ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, 11 January 2015

သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး ပအိုဝ်း အမျိုးသားများ ဆန္ဒထုပ်ဖော်

8.1.2015 ရက်နေ့ 10:40 အချိန်တောင်ကြီးမြို့တွင် မြို့နယ် (၅) မြို့နယ် တောင်ကြီး ဆီဆိုင် ဟိုပုန်း ရပ်စောက် ပင်လောင်း တို့ဖြစ်ပြီးကျေးရွာ (၁၇) ရွာတို့မှ လူဦးရေသုံးထောင်ခန့်ဖြင့်ဆန္ဒထုတ်ဖော်ဆိုင်းဘုတ်းများ ကိုင်ဆောင်ကာ ရုံးကြီးလမ်းမှ မြို့မရပ်ကွက် အနောက်မြို့ပတ်လမ်းအတိုင်း နိဗ္ဗာန်လမ်းမှ အောင်မြေဘုံစံ ကျောင်းတိုက် သို့ သွားရောက်ပြီး သတင်းမီဒီယာ သမားများကို ဦးစွာ ကျောင်းထိုင်ဆရာတော် ဦခေမာနန္ဒ မှသြဝါဒ မိန့်ကြားခဲ့ပါသည်။
" ဘုန်းကြီးက ပြောရမယ်ဆိုမတရား သိမ်းဆည်းထားတဲ့ လယ် ယာမြေများကို ပိုင်ရှင် ပြန်ပေးလိုက်ပါ" လို့ပဲပြောချင်ပါတယ်တဲ့ထို့နောက် ဦးဆောင်အဖွဲ့ ဦးတင်မောင်တိုး တောင်ကြီးခရိုင် (NLD) နှင့် တောင်ကြီးမြို့ တာဝန်ခံ ၈၈ ကျောင်းသား ကိုနေမျိုးတို့မှမီဒီယာသတင်းသမားများကို လယ်ယာမြေသိမ်းဆည်းခြင်း ဥပဒေ အကြောင်းများကို ပြောကြားပြီးနောက်ကျးရွာများမှ သိမ်းဆည်းခံထားရသော တောင်သူများက သူတိုရဲ့ ဆန္ဒနဲ့ လယ်ယာမြေပြန်လည်ရှိရေးကို သတင်းနှင့်မီဒီယာများ အားပြောကြားခဲ့ပါသည် ။ PNO သိမ်းဆည်းထားမြေ တစ်သောင်းခန့်ရှိပါတယ်လို့ ကိုတင်မောင်တိုးက ပြောပါတယ်။



Wednesday, 24 December 2014

ပအိုဝ်း အမျိုးသားများ ဆန္ဒထုတ်ဖော်


၂၄.၁၂.၂၀၁၄ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် တောင်ကြီးမြို့ ပထမ တောင်ကျောင်းကြီး စာသင်တိုက်တွင် စုရပ်လုပ်ပြီး ဦးဆောင်အဖွဲ့ (၁၁) ဦးဖြင့် လူဦးရေ သုံးထောင်ဝန်းကျင်ခန့်က အဓိက အချက် (၅)ချက်ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
(၁) ပြည်တွင်း ငြိမ်းချမ်း အမြန်ရရှိရေး
(၂) ပြုပြင်ပြောင်းလဲမှု အမြန်ဆုံးဆောင်ရွက်ရေး
(၃) တိုင်းရင်းသားများ အခွင့်အရေး ရရှိရေး
(၄) ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး
(၅) တောင်းဆိုချက်များကို အမြန်ဆုံး ဆောင်ရွက်ရေး တို့ဖြစ်ပါသည်။




Thursday, 4 December 2014

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ထုတ်သည့် ဂိုဏ်းကို ငွေတုထုတ်စက်များနှင့်အတူ ရွှေညောင်မြို့တွင် ဖမ်းမိ

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ထုတ်သည့် ဂိုဏ်းကို ငွေတုထုတ်စက်များနှင့်အတူ ရွှေညောင်မြို့တွင် ဖမ်းမိ မြန်မာနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သော ကျပ်တစ်သောင်းတန်ကို အတုလုပ်ကာ ဖြန့်ဝေထုတ်လုပ်သည့် ငွေစက္ကူ အတုထုတ်ဂိုဏ်းကို ငွေတုထုတ် စက်များနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ် ရွှေညောင်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
လွန်ခဲ့သော ငါးရက်ခန့်က မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် အမျိုးသားသုံးဦးထံမှ သိန်း ၉၀၀ ကျော် တန်ဖိုးရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းခဲ့ရာမှ ရွှေညောင်မြို့တွင် ငွေစက္ကူအတု ပြုလုပ်သောဂိုဏ်းမှ အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ဘီးလင်းမှာ မိခဲ့သူတွေက တောင်ကြီး ပွဲစားတန်းဝင်းက ငွေအတုတွေ ဝယ်ယူခဲ့တာလို့ လိမ်ပြီး ထွက်ဆိုခဲ့ပေမယ့် အမှုကွင်းဆက်တွေကို စုံစမ်းနေတုန်း ရွှေညောင်မြို့က အမျိုးသား နှစ်ယောက်ဆီကနေ ငွေအတု လုပ်စက်တွေနဲ့အတူ ဖမ်းမိခဲ့တာ” ဟု ရွှေညောင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ အိုအေစစ် စားသောက်ဆိုင်တွင် လာရောက်တည်းခိုနေသော အမျိုးသားသုံးဦးထံမှ ကမ္ဘောဇဘဏ်လီမိတက် (ဘားအံဘဏ်ခွဲ) တံဆိပ် ရိုက်နှိပ်ထားသော ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု သိန်း ၉၁၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
ယင်းအမျိုးသားသုံးဦးကို စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့ရှိ ဆိုင်ကယ်ပွဲစားတန်းမှ ပွဲစားဖြစ်သူ ဦးတင့်လွင်က ငွေစက္ကူအစစ် ကျပ်သိန်း ၃၀ ဖြင့် ရောင်းချခဲ့ကြောင်း ထွက်ဆိုခဲ့သောကြောင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရာမှ ငွေစက္ကူအတု ထုတ်လုပ်သော ဂိုဏ်းအဖွဲ့ဝင်များကို ရွှေညောင်တွင် ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
“သူတို့ပြောတဲ့ ဦးတင့်လွင်က တောင်ကြီးမှာ တကယ်ရှိတယ်။ ရဲတပ်ဖွဲ့က ဦးတင့်လွင်ကို ခေါ်စစ်ဆေးချိန်မှာ ဒီအမှုနဲ့ ဘာမှမပတ်သက်ဘူး ဆိုတာ ပေါ်လွင်ခဲ့တာကြောင့် ဘီးလင်းက ဖမ်းမိထားသူတွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေကို ထပ်စုံစမ်းခဲ့ရာက ရွှေညောင်မြို့က အမျိုးသားနှစ်ယောက် နေအိမ်မှာ ငွေစက္ကူ အတုလုပ်တဲ့ စက်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာ” ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ငွေစက္ကူအတု ထုတ်သော ဂိုဏ်းအဖွဲ့ဝင်နှစ်ဦးမှာ ရွှေညောင်မြို့နယ် မင်္ဂလာအောင်မြေရပ်ကွက်တွင် နေထိုင်သော အသက် ၂၃ နှစ် အရွယ်ရှိ အောင်ထိုက်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ ဝဏ္ဏ (ခ) ဝဏ္ဏအောင်တို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့၏ နေအိမ်အတွင်းမှ ငွေအတု ထုတ်လုပ်သော စက်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရွှေညောင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။
“အခု မိထားသူတွေက တစ်သောင်းတန်ကို ဟန်းဖုန်းနဲ့ ရိုက်ပြီး ကာလာပရင်တာနဲ့ ထုတ်ခဲ့တာလို့ ထွက်ဆိုပေမယ့် သူတို့ထုတ်တဲ့ ပိုက်ဆံအတုတွေက တော်တော် Quality ကောင်းတယ်။ သာမန်လူဆို အစစ်နဲ့ အတုခွဲဖို့ ခက်ခဲတယ်။ စသုံးလုံးအဖွဲ့က နောက်ကွယ်မှာ တရုတ်ပြည်ဘက်က ငွေအတုထုတ်တဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ဆက်နွယ်နေမယ်လို့ ကနဦး ယူဆထားကြောင်း သိရတယ်” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ရွှေညောင်မြို့နယ်တွင် ဖမ်းမိသူနှစ်ဦးကို ငွေစက္ကူအတုများ စတင်ဖမ်းမိခဲ့ရာ မွန်ပြည်နယ် ဘီးလင်းမြို့မ ရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း၊ ယင်းငွေ ကျပ်သိန်း ၉၀၀ ကျော် တစ်သောင်းတန်အတုများ သိမ်းဆည်းရမိမှုမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ အသက် ၃၄ နှစ်မှ ၃၉ နှစ်ကြားရှိ အမျိုးသားသုံးဦး အပါအဝင် ၎င်းတို့ ငါးဦးကို နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆/၁၀၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်

Wednesday, 3 December 2014

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံတဲ (အ.ထ.က)ကျောင်း ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ(29) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင်ကျင်းပရာ ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးး ဦးချစ်ဆွေ၊ ကျောင်း အကျိုးတော်ဆောင် နာယက ဦးကျော်ဇောတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ကျောင်းအစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ ပညာရေးဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လျှံထူးအောင် ကုမဏီမှ မန်းနေဂျင်းဒါရိုင်တာ ဦးသော်တာအောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအုန်းရွှေထံ ပေးအပ်ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူ ဒါန်းသည့် တစ်ယောက်ထိုင် စာရေးစာပွဲခုံ အစုံ(၄၀)ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်းမှ လှူ ဒါန်းသည့် ဘိလပ်မြေအိတ်အလုံး (၇၀)ကို ဦးဥာဏ်လင်းကိုယ်စား ပြည်နယ်ပါတီကော်မတီဝင် ဦးအုန်းဖေမှလည်းကောင်း၊ ပတ္တမြားနဂါးကုမဏီ ဒါရိုက်တာဦးဝင်းနိုင်မှ ဘိလပ်မြေအိတ် အလုံး(၁၀၀)နှင့် ကွန်ပျူ တာ(၁)စုံကိုလည်းကောင်း၊ လျှံထူးအောင်ကုမဏီမှ စာရေးခုံ အစုံ(၁၀၀)ကိုလည်းကောင်း အလှူ ရှင်အသီးအသီးမှ လှူ ဒါန်းမှုကိုတာဝန်ရှိသူများက လက်ခံရယူပြီးနောက် ကျောင်းအကျိုးတော်ဆောင် နာယက ဦးကျော်ဇောမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး န၀မတန်း ကျောင်းသူ/ကျောင်းသားများမှ ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေပြီး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအထိမ်းအမှတ် အလံများနှင့် လက်ဆောင်ပစ္စည်းများကို ကျောင်းအကျေိုးတော်ဆောင်အဖွဲ့မှ အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များအား နေရာအရောက်ပေးအပ်ပြီး အခမ်းအနားကို နံနက်(၁၀း၃၀) အချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူ ရှင်များ၊ မိဘပြည်သူများ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါကျောင်းဆောင်သစ်ကို နိုင်ငံတော်အစိုးရမှ ခွင့်ပြု ရံပုံငွေ ကျပ်သိန်း(၁၆၈၀) ကျပ်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။
သန်းထူး(တောင်ကြီး)

 

ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒေသတွင်း ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒေသတွင်း ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် စစ်တမ်းများကောက်ယူခြင်းကို နိုဝင်ဘာ(၂၆)ရက်မှ စတင်ပြီး မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရာ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် မိဘပြည်သူများနှင့် တွေ့ဆုံရာတွင် ရှေးဦးစွာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သူရရှင်းမှ စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှု အနေအထားကို ရှင်းလင်းပြောကြားပြီးနောက် မိဘပြည်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ တစ်ရွာချင်းစီအလိုက် စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို နိုဝင်ဘာ(၂၆)မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ ကျောက်တလုံးကြီးမြို့နယ်ခွဲအပါအ၀င် တောင်ကြီး တစ်မြို့နယ်လုံးကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
"တောင်ကြီး (သန်းထူး) မှ သတင်းပေးပို့ထားပါသည်။"
 

Friday, 21 November 2014

စပိန် နိုင်ငံသားတစ်ဦး ဆိုင်ကယ်တစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်

၂၁-၁၁-၂၀၁၄ နံနက် (၉း၀၀) နာရီချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ရာပြည့်ဟိုတယ်တွင် (၁၉.၁၁.၂၀၁၄)မှ (၂၁.၁၁.၂၀၁၄) အထိ လာရောက်တည်းခိုသော စပိန်နိုင်ငံသား Mr Javier SANCHEZDE PEDROBAENA နှင့်အဖွဲ့ဝင် (၁၂)ဦးသည် မောင်တော်ကား (၄)စီ့း မော်တော်ဆိုင်ကယ် (၄)စီးဖြင့် ရောက်ရှိလာပြီး ၂၁.၁၁.၂၀၁၄ နံနက်(၇း၃၀)ချိန်တွင် ၄င်းဟိုတယ်မှ ထွက်ခွာပြီး နေပြည်တော်သို့သွားစဉ် လမ်းခရီး အောင်ပန်းမြို့အ၀င် ကားကြီးကို ရှောင်စဉ် လမ်းတစ်ခုမှ ထွက်လာသော ဆိုင်ကယ်တစ်စီးနှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါကြောင်း သိရှိရပါသည်။

Saturday, 25 October 2014

လွမ်းလိုက်တာဗျာ

ကျနော် ဘလောဂ်နဲ့ဝေးနေတာ တော်တော်လေးကြနေပေါ့ဗျာ အခုလွမ်းလွန်းလို့ ရတဲ့အချိန်လေး ခဏမှာ
Blogger တစ်ယောက်ရှိပါသေးတယ်ဆိုတာ လာပြောလိုက်တာပါ :D အရင်လို အလုပ်က ထိုင်လုပ်ရတာ
မဟုတ်တော့တဲ့ အတွက်ကြောင့် Post တွေကို အလင်မှီအောင် မတင်ပေးနိုင်တာပေါ့ လက်ရှိလုပ်နေတာ
အခြေအမြစ်မရှိတဲ့ အလုပ်ဆိုပါတော့ဗျာ ဘာအလုပ်လဲဗျာဆို Internet WiFi & Computer Service လိုက်လုပ်
နေတာကြောင့်ပါ။ ဖုန်းဆက်လာလိုက် ပြေးလိုက် နယ်ဘက် Hotel တွေ WiFi သွားဆင်လိုက်နဲ့ဆိုတော့
ကျနော့် ဘလော့ဂ်ကို အားတောင်နာနေရတာပေါ့။ ဒါပေတီး တောင်ကြီး တန်ဆောင်ျံတိုင် ရောက်တော့မှာ
ဒီလကုန်ဆိုစပြီး ဒီတော့ မီးပုံးပျံ သတင်းနှင့် ဓါတ်ပုံတွေတော့ တင်နိုင်အောင်ကြိုးစားသွားပါမယ်ဗျာ။
အခုတော့ ဒီလောက်ပေါ့ အလုပ်လေးပြီးလို့ အိမ်ပြန်ရမှာ အလှန်းဝေးလို့ ဘိုင့်ဘိုင့်နော် ။


Tuesday, 5 August 2014

တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ဖိုရမ် ဖွင့်ပွဲ (တောင်ကြီး)


ရှုမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်ကျင်းပပြုလုပ်သည့် တောင်သူလယ်သမား၊အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၃)ရက်နေ့၊ နံနက် (၈း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပါတီဝင်လူငယ်များမှတို့ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာရှမ်းပြည်နယ်(တောင်ပိုင်း) နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဦးအောင်ထွန်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)မှအဖွင့်အမှာစကားပြောကြားပြီးရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှထပ်ဆင့်အမှာစကား ပြောကြားပြီးနောက် တောင်သူလယ်သမား၊ အလုပ်သမားနှင့်
လူငယ်ဖိုရမ်တို့၏ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီးရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးညဏ်လင်းမှ ရှင်းလင်းပြောကြားပြီးနောက် ပါတီဝင် လူငယ်များမှတို့ခြင်္သေ့ပါတီသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကိုနံနက်(၉း၃၀)နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်အသီးသီးမှ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ဖိုရမ်သို့ တက်ရောက်လာသည့် မြို့နယ်အသီးသိးမှ ကိုယ်စားလှယ်များ၊
ရပ်ကွက်/ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊မိတ်ဖက်ပါတိမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့်ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ဖိုရမ်ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး
ပြည်နယ်ပါတီရုံးတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့်ဖိုရမ်ဆွေးနွေးခြင်းကို (၃.၈.၂၀၁၄)ရက်နေ့မှ (၅.၈.၂၀၁၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ြေ)ကာင်း သိရှိရပါသည်။




သန်းထူး(တောင်ကြီး) မှသတင်းပေးပို့သည်

Thursday, 24 July 2014

လူကိုမုန်းရင်မူကိုသုံး တယ် လူကိုခင်ရင်မူကိုပြင်တယ် လို့ မင်းကိုနိုင်ဆို



"ဥပဒေဆိုတာ ကျနော်သိသလိုပြောရရင် ကျနော်တို့ တိုင်းပြည်မှာ လူကိုမုန်းရင်မူကိုသုံး တယ် လူကိုခင်ရင်မူကိုပြင်တယ် ဆိုတဲ့
အတိုင်း မူနေရာမှာ ဥပဒေထားလိုက်
လို့ရှိရင် အစိုးရနဲ့ အဆင်ပြေလို့ရှိရင်တော့ ဥပဒေနဲ့ အဆင်ပြေတာပေါ အဆိုးရနဲ့ အဆင်မပြေဘူးဆိုရင်တော့ အဲဒီဥပဒေ
ဆိုတဲ့အရာတွေက ကျနော်တို့ကိုနှိပ်ကွပ်တော့တာပဲ။
အဲဒီတော့ ဥပဒေရှေ့မှာ အခြေခံထည့်
လိုက်တဲ့ အခါကြတော့ အခြေခံလူတန်း
စားတွေခံဖို့သာပြင်ထားပေတော့ဆိုတဲ့
အခြေအနေဖြစ်နေပြီ " လို့ မင်းကိုနိုင် ပြော(အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်ကြီး)

Saturday, 19 July 2014

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ (၆၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပ



ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်(၁၉)ရက်နေ့ နံနက်(၆)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး ဘုရားအမှူးရှိသော သံဃာတော်များအား နံနက် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
၊ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခြင်း၊ စသည့် ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့နှင့်အတူ ဗဟိုပါတီကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကြီးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတို့မှ ဖူးမြော်ကြည်ညို ကန်တော့ကြပြီး ဆရာတော်သံဃာတော်များမှ အနုမောဒနာတရားများဟောကြားပြိးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး ကောင်းမှုကုသိုလ်အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ထုရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်း။ အဆိုပါ အခမ်းအနားကို ပြည်နယ်ပါတီ ကော်မတဓီဝင်များ၊ တောင်ကြီးခရိုင်ပါတီမှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ကြောင်းသိရှိရပါသည်။
(သန်းထူး  တောင်ကြီး မှ သတင်းပေးပို့သည်။)



Thursday, 3 July 2014

၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲ ရှမ်းပြည်နယ် တောင်ကြီး

jul 3. 2014 နေ့လည် (၁၂) နာရီ အချိန်တောင်ကြီးမြို့ ရေအေးကွင်းရပ်၊ ဟုတ်ကြန့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲကို အခန်းနား အစီးအစဉ် (၉)ခုဖြင့်ကျင်းပခဲ့ပါသည်။
ဟောပြောပွဲကို NLD မှ နာယကကြီး ဦးတင်ဦး နှင့် တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း မှ ကိုမင်းကိုနိုင်နှင့်
ကိုထိန်လင်းဦးတို့မှ ဟောပြောခဲ့ကြပါသည်။ အခမ်းနားကို ညနေ ၃း၁၅ အချိန်တွင် ပြီးဆုံးခဲ့ပါတယ်ခင်ဗျ။

photo by Blogger








Wednesday, 2 July 2014

စစ်ဘက် ဥပဒေအောက်နှုတ်ဆိတ်နေရသည့် အမျိုးသမီးများ



ရန်ကုန်မြို့လယ်တစ်နေရာတွင် အမျိုးသမီးများလိင်အကြမ်းဖက်မှုဆန့်ကျင်ဆန္ဒပြနေသူများ (ဓာတ်ပုံ - Burma Partnership)
ချင်းအမျိုးသမီးအဖွဲ့များ ဆန္ဒပြနေသည့် မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံနှံ့လာသည်။ နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်လည်းဖြစ်၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ခေါင်းစဉ်အမျိုးမျိုးဖြင့် နိုင်ငံအနှံ့ ထင်ရှားလာသည့် ဆန္ဒပြပွဲများကို တွေ့ရလေ့မရှိသည့် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးများအတွက် ပထမဆုံးအကြိမ် ဆန္ဒပြခြင်းလည်း ဖြစ်သည်။

မတူပီမြို့နယ်ခွဲ ရေဇွာမြို့တွင် အသက်(၅၀)အရွယ် ချင်းအမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်အကြမ်းဖက်မှုမှ အစပြုပြီး ဆန္ဒဖော်ထုတ်သူ လူပေါင်း ၄၀၀ ကျော် လမ်းပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေအိမ်မှ ထွက်လာသူ အသက်(၅၀)ကျော် ချင်းအမျိုးသမီးတစ်ဦး တောင်ယာလုပ်ငန်းသို့ သွားရာလမ်းတွင် စစ်သားတစ်ဦးက အကြမ်းဖက်အဓမ္မပြုကျင့်ရန် ကြံစည်နေသည်ကို မြို့ခံနှစ်ဦးက မြင်ခဲ့သည်။ စစ်သားတစ်ဦးနှင့် ချင်းအမျိုးသမီးတစ်ဦး လုံးထွေးနေသည်ကို မြင်သဖြင့် ထိုနေရာမှ ကြောက်လန့်တကြား ထွက်ပြေးခဲ့ပြီး ရပ်မိရပ်ဖများကို သွားရောက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဖြစ်ပွားခဲ့ပုံများကို ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစူဇီက ပြောပြသည်။

ထိုအမျိုးသမီးသည် စစ်သားတစ်ဦး၏ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာများရကာ သုံးရက်ကျော် ဆေးကုသမှုခံယူသော်လည်း ဒဏ်ရာသက်သာမှုမရှိသေးဟု ဆိုသည်။

ယင်းဖြစ်ရပ်သည် ချင်းပြည်နယ်တွင် ခြောက်ကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဟု ချင်းအမျိုးသမီးများကွန်ရက်အဖွဲ့မှ သိရှိရသည်။ ထိုအဖြစ်အပျက်မျိုးသည် ချင်းပြည်နယ်တွင်သာမက မြန်မာပြည်အနှံ့အပြားရှိ တိုင်းရင်းသားဒေသများတွင် အများပြားကြုံတွေ့နေရသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ဆိုသည်။

‘‘ဒီလိုဖြစ်ရပ်မျိုးက ချင်းပြည်နယ်မှာ ခဏခဏဖြစ်တယ်။ ဒါကိုမခံနိုင်လို့ နောက်နောင်ဒီလိုမဖြစ်ဖို့ ကျွန်မတို့အဖွဲ့တွေက လှုပ်ရှားဆန္ဒပြကြတာပါ’’ဟု ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစူဇီကပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက်အတွင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် စစ်သားများက အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်သည့် အမှုပေါင်း ၁၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၏ စစ်တမ်းကောက်ယူမှုများအရ သိရှိရသည်။

အရပ်သားများက ကျူးလွန်သော လိင်အကြမ်းဖက်မှုများကို အရပ်ဘက်တရားရုံးတွင် ပြစ်ဒဏ်စီရင်ခွင့်ရှိသော်လည်း စစ်သားများက ကျူးလွန်သော ပြစ်မှုများကို အရပ်ဘက်တရားရုံးတွင် စီရင်ခွင့်မရချေ။ ထို့ကြောင့် အမျိုးသမီးရေးရာလှုပ်ရှားသူများက ကျူးလွန်သူများကို အရပ်ဘက်တရားရုံး၌ ပြစ်ဒဏ်ပေးရန် တောင်းဆိုကြသည်။

ကျူးလွန်သော တပ်မတော်သားများကို တပ်ဥပဒေအတိုင်း ပြစ်မှု၊ ပြစ်ဒဏ်များ ချမှတ်မည်ဟု ဆိုသော်လည်း မည်သည့်တပ်မတော်သားကို မည်သည့်ပြစ်ဒဏ် ချမှတ်ပေးခဲ့သည်ကို ကျူးလွန်ခံရသူနှင့် အရပ်သားများကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဟု အမျိုးသမီးလှုပ်ရှားသူများက ဆိုသည်။

‘‘ဒီလိုဖြစ်ရပ်မျိုးက ပဋိပက္ခအတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ကြုံတွေ့နေရပါတယ်။ ဒီလို ဖြစ်ရပ်မျိုးဖြစ်တိုင်း တပ်ဥပဒေအရပဲ စီရင်ချက်ချတယ်။ တကယ်ပြစ်ဒဏ်ခံရလား၊ မခံရလား မသိရဘူး။ ဒါပေမဲ့ ကျူးလွန်ခံရသူနဲ့ ကျူးလွန်ခံရတဲ့သူဘက်က အမြဲတမ်းကူညီပေးတဲ့လူတွေ တစ်မျိုးမဟုတ်တစ်မျိုး ခြိမ်းခြောက်ခံရတယ်’’ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ မစူစန္ဒာကပြောသည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို စစ်တမ်းကောက်ယူခြင်း၊ အကျိုးဆောင်ပေးခြင်း လုပ်ကိုင်နေသူများကို အခြေအနေအမျိုးမျိုးဖြင့် အုပ်ချုပ်ရေးအာဏာပိုင်များက ခြိမ်းခြောက်လျက်ရှိသည်ဟု အမျိုးသမီးရေးရာလှုပ်ရှားသူများက ပြောသည်။

‘‘စဖြစ်တဲ့ ၁၀ ရက်ကနေ ၁၇ ရက်အထိက ကျူးလွန်ခံရတဲ့ အမျိုးသမီးက အဓမ္မပြုခံရတယ်လို့ ပြောသေးတယ်။ ၁၇ ရက်နောက်ပိုင်း မြို့တော်ခန်းမမှာ စစ်ဗျူဟာမှူးလာပြီး မြို့မိမြို့ဖတွေ့ဆုံပွဲနောက်ပိုင်းမှာတော့ အဲဒီအမျိုးသမီးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောတော့ဘူး။ အရိုက်ခံရတယ်၊ အကြမ်းဖက်ခံရတယ်လို့ပဲ ပြောတော့တယ်’’ဟု ချင်းအမျိုးသမီးရေးရာလှုပ်ရှားသူ မစူဇီကပြောသည်။

အလားတူဖြစ်ရပ်မျိုးကို တနင်္သာတိုင်းဒေသကြီး ထားဝယ်ဒေသတွင်လည်း ယခုနှစ်သင်္ကြန်တွင်း နေအိမ်၌  ဥပုသ်စောင့်နေသူ အသက်(၄၀)ကျော်အမျိုးသမီးတစ်ဦးကို တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးက နေအိမ်သို့ လာရောက်ရေလောင်းပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။ ထိုအမှုမျိုးကို တရားရုံးနှင့် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရာ တပ်ဖွဲ့စည်းပုံအတိုင်း အရေးယူမည်ဖြစ်သဖြင့် လက်မခံခဲ့ချေ။

ထို့နောက် ကျူးလွန်ခံရသူ ထိုအမျိုးသမီးကို ၎င်းနေအိမ်တွင် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရန် ပြည်ပနိုင်ငံမှ (ထိုင်းဖုန်း) တပ်ဆင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထိုဖုန်းများကို မြန်မာ-ထိုင်းနယ်စပ် ကျေးရွာ၊ မြို့များတွင် ကိုင်ဆောင်အသုံးပြုကြသော်လည်း ထိုအမျိုးသမီးတစ်ဦးတည်းကိုသာ တရားမဝင် ပြည်ပနိုင်ငံမှ ဖုန်းကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်ဟု မစူစန္ဒာကပြောသည်။

တပ်မတော်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအနက် မွန်ပြည်နယ် သံဖြူဇရပ်တွင် ဖြစ်ပွားသော အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှုမှာ ပို၍လူသိများခဲ့သည်။

၂၀၁၄ နှစ်ဆန်းပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာအုပ်စု ရွာသာယာကျေးရွာသူ မိချိုကို ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားက လိင်အကြမ်းဖက်ရန်အတွက် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ကျူးလွန်တဲ့သူကို စစ်ခုံရုံးကို တင်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ မြင်ခွင့်၊ ကြားနာခွင့် မရခဲ့ဘူး။ ကျွန်မပြောချင်တာက စစ်တပ်ထဲမှာ ကျူးလွန်တဲ့ပြစ်မှုတွေကို စစ်တပ်ဥပဒေအတိုင်း တရားစီရင်တာ အပြစ်မဟုတ်ပေမယ့် စစ်တပ်က အရပ်ဘက်ကို ကျူးလွန်တဲ့ပြစ်မှုကိုတော့ အရပ်ဘက်မှာပဲ သီးသန့်အပြစ်ဒဏ်ချစေချင်တယ်’’ဟု ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်မှ မသန္တာကပြောသည်။

တပ်မတော်သားများ ပြစ်မှုကျူးလွန်သည့် ပြစ်မှုအကြီး၊ အသေးကိုလိုက်၍ အချုပ်ကျခြင်း၊ နုတ်ထွက်ခွင့်ပေးခြင်းအပြင် ရာထူးတိုးပေးမှု ရပ်တန့်ထားခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းနှင့် သေဒဏ်ပေးခြင်းအထိ အရေးယူသည်ဟု စစ်ဘက်မှ ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကပြောသည်။

တပ်တွင်းကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် အပြင်သို့ ထုတ်ဖော်ပြောကြားခြင်းမရှိဟုလည်း ထပ်မံပြောဆိုခဲ့သည်။

ပဋိပက္ခဖြစ်နေပြီး တရားဥပဒေစိုးမိုးမှုမရှိသော နယ်မြေအတွင်း အစိုးရတပ်သာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ကြသော လိင်အကြမ်းဖက်မှုများက မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံများတွင်လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင်သာမက တရားဥပဒေစိုးမိုးသော ဒေသများတွင်ပါ ယင်းပြစ်မှုမျိုးကို တပ်မတော်သားများ ခပ်စိပ်စိပ် ကျူးလွန်လာကြသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။

တရားဥပဒေစိုးမိုးမှုရှိသည့် ဒေသများတွင် တပ်မတော်သားတစ်ယောက်က အရပ်ဘက်တွင် လာရောက်ကျူးလွန်သည့် ပြစ်မှုမျိုးကို အရပ်ဘက်တရားစီရင်ရေးတွင် အဆုံးအဖြတ်ပေးရန် တောင်းဆိုထားသော်လည်း ကာကွယ်ရေးဦးစီးချုပ်က ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့အချိန်အထိ ထုတ်ဖော်ပြောကြားထားခြင်းမရှိဟု အမျိုးသမီးအရေးလှုပ်ရှားသူများကဆိုသည်။

‘‘ကျွန်မတို့က တရားစီရင်ခွင့်နဲ့ ပတ်သက်ပြီး အခုရေးဆွဲနေတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာ ထည့်သွင်းရေးဆွဲဖို့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းနေဆဲဖြစ်လို့ အစိုးရဆီက ဘာမှတော့ မသိရသေးပါဘူး’’ဟု ကျား၊ မ တန်းတူညီမျှရေးကွန်ရက်အဖွဲ့မှ တာဝန်ခံ မမေစံပယ်ဖြူကပြောသည်။

အရပ်သားအစိုးရလက်ထက်အတွင်း ဥပဒေပေါင်းများစွာကို ရေးဆွဲအတည်ပြုခဲ့သည့်အနက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေတစ်ရပ်ကို ရေးဆွဲခွင့်ပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အရပ်ဘက် အမျိုးသမီးများအဖွဲ့က ပူးပေါင်းရေးဆွဲနေကြသည်။

ပူးပေါင်းရေးဆွဲနေသည့် အဆိုပါဥပဒေတွင် တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုတွင် တရားစီရင်ခြင်းကို အရပ်ဘက်တရားရုံး၌ စီရင်ဆုံးဖြတ်ရန် အရပ်ဘက်အဖွဲ့အစည်းများက တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

တပ်မတော်သားများ ကျူးလွန်သည့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများမှာ ယခုနှစ်နောက်ပိုင်းအတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများသာမက အခြားဒေသများတွင်ပါ ရဲတင်းစွာကျူးလွန်ကြသောကြောင့် ပွင့်လင်းမြင်သာစွာ အရေးယူမှုပြုလုပ်မှသာ ထိုအဓမ္မမှုကို တိုက်ဖျက်ရလွယ်ကူလိမ့်မည်ဟု အမျိုးသမီးလှုပ်ရှားသူများက ထင်မြင်ယူဆကြသည်။

အစိုးရသစ်လက်ထက်အတွင်း အမျိုးသမီးများအား အုပ်ချုပ်ရေးနေရာများတွင် နေရာပေးခြင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ခြင်းများရှိခဲ့သည်။

နိုင်ငံတကာအမျိုးသမီးများ ညီလာခံကိုလည်း မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည်။ ထို့အပြင် လန်ဒန်၌ကျင်းပသော ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အမျိုးသမီးများ လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံသို့ အစိုးရကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ညီလာခံတွင် အစိုးရက လိင်အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်း၌ ပါဝင်မည်ဟု လက်မှတ်ရေးထိုးခဲ့သည်။

‘‘ဒီကိစ္စမှာ အဓိက ကတိကဝတ်ပေးရမယ့်သူက တပ်မတော်က ဖြစ်ပါတယ်။ သူများနိုင်ငံက စစ်တပ်ဗိုလ်ချုပ်တွေ အဲဒီပွဲကိုလာကြတယ်။ ကတိပေးကြတယ်။ ကျွန်မတို့နိုင်ငံက ဒုဝန်ကြီးပဲတက်တယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ သူက တပ်မတော်အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိမလဲ။ ဒီလို ကတိပေးနေတဲ့အချိန်မှာ ချင်းပြည်နယ်မှာ ပြဿနာဖြစ်တယ်။ ကျူးလွန်ခံရသူတွေ၊ ကျူးလွန်ခံရသူတွေဘက်က ရပ်တည်ပေးတဲ့သူတွေ ခြိမ်းခြောက်ခံရတယ်’’ဟု လန်ဒန်တွင် ကျင်းပသည့် ပဋိပက္ခဒေသအတွင်း အမျိုးသမီးများ လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံသို့ တက်ရောက်ခဲ့သူ မမေစံပယ်က ပြောသည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူမှသာ ထိုပြစ်မှုများ လျော့နည်းလာနိုင်မည်ဟု အမျိုးသမီးအဖွဲ့များက ဆိုသည်။ ထိုသို့မဟုတ်ပါက ကျူးလွန်သူများကို ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာရောက်မည်။

တပ်မတော်သားများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှုများ မည်သို့မည်ပုံ တရားစီရင်သည်ကို ပြည်သူများ သိခွင့်မရသည့် ကာလအတွင်း ကျူးလွန်ခံရသူများသည် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရ၍ မိမိခံစားရမှုများကို  ထုတ်ဖော်ပြောကြားရန် လက်တွန့်ကြသလို ကျူးလွန်ခံရသူများဘက်က ရပ်တည်သူများမှာလည်း တရားတပေါင် ရင်ဆိုင်နေရသည်။         
credit to 7daydaily

သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်

သိမ်းဆည်းလယ်ယာမြေများပြန် လည်ရလိုမှု ဆန္ဒဖော်ထုတ်ပွဲအား တောင်ကြီးမြို့နယ်ရွှေညောင်၊ ဟက်ကယ်၊ ကွန်လုံ၊ ကျောက်နီကျေးရွာအုပ်စုမှ ဦးတင်ရွှေ (NLD)ဦးပေါ်၊ ဦးသန်းဝင်းခေါင်းဆောင်ကာ အင်အား (၁၀၀)ခန့်ဖြင့် ရွှေညောင်မြို့မော်ဒန်လက်ဖက်ရည်ဆိုင်မှ စုရပ်အဖြစ် (၁.၇.၂၀၁၄)ရက် နံနက်
(၇း၀၀)နာရီအချိန်မှစတင်ပြီးခြေလျင် လမ်းလျှောက်ကာ ဆိုင်းဘုတ်များကိုင်ပြီး ကြွေးကြော်သံများဖြင့်  ရွှေညောင်ဘောလုံးအားကစားကွင်းသို့ စီတန်း လှည့်လည်ဆန္ဒထုတ်ဖော်ကြပြီး (၈း၂၅)အချိန်တွင်ရွှေညောင်မှ အေးသာယာ စက်မှုဇုန်သို့ မော်တော်ယာဉ် (၃)စီးဖြင့်ဆက်လက်ထွက်ခွာပြီး (၈း၄၅)အချိန်တွင် စက်မှုဇုန်မှ ဆနပြတောင်သူ (၁၅)ဦးခန့်လာရောက် ပူးပေါင်းပြီး စက်မှုဇုန်ခန်းမနှင့် အေးသာယာ(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အင်အား(၁၁၅)ဦးဖြင့် စီတန်းလှည့်လည်ဆနထုတ်ဖော်ကြပါသည်။ ဆက်လက်ပြီး (၉း၃၀)အချိန်တွင် မော်တော်ယာဉ်(၃)စီးဖြင့် တောင်ကြီးမြို့သို့ ဆနဆက်လက်ဖော်ထုတ်ရန်အတွက် ထွက်ခွာလာရာ တောင်ကြီးမြို့အ၀င် မြေပုံဆိုင်းဘုတ်သို့ (၁၀း၃၀)အချိန် ရောက်ရှိလာပြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အိတ်ဖွင့်ပေးစာအားဦးတင်ရွှေ (NLD) မှ သွားရောက်ပေးအပ်ပြီး မြေပုံဂိတ်မှ စတင်လမ်းလျှောက် စီတန်းလှည့်လည်ကာ ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များဖြင့် အနောက်မြို့ပတ်လမ်းမှတဆင့် ညောင်ဖြူစခန်းရပ်ကွက်၊ ပတမြားလမ်း၊ ရွှေညောင်ပင်လမ်းမှတဆင့် အရှေ့မြို့ပတ်လမ်းအတိုင်းစီတန်းလှည့်လည်ပြီး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အရှေ့ဘက်တွင် စုရပ်အဖြစ်
(၁၁း၅၀)အချိန်ရောက်ရှိလာရာ ရှမ်းပြည်နယ်လွှတ်တော်ဥကဌနှင့် ၀န်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ ဦးတင်ရွှေ(NLD) မှ သွားရောက်ပေးအပ်ပြီး ထိုစုရပ်တွင် မြေယာသိမ်းဆည်းခံရမှုအား ဦးတင်ရွှေ (NLD)၊ ဦးပေါ်တို့မှ ဟောပြောပြီး (၁၂း၄၀)အချိန်တွင် နိုင်ငံတော်သီချင်းနှင့် ကြွေးကြော်သံများ (၃)ကြိမ်သီဆိုကာ
ဆနထုတ်ဖော်ပွဲကို ရုပ်သိမ်းလိုက်ပါသည်။
သတင်းပေးပို့သူ (Than htoo TGI)


Monday, 30 June 2014

ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပခြင်း















တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ထီဖောင်းမြောက်ကျေးရွာတွင်ရှိအမှတ်(၁၅၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲအား အလယ်တန်းကျောင်းအဆင့်သို့တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇွန်လ(၂၉)ရက် နံနက်(၉း၀၀)နာရီအချိန်တွင် အဆိုပါကျောင်း၏ ဆိုင်းဘုတ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း
အခမ်းအနားကို ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်ဝင်းကို၊ တောင်ကြီးခရိုင် ပညာရေးမှူး ဦးအုန်းကျော်သန်းတို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကိုကျောင်းအစည်းအဝေး ခန်းမတွင်  ဆက်လက်ကျင်းပရာ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးရာ ၀န်ကြီး ဦးခွန်သိန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခွန်ဝင်းကိုမှ အမှာစကား ဆက်လက်ပြောကြားပြီး တောင်ကြီးခရိုင်။


Friday, 27 June 2014

တောင်သူလယ်သမားများ နှီးနှောဖလှယ်ပွဲနှင့် လယ်ဟာမြေ ဥပဒေရှင်းလင်းပွဲ ရှမ်းပြည်နယ် တောင်ကြီးမြို့။

၂၆.၆.၂၀၁၄ နေ့လည် (၁)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲစည်းတို့ ဦးစီးကျင်းပသော
တောင်သူလယ်သမားများ နှီးနှောဖလှယ်ပွဲနှင့် လယ်ဟာမြေ ဥပဒေရှင်းလင်းပွဲကို ရှမ်း စာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပခဲ့ပါသည်။
ပွဲဖြစ်မြောက်ရေး ပူပေါင်းအဖွဲ့ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့စည် (ရှမ်းပြည်နယ်)တာဝန်ခံ ဦးနေမျိုးမှ ပူးပေါင်းကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဥပဒေ ပညာရှင် ဒေါက်တာ သောင်းထွန်းမှ ဟောပြောဆွေးနွေးခြင်း ဥပဒေပညာရှင် ဦးမျိုးမှ ဟောပြော ဆွေးနွေးခြင်း
ဆရာဦးကိုနီမှ တောင်သူလယ်သမားအခွင့်ရေးနှင့် လယ်ယာမြေ ဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း ဥပဒေ ပညာရှင် ဒေါ်မြမဉ္ဇူမှ လယ်ယာမြေဥပဒေ သိမှတ်ဖွယ်ရာများ ဟောပြောဆွေးနွေးခြင်း တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းခြင်းအတွက် ဦဝင်းရှိန်မြတ်မှ ဆွေးနွေးတင်ပြခြင်း လယ်ယာမြေ လုပ်ကိုင်လျောက်ထားခြင်းအတွက် ဦဝင်းနိုင်စိုးမ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရှိခဲ့ရပါတယ။်

Thursday, 26 June 2014

ဘင်္ဂလီဟု အခေါ်ခံရ၍ ဘင်္ဂလီကျောင်းသားတွေ ဆန္ဒပြ

  ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ငါးခူရကျေးရွာ အထက ကျောင်းမှာ  ဇွန်လ - ၂၅ - ၂၀၁၄ ရက်နေ့ က  ဘင်္ဂလီကျောင်းသား ၆၇ ဦး ကျောင်းမတက်ပဲ ဆန္ဒပြခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိ ပါတယ်။

 အဆိုပါ ကျောင်း အဌမတန်း အတန်းပိုင်း ဆရာမ ဒေါ်ခင်ခင်စိုး က စာသင်ကြားနေစဉ် ကျောင်းသားများ အား " အချိန်ပြည့်ကျောင်းတက်ရန် ၊ တ၀က်တပျက် ကျောင်းတက်တာမျိုး မပြုလုပ်ရန် ၊ ဒီလိုပြောရတာ ရခိုင် / ဗမာ / ဘင်္ဂလီ / ဟိန္ဒူ ကျောင်းသား ဆိုပြီ ခွဲခြားပြောဆိုခြင်း မဟုတ်ကြောင်း ၊ ကျောင်းသား အားလုံးကို ပြောဆိုခြင်းဖြစ်ကြောင်း " ကျောင်းသားတွေကို သတိပေး ပြောဆိုခဲ့ပါတယ်။

ဆရာမရဲ့ ဆုံးမပြောဆိုမှုအပေါ်မှာ အထက်ပြူးမ ကျေးရွာနေ အဌမတန်းကျောင်းသား မောင်အောင်လွင်က " ဘင်္ဂလီဟု မသုံးစွဲရန်နှင့် ၄င်းသည် ရိုဟင်ဂျာ ဖြစ်ကြောင်း" ပြောဆိုပြီး နေအိမ်သို့ ပြန်ရန် ပြင်ဆင်ခဲ့ရာ ၊ ဆရမ ဒေါ်ခင်ခင်စိုးမှ ကျောင်းရုံးသို့ ခေါ်၍ မိမိသဘော အလျှောက် ကျောင်းမှ နေအိမ်သို့ ပြန်ခြင်း ဖြစ်ကြောင်း ဗလာစာအုပ်တွင် ၀န်ခံချက် စာရေးခိုင်းရာ မောင်အောင်လွင်မှ " မောင်အောင်လွင်၏(ဖ)ရှူနာများ၊ အထက်ပြူးမရွာနေ၊ လူမျိုးရိုဟင်ဂျာ၊ ကျနော် ဘင်္ဂလီ မဟုတ်ပါ၊ ရိုဟင်ဂျာ မှန်ကန်ဟု ခေါ်သည်  ၂၅-၆-၂၀၁၄ လက်မှတ်ထိုး " စာအုပ်တွင် ရေးသားခဲ့ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ နေ့  နေ့ လည် ၁ နာရီခွဲ မုန့် စားကျောင်းဆင်းချိန်မှာ ကျောင်းဝန်းအတွင်း မောင်အောင်လွင်ပါ အဌမတန်း ဘင်္ဂလီကျောင်းသား ၆၇ ဦးနှင့် ရခိုင်ကျောင်းသား ၃ ဦး ရှိနေပေမယ့် ၊ နေ့ လည် ၂ နာရီ ကျောင်းပြန်တက်ချိန်မှာ ဘင်္ဂလီ ကျောင်းသား ၆၇ ဦး ကျောင်းပြန်လည် တက်ရောက်ခြင်း မရှိတော့ဘဲ နေအိမ်သို့ ပြန်သွားခဲ့ကြောင်း သိရပါတယ်။

Credit: thithtoolwin.com

စစ်တိုင်းသုံးခုမှ တိုင်းမှူးများ အပြောင်းအလဲ လုပ်


အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်အပါအ၀င် စစ်တိုင်းဌာန ချုပ် သုံးခုမှ တိုင်းမှူးသုံးဦးကို ဇွန် လ ၂၄ရက်ကအပြောင်းအလဲပြု လုပ်ခဲ့ကြောင်းသတင်းရရှိသည်။

လက်ရှိတာဝန်ထမ်းဆောင် နေသော အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးအား အရှေ့အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လည်းကောင်း၊ အနောက်မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကို အနောက် ပိုင်းတိုင်းသို့လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အနောက်မြောက် တိုင်းစစ်ဌာနချုပ်သို့ လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

‘‘အခုအနောက်ပိုင်းတိုင်းက နေ အရှေ့အလယ်ပိုင်းကိုပြောင်း သွားတဲ့ ဗိုလ်ချုပ်ကိုကိုနိုင်ကနည်း နည်းပျော့တယ်။ ရုံးပိုင်းဆိုင်ရာပို ကျွမ်းကျင်တာအခုရောက်လာတဲ့ ဗိုလ်ချုပ်အောင်လင်းဒွေးကတော့ တော်တယ်။ ဖိုက်တာလို့ပြောလို့ ရတယ်’’ဟု တပ်မတော်အရာရှိ ဟောင်းတစ်ဦးကဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးအသစ်ဖြစ်လာသော ဗိုလ်ချုပ်အောင်လင်းဒွေးမှာစစ် တက္ကသိုလ်ကျောင်းအုပ်ကြီးမှ ယခုနှစ်အစောပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူဖြစ်သည်။

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှအနောက်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာသူ ဗိုလ်ချုပ်မင်းနောင်မှာလည်း တိုက်ခိုက်ရေး ထူးချွန်သူဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်းအချို့ကဆိုသည်။
 

Wednesday, 25 June 2014

ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ

 တရုတ်ဝမ်ပေါင်နဲ့  စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်း တောင်ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့ အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဒေသမှာ စာသင်ကျောင်း ဖွင့်ပွဲတက်ဖို့  မနေ့ကလာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့  လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။

"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမဲ့ ဒီအခု လက်ပံတောင်းကြေးနီ စီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ဒီလယ်သမားတောင်သူတွေရဲ့ အရေးကိုလည်း ဖြေရှင်းပေး ဖို့ပေါ့နော် ဒေသခံတွေကနေပြီးတော့ မိမိတို့ရဲ့ ဆန္ဒတွေကို ဆောင်ပုဒ်ကိုင်ဆောင်ပြီးတော့ ဝန်ကြီးလာမဲ့လမ်းကနေ တင်ပြတာပေါ့"

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်ကိုလဲ ဆည်တည်းရွာသူ ဒေါ်ရည်ဝင်းက စီမံကိန်းကြောင့် လယ်တွေလုပ်ခွင့် မရတော့တဲ့အတွက် သားဖြစ်သူကိုကျောင်းမထားနိုင်တော့တဲ့အကြောင်းနဲ့  စားဝတ်နေရေး ကြပ်တည်းနေပြီဆိုတဲ့အကြောင်းလိုက်ကြည့်ဖို့  လက်ဆွဲခေါ်ယူခဲ့တယ်လို့လဲ ဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။

"စစ်ကိုင်းတိုင်းဝန်ကြီးတစ်ယောက်က သူကဦးစီးပြီးတော့ပေါ့ တောင်သူလယ်သမားတွေရဲ့ ခြံစည်းရိုးတွေကို ခတ်တယ်လို့ ဒါဒေသခံတွေသိရတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ လယ်သမားတွေရဲ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လိုက်ကြည့်လှည့်ပါအုံး ဆိုပြီးတော့ ဆွဲခေါ်တယ်"

အဲဒီနောက် ရွာသားတွေရဲ့ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

RFA Burmese




Credit- thithtoolwin.com

တောင်ကြီးမြို့ ရှမ်း၊စာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် လယ်ယာမြေကိစ္စများနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေး ဟောပြောမည်

26..6.2014 ရက်နေ့ နေ့လည်(1)နာရီခန့်တွင်  တောင်ကြီးမြို့ ရှမ်း၊စာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် လယ်ယာမြေကိစ္စများနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေး ဟောပြောပွဲ ကျင်းပမည်ဟု " NLD ပါတီဝင်တစ်ဦးဖြစ်သူ ကိုညီညီရွှေ ပြောကြားချက်အရ" သိရှိရပါသည်။ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပေးအပ်ပါတယ်ခင်ဗျာ။ ဘယ်သူတွေ လာရောက် မည်ဆိုတာ ကိုတော့ အသေချာမသိသေးသည့်အတွက် ထည့်မရေးပေးသေးပါဘူး နောက်မှ အပြည့်အစုံကို ရေးသားဖော်ပြပေးပါမယ်ခင်ဗျား။

Wednesday, 18 June 2014

လူ့အခွင့်အရေးရုပ်ရှင်ပွဲ ခြိမ်းခြောက်ခံရ

 မြန်မာနိုင်ငံ မှာ ဇွန်လ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ကျင်းပနေ တဲ့၊ ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ ပြသမယ့်၊ မှတ်တမ်း ရုပ်ရှင် ကားတွေ ထဲက၊ ‘အမိုးမရှိတဲ့ ကောင်းကင်’ လို့ အမည် ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ကို၊ ခြိမ်းခြောက် တဲ့ စာတွေ ရောက်လာတဲ့ အတွက် မပြသဖို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး စီစဉ်သူတွေ က ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ့ ရုပ်ရှင်ကား ကို လူငယ်လေး ၃ ဦး က ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ဘာသာမတူသူ အမျိုးသမီးကြီး ၂ဦးအကြား က၊ တစ်ဦးကို တစ်ဦး စောင့်ရှောက်မှု၊ ကူညီမှု၊ ချစ်ခြင်းမေတ္တာ ကို ဖော်ကျူးထားတာ ဆိုပြီး၊ ဒီရုပ်ရှင်ပွဲတော် ကို စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။

ဒီရုပ်ရှင်ကား ကို ကြည့်ဖူးခြင်းလည်း မရှိပဲ၊ တဆင့်စကားတွေ နဲ့၊ အစ္စလာမ်နိုင်ငံများ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ငွေကြေးထောက်ပံ့မှု နဲ့ ဒီကားကို ရိုက်ကူးခဲ့တာ ဆိုတဲ့ လွဲမှားတဲ့ သတင်း စကားမျိုးတွေ အပြင်၊ ရုပ်ရှင်ရုံ ကို မီးရှို့မယ်၊ ရုပ်ရှင် ရိုက်သူကို သတ်မယ် ဖြတ်မယ် ဆိုတဲ့၊ မုန်းတီးရေး စကားတွေ၊ လှုံ့ဆော်မှုတွေ ဟာ ဖေ့စ်ဘွတ်ခ်ကဲ့သို့၊ လူမှုကွန်ယက် စာမျက်နှာတွေ မှာ ပျံ့နှံ့ လာခဲ့တဲ့ အတွက်၊ စိုးရိမ်မှု တွေ ဖြစ်ပေါ် လာရတာ ဆိုပြီး၊ မင်းထင်ကိုကိုကြီး က ပြောပါတယ်။

ဒီရုပ်ရှင်ပွဲတော် မှာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား နဲ့ နိုင်ငံတကာရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပြသ မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းဆုကြည် ဆု၊ မင်းကိုနိုင် ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆု စတဲ့ ဆု ၇ ဆုအပြင် ဟံသာဝတီ ဦးဝင်းတင်ဆု ကို ဒီနှစ် ထည့်သွင်း ချီးမြှင့် မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Human Rights Human Dignity International Film Festival