ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Thursday 31 January 2013
Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့်နည်းပညာ
2010 ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ်စေခဲပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကိုထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်းကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေပါပြီ၊ နောက်ဆိုရင် လူတိုင်းလက်မှာကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ်တင်ရတဲ့ကွန်ပျူတာ၊ လပ်တော့နဲ့ အခြားသောအီလက်ထရောနစ်ပစ္စည်းနေရာအတော်များများမှာ လွှမ်းမိုးလာမယ်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုဖြစ်ပါတယ်။
လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဒာကိုယ်  အရေပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်၊ ဥပမာ ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေးတောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါတယ်။ ဒီတော့ ကိုယ့်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ် စက်သေးသေးလေး တစ်ခုတော့ တပ်ထား၊ ပတ်ထားဖို့လိုပါမယ်၊ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်းပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရာမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ်လာစေဖို့ဖြစ်ပါတယ်။
အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမဲ့ အပြင်က အင်ဂျငက်နီယာများဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ဓါတ်ခွဲခန်းကို အသုံးပြုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမဲ့ ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖ၀ါးတွေ၊ လက်မောင်းတွေနဲ့ အခြား ခန္ဒာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
Ref: mircosoft,wiki
Aung Kham (TSJ team)
TechSpace Journal
Tuesday 29 January 2013
ဆီဆိုင်မြို့နယ် အိမ်ကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်တစ်ခေါက် ကျပ်လေးသိန်း
တောင်ကြီးမြို့ NLD ပါတီမှ ရှေ့နေပြည်နယ် ကော်မတီဝင်တစ်ဦးသည် ဆီဆိုင်မြို့နယ် ပြည်သူတို့မှတင်ပြသည့် အိမ်ကိစ္စနှင့်ပတ်သက်ပြီး၊ အဆင်ပြေအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသို့သော်နေပြည်တော်တစ်ခေါက်
သွားပါက ခရီးစရိတ်အဖြစ် ကျပ်လေးသိန်းကုန်ကျမည်ဖြစ်ပြီး၊ နေပြည်တော်သို့ (၅)ခေါက်ခန့်သွားရောက်ပြီးဆောင်ရွက်လိုပါက အဆိုပါအိမ်ကိစ္စမှာ ပြေလည်နိုင်ကြောင်း သို့ဖြစ်၍ ခရီးစရိတ်သိန်း(၂၀)ခန့်ကုန်ကျမှာဖြစ်ကြောင်း ထို့အပြင် ၄င်း NLD ပါတီရံပုံငွေအတွက် သိန်းနှစ်ဆယ်ထံမံပေးဆောင်ရမည်ဖြစ်ပြီး တင်ပြသည့်ပြည်သူက မိမိတို့မှာငွေကြေးမတတ်နိုင်သဖြင့် အားကိုးပြီးတင်ပြခြင်းဖြစ်ရာ ယခုကဲ့သို့များပြားသည့် ငွေပမာဏမတတ်နိုင်ကြောင်း ပြည်သူ့လိုအပ်ချက်အခက်အခဲများကို ဖြည့်ဆည်ပေးမည်ဟု ပြောဆိုမှုအပေါ် မျှော်လင့်ပြီး တင်ပြခြင်းဖြစ်ကြောင်း လက်တွေ့တွင် ဆောင်ရွက်မှုမပေးနိုင်ကြောင်း ပြည်သူများ၏ထံမှကြားသိရပါသည်။
Sunday 27 January 2013
MAS(Mobile Alarm System) apk
Android ဖုန်းများအတွက် MAS(Mobile Alarm System) apk လေးတစ်ခုဖြစ်ပါတယ်။ မိမိဖုန်းကို တစ်ခြားနေရာမှာကျန်နေခဲ့လို့ဖြစ်စေ ကိုယ့်ဖုန်းကို တစ်ခြားသူကိုင်တာမျိုးမကြိုက်သူတွေအတွက် ဒီ MAS လေးနဲ့ပြုလုပ်နိုင်ပါတယ်။
MAS မှာလုပ်ဆောင်နိုင်တာလေးတွေကတော့ ကိုယ့်ဖုန်းကို လက်ရှိနေရာကနေ ရွေ့သွားလျှင် Alarm ထမြည်လာပါမယ်။ 
Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း။
ဖုန်းကို အားသွင်းထားခြင်း ကွန်ပျူတာဖြင့်ချိတ်ဆက်ထားခြင်းပြုလုပ်ထားချိန်တွင် တစ်စုံတစ်ယောက်က ဆွဲဖြုတ်လိုက်ပါက Alarm ထမြည်ပါမည်။
ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာလှုပ်ရှားမှုကိုမြင်တာနဲ့ Alarm ကထမြည်ပြီး လှုပ်ရှားမှုများကို ဓါတ်ပုံရိုက်ယူထားနိုင်ခြင်းများစတဲ့ Features များပါဝင်ပါတယ် အတော်လေးလန်းတဲ့ App လေးဖြစ်ပါတယ်။ ဒီထက်မက လေ့လာချင်သူများ မူရင်း ဆိုဒ် တွင်သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။  
လိုင်စင်မဲ့ မော်တော်ယာဉ်မှ လူနှင့်ဆိုင်ကယ်အား ၀င်တိုက်၍ အရေးယူခံရ
တောင်ကြီး ၊ ၂၇-၁-၂၀၁၃
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်း အမှတ်(၇) အခြေခံ ပညာ အထက်တန်းကျောင်း ရှေ့တွင် ယမန်နေ့ နံနက် ၁၀နာရီခွဲက ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း စိုင်းနော်ခမ်း ၂၄ နှစ် ၊ ကွန်ဟိန်း နေသူ မောင်းနှင် လာသော လိုင်စင်မဲ့ SURF အမျိုးအစား မော်တော်ယာဉ် မှ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီး အတိုင်း အရှိန်ပြင်းစွာ မောင်းနှင် လာစဉ် အမှတ်(၇) အခြေခံ ပညာ အထက်တန်းကျောင်း ရှေ့ လမ်းဘေးတွင် မော်တော် ဆိုင်ကယ် ဖြင့် ရပ်နေသော ဦးအောင်စိုး ၄၅ နှစ် ၊ စ၀်စံထွန်း ရပ်ကွက်တွင် နေသူအား ၀င်ရောက် တိုက်မိပြီး လူနှင့် ဆိုင်ကယ် မှာ မော်တော်ယာဉ် နှင့်အတူ ကျောင်းရှေ့ ကလေးကစားကွင်း အတွင်းထိ ချိတ်ပါ သွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အတိုက်ခံ ရသူ ဦးအောင်စိုး မှာ ယာဘက် ခြေထောက် ပြတ် ပြီး ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် စ၀်စံထွန်း ဆေးရုံတွင် တင်ပို့ ဆေးကုသမှု ခံယူလျက် ရှိပြီး မော်တော်ယာဉ် အား မဆင်မခြင် မောင်းနှင်သူ စိုင်းနော်ခမ်းအား တောင်ကြီးမြို့ အမှတ်(၂) ရဲစခန်းမှ (ပ) ၁၉/၂၀၁၃ ၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၃၃၈ ၊ သွင်းကုန် / ထုတ်ကုန် ပုဒ်မ-၈ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
Source: မြ၀တီသတင်း
တောင်ကြီးမယ်တစ်ဦးနှင့် အဖော်တစ်ဦးအတွက် ထောက်ပံကြေး
တောင်ကြီးမြို့ ချမ်းမြေ့သာစည်ရပ်ကွက်၊ ရပ်ကွက်အုပ်ချူပ်ရေးမှုးရုံးတွင် တက္ကသိုလ်ဝင်တန်း သင်ထောက်ကူသင်တန်းဖွင့်လှစ်သင်ကြားပို့ချလျှက်ရှိရာ မြို့နယ်အုပ်ချူပ်ရေးမှုးမှ မြို့ပေါ် (၂၂)ရပ်ကွက်တွင် တစ်ရပ်ကွက်လျှင် ငွေကျပ်သုံးသောင်းနှုန်းနှင့် (၂၀၁၃) ခုနှစ်(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား သို့ သွားရောက်မည့် တောင်ကြီးမယ်တစ်ဦးနှင့် အဖော်တစ်ဦးအတွက် ထောက်ပံ့ရန် ငွေကျပ် တစ်သောင်းနှုန်း စုစုပေါင်း လေးသောင်းကျပ်ပေးသွင်းရန်ဟု သိရှိရပါသည်။
Friday 25 January 2013
Prepaid Card ပြဿနာ
ညအိမ်အပြန် ကော်ဖီမစ်ကုန်လို့ mini market တစ်ခုမှာဝင်ဝယ်ဖို့သွာလိုက်တယ် ၀ယ်ပြီးငွေရှင်းချိန်မှာ ပြဿနာတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတယ် ဖုန်းငွေဖြည့်ကဒ်ဝယ်တဲ့ လူတစ်ယောက်က ၁၀၀၀၀ တန်ကဒ်ကိုဝယ်ပြီးပြီးခြင်းမှာပဲ ခဲခြစ်ပြီး ဖုန်းထဲကိုငွေဖြည့်တယ် *123* ? # call ဆိုပြီရိုက်ထည့်တယ် သူ့ဖုန်းထဲငွေ 10000 မ၀င်သွားပါဘူး အဲဒါနဲ့ နောက်တစ်ကဒ်ပေး၇င်ပေး မပေး၇င်လည်း ငွေပြန်အမ်းပါပေါ့ ဆိုင်ရှင်အဒေါ်ကလည်း ဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူးဆိုပြီး အဲဒီ security code ကိုသူ့ဖုန်မှာရိုက်ထည့်ကြည့်သတဲ့ ဒါလည်းသူ့ဖုန်ထဲငွေမ၀င်ပါဘူး  မှတ်မှတ်၇၇ လက်ကျန်ငွေ ၇၇၇၇ ပဲရှိတာကိုတွေ့လိုက်၇တယ် ထို့အတူ ဘေးမှာရှိတဲ့ မိန်းကလေးကလည်း ဆိုင်ရှင်ပဲလားတော့မသိဘူး သူဖုန်းကို ၄င်းအတိုင်းထည့်ကြည့်တယ် မရပါဘူး။ ဒါနဲ့ ၀ယ်တဲ့လူက အဲဒီကဒ်ကိုဝယ်တဲ့ဆိုင်မှာပြန်လည်းလိုက်ပါတဲ့ mpt clean လုပ်လိုက်ပါတဲ့ အဲဒါကိုတော့ ကျတော်နားမလည်ဘူး။ ပြန်လဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဘယ်သူမှမလည်းပေးပါဘူး ခဲခြစ်ပြီးနောက်ပိုင်းမှာ စော၇ီးပါ :-) ဆိုင်ရှင်ကလည်းဖုန်းကို ကောင်းကောင်းမကိုင်တက် နားမလည်ပါဘူးတဲ့ ၁၀၀၀၀ ၇င်းမှ ၂၅၀ မြတ်တာပါလို့ပြောတယ် အဲဒီမှာ ပါလေသူကြီး Blogger နိုင်နိုင် ကျတော်က ပွကြီးဝင်လုပ်လေပြီ :-) ဆိုင်ပိုင်ရှင်ကိုပြောပြီး သူ့ဖုန်းကိုယူပြီးထည့်ပေးကြည့်လိုက်ပါတယ် ငွေ ၁၀၀၀၀ ကျပ်ဝင်သွားလေသတည်း ဖြစ်ပုံက 7ဆိုတဲ့ဂဏန်းကို 2ဆုပြီးရိုက်ထည့်နေလို့ပါ ခဲကိုလည်းသေချာခြစ်မကြည့်ကြဘူးလေ ဒါကြောင့် ခဲကို သေချာခြစ်ပါ သေချာမှန်အောင်ရိုက်ထည့်ပြီး အဆင်ပြေကြပါစေဗျာ့ 
စေတနာ(အခမဲ့)သင်ထောက်ကူသင်တန်းသို့ အလှုငွေပေးအပ်လူဒါန်းခြင်း
24.1.2013 ရက်နေ့ ညနေ(7)နာရီအချိန် တောင်ကြီးမြို့ မြို့မ ရပ်ကွက် အ.မ.က(8) မူလွန်ကျောင်းတွင် တက္ကသိုလ်ဝင်တန်း စေတနာ(အခမဲ့)သင်ထောက်ကူသင်တန်းသို့ ရှမ်းပြည်နယ် အမျိုးသမီးရေးရာနာယက၊ ၀န်ကြီးချူပ်၏ဇနီးဒေါ်ဖြူဖြူညွှန့်နှင့်အတူအမျိုးသမီးရေးရာအဖွဲ့ဝင်များ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်ရေး အဖွဲ့ဝင်များ ရောက်ရှိလာပြီး သင်တန်းသားသင်တန်းသူများအား အားပေးစကားပြောကြားကာ သင်တန်းအတွက် အလှုငွေကျပ်နှစ်သိန်းပေးအပ်လှုဒါန်းခဲ့ကြောင်းသိရှိရပါသည်။
Thursday 24 January 2013
GSM ကိုငွေဖြည့်ပေးလို့ရပါပြီ
GSM ဖုန်းရှိသူတွေကို ငွေဖြည့်ပေးလို့ရပါပြီ အားလုံးပဲ  ကိုယ့်သူငယ်ချင်းပဲဖြစ်ဖြစ် အဝေးရောက်နေချိန် ငွေဖြည့်ကဒ်ဝယ်လို့မရတဲ့ နေရာမျိုးတွေ ပိုက်ပိုက်ပြတ်သွားတဲ့အချိန်မျိုးမှာ ကိုယ့်ဖုန်းကနေပို့ပေးလိုက်လို့ရပါတယ်။ ပထမဦးဆုံး *123*ကိုယ်ပဲရိုက်ပြီး ဖုန်းငွေဖြည့်ကဒ်ရဲ့ လျို့ဝှက်ကုဒ်လေးကိုမှန်အောင်ရိုက်ပါ အားလုံးမှန်ပြီဆိုရင်တော့ နောက်မှာ(*) လေးကိုထပ်ထည့်ပေးလိုက်ပါ အဲဒီနောက် ကိုယ်ပို့ချင်တဲ့ဖုန်းနံပါတ်ကို မှန်အောင်ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ( # ) ကိုထည့်ပေးပြီး ဖုန်းခေါ်လိုက်ပါ။ဖုန်းနံပါတ်ရိုက်ထဲ့ချိန်မှာ 09 ပါအောင်ရိုက်ထည့်ပေးဖို့လိုပါတယ်။တစ်ခုသိရမှာက ပို့တဲ့အခါမှာGSMအခြင်းခြင်းသာပို့လို့ရနိုင်ပါတယ်။ဒါဆိုအဝေးရောက်နေတဲ့သူငယ်ချင်းမိတ်ဆွေများကိုကိုယ့်
ဖုန်းနဲ့ငွေဖြည့်ကဒ်တစ်ခါတည်းထည့်ပေးနိုင်ပါတယ်။ကိုယ်ပို့ပေးချင်တဲ့သူရဲ့ဖုန်းနံပါတ်မှားရိုက်ပြီးပို့လိုက်ပါက ကံစမ်းမဲဖောက်ပြီးသားဖြစ်သွားပါမည်။ အားလုံးကိုကျေးဇူးတင်ပါတယ်... နိုင်နိုင်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး Admin မန်နေဂျာ ဦးမြင့်သိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် Eleven Media Group သို့ တရားဝင်ပြောကြားလိုက်သည်။
နိုင်ငံတော်အစိုးရမှ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုဘဲ ဖျက်သိမ်းပါက တရားဥပဒေ လမ်းကြောင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ပြီး အစိုးရသို့မဟုတ် ကြားခံကုမ္ပဏီ မည်သည့်အဖွဲ့အစည်းကို တရားစွဲဆိုမည်ဆိုသည်ကိုမူ စာချုပ်အား အသေးစိတ်လေ့လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
"တကယ်တမ်း စီမံကိန်းရပ်ဆိုင်းမယ်ဆိုရင် လုံးဝဖျက်သိမ်းပေါ့နော်။ စာချုပ်အရဆိုရင် ကျွန်တော်တို့ တရားစွဲမယ်။ ဘယ်သူ့ကို တရားစွဲမလဲဆိုတာတော့ စာချုပ်အပေါ် မူတည်တယ်။ စာချုပ်ကို အသေးစိတ်ကြည့်ရဦးမယ်။ ဒါပေမဲ့ ဒီကိစ္စက နောက်ဆုံးဒီလိုအခြေအနေ ရောက်သွားလို့ရှိရင် ဒီတရားဥပဒေ လမ်းကြောင်းအရ ဖြေရှင်းရမှာပဲ။ ဒါတော့ သေချာတယ်" ဟု ၎င်းက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမီတက်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပြီး  စီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေများ သိမ်းယူမှုအပြင် အခြားအကြောင်းများကြောင့် ဒေသခံများ၏ စီမံကိန်းရပ်တန့်ပေးရန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
Source:Eleven News
Wednesday 23 January 2013
ဟဲဟိုး Air Bagan လေယာဉ်ပျက်ကျ နောက်ဆက်တွဲ
ဟဲဟိုး Air Bagan လေယာဉ်ပျက်ကျနောက်ဆက်တွဲကတော့ တောင်ကြီးမြို့နယ် ရပ်ကွက်များမှ သတင်းတစ်ခုရရှိပါတယ် Air Bagan လေယာဉ်ပျက်ကျမှုကြောင့် တောင်ကြီးမြို့မှ မီးသတ်ကားများ အသုံးပြုခဲ့သည့်စက်သုံးဆီဖိုးကိစ္စအတွက် တစ်ရပ်ကွက်လျှင် (၄၅၀၀)ကျပ်နှုန်း၊မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ညှိ့နှိုင်းပြီး တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် (၂၂)ရပ်ကွပ်မှ ၄င်းစက်သုံးဆီဖိုးအား  ပေးသွင်းခဲ့ရကြောင်းသိရှိရပါသည်။
Tuesday 22 January 2013
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ပင်ငိုရေဝေရေလဲ ကြိုးပြင်ကာကွယ်တော”ဖြင့် သတ်မှတ်ဆောင်ရွက်သွားရန် ကျေးရွာရပ်မိရပ်ဖ(၃၂)ဦးမှ လက်မှတ်ထိုးဖြင့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးသို့ ပေးပို့စာ
တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စု၊ပင်ငို-မဲဟဲကျေးရွာအနီးရှိ အကျယ်အ၀န်း(1.56)စတုရန်းမိုင်အား ရှမ်းပြည်နယ် သစ်တောဦးစီးဌာန သစ်တောကြေးတိုင်အရာရှိရုံးမှ စာအမှတ်၆၉၆၀-၆၉၇၈/စ (က)၁ ပင်ငိုရေဝေရေလဲ၊၂.၁၀.၁၉၉၅ ရက်စွဲဖြင့် ညွှန်ကြားရေးမှုး သစ်တောဦးစီးဌာန ရှမ်းပြည်နယ်သစ်တောတိုင်း၊ လက်မှတ်ထိုးဖြင့်ပင်ငိုရေဝေရေလဲ ကြိုးပြင်ကာကွယ်တောဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်ဆီးကျေးရွာအုပ်စု ကျေးရွာငြိမ်ဝပ်ပီပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှုးထံ လိပ်မှုပြီး သက်ဆိုင်သူများအားလုံးသိရှိလိုက်နာနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်နိုင်ရန် သစ်တောကြေးတိုင်ပုံစံ (၁)ဖြင့်ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
Monday 21 January 2013
ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ
ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ
သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ ဖယ်ရှားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဟု ထုတ်ပြန်ကြေညာ ပြီးနောက် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်ကဲ့သို့သော အရာရှိများအပါအ၀င် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
“၀န်ကြီး ထွက်သွားပြီးတဲ့ နောက်တနေ့မှာပဲ ရန်ကုန်က ဆက်သွယ်ရေး အရာရှိကြီးတွေကို နေပြည်တော်ကို ခေါ်စစ်ပါတယ်။ ပထမတော့ ၈ ဦး၊ ဒါပေမယ့် အစစ်ဆေး ခံရတဲ့သူတွေနဲ့ ဆက်စပ်တာတွေ ထပ်ခေါ်တော့ ခေါ်စစ်ဆေး ခံရတဲ့သူတွေ အရေအတွက်များတယ်လို့ သိရပါတယ်” ဟု နေပြည်တော်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းအရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပြီး ၀န်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ၀န်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းတင်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခံရမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ဦးသောင်းတင်က မှတ်ချက် မပေးလိုကြောင်း ပြောသည်။
“ကျနော် မှတ်ချက် ပေးစရာ မရှိသေးပါဘူး” ဟု ဦးသောင်းတင်က ဆိုသည်။
နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခြင်းကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက် ကိုင်တွယ်လျှက်ရှိကြောင်း သိရှိရသည်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ၀န်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ၏ ဥပဒေအကြံပေး ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းအပါအ၀င် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းကဲ့သို့ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယခင် စစ်အစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယခု အစိုးရအဖွဲ့အတွင်း ပါဝင် ဆောင်ရွက်နေသူများပါ ထိခိုက်လာနိုင်ဖွယ် ရှိသောကြောင့် ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ယူဆရကြောင်း လေ့လာ သုံးသပ်သူများက ဝေဖန်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကိုရီးယားခရီးစဉ်အတွင်း သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ပက်ဂွန်းဟေးနှင့် တွေ့ဆုံသွားမည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၅ ရက်တွင် ဟိုနိုလူလူမြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံမည် ဖြစ်သည်။ ထို့နောက် ဇန်န၀ါရီလ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူမည် ဖြစ်သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မစ္စ ပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ အထူးအိုလံပစ်ပွဲဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးထိပ်သီး ညီလာခံ (Global Development Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇန်န၀ါရီလ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်ပြီး ကွမ်ကျူးဆုကို လကခံရယူမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြား၍ ညနေပိုင်းတွင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ အမေရိကန်-တောင်ကိုရီးယား ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
Source:Eleven Media
 လူမြင်ကွင်း၌ ဖြစ်ပွားခဲ့သော ကျပ်သိန်း ၆၀၀ ကျော် လုယူထွက်ပြေး သွားသူအား နှစ်ပတ်ခန့် အကြာတွင် ဖမ်းဆီးရမိ
လူမြင်ကွင်း၌ ဖြစ်ပွားခဲ့သော ကျပ်သိန်း ၆၀၀ ကျော် လုယူထွက်ပြေး သွားသူအား နှစ်ပတ်ခန့် အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၇ ရက်နေ့၊ နေလည်အချိန်၌ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်တွင် ပဲကိုယ်စားလှယ် တစ်ဦးသည် ကုမ္ပဏီပိုင် ငွေသိန်း ၆၆၆ သိန်းအား သူငယ်ချင်းဖြစ်သူနှင့် အတူ ထုတ်ယူခဲ့ပြီး ဘဏ်အနီးရှိ အငှားယာဉ် တစ်စီးအား ငှားရမ်းစီးရာမှ ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီးတွင် ကားစက် ပျက်သွားသဖြင့် ၄င်းတို့ နှစ်ဦးက ဆင်းတွန်းပေးစဉ် ယာဉ်အား မောင်းနှင် ထွက်ပြေးခဲ့ကြောင်း ကမာရွတ် ရဲစခန်း၏ အမှုစစ်ချက်အရ သိရသည်။
ဒဂုံမြောက်မြို့နယ် နေသူ သိုးကိုကိုမောင်မှာ ယခင်က တက္ကစီကား မောင်းနှင်သူမှာ လက်ရှိတွင် ကျပ်သိန်း ၃၀၀ တန် အာရာဖတ် ခဲရောင်ယာဉ် တစ်စီးအား ၀ယ်ယူထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ရွှေနန်းတော်၊ အောင်သမာဓိ ရွှေဆိုင်မှ သိန်း ၇၀ ဖိုး ရွှေထည်များ ၀ယ်ယူခဲ့ကြောင်း အရပ်ပေး သတင်းများမှ သိရှိခဲ့သဖြင် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်မှ ဆိုသည်။
“ဖြစ်စဉ်ဖြစ်ပွားခဲ့တာ ၇ ရက်နေ့က ဖြစ်ပါတယ်။ ဖမ်းမိတာ ကတော့ ၂ ပတ်ခန့် အကြာမှ ဖမ်းမိခဲ့ပါတယ်။ အဓိကကတော့ ဘဏ်တွေမှာ တပ်ထားတဲ့ လုံခြုံရေး ကင်မရာတွေဟာ ဒီထက်ပိုပြီး စွမ်းရည် မြင့်မားတဲ့ ဟာတွေ တပ်ထားဖို့ လိုနေပါတယ်။ စဖြစ်တုန်းက ဆိုရင် လုံခြုံရေး ကင်မရာကို ကြည့်တဲ့အခါ ကားအရောင်ကိုပဲ မြင်ရတယ်။ ကားနံပတ်ကို မတွေ့ရှိရဘူး။ အကယ်၍ နံပါတ်ကိုသာ တွေ့ခဲ့ရမယ်ဆိုရင် နာရီဝက် တစ်နာရီ အတွင်းမှာ ဖမ်းဆီးရမိမှာ ဖြစ်ပါတယ်။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်မှာ အမာခံ သတင်းပေးတွေနဲ့ပဲ ဆက်စပ် ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးမျိုးအောင်မှ ပြောကြားခဲ့သည်။
သိုးကိုကိုမောင်မှ ကျပ်သိန်း ၆၆၆ သိန်းအား ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး၊ ယင်းငွေဖြင့် အာရာဖတ် ခဲရောင် ၅င/..... ၄ ကျပ် ၄ ပဲသားရှိ လက်ကောက် ၁၆ ကွင်း၊ ၂ ကျပ်သား ရွှေလက်စွပ် ၂ ကွင်း၊ ၃ ကျပ်သား ဆွဲကြိုး အကြီး ၁ ကုံး၊ ၁ ကျပ် ၈ ပဲသား ဟန်းချိန်း ၁ခု၊ ၁ ကျပ် ၁၀ ပဲရှိ ရွှေဆွဲကြိုး ၁ ကုံး တို့နှင့်အတူ ငွေ ၆၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ကမာရွတ်မြို့နယ် ရဲစခန်း မှ (ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Source:Eleven Media
Thursday 17 January 2013
စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
စက်ရုပ်လုပ်သားများနှင့်လည်ပတ်နေသော တရုတ်စားသောက်ဆိုင်
လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။
စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။
သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Source:techblog
Aung Kham (TSJ team)
TechSpace Journal
စေတနာ(အခမဲ့)တက္ကသိုလ်ဝင်တန်း သင်ထောက်ကူသင်တန်းဖွင့်လှစ်ခြင်း
တောင်ကြီးမြို့ မြို့မ ရပ်ကွက်တွင်းရှိ အ.မ.က(8)မူလွန်ကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်မှုဖြင့် 2012/2013 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပါသည်။
10.12.2012 ရက်နေ့ ညနေ(6)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ သင်တန်းကိုဖွင့်လှစ်ပေးပြီး အလှုငွေ တစ်သိန်းကျပ်ကို သင်တန်းတာဝန်ရှိသူထံ ပေးအပ်လှုဒါန်းခဲ့ပါသည်။ ပညာဒါနပြုပေးကြသော ဆရာ၊ဆရာမများမှာ မြန်မာဘာသာ ဒေါ်မေစီ၊ အင်္ဂလိပ်ဘာသာ ဦးခင်မောင်လွင်၊သင်္ချာဘာသာ ဦးကိုကိုဦး၊ဦးဇာဏီ၊ ဓာတုဗေဒဘာသာ ဒေါ်ညီမ၊ ရူပဗေဒဘာသာ ဦးနှင်းထွေးအောင်၊ဇီဝဗေဒဘာသာ ဒေါ်သူဇာ၊ဒေါ်မိမိမော် ၊ဘောဂဗေဒဘာသာ ဦးကျော်ဝင်း၊ဒေါ်စန်းသီတာ သင်ကြီးပြီး လက်ထောက်အကူများဖြင့် ယခင် ထိုသင်တန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားဟောင်းများမှ တာဝန်ယူဆောင်ရွက်ကြပါသည်။ သင်တန်းအား တာဝန်ယူကြီးကြပ်ဦးစီးပေးသူမှာ မြို့မရပ်ကွက် ရပ်မိရပ်ဖ ဦးစိုးလှိုင်ဖြစ်ပြီး သင်တန်းအတွက် လိုအပ်သောစာရွက်စာတမ်းနှင့် စည်းကမ်းပိုင်းများကို ဆရာဦးခင်မောင်လွင်မှတာဝန်ယူဆာင်ရွက်ပါသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် စေတနာ(အခမဲ့) တက္ကသိုလ်ဝင်တန်း သင်ထောက်ကူသင်တန်းသို့ သင်ရောက်သင်ကြားနေသူ သင်တန်းသား၊သူ ဦးရေမှာ (144)ဦးရှိပြီး သင်တန်းကာလမှာ (3)လဖြစ်ကြောင်းသိရှိရပါသည်။
Wednesday 16 January 2013
"လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး" နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက်  ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ
တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။
ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့  အပစ်အခတ်ရပ်စဲရေး စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေမှုများကို  အရင်ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က
အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ်အခတ်ရပ်စဲရေး  အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့
ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက် တံခါးဖွင့်ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။
မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။
ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့  အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာစီစဉ်ပေးတာမျိုးတော့ ရှိနိုင်ပါတယ်။
မေး- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။
အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှမဟုတ်ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့  ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြားချက်ကို သိလိုပါတယ်။
ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေအဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့  တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင်များက  လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန်စခန်းပတ်ဝန်းကျင်က  တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး။  တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက်  လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြစ်တဲ့  မိမိကိုယ်မိမိခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှုမပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။
မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ  စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီတွေ  ပိုနည်းသွားသလို ရာသီဥတုဒဏ်ကြောင့် အခက်ခဲဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့ ရှိပါသလဲ။
ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့  ဒုက္ခသည်အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ  စိစစ်သင့်တယ်လို့ ထင်ပါတယ်။
မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက်လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။
ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အတည် ပြုချက်များရရှိဖို့လိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက်
ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ကာကွယ်ရေးဝန်ကြီးဌာနကနေစုံစမ်း သိရှိရပါတယ်။
လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့် ဒီပေါက်ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား မတော်တဆပေါက်ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။
မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့် အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်းမာပြင်းထန်လာတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာအဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖိုလိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးတုန်းက တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။ International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့ ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။
မေး- ရှေ့တန်းတိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။
ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ
ဒါမှမဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ
တိုက်လိုခိုက်လိုစိတ်မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ်ချင်လို့ ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်နေတာလို့ ထင်ပါတယ်။
မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။
အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့
ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။
ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတဲ့အချိန်ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက
မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနားရထားလမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင်ရထားတိုက်ခိုက်ခံရတုန်းက မြန်မာ့မီးရထားက ကုန်ပစ္စည်း
စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ပါသေးတယ်။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း
ဒေသခံပြည်သူတွေရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြောမှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့
ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါတယ်။
မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့
ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။
အောက်ခြေပြည်သူလူထုဆီကိုပါ သက်ရောက်မှုရှိမယ့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို အစီအစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု အောက်ခြေအထိရောက်အောင် အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်စီးပွားရေးတိုးတက်မှုမူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာမှာလည်းကောင်း၊ နိုင်ငံတကာ အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
From
Monday 14 January 2013
နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ခြင်း
တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စု သံတဲကျေးရွာတွင် 14.1.2013 ရက်နေ့ အမှတ်(16)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊လူဝန်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးနေ၀င်း၊ခရိုင်မြို့နယ်မှဦးစီးမှုးများနှင့်ဝန်ထမ်းများ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီဝင်များ ခရိုင်ပါတီ ဥက္ကဌ မြို့နယ်ပါတီဥက္ကဌနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (100)ဦးတက်ရောက်ကြပါသည်။
အခန်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ဒုတိယညွှန်ကြားရေးမှုးဦးနေ၀င်းမှ မိုးပွင့်အဆင့်(4) နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း၏ လုပ်ငန်းရည်ရွယ်ချက်နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား၏ အရေးပါမှု၊ထိန်းသိမ်းစောင့်ရှောက်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ဒုတိယညွှန်ကြားရေးမှုးဦးနေ၀င်းတို့မှ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပေးအပ်ကြပါသည်။ ယနေ့ပြုလုပ်ပေးသော နိုင်ငံသားစီစစ်ရေးကတ်ပြားမှာ(416)ဦး ဖြစ်ပါသည်။ အခန်းအနားအပြီးတွင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ အမှတ်(16) အခြေခံပညာအထက်တန်းကျောင်းအတွက် ကွန်ပျူတာ တစ်စုံကိုပေးအပ်လှုဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွဲ့မှ လက်ခံရယူကြောင်း သတင်းရရှိပါသည်။