ်ထဲမှာ ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ
်)ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ
(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)

ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင် ရင်တွေအရမ်းခုန်တယ်
(အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်)

မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ
(မြန်မြန်ပြန်ကောင်းမှာစိုးလို့
)
မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်
ရင် ရင်ထဲမှာဆို့နေတာပဲ(၀မ်းသာလုံး.......၀မ်းသာလုံး)

ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ
(ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့)

ကိုယ်လေမင်းနဲ့လျှောက်လည်ရင် ရင်တွေအရမ်းခုန်တာပဲ
(တိုးမှာစီုးလို့......တိုးမှာစ
ီုးလို့)
ကိုယ်လေမင်းနဲ့လက်ထပ်ရမှာကို ရင်ခုန်နေတယ်
(ဈေးဝယ်ရ.......ချက်ပြုတ်ရ...ေ
လျှာ်ဖွှတ်ရ တော့မယ်)ဟဲ....ဟဲ...ဟဲ.....အနာခံမှ အသာစံရမှာလေ။

Tuesday, 14 August 2012

ဟာသကမ္ဘာမှ ဟာသများ

နေ့စဉ်ဘ၀အမောတွေ ပြေပျေက်လို့သွားအောင် ကျွန်တော်အစီအစဉ် တစ်ခုလုပ်လိုက်ပါတယ် ဟာသလေးတွေဖတ်ပြီး စိတ်ညစ်ပြီး မောပန်းတာတွေမရှိရလေအောင် ဟာသကမ္ဘာမှ ဟာသလေးတွေဖော်ပြလိုက်ပါတယ်။ တစ်ချို့က  စိတ်ညစ်ရင် မောပန်းရင် ဘာမှမလုပ်ချင်တက်ကြပါဘူး။ ဒီလိုဟာသလေးတွေကို မြည်းကြည့်ပါ ဖတ်ကြည့်ပါ။အနည်းဆုံး စိတ်ညစ်တာတွေ မောပန်းတာတွေ သက်သာသွားပါလိမ့်မယ် အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
ကဲအားလုံးအဆင်သင့်ဖြင်ပီနော်...ရယ်မောလိုက်ကြစို့................:D

လွတ်လပ်ရေးကိုတိုက်ပေးတဲ့သူ”

တစ်ခါက ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းသည် ကျောင်း တစ်ကျောင်းသို့ရောက်ရှိစဉ် အတန်းများ ကိုလှည့်လည်စစ်ဆေး လေသည်။
ထို့နောက် သုံးတန်း အခန်း တစ်ခုသို့ဝင်ကာကလေးငယ် တစ်ယောက်ကို မေးလိုက်သည်။
ဝန်ကြီး။ ။ သားလွတ်လပ်ရေးကို ရအောင်တိုက်ပေးခဲ့တဲ့သူရဲ့နာမည်ကိုသိလား
ကျောင်းသား။ ။ ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ
ဝန်ကြီး။ ။ ဒါဆိုပြောပြပါဦးကွယ်-
ကျောင်းသား။ ။ ဟုတ်ကဲ့ သီဟတင်စိုး ပါခင်ဗျာ

သူ မှာထားခဲ့လို့

" ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ "
" ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ "

သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။

တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။

လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။

ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။

ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ.................... :P

မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "

" ပါးကျိုးမယ် " တဲ့ :P

မာစတာကီး

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်။

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့
“ယောက်ျားကောင်း မောင်းမတစ်ထောင်”တဲ့။
မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များပိုအိပ်မိရင်တော
့ မကောင်းတဲ့ မိန်းမ။
ကြေးစားမတဲ့။
အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် “မာစတာကီး”လို့
ခေါ်တယ်လေ။
သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့
သော့ခလောက် ဖြစ်သွားမှာပေါ့....

(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"
(ပိုရနိုင်တယ်)

"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
"ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"
သူဘယ်မှာလဲ....

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။