ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 29 October 2012

ညထဲက ကဗျာ


အိပ်မရတဲ့ ငါ့ညတွေထဲ အတွေးတွေနဲ့
အရှုံးမပေးခဲ့ ဘ၀ရဲ့ လမ်းတွေထဲ

လဲကျ ဖေးမသူမရှိလဲ ငါတစ်ယောက်တည်း
ဘ၀ရဲ့ခရီး လေနှင်ခဲ့

ငါ့အနားနား မင်းမရှိတဲ့ နေ့တွေလည်း
ငါကြွေကွဲ ဒီနေ့တွေပဲ...

အချိန်တွေရယ် ကုန်ပါတော့ကွယ်
ငါ့အနား မင်းရှိဖို့လိုတယ်...

ငှက်တစ်ကောင် အိပ်မက်

အလင်းရောင်ရှိတုန်း ငါပြေးလို့သွားမယ်...
အမှောင်ချိန်တွေဟာ တစ်နေ့ရောက်လို့လာလိမ့်မယ်
အရှိန်အဟုန်နဲ့ အဝေးမှာ....
ငါ အိပ်မက်မက်သလို အချစ်တွေနဲ့
အခိုက်တန့် မမြဲခြင်းတွေ
မိုးသားတွေလို ၀ိုးတ၀ါးပါ...။
ပြန်တွေးကြည့်တော့ မမြဲခြင်းတွေသာ
ငါ့အနားထွက်ခွာ တစ်နေရာစီမှာ
ကမ္ဘာခြားခဲ့ပြီကွာ..။
နေ၀င်ချိန်တွေက ငါ့ကိုလှောင်ပြောင်လို့
သူ့အပြုံးတွေက အောင်မြင်မှုဟန်
ရဲရင့်အရောင်တွေနဲ့ တိမ်တွေနီနီ
နေလုံးနီ...

Tuesday 23 October 2012

Window 7 Desktop မှာ မြန်မာလို မပေါ်တဲ့ ပြသနာ

Window 7 Desktop မှာ မြန်မာလို မပေါ်တာက Them Change ထားလို့ လဲဖြစ်တယ် နောက်တစ်ခု အဲဒီ Them ရဲ့ Font မှာ တစ်ခြား ဖေါက် တစ်ခုခု ဖြစ်နေလို့ ဖြေဆင်းနည်းကတော့ ဒီလိုပါ ပထမဦးဆုံး Right click တောက်လိုက်ပါ Desktop မှာ ပြီးရင် Personaliz ကိုသွား  ပြီးရင် အောက်ဆုံးမှာ Desk top Background ရယ် Windows Color ၇ယ် Sonds ရယ် Secreen Saver  ရယ် လေးခုတွေ့မယ်  windows color ကို Click လိုက်ပါ  ပြီးရင်  ပွင့်လာရင် အောက်ဆုံးက Advanced appearance Settings ကို Click ပါ ပီရင် BOx ပေါ်လာရင် Iteam မှာ ICon ကိုရွေးလိုက် အောက်က Font မှာ Zawgyi one ကိုရွေးလိုက်ပါ  Ok

Friday 19 October 2012

စကုမြို့ အမှတ်တရ


စကုမြို့ထိပ်တွင်တည်ရှိနေသော ဘုရားစေတီများဖြစ်ပါတယ် စကုမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိတဲ့ မင်းဘူးခရိုင်ထဲမှ (စကု)မြို့ဖြစ်ပါတယ် ဒီပုံတွေကိုကျွန်တော်ရောက်ခဲ့တုန်းက ရိုက်ယူခဲ့တဲ့ပုံတွေပါ ဗီဒီယိုဖိုင်တွေရှိပါသေးတယ် File Size တွေနဲ့ကွန်နက်ရှင်နဲ့ အဆင်မပြေသေးလို့ မတင်သေးတာပါ ဒီပုံတွေဟာ စကုမြို့ရဲ့ ပုံရိပ်တွေဆိုလည်းမမှားနိုင်ပါဘူးဗျာ။









စကုမြို့ထိပ် ထုံးဖြူဖြူးစေတီ
                  

ဘိုးနန်းသူဘုရားစေတီ
ကျောင်းသားဟောင်းများ အမှတ်တရဖြစ်စေဖို့



ကျောင်းတက်ကျောင်းဆင်းခေါင်းလောင်းလေး မှတ်မိနေမှာပေါ့



"ရဟတ်စီးတဲ့အချစ်"


သေချာသလားဆိုတာတော့ မသိပါဘူး ရဟတ်စီး သလိုရင်ခုန် စရာကာင်းတဲ့အချစ်ကို  မခံစားဘူးသေးတာပေါ့  တစ်သက်မှာတစ်ခါတော့ ရဟတ်ကိုစီးဘူးခဲ့တယ် မှတ်မှတ်ရရ တက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ မကွေးမြသလွန်ဘုရားပွဲတော် သွားလည်ကြတယ်လေ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလိုက်ရတာပါပဲ  ရဟတ်မစီးရင် မခေါ်တော့ဘူး  စကားလည်းမပြောဘူး  ဆက်ပြီးတော့လည် မလည်တော့ဆိုတာနဲ့ သူတို့အလိုကိုလိုက်ခဲ့မိလိုက်တယ် နှစ်ယောက်နှစ်ယောက်စီ ထိုင်ကြရတယ်မလား ကျွန်တော်ရင်တွေအရမ်း ခုန်နေခဲ့တာပေါ့ တစ်ဖြေးဖြေးနဲ့ ရဟတ်က အရှိန်ရလာချိန်မှာ ကျွန်တော် သေသွားမလားခံစားရတယ် အရမ်းရင်ခုန်ဖို့ ကောင်းပါတယ် ကျွန်တော်အဲဒီလိုမျို နောက်ထပ်ခံစားချင်သေးတယ် ဒါပေမဲ့ ရဟတ်စီးဖို့တော့မဟုတ်ပါဘူး အဲဒီလိုရင်ခုန်စရာကောင်းတဲ့ တကယ့် အချစ်ကို ခံစားရင်ခုန်ကြည့်ချင်တာပါ ကျွန်တော့်အသက်ကို စတေးလို့ပေါ့။ တစ်ချို့လူတွေ ကပြောကြတယ် အချစ်ဆိုတာအလကားပါ နားလည်မှုမရှိရင် ဘာမှအဆင်မပြေဘူးတဲ့ ဒါပေမဲ့ အဲဒီနားလည်မှုဆိုတာ အချစ်မပါပဲ နားလည်မှုဆိုတာ မရနိုင်ဘူးလို့ပြောလို့ရတာ ပဲလေ မုန်းနေတဲ့သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်နေရင် ဘယ်မုန်းကြမှာလည်း ပုံစံအမျိုးမျိုးနဲ့ စိတ်ဝင်စားစရာ အချစ်ဆိုတာရှိရဲ့လား  ကျွန်တော်ပြောသလို ရင်ခုန်စရာကောင်းတဲ့အချစ်ဆိုတာကော ရှိမှာပါနော် ထူးခြား ဆန်းပြားလှတဲ့ ရဟတ်စီးသလို ရင်ခုန်စရာကောင်းလှတဲ့ အချစ်မျိုးတွေနဲ့ တစ်ဘ၀စာ  ရှင်သန်ကြည့်ချင်သေးပါရဲ့ဗျာ။

Thursday 18 October 2012

DeepFreeze Password Recover

DeepFreeze အသုံးပြုခြင်းနှင့် Software ကို တင်ပေးပြီးသားဖြစ်ပါတယ် အခုတစ်ခါ DeeFreeze Software password မသိတော့လို့ problem ဖြစ်နေသူများအတွက် အကောင်းဆုံးသော DeepFree recover လေးဖြစ်ပါတယ် သူများရဲ့ security ကိုဖျက်ဆီးဖို့တင်ပေးလိုက်တာမဟုတ်ပါဘူး မိမိကွန်ပျူတာမှာ ကြုံတွေ့လာရင် ဖြေရှင်းဖို့ရည်ရွယ်ပါတယ် ကိုယ်တွေ့မို့ပါ ကျွန်တော့်ဆိုင်မှာရှိတဲ့ စက်(3)လုံးက DeepFreeze Password ကိုကျွန်တော်ကိုယ်တိုင်မမှတ်မိတော့ဘူးဖြစ်သွားခဲ့တယ် Software ကိုပြန်ဖြုတ်လို့လည်းမရ လိုအပ်တာတွေကိုလည်းထပ်သွင်းလို့မရဖြစ်ကုန်တော့တာပေါ့ window ပြန်တင်ဖို့ကလည်းပျင်းနေတယ်လေ ဒါလေးတစ်ခုအတွက်နဲ့ Window တင်ရမယ်ဆိုပြန်တော့လည်းခက်သားဗျ ဒါလေးဆိုပေမဲ့ အခုကျွန်တော်တင်ပေးလိုက်တဲ့ဟာလေးမတွေ့ဘူးဆိုရင်ပျင်းနေလည်း window ကတင်ရတော့မှာပဲလေ ဒီလိုမျိုးဖြစ်နေလျှင်သုံးဖို့အတွက်တင်ပေးလိုက်ပါတယ် အသုံးပြုနည်းကတော့လွယ်ပါတယ် ကျွန်တော်တင်ပေးထားတာကိုဒေါင်းလုပ်လုပ်လိုက်ပါ winRaR ဖိုင်တစ်ခုရပါမယ် အဲဒါကိုဖြေလိုက်ပါ Folder တစ်ခုကိုတွေ့ပါမယ် အဲဒီထဲမှာ File သုံးခုရှိနေမယ် DeepFreeze rocover ဆိုတာကိုဖွင့်လိုက်ပါ cHANGE 1T ကိုပထမှနှိပ်လိုက်ပါ နောက်ထပ် Ok ကိုနှိပ်လိုက်ပါ ဒါဆို DeepFreeze Software စသွင်းသွင်းခြင်းပုံစံအတိုင်းဖြစ်သွားပါပြီ ကွန်ပျူတာညာဘက်အောက်ဒေါင့်မှာရှိတဲ့ ၀က်ပုံလေးကို Shif နှိပ်ထားပြီး double click နှိပ်လိုက်ပါ ဘာ password မှမထည့်ပဲ ok ကိုသာနှိပ်လိုက်ပါ ကိုယ်ဆင်ပြေတဲ့ passwork ကိုပြန်ထဲ့ပြီးသုံးလို့ရပါပြီဗျာ။ဒီထက်အဆင်ပြေမဲ့နည်းလမ်းလေးရှိရင်လည်း ကွန်မန်းပေးသွားဖို့မမေ့ပါနဲ့နော်....ကျေးဇူးတင်စွာဖြင့်

Deep Freeze Software အသုံးပြုခြင်း

Deep Freeze Software ဆိုသည်မှာ System Security Software တစ်ခုဖြစ်ပါသည်။ Deep Freeze Software ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာကိုမည်သို့အသုံးပြုထားသည်ဖြစ်စေ Restart ပေးလိုက်ရုံမျှဖြင့် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေနိုင်ပါသည်။ ထို့ကြောင့် မိမိကွန်ပျူတာကို အခြားသူတစ်ဦးမှ အသုံးပြု ၍ Virus များဝင်ရောက်ခဲ့ပါက Deep Freeze ကိုအသုံးပြု၍ မူလအခြေအနေသို့ (Virus မကူးစက်ခင်) ရောက်ရှိစေနိုင်ပါသည်။ ထို့အပြင် အခြားသူတစ်ဦးမှ မိမိကွန်ပျူတာကို အသုံးပြုနေသည့်တိုင် Deep Freeze Software ၏ Password ကိုမသိပဲ Software များ Install ပြုလုပ်ခြင်း၊ မိမိကွန်ပျူတာမှ မည်သည့် Data များကိုမှ ဖျတ်ဆီး၍မရခြင်း၊ ထပ်မံပေါင်းထည့်၍မရခြင်း စသည်တို့ကိုဆောင်ရွက်ပေးနိုင်သည့် Security ကောင်းမွန်သည့ှ်Software တစ်ခုဖြစ်ပါသည်။ Deep Freeze Software များအသုံးပြုရာတွင် Deep Freeze Administrator Installation၊ Work Station Creation ၊ Work Station Installation ဟု၍ အပိုင်း(၃) ပိုင်းရှိပြီး အသုံးပြုသူများအတွက် အနည်းငယ်ခက်ခဲသော်လည်း ယခုအသုံးပြုမည့် Deep Freeze Standard Software မှာ လွယ်ကူစွာ Install ပြုလုပ်အသုံးပြုနိုင်ခြင်း၊ ကွန်ပျူတာတွင် ခွဲခြားထားသည့် Partitions များအ နက် မိမိနှစ်သက်ရာ Partition ကိုရွေးချယ်၍ Deep Freeze Software ကိုအသုံးပြုနိုင်ခြင်းစသည့် အားသာ ချက်များရှိပါသည်။ ဥပမာ- ကွန်ပျူတာတွင် Drive D သည် မိမိ၏အရေးကြီး Data များထည့်သွင်းထားပါက အဆိုပါ Drive D တွင် Deep Freeze Standard Software ကိုအသုံးပြုထားခြင်းဖြင့် ထို Drive ကို Virus ကူး စက်၍ Data များပျောက်ဆုံးသည်ဖြစ်စေ၊ အခြားသူတစ်ဦးမှ Data များကို ဖျတ်ဆီးလိုက်သည်ဖြစ်စေ Restart ပေးလိုက်ရုံမျှဖြင့် Drive D ၏ မူလအနေအထားသို့ပြန်လည်ရောက်ရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် Drive D အ တွင်း အခြား Data များပေါင်းထည့်လိုပါက Freeze Standard Software ကို ခေတ္တ Disable ပေး၍ ပေါင်း ထည့်နိုင်ပါသည်။
ယခုအသုံးပြုမည့် Deep Freeze Standard Software ကို Install ပြုလုပ်ရန်အတွက် exe File ကို Double Click ဖြင့် Run ပေးရပါမည်။ ထိုအခါ အောက်ဖော်ပြပါပုံအတိုင်း Deep Freeze Standard Software  ကို Install ပြုလုပ်အသုံးပြုမည့် Drive ကိုရွေးချယ်ပေး၍ Install ကို Click ပေးရပါမည်။
Install ပြုလုပ်ပြီးသည့်အခါ ကွန်ပျူတာ Restart ကျသွားမည်ဖြစ်ပြီး၊ Window ပြန်တတ်လာသည့် အခါတွင် အောက်ဖော်ပြပါပုံအတိုင်း Deep Freeze Icon ကိုတွေ့မြင်ရပါမည်။ ထို Icon ကို Shift+Double-Click နှိပ်ရပါမည်။

ထိုအခါ Deep Freeze Software ကိုအသုံးပြုရန်အတွက် Password ကိုထည့်သွင်းပေးနိုင်သည်ကို တွေ့မြင်ရပါမည်။ ပထမဦးဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည့်အတွက် မည်သည့် Password ကိုမျှထည့်သွင်းခြင်း မရှိပဲ OK ကို Click ရပါမည်။
OK ကို Click ပြီးနောက် Password ထည့်သွင်းရန်အတွက် Enter New Password နှင့် Confirm Password တို့တွင် မိမိနှစ်သက်ရာ Password ကိုထည့်သွင်းနိုင်ပါသည်။

Deep Freeze Software ကို Disable ပြုလုပ်လိုပါက Boot Control မှ Boot Thawed ကိုရွေးချယ်၍ Apply and Reboot ကိုရွေးချယ်ပေးရပါမည်။ ကွန်ပျူတာ Restart ကျသွားမည်ဖြစ်ပြီး Window ပြန်တတ်လာ သည့်အခါတွင် Deep Freeze Software Disable ဖြစ်နေသည်ကိုတွေ့ရပါမည်။ သို့မဟုတ်ပါကလည်း Boot Thawed on next မှတစ်ဆင့် Deep Freeze ကိုအချိန်အတိုင်းအတာတစ်ခုအတွင်းရပ်နားထားပြီး သတ်မှတ် ထားသည့်အချိန်ပြည့်ပါက အလိုအလျောက်ပြန်လည် အလုပ် လုပ်စေနိုင်ပါသည်။ Deep Freeze Software ကို Uninstall ပြုလုပ်လိုပါက ပထမဦးစွာ Boot Thawed ပြုလုပ်ပြီးမှသာ Uninstall ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Wednesday 3 October 2012

တောင်ကြီးမြို့ အဆောက်အဦးလုပ်ငန်းမှ လူ(၆)ဦးသေဆုံး

ရှမ်းပြည်ည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းတွင် ယနေ့ညနေ (3) နာရ်ီခန့်က မန္တလာဆေးရုံဆောက်လုပ်ရန်(7)ထပ်တိုက်တွင် အလုပ်သမားစုစုပေါင်း (120) ဦးခန့်ရှိရာ (6)လွှာတွင် ကွန်ကရစ်လောင်းနေစဉ် ငြမ်းဆင်ပြိုကြသဖြင့် အဆောက်အဦးပေါ်မှလူ (3)ဦး ပြုတ် ကျခဲ့ပြီး ငြမ်းဆင်ပြုတ်ကျသဖြင့် အောက်တွင်အလုပ်လုပ်နေသောလူသုံးဦးအား ပိမိခဲ့ရာ (6)ဦးမှာ ပွဲခြင်းပီးသေဆုံးခဲ့ပြီး (12) ဦး ကျော်ခန့်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။

Monday 1 October 2012

Huawei U8818 ICS 4.0.3 အလွယ်ဆုံးတင်နည်း

အရင်ဆုံးလိုအပ်တာလေးတွေနဲနဲပြောပြမယ်နော်။
၁။ သင် u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
Firmware Download
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။
dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။
ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။
Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို
ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း
စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select "OK"
ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။

၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။
ထိုအချက်အလက်များအားသေချာ ဖတ်ပြီး တစ်ဆင့်ခြင်း လုပ်သွားလျှင် မရစရာ မရှိကြောင်းအာမခံပါတယ်။
သင့်ဖုန်း ဟာ Huawei u8818 ဖြစ်ရုံနဲ့တင် ICS တင်လို့ရပါတယ်။ အများကြီးမစဉ်းစားစေချင်ပါဘူး။
Original Firmware
၈။ Boot မှ ဆက်မတက်ပဲ Firmware ကျသွားသူများကတော့
သင့် ORIGINAL Firmware တင်ရင်လဲ ဒီအတိုင်းပဲတင်ရပါတယ်။ အထက်မှာ ပြောထားတဲ့ နာပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော - ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ထိုနည်းပညာ ကို Huawei U8818 ကိုင်တဲ့ သူငယ်ချင်းများအားလုံးကိုသိစေချင်တဲ့ ဆန္ဒ ပါ။ ကျွန်တော် ၂ညတိတိ မအိပ်မနေ လေ့လာခဲ့ရတာပါ ခင်ဗျာ။ လုံးဝမှန်ကန်ပါကြောင်း အာမခံပါတယ်။
Huawei U8812 ကိုလဲ သူ့ original firmware( Part 1download ////// Part2Download )များ update firmware များအား ဒေါင်းကာ ထိုနည်းတွေအတိုင်းလုပ်နိင်ပါတယ်ခင်ဗျာ။

Huawei U8818 Version 2.3.6 Root လုပ်နည်း


အဆင့် (၁) မိမိ၏ဖုန်းတွင်းမှ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) Download ရယူထားသော U8818 Root Tool မှ Super Root မှ install-superrecovery-    windows ကိုဖွင့်ပါ။ cmd box တွင် [ waiting for device ] ပေါ်လာပါမည်။

အဆင့် (၃) မိမိ၏ဖုန်းကို ပါဝါပိတ်၍ ဓာတ်ခဲဖြုတ်ပါ။ ၁၀စက္ကန့်လောက်အကြာတွင် ဓာတ်ခဲပြန်တပ်ပါ။

အဆင့် (၄) Vol down + Power ခလုပ်ကိုတွဲနှိပ်ပါ။ထိုအခါဖုန်းတွင် boot log နှင့်ရပ်နေပါမည်။

အဆင့် (၅) Phone နှင့် computer ကို usb ကြိုးနှင့် ဆက်သွယ်လိုက်သောအခါ cmd box စတင်အလုပ်ပါမည်။၁၀စက္ကန့်လောက်စောင့်၍ usb ကြိုးဖြုတ်ပြီး ဖုန်းဘက်ထရီကိုဖြုတ်ပါ။

အဆင့် (၆) ဖုန်းကိုဘက်ထရီပြန်တပ်၍ vol up + Power ကို ၁၀စက္ကန့်လောက်တွဲနှိပ်ပါ။Recover Mode တက်လာပါမည်။စက်ရုပ်ကလေးပလက်လန်းလဲသွားလျှင် power ခလုပ်ကို နှိပ်၍ reboot လုပ်ပါ။ root လုပ်ခြင်းပြီးဆုံးသွားပါပြီ။