ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 30 June 2014

ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပခြင်း















တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ထီဖောင်းမြောက်ကျေးရွာတွင်ရှိအမှတ်(၁၅၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲအား အလယ်တန်းကျောင်းအဆင့်သို့တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇွန်လ(၂၉)ရက် နံနက်(၉း၀၀)နာရီအချိန်တွင် အဆိုပါကျောင်း၏ ဆိုင်းဘုတ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း
အခမ်းအနားကို ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်ဝင်းကို၊ တောင်ကြီးခရိုင် ပညာရေးမှူး ဦးအုန်းကျော်သန်းတို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကိုကျောင်းအစည်းအဝေး ခန်းမတွင်  ဆက်လက်ကျင်းပရာ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးရာ ၀န်ကြီး ဦးခွန်သိန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခွန်ဝင်းကိုမှ အမှာစကား ဆက်လက်ပြောကြားပြီး တောင်ကြီးခရိုင်။


Friday 27 June 2014

တောင်သူလယ်သမားများ နှီးနှောဖလှယ်ပွဲနှင့် လယ်ဟာမြေ ဥပဒေရှင်းလင်းပွဲ ရှမ်းပြည်နယ် တောင်ကြီးမြို့။

၂၆.၆.၂၀၁၄ နေ့လည် (၁)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲစည်းတို့ ဦးစီးကျင်းပသော
တောင်သူလယ်သမားများ နှီးနှောဖလှယ်ပွဲနှင့် လယ်ဟာမြေ ဥပဒေရှင်းလင်းပွဲကို ရှမ်း စာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပခဲ့ပါသည်။
ပွဲဖြစ်မြောက်ရေး ပူပေါင်းအဖွဲ့ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့စည် (ရှမ်းပြည်နယ်)တာဝန်ခံ ဦးနေမျိုးမှ ပူးပေါင်းကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဥပဒေ ပညာရှင် ဒေါက်တာ သောင်းထွန်းမှ ဟောပြောဆွေးနွေးခြင်း ဥပဒေပညာရှင် ဦးမျိုးမှ ဟောပြော ဆွေးနွေးခြင်း
ဆရာဦးကိုနီမှ တောင်သူလယ်သမားအခွင့်ရေးနှင့် လယ်ယာမြေ ဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း ဥပဒေ ပညာရှင် ဒေါ်မြမဉ္ဇူမှ လယ်ယာမြေဥပဒေ သိမှတ်ဖွယ်ရာများ ဟောပြောဆွေးနွေးခြင်း တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းခြင်းအတွက် ဦဝင်းရှိန်မြတ်မှ ဆွေးနွေးတင်ပြခြင်း လယ်ယာမြေ လုပ်ကိုင်လျောက်ထားခြင်းအတွက် ဦဝင်းနိုင်စိုးမ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရှိခဲ့ရပါတယ။်

Thursday 26 June 2014

ဘင်္ဂလီဟု အခေါ်ခံရ၍ ဘင်္ဂလီကျောင်းသားတွေ ဆန္ဒပြ

  ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ငါးခူရကျေးရွာ အထက ကျောင်းမှာ  ဇွန်လ - ၂၅ - ၂၀၁၄ ရက်နေ့ က  ဘင်္ဂလီကျောင်းသား ၆၇ ဦး ကျောင်းမတက်ပဲ ဆန္ဒပြခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိ ပါတယ်။

 အဆိုပါ ကျောင်း အဌမတန်း အတန်းပိုင်း ဆရာမ ဒေါ်ခင်ခင်စိုး က စာသင်ကြားနေစဉ် ကျောင်းသားများ အား " အချိန်ပြည့်ကျောင်းတက်ရန် ၊ တ၀က်တပျက် ကျောင်းတက်တာမျိုး မပြုလုပ်ရန် ၊ ဒီလိုပြောရတာ ရခိုင် / ဗမာ / ဘင်္ဂလီ / ဟိန္ဒူ ကျောင်းသား ဆိုပြီ ခွဲခြားပြောဆိုခြင်း မဟုတ်ကြောင်း ၊ ကျောင်းသား အားလုံးကို ပြောဆိုခြင်းဖြစ်ကြောင်း " ကျောင်းသားတွေကို သတိပေး ပြောဆိုခဲ့ပါတယ်။

ဆရာမရဲ့ ဆုံးမပြောဆိုမှုအပေါ်မှာ အထက်ပြူးမ ကျေးရွာနေ အဌမတန်းကျောင်းသား မောင်အောင်လွင်က " ဘင်္ဂလီဟု မသုံးစွဲရန်နှင့် ၄င်းသည် ရိုဟင်ဂျာ ဖြစ်ကြောင်း" ပြောဆိုပြီး နေအိမ်သို့ ပြန်ရန် ပြင်ဆင်ခဲ့ရာ ၊ ဆရမ ဒေါ်ခင်ခင်စိုးမှ ကျောင်းရုံးသို့ ခေါ်၍ မိမိသဘော အလျှောက် ကျောင်းမှ နေအိမ်သို့ ပြန်ခြင်း ဖြစ်ကြောင်း ဗလာစာအုပ်တွင် ၀န်ခံချက် စာရေးခိုင်းရာ မောင်အောင်လွင်မှ " မောင်အောင်လွင်၏(ဖ)ရှူနာများ၊ အထက်ပြူးမရွာနေ၊ လူမျိုးရိုဟင်ဂျာ၊ ကျနော် ဘင်္ဂလီ မဟုတ်ပါ၊ ရိုဟင်ဂျာ မှန်ကန်ဟု ခေါ်သည်  ၂၅-၆-၂၀၁၄ လက်မှတ်ထိုး " စာအုပ်တွင် ရေးသားခဲ့ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ နေ့  နေ့ လည် ၁ နာရီခွဲ မုန့် စားကျောင်းဆင်းချိန်မှာ ကျောင်းဝန်းအတွင်း မောင်အောင်လွင်ပါ အဌမတန်း ဘင်္ဂလီကျောင်းသား ၆၇ ဦးနှင့် ရခိုင်ကျောင်းသား ၃ ဦး ရှိနေပေမယ့် ၊ နေ့ လည် ၂ နာရီ ကျောင်းပြန်တက်ချိန်မှာ ဘင်္ဂလီ ကျောင်းသား ၆၇ ဦး ကျောင်းပြန်လည် တက်ရောက်ခြင်း မရှိတော့ဘဲ နေအိမ်သို့ ပြန်သွားခဲ့ကြောင်း သိရပါတယ်။

Credit: thithtoolwin.com

စစ်တိုင်းသုံးခုမှ တိုင်းမှူးများ အပြောင်းအလဲ လုပ်


အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်အပါအ၀င် စစ်တိုင်းဌာန ချုပ် သုံးခုမှ တိုင်းမှူးသုံးဦးကို ဇွန် လ ၂၄ရက်ကအပြောင်းအလဲပြု လုပ်ခဲ့ကြောင်းသတင်းရရှိသည်။

လက်ရှိတာဝန်ထမ်းဆောင် နေသော အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးအား အရှေ့အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လည်းကောင်း၊ အနောက်မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကို အနောက် ပိုင်းတိုင်းသို့လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အနောက်မြောက် တိုင်းစစ်ဌာနချုပ်သို့ လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

‘‘အခုအနောက်ပိုင်းတိုင်းက နေ အရှေ့အလယ်ပိုင်းကိုပြောင်း သွားတဲ့ ဗိုလ်ချုပ်ကိုကိုနိုင်ကနည်း နည်းပျော့တယ်။ ရုံးပိုင်းဆိုင်ရာပို ကျွမ်းကျင်တာအခုရောက်လာတဲ့ ဗိုလ်ချုပ်အောင်လင်းဒွေးကတော့ တော်တယ်။ ဖိုက်တာလို့ပြောလို့ ရတယ်’’ဟု တပ်မတော်အရာရှိ ဟောင်းတစ်ဦးကဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးအသစ်ဖြစ်လာသော ဗိုလ်ချုပ်အောင်လင်းဒွေးမှာစစ် တက္ကသိုလ်ကျောင်းအုပ်ကြီးမှ ယခုနှစ်အစောပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူဖြစ်သည်။

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှအနောက်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာသူ ဗိုလ်ချုပ်မင်းနောင်မှာလည်း တိုက်ခိုက်ရေး ထူးချွန်သူဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်းအချို့ကဆိုသည်။
 

iOS 7 Launcher – Kukool Launcher Apk (All Android)

မိမိ Android ဖုန်းမှာ Apple style launcher လေးသုံးချင်သူတွေအတွက် Kukool iLauncher 7 လေးကို
တင်ပေးလိုက်ပါတယ်။Android : 2.3.3 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။ဘာသာစကားကိုမိမိ
စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။


Kukool iLauncher 7 is the best flat-style and the most popular Apple style launcher application for Android.
Do you want your phone looking like iPhone?
Just download this.
Kukool iLauncher 7 carefully crafted an iOS style launcher for your android phone.
Kukool iLauncher 7 will turn your Android phone into iPhone in one second.
Pere electricity
Flat
Simple
Fast and low memory using.
Is applicable to any android phone
Note: Apple, iPhone, iPad, iOS7 launcher, iOS 7 launcher are registered trademarks of Apple Inc. in the U.S. and other countries and regions around the world.
Note: iOS is a registered trademark of Cisco Technology, Inc. in the U.S. and other countries and regions around the world.
Size : 4.2M
Current Version : 2.2.144
Requires Android : 2.3.3 and up




Wednesday 25 June 2014

ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ

 တရုတ်ဝမ်ပေါင်နဲ့  စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်း တောင်ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့ အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဒေသမှာ စာသင်ကျောင်း ဖွင့်ပွဲတက်ဖို့  မနေ့ကလာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့  လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။

"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမဲ့ ဒီအခု လက်ပံတောင်းကြေးနီ စီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ဒီလယ်သမားတောင်သူတွေရဲ့ အရေးကိုလည်း ဖြေရှင်းပေး ဖို့ပေါ့နော် ဒေသခံတွေကနေပြီးတော့ မိမိတို့ရဲ့ ဆန္ဒတွေကို ဆောင်ပုဒ်ကိုင်ဆောင်ပြီးတော့ ဝန်ကြီးလာမဲ့လမ်းကနေ တင်ပြတာပေါ့"

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်ကိုလဲ ဆည်တည်းရွာသူ ဒေါ်ရည်ဝင်းက စီမံကိန်းကြောင့် လယ်တွေလုပ်ခွင့် မရတော့တဲ့အတွက် သားဖြစ်သူကိုကျောင်းမထားနိုင်တော့တဲ့အကြောင်းနဲ့  စားဝတ်နေရေး ကြပ်တည်းနေပြီဆိုတဲ့အကြောင်းလိုက်ကြည့်ဖို့  လက်ဆွဲခေါ်ယူခဲ့တယ်လို့လဲ ဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။

"စစ်ကိုင်းတိုင်းဝန်ကြီးတစ်ယောက်က သူကဦးစီးပြီးတော့ပေါ့ တောင်သူလယ်သမားတွေရဲ့ ခြံစည်းရိုးတွေကို ခတ်တယ်လို့ ဒါဒေသခံတွေသိရတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ လယ်သမားတွေရဲ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လိုက်ကြည့်လှည့်ပါအုံး ဆိုပြီးတော့ ဆွဲခေါ်တယ်"

အဲဒီနောက် ရွာသားတွေရဲ့ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

RFA Burmese




Credit- thithtoolwin.com

တောင်ကြီးမြို့ ရှမ်း၊စာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် လယ်ယာမြေကိစ္စများနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေး ဟောပြောမည်

26..6.2014 ရက်နေ့ နေ့လည်(1)နာရီခန့်တွင်  တောင်ကြီးမြို့ ရှမ်း၊စာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် လယ်ယာမြေကိစ္စများနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေး ဟောပြောပွဲ ကျင်းပမည်ဟု " NLD ပါတီဝင်တစ်ဦးဖြစ်သူ ကိုညီညီရွှေ ပြောကြားချက်အရ" သိရှိရပါသည်။ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပေးအပ်ပါတယ်ခင်ဗျာ။ ဘယ်သူတွေ လာရောက် မည်ဆိုတာ ကိုတော့ အသေချာမသိသေးသည့်အတွက် ထည့်မရေးပေးသေးပါဘူး နောက်မှ အပြည့်အစုံကို ရေးသားဖော်ပြပေးပါမယ်ခင်ဗျား။

Wednesday 18 June 2014

လူ့အခွင့်အရေးရုပ်ရှင်ပွဲ ခြိမ်းခြောက်ခံရ

 မြန်မာနိုင်ငံ မှာ ဇွန်လ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ကျင်းပနေ တဲ့၊ ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ ပြသမယ့်၊ မှတ်တမ်း ရုပ်ရှင် ကားတွေ ထဲက၊ ‘အမိုးမရှိတဲ့ ကောင်းကင်’ လို့ အမည် ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ကို၊ ခြိမ်းခြောက် တဲ့ စာတွေ ရောက်လာတဲ့ အတွက် မပြသဖို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး စီစဉ်သူတွေ က ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ့ ရုပ်ရှင်ကား ကို လူငယ်လေး ၃ ဦး က ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ဘာသာမတူသူ အမျိုးသမီးကြီး ၂ဦးအကြား က၊ တစ်ဦးကို တစ်ဦး စောင့်ရှောက်မှု၊ ကူညီမှု၊ ချစ်ခြင်းမေတ္တာ ကို ဖော်ကျူးထားတာ ဆိုပြီး၊ ဒီရုပ်ရှင်ပွဲတော် ကို စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။

ဒီရုပ်ရှင်ကား ကို ကြည့်ဖူးခြင်းလည်း မရှိပဲ၊ တဆင့်စကားတွေ နဲ့၊ အစ္စလာမ်နိုင်ငံများ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ ဒီကားကို ရိုက်ကူးခဲ့တာ ဆိုတဲ့ လွဲမှားတဲ့ သတင်း စကားမျိုးတွေ အပြင်၊ ရုပ်ရှင်ရုံ ကို မီးရှို့မယ်၊ ရုပ်ရှင် ရိုက်သူကို သတ်မယ် ဖြတ်မယ် ဆိုတဲ့၊ မုန်းတီးရေး စကားတွေ၊ လှုံ့ဆော်မှုတွေ ဟာ ဖေ့စ်ဘွတ်ခ်ကဲ့သို့၊ လူမှုကွန်ယက် စာမျက်နှာတွေ မှာ ပျံ့နှံ့ လာခဲ့တဲ့ အတွက်၊ စိုးရိမ်မှု တွေ ဖြစ်ပေါ် လာရတာ ဆိုပြီး၊ မင်းထင်ကိုကိုကြီး က ပြောပါတယ်။

ဒီရုပ်ရှင်ပွဲတော် မှာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား နဲ့ နိုင်ငံတကာရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပြသ မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းဆုကြည် ဆု၊ မင်းကိုနိုင် ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆု စတဲ့ ဆု ၇ ဆုအပြင် ဟံသာဝတီ ဦးဝင်းတင်ဆု ကို ဒီနှစ် ထည့်သွင်း ချီးမြှင့် မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Human Rights Human Dignity International Film Festival

ကြော်ငြာ....

ကျနော့် ဖေ့ဘွတ်ကို လာရောက်အားပေးချင်ပါက... အောက်တွင်လင့်များပေးထားပါသည်။ :D

https://www.facebook.com/groups/342157659225667/

https://www.facebook.com/pages/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC/624232994275764?ref_type=bookmark

ပတ္တမြား တောင်မှ SSPP/SSA တပ်စခန်း ဆုတ်ပေးရ

  သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့နယ် ပတ္တမြားမှော် (လွယ်ဆိုင်) တောင်ပေါ် ရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စ ခန်းအား အ စိုးရ တပ်မတော်မှ လက်နက် ကြီးများ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်သော ကြောင့် အဆိုပါ စခန်း ဆုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောရေး ဆိုခွင့် ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

လွယ်ဆောင်ထောက် (ဘိုးဘွားတောင်) တောင်ကြောပေါ်ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ် ဆိုင်တပ်စခန်းအား အစိုးရတပ်မတော်က ဂျွန်လ ၁၁ ရက်နေ့မှစ၍ လက်နက်ကြီးများဖြင့် နှစ်ရက် ကျော်ကြာ မရပ်မနား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံများလည်း စစ်ဘေးစစ်ဒဏ် အလူးအလဲ ခံခဲ့ ရကြောင်း၊ ထို့အတွက် ဌာနချုပ်မှညွှန်ကြားချက်အရ တပ်ဆုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရှေ့တန်း ရောက်တပ်မှူးတဦးကလည်း ပြောပါသည်။

“ဒဏ်ရာရ ဗမာစစ်သားတွေကို မိုင်းရှူးဘက်ပို့ပေးဖို့ရွာသားတွေ  ချောဆွဲခံရတယ်။ ဒေသ ခံတွေ က အစိုးရစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းမပြုဖို့ ဖုန်းဆက်အကူအညီတောင်းတယ်။ အစိုးရ စစ်ကြောင်း ကို ပစ်ရင် ရွာသားတွေပါ ကြားထဲက အလကားသေရမှာတဲ့၊ ထပ်ခါထပ်ခါအကူအညီတောင်း လာတယ်” - ဟု အဆိုပါ တပ်မှူးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလ က - “အခုဆုတ်ပေးလိုက်တဲ့စခန်းက မိုးတွင်း ခိုနားတဲ့ ယာယီအခြေချ တပ်စခန်းပဲ။ တကယ့်တပ်စခန်းအကြီးမဟုတ်ဘူး” - ဟု ပြောသည်။

မိုင်းရှူးမြို့ အစိုးရတပ်အရာရှိအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးကလည်း သျှမ်းပြည်တပ်မတော် နယ်ကျွံ တပ် စခန်းချသောကြောင့် အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ‘တပ်စခန်းမဖယ်ပေးလျှင် လက်နက် ကြီးပစ်ခတ်မှု ရပ်နားမည်မဟုတ်’ ဟု ရာဇသံ ပေးလိုက်မှသာ သျှမ်းပြည်တပ်မတော်ဘက်မှ တပ်ဆုတ် ပေး လိုက်ရခြင်းဖြစ် ကြောင်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

အစိုးရတပ်မတော်စစ်ကြောင်းသည် မိုင်းရှူးမြို့နယ်အတွင်း မူလလှုပ်ရှားသည့် ခလရ ၁၄၉၊ ၁၅၀၊ ၁၅၁ တပ်ရင်းများမှ စစ်ကြောင်းများအပြင် တန့်ယန်းမြို့နယ်ဘက်မှ စစ်အင်အားအပြည့်တင်ဆောင်သည့် စစ်ကားကြီး ၆ စီး၊ ကွန်ဟိန်းမြို့နယ်ဘက်မှ ကာလိ ၊ မိုင်းစံ သို့ရောက်လာသည့် စစ်ကားကြီး ၁၅ စီး စစ်အင်အား ၂၀ဝ ကျော် ကလည်း မိုင်းစံမြို့၌ဆင်းကာ ခြေလျင်ခရီးဖြင့် မိုင်းရှူးနယ်အတွင်းသို့ ထပ်မံ အင်အားဖြည့် လှုပ်ရှားနေသည်ဟု သျှမ်းပြည်တပ်မတော် တပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောင်ထားသည့် တပ်ဖွဲ့ဖြစ်သည်။

 သျှမ်းသံတော်ဆင့်
SSPP/SSA တပ်စခန်းတခု

Natural Beauty

သဘာဝရဲ့ အလှ စိတ်ကိုပါ လှသွားစေခဲ့တယ် မနေ့က ညောင်ရွှေ အသွား ရိုက်ခဲ့တာလေးပါ။ Natural Beauty လို့ နာမည်ပေးထားတယ်။


Friday 6 June 2014

အမဲသားပြုပ် ပြန်ကြော်ကြွတ်ကြွတ်လေး


ကျနော်လို့ အိမ်မှာ တစ်ယောက်တည်းချက်စားဖြစ်တဲ့လူတွေအတွက် နည်းလမ်းလေးတွေလိုတယ်လေ :D

အမဲသားပြုပ်ပြန်ကြော် ကြွတ်ကြွတ်လေး

မာမာတစ်ယောက် ကွန်ပြူတာလေးပျက်လို့ ဘလော့ဆီမ၀င်ဖြစ်ခဲ့တာတော်တော်ကြာခဲ့ပါပြီ ရွှေစိတ်တော်တွေများ ဆိုးနေကြပြီလားမသိပါဘူးနော် ဒီနေ့တော့ ဖုန်းကိုသုံးပြီး မဖြစ်မနေကိုယ့်ဘလော့လေးဆီကို အတင်းမရ ရအောင်ဝင်ခဲ့ပါတယ်။
ရွှေစိတ်တော်တွေမဆိုးကြပါနဲ့ ခွင့်လွှတ်တော်မူကြပါလို့သာ ပြောချင်ပါတော့တယ် ကွန်ပြူတာပြင်ပေးတဲ့ သားကလဲအနားမှာမရှိတော့ မာမာတစ်ယောက် ဘလော့မှာဟင်းတွေတင်ချင်ပေမဲ့ တင်မရတော့ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့ရှင်။
ဒီဟင်းလေးက ချက်ထားတာကြာပါပြီ ဟင်းအဟောင်းလေးတွေနဲ့အကျွေးလာဆပ်တယ်ပေါ့နော် ချက်ရတာလွယ်ပြီး တာရှည်ထားခံအစားခံတဲ့ အမဲသားပြုပ်ပြန်ကြော်လေးပါ မာမာ ချက်နည်းလေးပြောပြချင်ပါတယ်။
ပထမဆုံးအမဲသား မိုးခိုသားကို အတုံးလိုက်ရေစင်အောင်ဆေးပြီး အနေတော်အတုံးလေးတွေတုံးပါမယ် ပြီးရင် ဆား နနွင်း ချင်း အရသာမှုန့်တို့နဲ့နယ်ပါမယ် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ စောက်နက်နက်အိုးတစ်လုံးထဲအမဲသားကိုထည့် ရေမြုပ်အောင်ထဲ့ကာ ရေခမ်းတဲ့အထိတည်ပေးပါတယ်။
ရေခမ်းပြီဆိုတာနဲ့အအေးခံကာ ချင်းပြားများဖယ်ကာ ခပ်ပါးပါးလေးတွေတုံးပေးပါ ကြက်သွန်နီကို ပါးပါးလှီးထားပါ အမဲသားကို မီးအနေတော်နဲ့ ကြွတ်ရွလာအောင်ကြော်ပေးပါ ကြွတ်လာပြီဆိုတာနဲ့ဆယ်ပြီးဆီစစ်ပေးထားပါ။
ကြက်သွန်နီကို အမဲသားကြော်ထားတဲ့ဆီနဲ့ ကြော်ပေးပါ အရမ်းမကြွတ်ခင်လေးမှာ ဆယ်ပြီးဆီစစ်ပေးထားပါ ၂ခုလုံးအေးသွားတာနဲ့ရောမွှေပြီး စားသုံးရန်အဆင်သင့်ဖြစ်ပါပြီ။
ပါဝင်တာလေးတွေကတော့
  • အမဲသားမိုးခိုသား -  ၄ဆယ်သား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပါးပါးလှီးထားသောချင်း -  ငါးပြား
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော်ဟင်းပြင်ပန်းကန်တစ်လုံးစာ
  • ဆီ -  လက်ဖက်ရည်ပန်းကန်လုံးတစ်လုံး 

ခရီးသည် Credit : http://mmlazp.blogspot.com

ပညာရေး ၀န်ကြီးဌာနက ရာထူးတိုး၊ ပြောင်းရွှေ့မူဝါဒကို ဆရာ၊ ဆရာမများသို့ ပထမဆုံးအကြိမ် အသိပေး

ပညာရေးဝန်ကြီးဌာန သည် တက္ကသိုလ်ဆရာ၊ ဆရာမ များ ရာထူးတိုး၊ ပြောင်းရွှေ့ရေး ဆောင်ရွက်ရာတွင် ကျင့်သုံးသော မူဝါဒများကို ဆရာ၊ ဆရာမများ သို့ ပထမဆုံးအကြိမ် အသိပေး၍ သဘောထား ဆန္ဒတောင်းခံ လိုက် သည်။

တက္ကသိုလ်၊ ကောလိပ်၊ ဒီ ဂရီကောလိပ်များရှိ ဆရာ၊ ဆရာမ များ၏ နေရာအပြောင်းအရွှေ့ နှင့် ရာထူးတိုးအတွက် အငြင်း ပွားမှုများဖြစ်ပေါ်နေပြီးနောက် ရာထူးတိုး ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒများကို ဆရာ၊ ဆရာမများ အား အသိပေးရှင်းလင်းကြောင်း အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်)က အ ကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ပါမောက္ခ၊ တွဲဖက်ပါမော က္ခ၊ ကထိကနှင့် အောက်ရာထူး များအတွက် ရာထူးတိုးပြောင်း ရွှေ့မှုဆိုင်ရာမူဝါဒများကို ဆရာ၊ ဆရာမများအား ပြသခဲ့ပြီး သ ဘောထားမှတ်ချက်များ တောင်းခံနေကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများက ပြောသည်။

‘‘အရင်က ဆရာ၊ ဆရာမ တွေ ရာထူးတိုးနဲ့ နေရာအပြောင်း  အရွှေ့အတွက် တစ်ခါမှ ဒီလိုချ ပြတာမရှိသေးဘူး။ အခုမူဝါဒတွေဝေပြီးတော့ သဘောထားဆန္ဒ တွေ တောင်းခံနေတယ်။ ပြီးတဲ့ ကျောင်းတွေကို ဖက်စ်အမြန်ပို့ ခိုင်းနေတယ်တဲ့’’ဟု ဒဂုံတက္က သိုလ်ဆရာ၊ ဆရာမများအသင်းမှ ဆရာတစ်ဦးကဆိုသည်။

တက္ကသိုလ်ဆရာ၊ ဆရာမ များ၏ ရာထူးတိုးနှင့် နေရာ ပြောင်းရွှေ့သော ကြေညာချက် သတ်မှတ်ချိန်တွင် ထွက်ပေါ်လာ ခြင်းမရှိသောကြောင့် ဆရာ၊ ဆရာမများ၏ မကျေနပ်မှုကြီး ထွားနေချိန်၌ မူဝါဒထွက်ရှိလာ ပြီး သဘောထားဆန္ဒများ အလျင်အမြန် တောင်းခံနေခြင်းဖြစ် သည်။

‘‘တန်းစီဇယားရေးဆွဲရေးမူ မှာ သုတေသနလုပ်ဆောင်မှုနဲ့ အရည်အချင်းကို ထည့်သွင်းစဉ်း စားဖို့ အကြံပြုထားတယ်။ လုပ် သက်တွေပဲ ကြည့်နေရင် ဘာအ ရည်အချင်းမှ မရှိဘဲ အိပ်စောင့် နေရင်း ပါမောက္ခဖြစ်လာမှာပေါ့။ ရာထူးတိုးတွေမှာ ပါမောက္ခရဲ့ ထောက်ခံအမှတ်ပေးခိုင်းတာကို သဘောမကျဘူး။ ဘက်လိုက်မှု တွေများတယ်။ အဲ့ဒီအစား ရာထူး တိုးမယ့်သူရဲ့ ကိုယ်ပိုင်အရည် အချင်းတစ်ခုချင်းစီ အပေါ်မှာ အမှတ် သတ်မှတ်ပေးစေချင် တယ်’’ဟု ရေနံချောင်းဒီဂရီကော လိပ်မှ ဆရာမတစ်ဦးက ပြော ကြားသည်။

တက္ကသိုလ် ဆရာ၊ ဆရာမ များအတွက် ရာထူးတိုးပြောင်း ရွှေ့မှုဆိုင်ရာမူဝါဒများကို တစ် ကြိမ်တစ်ခါမှ ချပြဖူးခြင်းမရှိဘဲ ပထမဆုံးအကြိမ်ချပြခဲ့ပြီးနောက် တက္ကသိုလ်ဆရာ၊ ဆရာမများ အသိုင်းအ၀ိုင်းတွင် ဝေဖန်ပြော ဆိုမှုများ ပြင်းထန်နေကြောင်း သိရသည်။

‘‘၀န်ထမ်းဆိုတာ နယ်ပြောင်းရမယ်ဆိုတာ မှန်တယ်။ ဒါပေ မဲ့ နယ်တွေမှာ သူ့ရာထူးနဲ့ ကိုက်ညီတဲ့ နေရာထိုင်ခင်းပေးဖို့ တော့ လိုလိမ့်မယ်။ အခုက နယ်မှာ ရဲဘော်လိုင်းခန်းထက် စုတ်ပြတ်တဲ့ နေရာမျိုးပေးတာ။ ထမင်း၊ ဟင်းချက်စရာနေရာမရှိ လို့ အပြင်ဘက် ကော်ရစ်ဒါမှာ တန်းစီပြီးထွက်ချက်ကြရတာ။ ဒါ တွေကြောင့် ဆရာ၊ ဆရာမ တွေ နယ်မပြောင်းချင်ကြတာပါ။ ၀န် ထမ်းဖြစ်ပြီး မြို့ပေါ်မှာပဲ နှပ်ချင် ကြတာ မဟုတ်ပါဘူး’’ဟု နယ်မြို့ တစ်မြို့တွင် တာဝန်ကျနေ သော ဆရာမတစ်ဦးကပြောသည်။

ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်၊ ကောလိပ်များသို့ ဆရာ၊ ဆရာမများ ပြောင်းရွှေ့ ရပါက အနည်းဆုံးတာဝန်ထမ်း ကာလအနေဖြင့် ရန်ကန်နယ်မြေ တက္ကသိုလ်များ၊ မန္တလေးနယ်မြေ တက္ကသိုလ်များ၊ ပြည်တက္ကသိုလ် နှင့် ပဲခူးတက္ကသိုလ်တို့အတွက် သုံးနှစ်၊ အခြားတက္ကသိုလ်၊ ကော လိပ် ၁၇ ခုအတွက် ၂ နှစ်နှင့် စစ် တွေ၊ မြစ်ကြီးနား၊ တောင်ကုတ် စသည့် ဝေးလံသော ဒေသများမှာ တက္ကသိုလ် ၁၁ ခုအတွက် တစ် နှစ်သတ်မှတ်ထားသည်။

Author: နေလင်းထွန်း
7Day Daily