ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label Phone Info. Show all posts
Showing posts with label Phone Info. Show all posts

Tuesday, 25 February 2014

Samsung Galaxy S5 က ဘာတွေ ထူးခြားသလဲ





အားလုံးမျှော်လင့်စောင့်စားလာခဲ့တဲ့ Samsung ရဲ့ Galaxy S5 ထွက်ရှိလို့ လာခဲ့ပါပြီ။ ဘာစီလိုနာမှာ ကျင်းပပြုလုပ်တဲ့ Mobile World Congress 2014 (MWC 2014) ပြပွဲရဲ့ ပထမနေ့မှာပဲ မိတ်ဆက်ခဲ့တာပါ။ Galaxy S5 မှာ ထူးထူးခြားခြား ဘာတွေပါလာသလဲဆိုရင် ရေအောက် ၃ ပေအနက်အထိ ယူဆောင်ကာ မိနစ် ၃၀ ကြာ အထားခံနိုင်တဲ့ ရေစိုခံ၊ ဖုန်ဝင်ခံ နည်းပညာပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာတော့ S4မှာသုံးထားတဲ့
13MP ကင်မရာအစား 16MP ကင်မရာကို သုံးပေးထားတယ်။
ထူးခြားချက် နောက်တစ်ချက်အနေနဲ့ ဖုန်းမှာ Fingerprint နည်းပညာကို ထည့်ပေါင်းထည့်ထားပါတယ်။ iPhone 5S မှာလို Fingerprint Scanner ကို Home Button မှာ ထည့်ပေါင်းထည့်ထားခြင်းမျိုးမဟုတ်ဘဲ Touch မျက်နှာပြင်မှာ အသုံးပြုရမှာပါ။ ဖုန်းကို Security ထိန်းတဲ့နေရာမှာလည်း Private Mode နဲ့ Kid Mode ဆိုပြီး ခွဲသုံးနိုင်သေးတယ်။ Fingerprint နဲ့ Mobile Payment တွေအတွက် အသုံးချနိုင်ပါတယ်။
Galaxy S5 ရဲ့အဓိကကျတဲ့ အချက်တစ်ချက်က Power-saving mode ပါ။ Power-saving mode က ဖုန်းဘတ်ထရီနည်းနေတဲ့အခါ မလိုအပ်တဲ့ Feature တွေကို ပိတ်ပစ်ပြီး ဖုန်းကို Black and White အဖြစ်ပြောင်းလဲ
ပေးသွားမှာပါ။ ဒီလိုပြောင်းလဲပေးတဲ့အတွက် ဘတ်ထရီအားက 10 % ပဲကျန်တာတောင် Stand by အနေနဲ့ထားမယ်ဆိုရင် ၂၄ နာရီအထားခံနိုင် တယ်လို့ဆိုပါတယ်။ အမှန်တကယ်ကို အသုံးဝင်တဲ့ Feature တစ်ခုပါပဲ။
နောက်တစ်ချက်က အနောက်ဘက် LED မီးရဲ့ဘေးနားမှာ သင့်နှလုံးခုန်နှုန်း
ကို တိုင်းတာပေးမယ့် Heart Rate Monitor တစ်ခု ပါဝင်ပါတယ်။ အဲဒီ Monitor ပေါ်ကို လက်ချောင်းတင်ပေးလိုက်ရုံနဲ့ S Health 3.0 app က အလိုအလျောက် အလုပ်လုပ်ပြီး သင့်နှလုံးခုန်နှုန်းကို တိုင်းတာပေးပါ
လိမ့်မယ်။
Galaxy S5 က ၅.၁ လက်မရှိပါတယ်။ ၅ လက်မရှိတဲ့ S4 ထက်တော့ မသိမသာကြီးပါတယ်။ ဒီဇိုင်းပုံစံကတော့ S4 နဲ့ ခပ်ဆင်ဆင်ပါပဲ။ Galaxy S5 ကို အနက်၊ အဖြူ၊ ရွှေနဲ့ အပြာရောင်ဆိုပြီး အရောင်း (၄) မျိုး ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။
Samsung တာဝန်ရှိသူတစ်ဦးက Galaxy S5 အကြောင်း အသေးစိတ် ရှင်းလင်းတင်ပြချက်ကို နားဆင်လိုတယ်ဆိုရင်တော့
http://news.cnet.com/1606-2_3-50161880.html မှာ သွားရောက်
လေ့လာနိုင်ပါတယ်။ Galaxy S5 ရဲ့ အသစ်ဆန်းဆုံး Feature တွေ အကြောင်း အသေးစိတ်ရှင်းလင်းပြပေးထားပါတယ်။
May Thazin (TSJ Team)
Ref & Credit: TechSpace Journal

Tuesday, 4 February 2014

sd card ကို phone storage လုပ်မယ်...( need root )






အချို့  samsung phone တွေက bluetooth ကူးတာ dowload ဆွဲတာတို့ကို phone storage ထဲကို သွားသိမ်းပါတယ်..ကင်မရာရိုက်ရင်လည်း phone storage ထဲသွားသိမ်းတာပဲ...setting ထဲကနေလည်း သွားချိန်လို့မရဘူးနော်...အဲဒီတော့ sd card ကို phone storage လုပ်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားတာပေါ့....
လုပ်နည်းကတော့ လွယ်ပါတယ်.. root explorer နဲ့ system ထဲကို သွားပြင်ပေးရမှာပါ....( need root )

root explorer > system / etc ထဲက vold.fstab ဆိုတဲ့ file ကို နည်းနည်းလေးကြာအောင်ဖွင့်ပြီး open in text editor နဲ့ ဖွင့်လိုက်ပါ.... r/o ကို r/w ပြောင်းထားရမယ်နော်...
အောက်က စာလေး 2 ကြောင်းကို တွေ့အောင်ရှာပါ.....
text က phone တခုနဲ့ တခု တူချင်မှတူမှာနော်...အခုဟာကတော့ huawei ထဲကပါ....သေချာရှာနော်...ဆင်တူရိုးမှားလေးတွေရှိတယ်...

dev_mount sdcard /mnt/sdcard emmc@fat /devices/platform/goldfish_mmc.0 /devices/platform/mtk-sd.0/mmc_host

dev_mount sdcard2 /mnt/sdcard2 auto /devices/platform/goldfish_mmc.1 /devices/platform/mtk-sd.1/mmc_host

အခု ကျွန်တော်တို့က mnt ရဲ့ နောက်က sdcard နဲ့ sdcard2 ကို နေရာချင်း change ပေးရမှာပါ...

" sdcard    ရဲ့ နောက်မှာ 2 ထည့်ပြီး
sdcard2 ကို နောက်က 2 ဇျက်ပေးလိုက်ပါ..."

ပြီးရင် menu>save လုပ်ပြီး restart ချပေးလိုက်ပါ...reboot တက်လာရင် storage ထဲ သွားကြည့်လိုက်ပါ....sd က phone storage ပြောင်းနေမယ်နော်......

စမ်းချင်သပဆိုရင် စမ်းနိုင်ပါတယ်...တခုခုဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်....ပေးထားတဲ့ guide အတိုင်းလုပ်ရင်တော့ အဆင်ပြေမှာပါ....

Tuesday, 28 January 2014

တယ်လီဖုန်း ဆက်သွယ်မှုဈေးနှုန်းများ အထိုက်အလျောက် လျော့ကျလာနိုင်







တယ်လီဖုန်း ဆက်သွယ်မှုဈေးနှုန်းများ အထိုက်အလျောက် လျော့ကျလာနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
တယ်လီဖုန်း (Call Charge)များ သတ်မှတ်လျာထားရာတွင် ပတ်ဝန်းကျင်နိုင်ငံများ ၏ ဈေးနှုန်းများနှင့်လည်း ဈေးနှုန်းညှိနှိုင်းဆောင် ရွက်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကပြောသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လစာစရိတ်၊ အခြေခံအဆောက်အအုံ (Infrastructure) စရိတ်များကိုလည်း တွက်ချက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရရှိလာသော ဘဏ္ဍာငွေ ကို နိုင်ငံတော်သို့ ပေးသွင်း၍ နိုင်ငံတော်၏ လိုအပ်သော ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်း သုံးစွဲလျက်ရှိကြောင်း ဆိုသည်။ ယခု ဥပဒေအသစ အရ ကုမ္ပဏီကြီး လေးခု ယှဉ်ပြိုင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ရမည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် အရည်အသွေး သာမက ဈေးနှုန်းများလည်း အထိုက်အလျောက် လျော့ကျလာနိုင် မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။
တယ်လီဖုန်း ဆက်သွယ်မှု ဈေးနှုန်းများ (မိုဘိုင်း) လျှော့ချ ပေးသင့်ကြောင်းကို ပြည်သူများမှ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ် ကော်မတီသို့ မေးမြန်းချက် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ယခင်ဥပဒေအရ နိုင်ငံတော်ပိုင် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကသာ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ မိုဘိုင်းဖုန်းခေါ် ဆိုမှုနှုန်းထားများ လျော့ကျလာစေရန် ဆောင်ရွက်သကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက်လာစေရန်လည်း  အော်ပရေတာ  လေးခု တို့ က ဆောင်ရွက်ကြ မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှုကို လာမည့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိ သုံးစွဲနိုင်အောင် ဆောင်ရွက် မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြောကြားဖူးသည်။
ပြည်တွင်းအော်ပရေတာ နှစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ပြောင်းလဲမည့် အများပိုင်ကုမ္ပဏီ၊ အများပိုင်ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ ပြည်ပအော် ပရေတာများဖြစ် ကြသော နော်ဝေးနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အူရီဒိုကုမ္ပဏီတို့က ပြည်တွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ယှဉ်ပြိုင် ဝန်ဆောင်မှု ပေးကြမည် ဖြစ်သည်။

Ref # Internet Journal


Saturday, 4 January 2014

မိုဘိုင်းဖုန်းတွေမှာပါလာတဲ့ NFC ဆိုတာဘာလဲ

မိုဘိုင်းဖုန်းတွေမှာပါလာတဲ့ NFC ဆိုတာဘာလဲ




အခုနောက်ပိုင်းထွက်မိုဘိုင်းဖုန်းတော်တော်များများမှာ NFC ဆိုတာပါဝင်လာပါတယ်။
ဒါပေမယ့် NFC အကြောင်းကိုခြေခြေမြစ်မြစ်သိသူနည်းပါး ပါသေးတယ်။ ဒါကြောင့် Mobile Users တွေလည်းဗဟုသုတရအောင် ဖုန်းတွေမှာပါဝင်လာတဲ့ NFC ဆိုတာဘာလဲဆိုတာကို ကျွန်တော့်အနေနဲ့ လက်လှမ်းမှီသလောက် ရှာဖွေတင်ပြဖြစ်ပါတယ်။
NFC ဆိုတာကတော့ Near Field Communication လို့အဓိပ္ပါယ်ရပါတယ်။ ဒီနည်းပညာကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်း ပညာလို့ လွယ်လွယ် ပြောလို့ ရပါတယ်။ သူကလည်း Bluetooth လို data sharing လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူက Bluetooth နည်းပညာ ထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို device A က ယူသုံးလို့ ရနေမှာပါ။ electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။ အဲဒါကို Active Communication Mode လို့သိကြပါတယ်။ ဖုန်းရဲ့ပါဝါ စားသုံးမှုမှာတော့ Bluetooth က ပါဝါ အများအပြား သုံးစွဲပြီး NFC ကတော့ ပါဝါ အနည်းငယ် ပဲ သုံးစွဲတဲ့ အပြင် အချင်း ချင်းလဲ ပါဝါ ပေးနိုင်ပါသေးတယ်။ NFC က အကွာ အဝေး အနီး မှာ data transfer အပြင် electronic connection ပါလုပ် နိုင်တာ ကြောင့် အိတ်ဆောင် မိုဘိုင်းဖုန်း တစ်လုံး ဟာ ကိုယ့် အတွက် အသုံး အဝင်ဆုံး အရာ တစ်ခု ဖြစ်လာမှာပါ။ ဥပမာ credit card တွေကို ဖုန်းထဲ ထည့်သွင်း ထားပြီး ငွေပေးချေတဲ့ အချိန်မှာ NFC reader နား ထားလိုက်ယုံနဲ့ ငွေပေးချေပြီးသား ဖြစ်မဲ့ ကိစ္စ တွေ၊ ရုံး လုပ်ငန်း တွေ နဲ့ အရေးကြီး နေရာတွေမှာ လိုအပ်တဲ့ security pass တွေကို ဖုန်းထဲမှာ ထည့်သွင်းပြီး အသုံးပြု နိုင်မဲ့ ကိစ္စတွေ၊ လေယဉ် လက်မှတ်ကို ဖုန်းနဲ့ ပဲ ဝယ်ယူပြီး ဖုန်းထဲမှာ ပဲ ထည့်သွင်း ပေး ထားကာ လေဆိပ် ရောက်မှ ဖုန်းကို reader နဲ့ စစ်ပြီး လေယဉ် စီးနိုင်ခွင့် စတာတွေ ကို လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။
(NFC အကြောင်းကို Tu-lay.net , wikipedia.org တို့မှရှာဖွေတင်ပြပါတယ်။ )
သက်နိုင်စိုး (Myanmar Mobile App Store)





Thursday, 21 November 2013

Samsung Galaxy S4



စွမ်းဆောင်ရည်မြင့် Galaxy S4 ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကလိုမျိုး လုပ်ဆောင်ချက်ဖြစ်တဲ့ Air View ကို ဒီလုပ်ဆောင်ချက်ဟာ phone ကို ကိုင်စရာ၊ ထိစရာတောင်မလိုဘဲ ထိန်းချုပ်နိုင်စေပါတယ်။ Smart Stay (Full HD မျက်နှာပြင် ကို ကြည့်လိုက်တာနဲ့ အဆင်သင့် ဖြစ်ပေးနေပါတယ်။) ကို လုပ်ဆောင်ချက်မျိုးနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ သူ့ကို ကောက်ကိုင်လိုက်တာနဲ့ 13 MP camera က အသင့်ဖွင့်ပြီးသား ဖြစ်နေပါတယ်။ S4 16 GB version ကို US carrier အများစုဆီမှာ ဒေါ်လာ ၂၀၀ နဲ့ ရနိုင်ပါတယ်။ (go.pcworld.com/galaxys4)

Sunday, 10 November 2013

ကမ္ဘာ့အမြန်ဆုံး 4G ကွန်ရက်စနစ် ဗြိတိန်တွင် စတင်တပ်ဆင်



ဗြိတိန်နိုင်ငံတွင် ကမ္ဘာ့အမြန်ဆုံး 4G အင်တာနက် ကွန်ရက်စနစ်ကို စတင်တပ်ဆင် အသုံးပြုနေပြီဟု သိရှိရသည်။ EE ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီက တပ်ဆင်သည့် အဆိုပါ ကွန်ရက်ကို အင်္ဂါနေ့က လန်ဒန်မြို့ အရှေ့ဘက်ခြမ်းတွင် စတင်၍ အသုံးပြုခွင့် ပေးခဲ့သည်။ လတ်တလောတွင် တစ်စက္ကန့်လျှင် အချက်အလက် ပေးပို့မှုမြန်နှုန်း 24Mb နှင့် 30Mb ကြားသာ ရှိသေးသော်လည်း အဆင့်မြှင့်မှုများ ပြုလုပ်သွားမည်ဟု EE က ဆိုသည်။ အဆိုပါ 4G ကွန်ရက်သည် အမြင့်ဆုံးအဆင့်ထိ မွမ်းမံ တပ်ဆင်ပြီးပါက တစ်စက္ကန့်လျှင် 300Mb ထိ အချက်အလက် လွှဲပြောင်းနိုင်အောင် မြန်နှုန်းမြင့်လာမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ EE သည် ယခု 4G ကွန်ရက်ကို ကမ္ဘာ့အမြန်ဆုံး Router ဟု သတ်မှတ်ခံရသည့် CAT 6 တွင် တပ်ဆင်မောင်းနှင်စေသည်။ အဆိုပါ Router ကို Huawei ကုမ္ပဏီက ဖန်တီးထားခြင်း ဖြစ်သည်။ လတ်တလောတွင် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သေးသော်လည်း (၂၀၁၄) ခုနှစ်တွင် နိုင်ငံအတွင်းရှိ မိုဘိုင်းလ်ဖုန်းများ အားလုံးလိုလို ချိတ်ဆက်နိုင်သည်အထိ ကျယ်ပြန့်လာမည်ဟု EE က ပြောကြားခဲ့သည်။ EE ၏ ကွန်ရက်စနစ်သစ်သည် လက်ရှိ အသုံးပြုနေသည့် 4G ကွန်ရက်များထက် မြန်နှုန်း (၁၀) ဆ မြင့်တက်လာမည်ဟုလည်း ဆိုသည်။
EE ၏ ခြေလှမ်းသည် ပြိုင်ဘက် ဆက်သွယ်ရေး ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့် O2 တို့ကို ဖိအားပေးမှုလည်း ဖြစ်လာသည်။ EE ၏ 4G ကွန်ရက် အပြည့်အဝ အလုပ်လုပ်ချိန်တွင် အလွန် အရည်အသွေးမြင့်ပြီး အရွယ်အစား ကြီးမားသည့် BluRay ဗီဒီယိုဖိုင်များကိုပင် စက္ကန့်ပိုင်းအတွင်း Download ပြုလုပ်နိုင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။ EE သည် ဗြိတိန်တွင် ပထမဆုံး 4G ကွန်ရက်ကို စတင်တပ်ဆင်သည့် ကုမ္ပဏီဖြစ်ပြီး ယမန်နှစ် အောက်တိုဘာလက အစပြုခဲ့သည်။ ထို့နောက်တွင်မှ ယခုနှစ် အစောပိုင်းတွင် O2 နှင့် Vodafone တို့ကပါ 4G ကွန်ရက်များ အစပြု တပ်ဆင်လာနိုင်ခြင်းဟု သိရှိရသည်။
Ref & Credit to : Plnet Myanmar News

Friday, 1 November 2013

G Talk နဲ့ Myanmar ပြည်ကဖုန်းကို Message ပို့မယ်


Gtalk က နေ မြန်မာနိုင် ငံက ဖုန်း Message ပို့ဖို့ အရင်ဦးဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ .....  gtalk@etmsms.com account online ရောက်လာပါလိမ့်မယ်။ gtalk message box ထဲမှာ ( sms 095024564 Hello, Nice to meet you  ) အဲလိုမျိုး ရိုက် ရပါတယ် ..... sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ် ..... ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ် ..... အဲ့ဒီမှာသူက You are not a member on eTm SMS service. Please register at http://www.etmsms.com/mem_reg.aspx ပေါ်လာရင် ပေးထားတဲ့ link ထဲဝင်ပြီး register လုပ်လိုက် င်ရရပါပြီ.....

Tuesday, 24 September 2013

iPhone 5S ကိုရင်သား(nipple)နဲ့လည်း Security သတ်မှတ်လို့ရ

ပေါက်ပေါက်ရှာရှာ သတင်းတစ်ခုလို့ဆိုရမှာပါ။ငိုအားထက်ရယ်အားသန်ရ မလိုပါပဲ။Apple ကသူ့ရဲ့  iPhone5S ကိုယခင်လက်ဟောင်းဖုန်းတွေထက်
အသုံးပြုသူပိုမိုလုံခြုံစေတဲ့ Touch ID fingerprint စနစ်ကိုထည့်သွင်း ပေး
ထားတာ အားလုံးအသိပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲလုံခြုံတယ်ပဲဆိုဆို နည်းပညာခေတ်ကြီးထဲ မှာဘယ်အရာကိုမဆို ဖြေနိုင်တဲ့နည်းကတော့ ရှိစမြဲပဲလေ။ဒါကြောင့်ပဲ ပြီးခဲ့
တဲ့ရက်ပိုင်းတင်ပဲ finger စနစ်ကိုဖြတ်စီးနိုင်တဲ့ ဂျာမနီက Hacker တောင်ပေါ်
လာသေးတာပဲ။

အခုလည်း ဂျပန်ဝက်ဆိုဒ်တစ်ခုမှလွှင့်တင်ထားတဲ့ ဗီဒီယိုဖိုင်အရ Touch ID fingerprint နဲ့သာသတ်မှတ်ထားတဲ့ iPhone 5S ကိုရင်သားဖြစ်တဲ့(nipple) နဲ့လည်း Security သတ်မှတ်လို့ရတယ်ဆိုတာကို ဗီဒီယို နဲ့မှတ်တမ်းတင် သက်သေပြထားတာကို ပေါက်ပေါက်ရှာရှာမြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားရဲ့ ရင်သား(nipple) နဲ့ Security ပြုလုပ်ထားပုံကို အောက်ပါဗီဒီယို
ဖိုင်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

TechSpace Journal မှ ကူးယူဖော်ပြသည် ......

http://www.independent.co.uk/life-style/gadgets-and-tech/news/personal-security-apple-iphone-5s-unlocked-using-nipples-8835121.html

Wednesday, 11 September 2013

iPhone 5S နဲ့ 5C ဘာရွေးမလဲ

မနေ့ညက Apple တို့ တရားဝင် မိတ်ဆက်ပြသ ပြီးသွားပါပြီ။ အလူမီနီယံ iPhone စီးရီးထဲက နောက်ဆုံးထွက် iPhone 5S နဲ့အတူ ပလပ်စတစ်ကိုယ်ထည်နဲ့ ပထမဆုံးမျိုးဆက် iPhone 5C ကိုလည်း မိတ်ဆက် ခဲ့ပါတယ်။ 

iPhone 5S

ကမ္ဘာ့ ပထမဆုံး A7 64 bit Smarphone လို့ ဆိုပါတယ်။ ကင်မရာ ကတော့ 8 Megapixel ပဲ ပါဝင်ပါတယ်။ ၄ လက်မ အရွယ် Retina Display ဖြစ်ပြီး iPhone 5 နဲ့ ပုံဏ္ဍာန် အားဖြင့် မထူးမခြားနားပါပဲ။ သို့ပေမယ့် ရွေးစရာ အရောင် သုံးခု ဖြစ်လာ ပါတယ်။ ခဲရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင် ဖြစ်ပါတယ်။ ရွှေရောင်က ပိုမို လူကြိုက်များမှာပါ။ iOS 7 ထည့်သွင်း ပေးထားပါတယ်။ လက်ဗေ စစ်ဆေး လုံခြုံရေး စနစ် ပါဝင် လာပါတယ်။ 16GB, 32GB, 64GB unlocked ဗားရှင်းတွေကို 649 ,749, 849 ဒေါ်လာ အသီးသီးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

iPhone 5C

ပလပ်စတစ် ကိုယ်ထည်ဆိုပေမယ့် ပိုလီကာဘွန်နိုက်သားနဲ့ ပြုလုပ်ထားပါ။ အပူဒဏ်ခံနိုင်ရည် ရှိပြီး အကြမ်းခံလည်း ခံတဲ့ ကာဗာ ဖြစ်ပါတယ်။ A6 Chip ကိုပဲ အသုံးပြု ထားပါတယ်။ ၄ လက်မ Retina Display ပါပဲ။ အရောင် ငါးမျိုးနဲ့ ထုတ်ထားပါတယ်။ အစိမ်းရောင်၊ မီးခိုးရောင်၊ ပြာနုရောင်၊ အနီနုရောင်၊ အဝါရောင် ဆိုပြီး ထုတ်လုပ်ထားတာပါ။ 16GB နဲ့ 32 GB ပဲ ထုတ်လုပ် ထားပါသေးတယ်။ ဈေးနှုန်းကတော့ ၅၄၉ ဒေါ်လာနဲ့ ၆၄၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ ဒီတော့ ဈေးသက်သာဖုန်းလို့ ပြောလို့ မရတော့ ပါဘူး။ ဈေးကြီးဖုန်း အမျိုးအစားပါပဲ။

ဘယ်ဟာ ရွေးမလဲ

ဈေးကတော့ ဒေါ်လာ ၁၀၀ ပဲကွာမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ၇ သိန်းလောက်တတ်နိုင်ရင် iPhone 5C မှာဆိုရင် 32 GB ရနိုင်ပြီး iPhone 5S မှာဆိုရင် 16 GB ဗားရှင်း ရနိုင်မှာ ဖြစ်ပါတယ်။ iPhone 5 ထပ် ဘာတွေထူးသလဲမေးရင် Chipset ပိုကောင်းလာမှု၊ Finger print ပါဝင်မှု နဲ့ ရွှေရောင် ပါဝင်ထွက်ရှိလာမှုတို့လောက်ပဲ အပေါ်ယံမှာ မြင်ရ ပါတယ်။ ဒီဇိုင်းက ထူးခြားမသွားပါဘူး။ သို့ပေမယ့် လုပ်ဆောင်ချက် မြန်ဆန်တဲ့ ဖုန်းဖြစ်လာမှာပါ။ အော်ဒါမှာယူမှုကို စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ လက်ခံပြီ ဖြစ်ကြောင်း သိရပါတယ်။
.
www.apple.com

http://www.innewsmyanmar.com/2013/09/iphone-5s-5c.html

.

Wednesday, 28 August 2013

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းများ ဆက်တိုက်ကျဆင်း လာသော်လည်း လျှောက်ထားသူ ကျဆင်းခြင်း မရှိ








ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းများမှာ ဆက်တိုက် ကျဆင်းလျက် ရှိသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် လျှောက်ထားသူများ ပိုမို များပြားလာကြောင်း သိရသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် လျှောက်ထားကြသူ အများစုမှာလည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် မဲပေါက်ပါက ကိုင်ဆောင် အသုံးပြုရန် မဟုတ်ဘဲ ပြန်လည် ရောင်းချရန် အတွက် လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲစနစ်ဖြင့် ကနဦး ရောင်းချစဉ် ကာလက ငွေကျပ် ၁၅ဝဝ တန် CDMA, WCDMA ဆင်းကတ်များမှာ ပြင်ပ ဈေးကွက်များတွင် ငွေကျပ် ၈ဝဝဝဝ အထိ ပေါက်ဈေး ရှိခဲ့ပြီး ငွေကျပ် ၁၅ဝဝ တန် GSM ဆင်းကတ်များမှာ ငွေကျပ် ၁၂ဝဝဝဝ အထိ ဈေး ပေါက်လျက် ရှိကြောင်း သိရသည်။
သို့သော် ယခုအခါတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ Telenor နှင့် Ooredoo ကုမ္ပဏီ နှစ်ခုမှ မြန်မာ့ ဆက်သွယ်ရေး လောကတွင် 3G, 4G အစရှိသော Network များကို မကြာမီ အကောင် အထည် ဖော်မည်ဆိုသည့် သတင်းများကြောင့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းများလည်း ဆက်တိုက် ကျဆင်းလာကြောင်း သိရသည်။
၁၅ဝဝ တန် ဆင်းကတ် ဈေးနှုန်းတွေက ဆက်တိုက် ကျလာတယ်။ အရင်က CDMA, WCDMA ဈေးနှုန်း တွေက ၈ဝဝဝဝ လောက် ဈေးပေါက်ပေမဲ့ အခုဝယ်တဲ့ သူတွေက လေးသောင်းကျော်ကျော်ပဲ ပေးတော့တယ်။ GSM တွေ မဲဖောက်ပေးတာက တစ်ခုပဲ ရှိတယ်။ ပထမဆုံး မဲဖောက်ပေးတဲ့ အချိန်ပဲ ပေါက်ဈေးတွေက ၁၂ဝဝဝဝ လောက် ရှိခဲ့တယ်။ ဒါပေမဲ့ အခု ၇ဝဝဝဝ လောက်ပဲ ရှိတော့တယ်။ ဒါတောင် ဝယ်တဲ့သူတွေက နည်းနည်း ရှားသွားပြီ ဟုယုဇနပလာဇာမှ ဖုန်း အရောင်းအဝယ် ပြုလုပ်သူ တစ်ဦးက ပြောကြားခဲ့သည်။
ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်ဈေးနှုန်းများ ဆက်တိုက် ကျဆင်း လာသော်လည်း လျှောက်ထားသူများ ပိုမို များပြားလာကြောင်း၊ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ မဲပေါက်ပါကလည်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် များနှင့် ချိတ်ဆက်၍ ပြန်လည် ရောင်းချကြကြောင်း သိရသည်။
ဒီရက်ပိုင်း ရပ်ကွက်ရုံးမှာ မဲဖောက်ပေးမှာ။ မဲပေါက်ရင်တော့ ပြန်ရောင်းမယ်။ အခု ၁၅ဝဝ တန် GSM ဆင်းကတ် ပေါက်ဈေးက ၈ဝဝဝဝ နီးပါး ရှိသေးတယ်လို့ ကြားတယ်။ နောက်ပိုင်း ပြည်ပကုမ္ပဏီတွေ ဝင်လာရင် ဆင်းကတ်တွေက ပေါလာမှာ။ အခုဈေးရတုန်း ရောင်း ရမယ်။ ပြည်ပကုမ္ပဏီတွေ ဝင်လာရင် ဖုန်းလိုင်းကလည်း အခုထက် အများကြီး ကောင်းမှာ ဟု ပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။
တန်ဖိုးနည်း ငွေကျပ် နှစ်သိန်းတန် ဆင်းကတ်များမှာလည်း ယခုအခါ ငွေကျပ် တစ်သိန်းခွဲ ဝန်းကျင်သာ ပေါက်ဈေး ရှိနေပြီး ငွေကျပ် ငါးသိန်းတန် ဆင်းကတ်များမှာ ယခုအခါ နှစ်သိန်း ဝန်းကျင်သာ ပေါက်ဈေး ရှိကြောင်း သိရသည်။
Ref & Credit: မြ၀တီ