ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label Mobile ဖုန်းဆိုင်ရာ. Show all posts
Showing posts with label Mobile ဖုန်းဆိုင်ရာ. Show all posts

Thursday, 31 January 2013

Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့်နည်းပညာ

2010 ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ်စေခဲပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကိုထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်းကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေပါပြီ၊ နောက်ဆိုရင် လူတိုင်းလက်မှာကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ်တင်ရတဲ့ကွန်ပျူတာ၊ လပ်တော့နဲ့ အခြားသောအီလက်ထရောနစ်ပစ္စည်းနေရာအတော်များများမှာ လွှမ်းမိုးလာမယ်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုဖြစ်ပါတယ်။
လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဒာကိုယ်  အရေပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်၊ ဥပမာ ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေးတောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါတယ်။ ဒီတော့ ကိုယ့်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ် စက်သေးသေးလေး တစ်ခုတော့ တပ်ထား၊ ပတ်ထားဖို့လိုပါမယ်၊ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်းပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရာမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ်လာစေဖို့ဖြစ်ပါတယ်။
အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမဲ့ အပြင်က အင်ဂျငက်နီယာများဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ဓါတ်ခွဲခန်းကို အသုံးပြုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမဲ့ ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖ၀ါးတွေ၊ လက်မောင်းတွေနဲ့ အခြား ခန္ဒာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
 

Ref: mircosoft,wiki
Aung Kham (TSJ team)
TechSpace Journal

Friday, 25 January 2013

Prepaid Card ပြဿနာ

ညအိမ်အပြန် ကော်ဖီမစ်ကုန်လို့ mini market တစ်ခုမှာဝင်ဝယ်ဖို့သွာလိုက်တယ် ၀ယ်ပြီးငွေရှင်းချိန်မှာ ပြဿနာတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတယ် ဖုန်းငွေဖြည့်ကဒ်ဝယ်တဲ့ လူတစ်ယောက်က ၁၀၀၀၀ တန်ကဒ်ကိုဝယ်ပြီးပြီးခြင်းမှာပဲ ခဲခြစ်ပြီး ဖုန်းထဲကိုငွေဖြည့်တယ် *123* ? # call ဆိုပြီရိုက်ထည့်တယ် သူ့ဖုန်းထဲငွေ 10000 မ၀င်သွားပါဘူး အဲဒါနဲ့ နောက်တစ်ကဒ်ပေး၇င်ပေး မပေး၇င်လည်း ငွေပြန်အမ်းပါပေါ့ ဆိုင်ရှင်အဒေါ်ကလည်း ဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူးဆိုပြီး အဲဒီ security code ကိုသူ့ဖုန်မှာရိုက်ထည့်ကြည့်သတဲ့ ဒါလည်းသူ့ဖုန်ထဲငွေမ၀င်ပါဘူး  မှတ်မှတ်၇၇ လက်ကျန်ငွေ ၇၇၇၇ ပဲရှိတာကိုတွေ့လိုက်၇တယ် ထို့အတူ ဘေးမှာရှိတဲ့ မိန်းကလေးကလည်း ဆိုင်ရှင်ပဲလားတော့မသိဘူး သူဖုန်းကို ၄င်းအတိုင်းထည့်ကြည့်တယ် မရပါဘူး။ ဒါနဲ့ ၀ယ်တဲ့လူက အဲဒီကဒ်ကိုဝယ်တဲ့ဆိုင်မှာပြန်လည်းလိုက်ပါတဲ့ mpt clean လုပ်လိုက်ပါတဲ့ အဲဒါကိုတော့ ကျတော်နားမလည်ဘူး။ ပြန်လဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဘယ်သူမှမလည်းပေးပါဘူး ခဲခြစ်ပြီးနောက်ပိုင်းမှာ စော၇ီးပါ :-) ဆိုင်ရှင်ကလည်းဖုန်းကို ကောင်းကောင်းမကိုင်တက် နားမလည်ပါဘူးတဲ့ ၁၀၀၀၀ ၇င်းမှ ၂၅၀ မြတ်တာပါလို့ပြောတယ် အဲဒီမှာ ပါလေသူကြီး Blogger နိုင်နိုင် ကျတော်က ပွကြီးဝင်လုပ်လေပြီ :-) ဆိုင်ပိုင်ရှင်ကိုပြောပြီး သူ့ဖုန်းကိုယူပြီးထည့်ပေးကြည့်လိုက်ပါတယ် ငွေ ၁၀၀၀၀ ကျပ်ဝင်သွားလေသတည်း ဖြစ်ပုံက 7ဆိုတဲ့ဂဏန်းကို 2ဆုပြီးရိုက်ထည့်နေလို့ပါ ခဲကိုလည်းသေချာခြစ်မကြည့်ကြဘူးလေ ဒါကြောင့် ခဲကို သေချာခြစ်ပါ သေချာမှန်အောင်ရိုက်ထည့်ပြီး အဆင်ပြေကြပါစေဗျာ့ 

Thursday, 24 January 2013

GSM ကိုငွေဖြည့်ပေးလို့ရပါပြီ


GSM ဖုန်းရှိသူတွေကို ငွေဖြည့်ပေးလို့ရပါပြီ အားလုံးပဲ  ကိုယ့်သူငယ်ချင်းပဲဖြစ်ဖြစ် အဝေးရောက်နေချိန် ငွေဖြည့်ကဒ်ဝယ်လို့မရတဲ့ နေရာမျိုးတွေ ပိုက်ပိုက်ပြတ်သွားတဲ့အချိန်မျိုးမှာ ကိုယ့်ဖုန်းကနေပို့ပေးလိုက်လို့ရပါတယ်။ ပထမဦးဆုံး *123*ကိုယ်ပဲရိုက်ပြီး ဖုန်းငွေဖြည့်ကဒ်ရဲ့ လျို့ဝှက်ကုဒ်လေးကိုမှန်အောင်ရိုက်ပါ အားလုံးမှန်ပြီဆိုရင်တော့ နောက်မှာ(*) လေးကိုထပ်ထည့်ပေးလိုက်ပါ အဲဒီနောက် ကိုယ်ပို့ချင်တဲ့ဖုန်းနံပါတ်ကို မှန်အောင်ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ( # ) ကိုထည့်ပေးပြီး ဖုန်းခေါ်လိုက်ပါ။ဖုန်းနံပါတ်ရိုက်ထဲ့ချိန်မှာ 09 ပါအောင်ရိုက်ထည့်ပေးဖို့လိုပါတယ်။တစ်ခုသိရမှာက ပို့တဲ့အခါမှာGSMအခြင်းခြင်းသာပို့လို့ရနိုင်ပါတယ်။ဒါဆိုအဝေးရောက်နေတဲ့သူငယ်ချင်းမိတ်ဆွေများကိုကိုယ့်
ဖုန်းနဲ့ငွေဖြည့်ကဒ်တစ်ခါတည်းထည့်ပေးနိုင်ပါတယ်။ကိုယ်ပို့ပေးချင်တဲ့သူရဲ့ဖုန်းနံပါတ်မှားရိုက်ပြီးပို့လိုက်ပါက ကံစမ်းမဲဖောက်ပြီးသားဖြစ်သွားပါမည်။ အားလုံးကိုကျေးဇူးတင်ပါတယ်... နိုင်နိုင်

Wednesday, 15 August 2012

Android phone နှင့် အင်တာနက်အသုံးပြုခြင်း


ယနေ့ခေတ်မှာ အင်တာနက်ကို လွယ်ကူစွာရယူသုံးစွဲလို့ရနေပြီဟုတ် ဖုန်းတွေထဲမှာထည့်သုံကြမယ် မိမိLaptop မှာဖုန်းထဲက အင်တာနက်ကိုယူသုံးမယ်ဟုတ်။ ဖုန်းနဲ့သုံးမယ်ဆိုရင်တော့ Android phone တွေကအဆင်ပြေပါတယ်။ Android phone မှာအင်တာနက်သုံးမယ်ဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာ ဆက်သွယ်ရေးမှာ လိုင်းဖွင့်ခိုင်းရပါမယ် (10000)ကျော်ပေးရမယ်ထင်တယ်။ ကိုယ့်ဖုန်းထဲကို အင်တာနက်လိုင်းရောက်လာပြီဆို E ပုံစံလေး ဖုန်းအပေါ်နားမှာလာပေါ်ပါမယ် ပြီးတော့ အဲဒီ E ရဲ့ဘေးမှာ အသွားအပြန်မြှားလေးနှစ်ခုရှိနေပါမယ် အဲဒီလိုမပေါ်ဘူးဆိုရင်တော့ setting လုပ်ဖို့လိုပါမယ် ကျွန်တော်တော်တော်များများ Android phone တွေမှာဆိုဒီလိုတွေ့ရပါတယ် ယခုပြောမှာက Samsung Glaxy Ace မှာလိုလုပ်ပြမှာပါ။ မိမိဖုန်းရဲ့ setting>>Wireless and network>>Mobile network>>Use packet data မှာ အမှတ်ခြစ်ပေးလိုက်ပါ။ Data roaming မှာအမှတ်ခြစ်ပေးလိုက်ပါ နောက်တစ်ခုက Accept Point name ထဲဝင်ပြီး mptnet ဆိုပြီးရိုက်ထဲ့လိုက်ပါ ပြီးရင် Save or Ok ပေါ့ဗျာ။ ဒါဆိုစောစောကကျွန်တော်ပြောသလို E ပုံနဲ့ မြှားပုံ ဖုန်းအပေါ်နားမှာပ်ါလာပါမယ် အဲလိုမှမပေါ်ဘူးဆိုရင်တော့ လိုင်းမပွင့်သေးလို့သေချာပါတယ်။ ဒီလိုလုပ်ပြီးရင် ဖုန်းထဲမှာအင်တာနက်သုံးလို့ရပါပြီ။
နောက်တစ်ခုက ဖုန်းထဲမှအင်တာနက်ကို usb ကြိုးသုံးပြီးကွန်ပျူတာနဲ့ Join သုံးမယ်ဆိုရင်တော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး သူ့ရဲ့PC suite software လိုပါမယ် အဲဒီPC suite software ကိုမိမိကွန်ပျူတာမှာInstallလုပ်ပေးရပါမယ်။PC suite မရှိသူများကတော့ GOOGLE Search မှာရှာပြီးဒေါင်းလိုက်ပါ Install လုပ်ပြီးတာနဲ့ ဖုန်းကို usb ကြိုးသုံးပြီး ကွန်ပျူတာနဲ့ Join လိုက်ပါ။ဖုန်းsetting ထဲကိုဝင်ရပါမယ် Wireless and network>>Tethering andportable hotspot>>usb tethering ကိုအမှတ်ခြစ်ပေးလိုက်ပါ ခဏအကြာမှ Network ချိတ်ဆက်မှုဖြစ်ပေါ်လာပါမယ် ကြိုက်နှစ်သက်ရာ Home network သို့မဟုတ် public network မိမိအသုံးပြုလိုရာရွေးလိုက်ပါ မရွေးပဲပိတ်လိုက်လည်းရပါတယ် အားလုံးဟာ No proxy တွေနဲ့ပဲသုံးပါမယ် ဒါဆိုရင် usb ကြိုးနဲ့ချိတ်ဆက်အသုံးပြုတာ အောင်မြင်သွားပါပြီ။နောက်တစ်ခုကတော့ Portable WiFi hotspot အကြောင်းလေးဖြစ်ပါတယ် ဖုန်းကို usb ကြိုးတပ်ပြီးမသုံးချင်သူများအတွက်ပါ ဖုန်းကနေ WiFi လွှင့်ပြီး WiFi ပါတဲ့ Laptop ကွန်ပျူတာမှာ သုံးဖို့ဖြစ်ပါတယ်။ တစ်ချို့ Android phone တွေမှာတော့  Potable WiFi hotspot မပါဘူးဗျ မပါဘူးဆိုင်လည်း ၀မ်းနှုတ်ဆေးစားလိုက်ပါဗျာ...:D မှားသွားတယ် Portable  WiFi hotspot apk ကို Google မှာရှာဒေါင်းပြီးသွင်းလိုက်ပါနော်။ဖုန်းထဲမှာ ရှိနေပြီဆိုရင်ဒီလိုလုပ်ရအောင် Setting>>Wireless and network>>Tethering andportable hotspot>>portable Wi-Fi hotspot အမှတ်ခြစ်ပေးလိုက်တာနဲ့ မိမိ Laptop မှာ Wireless on ထားတယ်ဆို အဲဒီမှာပေါ်နေပါပြီ များသောအားဖြင့် AndroidAp(....)ဆိုပြီးလာပေါ်ပါမယ် အဲဒီဟာကို connect လုပ်လိုက်တာနဲ့ ဖုန်းမှာရှိတဲ့အင်တာနက်ကို အသုံးပြုနိုင်ပါပြီဗျာ။ဒီပို့စ်လေးကတော့ဖြင့် ကျတော်ကြုံရ သိသမျှလေးဖော်ပြပေးရခြင်းဖြစ်ပါတယ် အပြည့်စုံတာများရှိခဲ့ရင် ခွင့်လွတ်ပါလို့ပြောချင်ပါတယ် ဒီထက်မကရှိတာများကို သိတဲ့မိတ်ဆွေများကလည်း ကွန်မန်းမှေ၇းပေးခြင်းဖြင့် ပြန်လည်မျှဝေပေးစေလိုပါတယ်။ (မှတ်ချက် ရေတစ်ခွက်လောက်တိုက်ပါလား အများကြီးရေးလိုက်ရလို့မောသွားပီ)

Thursday, 26 July 2012

HUAWEI T2010


 
Network standard: GSM / GPRS / TD-SCDMA / EDGE
 For frequency: 2G: GSM 900/1800/1900MHz
 3G: TD-SCDMA 2010-2025MHZ
 Weight: 95 grams Size / volume: 115 × 51 × 9.9mm
 Style: straight
 Color: White
 Screen parameter: 260,000 color TFT color screen; 240 × 320 pixels (QVGA), 2.4 inches;
 Standby time: 120 hours
 Phone memory: 33.2MB memory card can also be their reprovision
 Multimedia Entertainment
 [Built-in games] [FM Radio] [gravity sensor] [e] [Flash Player]
 Video playback:
 Support 3GP/MP4 format
 Music:
 Supports MP3/AAC/AAC + / AMR / WMA / WAV format playback
 Camera:
 Internal
 Camera pixels:
 300 000
 Sensor Type:
 CMOS
 Zoom mode:
 4x digital zoom
 Photo resolution:
 Maximum support 1280 × 1024 pixel photo shoot
 Video capture:
 Audio video capture

Tuesday, 26 June 2012

Android ဖုန်းတွေအတွက် EasyTether pro ဖြင့် PC ကိုအင်တာနက် မျှသုံးရအောင်


ကဲ ဒီတစ်ခါပြောမဲ့ အကြောင်းလေးကတော့ စက်ရုပ်ဖုန်း ကိုင်ဆောင်ထားတဲ့
သူတွေအတွက်ပါ..။
မိမိဖုန်းအင်တာနက်ကို ကွန်ပြူတာကို ဘယ်လို မျှသုံးမလဲမေးနေသူတွေအတွက်…
(တစ်ချို့ bullet-in android phone တွေမှာ မပါတဲ့သူတွေအတွက်ပါ….)
ဖုန်းကနေ ကွန်ပြူတာကို ပြန် share ပေးနိုင်မဲ့ EasyTether pro ဆိုတဲ့ Android
app လေးတစ်ခုဖြစ်ပါတယ်…။
EasyTethered Pro.apk ဒေါင်းလုပ်ယူရန်

အရင်ဆုံးပြောချင်တာကတော့ Root မလုပ်ထားလဲ သုံးလို့ရတယ်ဆိုတာပါပဲ။
ဘယ်လို သုံးမလဲဆိုတော့…အရင်ဆုံး EasyTether_0.9.3.apk ဆိုတာလေးကို
ဖုန်းထဲမှာ install လုပ်ပြီးတော့ မိမိသုံးမဲ့ ကွန်ပြူတာ က
(Windows 7/Vista/XP 64-bit/32-bit, Mac OS X 10.4/10.5/10.6/10.7,
Ubuntu 10.4+, Fedora 13+) စသည်တို့မှာ လဲ EasyTether driver လေးကို
install လုပ်ထားဖို့လိုပါတယ်…

EasyTether PC Driver ဒေါင်းလုပ်ယူရန်

( ကွန်ပြူတာတွင် driver install လုပ်ထားပြီး သူများ ဖုန်းတွင်ဒေါင်းစရာမလိုတော့ပါ )
ဒေါင်းလုပ်လင့်များကို အောက်တွင် ဖေါ်ပြပေးထားပါတယ်…
အသုံးပြုနည်းကတော့ လွယ်ပါတယ်.. ဖုန်းတွင်EasyTether ကိုဖွင့်၍ USB
( Enable USB tethering service ) ဆိုတာမှာ အမှန်ခြစ်ပေး၍ ထားပါ။

ကွန်ပြူတာတွင်လဲ ညာဘက်အောက်နား တွင် မိမိ install လုပ်ထားသော EasyTether icon
လေးတွင် ညာဘက် ကလစ်နှိပ်၍ setting ထဲတွင်ပြင်ဆင်နိုင်ပါတယ်……







From: mmapp