ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label ကော်ဖီ. Show all posts
Showing posts with label ကော်ဖီ. Show all posts

Monday, 23 February 2015

မြန်မာ့ကော်ဖီ သိကောင်းစရာ


၁၉၀၀ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံကနေ မြန်မာပြည်ကို ကော်ဖီစတင်ဝင်ရောက်လာခြင်းဖြစ်တယ် ၊ အနှစ် ၅၀၊၆၀ အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသို့ ရောက်ရှိလာခဲ့သော်လည်း မြန်မာ ကော်ဖီစိုက်ခင်းများဟာ စီးပွားရေး လှုံဆော်မှုတွေနဲ့ ပြည်တွင်းနိုင်ငံရေးတွေကြားမှာ အေးဆေးနေခဲ့ပါတယ် ။ ထုပ်လုပ်မှုအဆင့်နည်းပြီး အချိန်တိုအတွင်းမှာ အရသာကောင်း ကော်ဖီရဖို့အတွက် ခိုင်ခိုင်လုံလုံပြောကြားနိုင်ပါတယ်။ ဇီဝအပို ပစ္စည်း ၊ နေရောင်ဒဏ် ခံနိုင်မှု၊ ရောဂါခံနိုင်စွမ်းနှင့် မျိုးစပ်ခြင်းတွေမလိုတဲ့အပြင် နည်းပညာ များများနဲ့ စက်ပစ္စည်းတွေလည်း မလိုပါဘူး အကော်ဖီကောင်းကောင်းထုတ်နိုင်ဖို့အတွက် အဓိက လိုအပ်ချက်ကတော့ များသောအားဖြင့် စက်မှုနည်းပညာ နည်းနည်းနှင့် အလုပ်သမားတွေရဲ့ စေစပ်သေခြာမှု  ပထ၀ီအနေထားနဲ့ ဒေသရဲ့ ရာသီဥတုပေါ်မှာ မူတည်နေပါတယ်။
မြန်မာကော်ဖီစိုက်ခင်းတွေဟာ များသောအားဖြင့် ကိုယ်ပိုင်မြေကွက် ၁.၅ ဧက ၀န်းကျင်ကျယ်ပြန့်ပါတယ်။ ကော်ဖီပေါက်ရောက်ရာ ဒေသကတော့  ပင်လယ်ရေ မျက်နှာပြင်အထွက် အမြင့်ပေ ၃၅၀၀ ကနေ ၆၀၀၀ အတွင်းရှိ ပြင်ဦးလွင် ၊ တောင်ကြီးနှင့် ဖလမ်း ပတ်ဝန်းကျင်ဒေသတွေဖြစ်ပါတယ်။ ကော်ဖီပင်ကို မေလမှ ဇွန်လအထိ စိုက်နိုင်ပြီး ဒီဇင်ဘာလတွင် အသီးစတင် ခူးဆွတ်ပါသည်။ ကော်ဖီပင်သည် နှစ်ရှည် သီးနှံပင်မျိုးဖြစ်ပါသည်။ အပင်၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ရာကျော်အထိ အသီးခူးဆွတ်နိုင်သော အပင်မျိုါ်ဖြစ်သည်။ တစ်ဧကလျှင် အပင်ပေါင်း  ၁၃၆၀ ခန့်စိုက်ပျိုးနိုင်ပြီး တစ်ဧကအထွက်နှုန်း ပိဿာ ၁၃၃ ပိဿာခန့် ထွက်ရှိပါတယ်။ ပျိုးပင်တစ်ပင်ဈေးနှုန်းမှာ ၃၀ကျပ်ဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှစပြီး ၃နှစ်ကြာပြီးလျှင် အကျိုးအမြတ်ရရှိပါသည်။ ကော်ဖီပင်သည် အစိုဓါတ် အများအပြားလိုအပ်ပြီး ပူအိုက်စွတ်စိုပြီး အပူချိန်မြင့်သည့် ဒေသတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ အရိပ်ကြိုက်သော အပင်အမျိုးအစားဖြစ်သဖြင့် အရိပ်ရ အပင်ကြီးမျိုး စိုက်ပျိုးပြီးမှ စိုက်ပါက ပိုမိုဖြစ်ထွန်းနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကော်ဖီကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် အဓိကထား စိုက်ပျိုးသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။
စိုက်ပျိုးထားရှိသည့် ကော်ဖီအမျိုးအစားများမှာ ၁။ လိုက်ဘယ်ရီက (Liberica) ၂။ ဂရော့အင်ဒင်နီ ( Gross Indenie ) ။ ၃။ အိတ်စဲလ်စာ ( Excelsa ) ၊ ၄။ အာရာဘီကာ ( Arabica ) ၊ ၅ ။ ရိုဘက်စတာ ( Robustar ) ၊ တို့ဖြစ်ပါသည်။ အရည်အသွေးနှင့် အမျိုးအစား အကောင်းမွန်ဆုံးမျိုးမှာ အာရာတီကာမျိုးဖြစ်ပါသည်။ ၄င်းမျိုးကို မြန်မာနိုင်ငံတွင် အစိုက်အများဆုံးဖြစ်ပါတယ်ခင်ဗျ။

Ref: Golden Triangle