ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Tuesday, 23 June 2015

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ

Air Plane mode


မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ..
လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။
အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။
Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။
ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။
မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။
ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။
ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (MMAS)

Thursday, 15 May 2014

Windows 7 မှာ DVD Drive ပျောက်နေရင်

http://images.amazon.com/images/G/01/electronics/detail-page/B001MLZKAQ.pt04.jpg

မင်္ဂလာပါ။Windows 7 မှာ DVD Drive ပျောက်တာ တစ်ခါတစ်လေကျရင် ကြုံရတတ်ပါတယ်။အဲဒီ အခါကျရင် ကျွန်တော်တို့ BIOS ထဲဝင်ကြည့်တတ်ပါတယ်။BIOS ထဲဝင်ကြည့်ရင် လည်းအဲ့ဒီမှာ DVD Drive ရှိနေတယ်ဆိုတဲ့
အကြောင်းပြနေတယ်။အဲ့ဒီလို ဘာဖြစ်လို့ဖြစ်ရလည်းဆိုရင်
အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ဖြစ်နိုင်ခြေများတာက
Registry error တွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆ လို့ရပါတယ်။ဒါကြောင့် ဒီနည်းကိုသုံးပြီး Registry တစ်ချို့ ကို ကလိပေးရင် ပြန်ကောင်းနိုင်ပါတယ်။ကဲကြည့်ရအောင်။


အဆင့် ၁။ Start Menu ကို Click နှိပ်ပါ။ပြီးရင် Regedit ကိုရိုက်ထည့်ပေးပါ။


အဆင့် ၂။ Registry Editor ပေါ်လာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်း Double click
              နှိပ်ပြီးသွားပါ။


HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

အဆင့် ၃။ အပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းသွားပြီးရင် Folder name  “{4D36E965-E325-11CE-BFC1-08002BE10318}” ကိုရှိပြီး အောက်ပုံမှာပြထားတဲ့ အတိုင်း Upper filter ကို
Delete လုပ်ပေးပါ။Upper Fillter လို့မတွေ့ Lower Filter လို့တွေ့ပါလိမ့်မယ်။Lower Filter ကိုလည်း
Delete လုပ်ပေးပါ။

တယ်ကယ်လို့သင်ဟာ “UpperFilters.bak” ကိုတွေ့နေတယ်ဆိုရင် မဖျက်ပါနဲ့။

အဆင့် ၄။ ပြီးရင် Registry Editor ကိုပိတ် သင့်ရဲ့ PC ကို Restart လုပ်ပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။


Credit: ?

Friday, 9 May 2014

အခြား တီလီကွန်ဆက်သွယ်ရေး ကွန်ရက် နှင့် ပထမဆုံး အောင်မြင်စွာ ချိတ်ဆက် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာ ယနေ့ သတင်းထုတ်ပြန်


ခေတ်မှီဆန်းသစ်သော တီလီကွန်ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကျက် ရာတွင် ယခု ကဲ့သို့ တိုးတက်ပြောင်းလည်းသော အဆင့် ကို မှတ်ကျောက်တင်နိုင်ခဲ့
ရန်ကုန်၊ မြန်မာ။ ။အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ် တစ်ခု ၏ မိုဘိုင်း ကွန်ရက် နှင့် အပြန်အလှန် အောင်မြင်စွာ ချိတ်ဆက် လိုက်နိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာက ယနေ့ ကြေငြာ လိုက်သည်။ ယင်းသည် မြန်မာပြည် တွင် ကမ္ဘာ့အဆင့်မှီ တီလီကွန် ဆက်သွယ်ရေး စနစ်ကြီး ကိုတည်ဆောက်ရာတွင် အဓိကကျ သော မှတ်ကျောက်တင်ခြင်း တစ်ရပ် ဖြစ်သည်။ မတူသော ကွန်ရက် အချင်းချင်း အပြန်အလှန် ချိတ်ဆက် နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းသူပြည်သားများ စီးပွါးရေး ပြိုင်ဆိုင်မှုများက တစ်ဆင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ ကို ခံစားနိုင်ကြရာတွင် အရေးပါသော အကြောင်းရင်း ဖြစ်သည်။ Ooredoo သည် 3G ကွန်ရက်ကို ဖြန့်ကျက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ Ooredoo ၏ ကွန်ရက်ရှိသော နေရာတိုင်းတွင် အလွန်လျှင်မြန်သော အင်တာနက် နှင့် အချက်အလက်များ ရယူနိုင်ကြတော့မည် ဖြစ်သည်။ ယခုကဲ့သို့ အပြန်အလှန်ချိတ်ဆက်ခြင်း မှတ်ကျောက်သည် Ooredoo ၏ နောင်လာမည့် အနာဂတ် မျိုးဆက်သက်သစ် နည်းပညာ နှင့် အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ်၏ လက်ရှိမျိုးဆက် နည်းပညာ တို့ကို ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်သည်။ယနေ့ သတင်းထုတ်ပြန်ရာတွင် မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီများ အကြား ကောင်းမွန်သော ဆက်ဆံရေးသည် အရေး ကြီးသော အချက် နှင့် ပတ်သက်၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က ၊ “ကျွန်တော် တို့ ရဲ့လုပ်ငန်းမှာ ဆိုရင် သုံးစွဲသူ ပြည်သူလူထု ရွေးချယ်နိုင်ဖို့၊ လုံးလုံးလျားလျား ချိတ်ဆက်နိုင်ဖို့ စတာတွေ အတွက် မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အရေး အင်မတန်ကြီးပါတယ်။ မကြာတော့မယ့် အချိန်အတွင်းမှာ အခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရဲ့ ကွန်ရက် နဲ့ ချိတ်ဆက်မှုတွေ တိုးတက်လာတော့မယ် လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါတယ်။ယခုအခါတွင် Ooredoo မြန်မာသည် နောင်လာမည့် လများအတွင်း ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ရန် ပြင်ဆင်မှုများနှင့် အလုပ်များ နေသော မြန်မာနိုင်ငံသား ၀န်ထမ်းပေါင်း ၇၀၀ ၊ ခုနစ်ရာကျော် ကို ခန့်အပ်ထားပြီး ဖြစ်သည်။

ref:Internet Journal

Sunday, 25 August 2013

Facebook Lock ကျနေသူများ နှင့် ဖုန်းနံပတ်တောင်းပြီး Code ဖြည့်ခိုင်းနေပါတယ် ဆိုတဲ့သူများအတွက် ဖြေရှင်းနည်းအသစ် ( 9.7.2013 )




http://www.kreativbuero.de/wp-content/uploads/2011/01/fb_lock-296x300.png
ကဲဒီကောင်ကတော့ တော်တော်လေးကို အဖြစ်များလာပါတယ်


Facebook Lock ကျပြီး ဖုန်းနံပါတ်နဲ့ Code တောင်းပါတယ်
ဖုန်းနံပါတ်ထည့်လဲပြန်မပို့ပါဘူး
အရင်ကဆိုရင် ဒီလိုမတောင်းပါဘူး
အခု Facebook ကနေပြီးတော့ Security ထက်မြင့်လိုက်တာဘဲဖြစ်ပါတယ်
အခုဟာက Facebook ကဖုန်းနံပါတ်တောင်းတယ်
ပြီးရင် massage ပြန်မပို့ပါဘူး
တကယ်လို့ ပြန်မပို့ဘူးဆိုရင် ကိုယ့်အကောင့်တော့
သွားပါပီ သုံးမရတော့ပါဘူး တော်တော်လေးကို စိတ်ညစ်ရပါမယ်
ဒီတိုင်း လွတ်ပစ်ရတော့မယ် နောက်တစ်ခုထက်ဖွင့်ရတော့မယ်
စိတ်ညစ်တာပေါ့ဗျာ ကဲ ကျွန်တော်လဲ မေးတဲ့လူ ပလူပြန်နေပါတယ် ကျွန်တော်လဲစိတ်တော်တော်လေးကိုညစ်ပါတယ်
မဖြေရှင်းနိုင်လို့ပေါ့ဗျာ

ကဲအခုတော့ဖြေရှင်းနိုင်ပါပြီ 

ဒီလို Lock ကျတဲ့အကြောင်းအရင်းကတော့
ကွန်ပျူတာတစ်လုံးမှာ Facebook အကောင့် လေးငါးခုသုံးလို့ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ် 
ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါဖြစ်ဖူးပါတယ်
သူများအကောင့်ကို သွားဟက်တယ် ဟက်လို့လဲရရော်
ကျွန်တော်အရင် အကောင့်က Lock ကျသွားပါတယ်
အရင်တုံးကတော့ပြန်ဖြေရှင်းလို့ရတယ်
အခုနောက်ပိုင်း ဒီလိုဖုန်းနံပါတ်နဲ့ massage ကနေ Code တောင်းလာတာဖြစ်ပါတယ်။
အခုခေတ်မှာ တိုးတက်လာတဲ့အတွက် နိုင်ငံခြားမှာဆိုရင်
လူတိုင်း ကွန်ပျူတာတစ်လုံးစီ နဲ့ ကိုပိုင်သုံးကြပါတယ်
အင်တာနက်ဆိုင်တွေသွားမသုံးကျတော့ပါဘူး
ဒါကြောင့် FB ကနေပြီးတော့ Facebook အကောင့်တစ်ခုကို
ကွန်ပျူတာတစ်လုံးအတွက်သာ သတ်မှတ်လိုက်ပါတယ်
အများဆုံးဖွင့်လို့ရရင် သုံးခုပေါ့။



ကဲအခုတော့
ကျွန်တော်လုပ်နိုင်သွားပါပြီ
ကဲနည်းကိုမြန်မာနိုင်ငံ မှာရှိတဲ့ဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်

ကဲစလိုက်ကြရအောင်

ကဲ Lock ကျနေတဲ့ Facebook ကို ဖွင့်လိုက်ပါ။


ပြီရင် သူတောင်းတဲ့ဟာတွေကိုထည့်လိုက်ပါ
ပြီရင်း ဖုန်နံပါတ်တောင်းပါလိမ့်မယ်



ဖုန်းနံပါတ်တောင်းလာရင်
ပုံတွင်ကြည့်ပါ ကျွန်တော်စမ်းထားတာ တော့အဆင်ပြေပါတယ်
42665 ကို F လို့ရိုက်ပြီး message ပို့လိုက်ပါ။
ပို့နည်း
ဥပမာ
ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ဆီ massage ပို့တယ်ဆိုရင်
အရင် ဦးဆုံးသူဖုန်းနံပါတ်ကိုထဲ့ရပါတယ်
ပြီးမှ ကိုရေးချင်တဲ့အကြောင်းအရာ ကိုရေးပါတယ်။

အခုဟာလဲဒီလိုပါဘဲ
အရင်ဆုံးပို့တဲ့သူရဲ့ ဖုန်းနံပါတ်ကိုထဲ့တဲ့နေရာမှာ 42665
အကြောင်းအရာမှာ F ပေါ့ဗျာ

42665 ဟာ FB ရုံးဖုန်း massage ကိုလက်ခံမဲ့နေရာပါ
ဒါမှ FB ကနေပြီးတော့ Code ပြန်ပို့လာမှာဖြစ်ပါတယ်

12 နာရီအတွင်း message ပြန်ဝင်လာပါလိမ့်မယ်
Message ၀င်ပြီးနောက် အချိန် 6 နာရီအတွင်း မှာဘဲ
Code ပြန်ဝင်လာမှာဖြစ်ပါတယ်
Code ကို ထည့်ပြီးရင် ရပါပြီ
Facebook lock ပွင့်သွားရင် တော့
အရင်တိုင်းဘဲဝင်လို့ရပါပြီး

သတိ
ဖုန်းနံပါတ်တစ်ခုဟာ Facebook အကောင့်တစ်ခုတည်းတာသုံးလို့ရပါတယ်
နှစ်ခုသွားသုံးရင်တော့ Facebook error တက်ပါမယ်...


credit: လမင်းမောင်

Thursday, 22 August 2013

Facebook Fan Page ပြုလုပ်၍ ဘလော့ဂ်တွင်ထည့်သွင်းခြင်း


ဖေ့ဘုတ်သုံးသူတစ်ယောက်အတွက် ရိုးရိုး ပရိုဖိုင်းအကောင့်ဟာ အယောက်ငါးထောင်ပဲလက်ခံနိုင်တယ်ဆိုတာ ကျွန်တော် တို့ သိခဲ့ကြပြီးသားပါ ။ Fan Page ပြုလုပ်နည်းလေးမပြောခင် ရိုးရိုးပရိုဖိုင်းအကောင့်နဲ့ ဖန်ပေ့ခ်ျက ဘာ ကွဲ သလဲ နည်းနည်းလေး ရေးချင်ပါတယ် ။

၁ ။ ဖန်ပေ့ခ်ျသည် ကိုယ့်ကို like လာလုပ်သူတွေရဲ့ ပရိုဖိုင်းတွေထဲကို ဖရန့်လိုမျိုး ၀င်ကြည့်လို့မရပါဘူး ။
၂ ။ ကိုယ်တင်တဲ့စာမှန်သမျှကို like လုပ်ထားတဲ့သူတွေရဲ့ Home ကနေဖတ်လို့ရပြီး ကိုယ်ကတော့ သူများ ပရိုဖိုင်း ထဲကစာတွေဖတ်လို့မရပါ ။
၃ ။ အမှတ်တရ အနေနဲ့ ကိုယ့်ပရိတ်သတ် Fan စုထားပြီး စာတွေတင်ချင်တဲ့အခါ ဖန်ပေ့ခ်ျကို ပြုလုပ်နိုင်ပါတယ် ။
၎ ။ ဖန်ပေ့ခ်ျကို မက်ဆေ့ပို့လို့မရပါ ။ လိုအပ်လျှင် wall မှာ ရေးလို့ရပါတယ် ။ ရေးလို့မရအောင်လည်း ပိတ်လို့ရ ပါတယ် ။
၅ ။ like လုပ်ထားတဲ့သူတွေထဲကနေ ban ဖို့လိုအပ်ခဲ့လျှင်လည်း Ban user လုပ်လို့ရပါတယ် ။

ကဲ အပြောလေးတွေလျော့ အလုပ်လေးတွေလုပ်ကြရအောင် ။

၁ ။ http://www.facebook.com ကိုဖွင့်ပြီး မိမိ အကောင့်နှင့်ဝင်ပါ ။

၂ ။ ပြီးလျှင် အောက်ပါလင့်ကိုဖွင့်ပါ ။

http://www.facebook.com/pages/create.php?










 


ထိုအခါ ပုံပါအတိုင်းမြင်ရမည် 

 
၃ ။ ပြီးရင် နှစ်သက်ရာ ခေါင်းစဉ်အား ကလစ်နှိပ်၍ နာမည်ရေး I agree to Facebook Pages Terms ကို အ မှန်ခြစ်ပြီး Get Started ကိုနှိပ်ပါ ။

၎ ။ ပြီးလျှင် Step 1 , 2 , 3 တွေ့ပါလိမ့်မည် ။

Step

 






Upload an image ကိုနှိပ်ပြီး ကွန်ပြူတာထဲက မိမိတင်ချင်သော ပရိုဖိုင်းပုံကိုရွေးတင်နိုင်ပါသည် ။ ၀ဘ်ဆိုက် တစ်ခုခုမှ ပုံကိုလည်း Import a photo လုပ်ပြီးတင်နိုင်ပါသည် ။ ပြီးလျှင် Continue လုပ်ပါ ။

Step 2







Invite friend ကိုနှိပ်ပြီး မိမိသူငယ်ချင်းများကို ဖိတ်နိုင်ပါသည် ။ Share your page တွင် မိမိတွင် contact list ရှိပါက Import contacts ကိုနှိပ်ပြီးထည့်နိုင်သည် ။ Share this page on my wall နှင့် Like this page ကိုအ မှန်ခြစ်ထားပါ ။ ပြီးလျှင် Continue ကိုနှိပ်ပါ ။

Step 


 

Website အကွက်တွင် မိမိ ဘလော့လိပ်စာထည့်ပါ ။

About တွင် ယခုလုပ်သော ဖန်ပေ့ခ်ျနှင့်ပတ်သတ်၍ အတိုချုပ်ရေးပါ ။

ပြီးလျှင် Continue ကိုနှိပ်ပါ ။

၅ ။ ပုံပါအတိုင်း အမှတ်စဉ် လေးခုတွေ့ရပါမည် ။

 
 


1.Invite your friends ( သူငယ်ချင်းတွေဖိတ်ဖို့ )
2.Tell your fans ( နောက်ပိုင်းကိုယ့်ဆီမှာ like လုပ်သူများလာရင် သူတို့ကိုပြောဖို့ Import contacts ကိုနှိပ်ပြီးလည်း Contact ထည့်နိုင်ပါတယ်)
3.Post status updates ( Post Update ကိုနှိပ်ပြီး Welcome ကြိုဆိုပါတယ် ဘာညာ စရေးကြည့်ပါ ပြီးတော့ ပို့စ်တွေ စတင်လို့ရပါပြီ )
4.Promote this Page on your website ( အဲဒါအရေးကြီးဆုံးပဲ ကျန်တာတွေဘာ မှမလုပ်ပဲကျော် လာခဲ့လို့ရ တယ် ဒီနေရာမှာ ဘလော့မှာ ဖန်ပေ့ခ်ျဘယ်လိုထည့်သလဲဆိုတာ ပြောသွားပါ့မယ် )

Add like box ကိုမနှိပ်ခင် ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ပေ့ခ်ျရဲ့လိပ်စာလေးကို ကော်ပီကူးထားပါ ။ ပုံမှာ အပြာခြယ် ထားတဲ့နေရာအထိ

 
 


ဥပမာ

http://www.facebook.com/pages/Blogger-Fan-Pag/103276963130048?skip_nax_wizard=true

ဆိုတဲ့ လိပ်စာမှာ ? ရှေ့အထိပဲ select လုပ်ပြီး ကော်ပီကူးရမှာပါ ။ http://www.facebook.com ကနေစပြီး question mark ရှေ့က ဂဏန်းတွေအထိ တောက်လျှောက်သည် ကိုယ့်ဖန်ပေ့ခ်ျရဲ့လိပ်စာဖြစ်ပါတယ် ။ အဲဒါ ကို ကော် ပီကူးထားပါ ။ Note pad ထဲမှာဖြစ်ဖြစ် ။

Add like box ဆိုတာကိုနှိပ်ပါ ။

 
 

ပုံမှာမြင်ရတဲ့အတိုင်းနမူနာ စာမျက်နှာတွေ့ပါလိမ့်မယ် ။ အဲဒီမှာ Facebook Page URL ဆိုတဲ့နေရာမှာ ခုန က ကော်ပီ ကူးထားတဲ့လိပ်စာလေးကို Paste လုပ်လိုက်ပါ ။

ပြီးရင် Width အကျယ်ကိုကိုယ့်ဘလော့နဲ့တိုင်းပြီးထည့်ရပါ့မယ် ။ ဒီနေရာမှာ ကိုယ်က ဘယ်နေရာ မှာထည့်မှာ လဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ Side bar မှာထည့်မှာလား ဒါမှမဟုတ် ပို့စ်အပေါ်မှာထည့်မှာလား ။ ဆိုက်ဘားမှာ ဆိုရင်တော့အများစုက Width 220 ၀န်းကျင်လောက်ရှိပါတယ် ဒီထက်များတဲ့ ဘလော့တွေလည်းရှိပါတယ် ။ သင့်တော် သလိုထည့်ပါ ။

Height ကတော့ ကြိုက်သလောက်ထည့်ပါ ။ 350 , 400 လောက်ဆိုအတော်ပါပဲ ။ Color Scheme ကတော့ Dark နဲ့ Light နှစ်မျိုးရှိပါတယ် ။ ကိုယ့်ဘလော့နောက်ခံအရောင်နဲ့ ချိန်ပြီး နှစ်သက်ရာ ရွေးပါ ။

Show Faces ကို အမှန်ခြစ်ထားပါ ။

Border Color မှာ ဘာမှမထည့်လည်းရပါတယ် ။ အဖြူရောင်ကို default ပေးထား ပါတယ် နှစ်သက် ရာ အရောင် ထည့်နိုင်ပါတယ် ။

Stream ဆိုတာကတော့ ကိုယ်တင်လိုက်တဲ့ Update တွေပုံတွေစာတွေ တိုက်ရိုက်ပေါ်နေတာမျိုးပါ ။ နှစ်သက် ရင် လည်းအမှန်ခြစ်ထားပါ ။ ကျွန်တော်ကတော့ လူမျက်နှာလေးတွေပဲ ပေါ်စေချင်တဲ့အတွက် အဲဒီအကွက် ကိုဖြုတ်ထားပါတယ် ။ အဲဒါအမှန်ခြစ်ထားရင် Height က ရှည်သွားပါလိမ့်မယ် ။

Header မှာ Show header ကိုအမှန်ခြစ်ပါ ။ ပြီးရင် အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ် ။

 

ပြီးရင် Get Code ဆိုတာကိုနှိပ်ပါ ။ ပုံမှာ ပြထားတဲ့အတိုင်း အဲဒီခါ ကုတ်သုံးမျိုးတွေ့ရပါလိမ့်မယ် ။


 







HTML5 ရယ် XFBML ရယ် IFRAME ရယ် သုံးခုရှိတဲ့နက် IFRAME ကိုနှိပ်ပါ ။





ပြီးရင်အကွက်ထဲက ကုတ် တွေအကုန်လုံးကော်ပီကူးလိုက်ပါ ။ ကော်ပီကူးပြီးရင် အဲဒီစာမျက်နှာကို ခဏထားပြီး Tab တစ်ခုအသစ်ဖွင့်ပြီး http://www.blogger.com ကို မိမိဘလော့အကောင့်ဖြင့် ၀င်လိုက်ပါ ။

ဘလော့ဂါတွေဖြစ်တဲ့အတွက် ဒီနေရာကိုအကျယ်မချဲ့တော့ပါဘူး ။ Design ကိုသွားပြီး Page Elements ကိုသွားပါ ။ ပြီးရင် မိမိထည့်လိုသောနေရာ ( ဥပမာ ဆိုက်ဘား သို့မဟုတ် ပို့စ်အပေါ်ဖက် တွင် ) Add a Gadget ကို ခေါ်ပြီး Html/Javascript အကွက်ထဲမှာ စောစောက ကူးခဲ့သော ကုတ်များအား Paste လုပ်ပါ ။




ပြီးလျှင် Save လုပ်ပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း မိမိဘလော့တွင် Fan Page အ ကွက်လေးပေါ်နေ မှာဖြစ်ပါကြောင်း ။







ကဲ Fan Page တော့ပေါ်နေပြီ ဘယ်လိုသုံးရမလဲ အဲဒါက အဓိကကျပါတယ် ။ တချို့က လုပ်တော့လုပ်ထားတယ် မသုံးတတ်တော့ အဲဒီပေ့ခ်ျက သေနေသလိုဖြစ်နေပြီး like ဦးရေက မတက်လာဘူး ။ ဖန်ပေ့ခ်ျသည် ဘလော့ ကစာတွေ တိုက်ရိုက် သူ့အလိုလို ဖေ့ဘုတ်မှာ သွားပေါ်နေခြင်းမဟုတ်ပါဘူး ။ ကိုယ်က တင်ပေးမှသာရပါတယ် ။ ဘယ်လိုတင်မလဲဆိုရင် ခုနကအတိုင်း ဖေ့ဘုတ်မှာ မိမိအကောင့်နဲ့ ၀င်လိုက်ပါ ။




ပြီးရင် Home ဘေးရှိ မျှားလေးအားနှိပ်လိုက်ပါက မိမိလုပ်ထားသော Fan Page ပေါ်လာလိမ့်မယ် ။ ထိုအခါ Use Facebook as အောက်မှ မိမိပေ့ခ်ျအားနှိပ်လိုက်ပါ ။ ထိုသို့နှိပ်လိုက်ပါက မိမိသည် ဖန်ပေ့ခ်ျအနေနှင့်ရောက် သွားပါ လိမ့်မည် ။




ပရိုဖိုင်းအကောင့်နှင့်မဟုတ်တော့ပါ ပုံအတိုင်းတွေ့ရပါလိမ့်မယ် ။ အဲဒီအခါ ဖန်ပေ့ခ်ျအနေနှင့် ပုံများတင်ခြင်း စာ များရေးခြင်း ပြုလုပ်နိုင်ပါတယ် ။ ဒီနေရာမှာ ပုံတင်တာကတော့လွယ်ပါတယ် ။ wall မှာ တင်သည်ဖြစ်စေ photo ထဲ သွားပြီး album တခုစီလုပ်ပြီး ခွဲတင်သည်ဖြစ်စေ တင်နိုင်ပါတယ် ။ ဒါကလွယ်တယ် note ဘယ်လိုရေး ရမလဲ ?? အိုကေ Home ကိုနှိပ်လိုက်ပါ ။



ဘယ်ဖက်ဘားရှိ Apps ဟူသောနေရာတွင် Notes , Photos , Questions , Links စသည်များကို ပုံပါအ တိုင်းတွေ့ရပါမည် ။ ထိုအထဲကမှ Notes ကိုရွေးပြီးတင်လျှင် ဖန်ပေ့ခ်ျတွင် note များပေါ်လာမှာဖြစ်ပါတယ် ။ သိထားဖို့က ဖန်ပေ့ခ်ျအနေနဲ့တင်တဲ့ note တွေ photo တွေဟာ မိမိ နဂို ပရိုဖိုင်းအကောင့် မှာ ပေါ်မှာမ ဟုတ်ပါဘူး ။ ဖန်ပေ့ခ်ျမှာသာ ပေါ်မှာဖြစ်တယ်ဆိုတာပါပဲ ။ နောက်ပိုင်းမှ Welcome Page ထည့်နည်းတွေနဲ့ တခြား apps တွေထည့်နည်းတွေပြောပေးသွားပါ့မယ် ။ အခုတော့ဒီလောက်ပါပဲ ။

မရှင်းလင်းခဲ့ရင်မေးသွားနိုင်ပါတယ် ။ ပြန်ဖြေပေးပါ့မယ် ။ (ဆရာကြီးလုပ်ခြင်းမဟုတ်ပါ မသိသေးသော ဘလော့ ပိုင်ရှင်များ မလုပ်တတ်သောသူများအတွက် ဖြစ်ပါသည် ။ )

Ref:/credit:http://www.thettantcho.com/2012/02/facebook-fan-page.html