ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label အားလုံးပေါင်းစည်းမယ်. Show all posts
Showing posts with label အားလုံးပေါင်းစည်းမယ်. Show all posts

Saturday, 25 September 2010

ဘလော့ သို့ ဖိတ်ခေါ်ခြင်း (Invite)

ဖိတ်ခေါ်ခြင်းဆိုသည့်စကားဟာ ကျွန်တော့်ဘာလော့ကို အလည်လာဖို့အတွက်တင်မဟုတ်ပါဘူး စာရေးသား ၀ါသနာပါသူ ဥပမာ ကဗျာဆို ကဗျာရေးကြမယ် နည်းပညာဆိုနည်းပညာရေးကြမယ် လူမှု့ရေး ကျန်းမာရေး သတင်း စသည့် အကြောင်းအရာများကို မိမိတို့ ရေးသားနိုင်အောင် ကျွန်တော်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဘာလော့ကို မိမိတို့လည်း အတူရေးသားလို့ရအောင် ဖွင့်ဟပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် စိတ်ဝင်စား ၀ါသနာပါသည့် ညီကိုယ် မောင်နှမ သူငယ်ချင်းများ ကျွန်တော့် ရဲ့ ဒီပို့စ်ကွန်မန်းတွင် မိမိတို့ ပါဝင်လိုသ့ည့် Email လိပ်စာများ ချန်ထားပေးခဲ့ပါ။သို့မဟုတ် ကျွန်တော်ရဲ့ Email - lion.nnt@gmail.com တွင် အကြောင်းကြားပေးပါရန်။ သူငယ်ချင်းများရဲ့  email ရရှိပါက ကျွန်တော့်ဘက်က invite လုပ်ပေးရမှာဖြစ်ပါတယ် ကျွန်တော် invite လုပ်ပေးလိုက်တဲ့ Emai ပိုင်ရှင်များရဲ့ Inbox ထဲတွင် ကျွန်တော့ဘလော့ link ရောက်ရှိလာပါမယ် နှိပ်ပြီး accept လုပ်လိုက်ပါ နောက်ထက် user name and password တောင်လာသည့်အခါ ဖြည့်စွပ်လိုက်ပါ။display name မှာ လည်း နာမည်တစ်ခု ရိုက်ထဲ့ပြီး Accept Invitation ရွေးလိုက်ရင် အိုကေပါပြီ။ကျွန်တော့် ဘလော့ Dashboard ကိုရောက်ပါပြီ New post ကိုနှိပ်ပြီး ရေးသားလို့ရပါပြီ...။ သူငယ်ချင်းများကို ကြိုဆိုလျှက်