ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
Showing posts with label Android ဖုန်း root လုပ်နည်း. Show all posts
Showing posts with label Android ဖုန်း root လုပ်နည်း. Show all posts

Friday, 23 August 2013

Samsung Galaxy Tab 3 (7inch wifi) (SM-T210 or SM-T210R) ကို Root လုပ်နည်း

Samsung Galaxy Tab 3 (7inch wifi) (SM-T210 or SM-T210R) ကို Root လုပ်နည်း

Samsung Galaxy Tab 3 ကို Root လုပ်ဖို့အတွက် Root လုပ်ပြီးသား Official Firmware ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ယင်း firmware ကိုအသုံးပြု၍ ကိုယ့် device မှာ firmware တင်လိုက်တာနဲ့ Root လုပ်ပြီးသား Galaxy Tab 3 ဖြစ်သွားပါပြီ။ အရင်ဆုံး file တွေကိုရယူပါ။
အရေးကြီးတာက မိမိ Devices အတွက် ကွန်ပျူတာမှာ Samsung Kies (သို့မဟုတ်) သက်ဆိုင်ရာ Samsung ဖုန်း Driver သွင်းထားပေးဖို့လိုပါတယ်။ Firmware ကို Device မှာ flash ရန်အတွက် ကွန်ပျူတာမှာ Odin ဆော့ဝဲလည်းရှိရပါမယ်။
ကဲ့စရအောင်….
၁ Downloding Mode ၀င်ရန် ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂ power and volume down ကိုတွဲနှိပ်ထားပြီး..Downloding Mode ကိုဝင်ပါ
၃ ကွန်ပျူတာက Odin ကိုဖွင့်ပြီး..PDA ဆိုတဲ့နေရာမှာ Click ပေးပြီး..ဒေါင်းထားသော..prerooted.tar.md5
ဖိုင်ကိုရွေးပေးပါ။
၎။Start ကိုနှိပ်ပေးပါ..ခဏစောင့်နေပါ..ဖိုင်ကိုသွင်းပေးပါလိမ့်မယ်..
၅ Odin က PASS ဆိုတဲ့ အစမ်းရောင်။/ အပြာရောင်လေးနဲ့ပြီဆိုရင်တော့ မိမိစက်မှာ restart ကြသွားပါလိမ့်မယ်..
ခဏနေလို့firmware ပြန်တက်လာပြီးဆိုရင်တော့..Root ဖောက်ပြီးသား Firmware ကိုပိုင်ဆိုင်နိုင်ပါပြီ..


Ref: သက်နိုင်စိုး Myanmarmobileapp
?


Wednesday, 5 June 2013

Xperia J Jellybean v4.1.2 [11.2.A.0.21]တင်ပြီး Root မယ်

Sony-Xperia-J-Jelly-Bean-Android-4.1.2
Firmware တင်ချင်သူများအတွက် ဒီလင့်ခ်မှာဒေါင်းယူပါ => Xperia J v4.1.2  [11.2.A.0.21] ( password = MMAS )
တင်ပုံတင်နည်းကတော့ သိပြီးသားဖြစ်ကြမှာပါနော် မသိသေးသူများအတွက်ကတော့ဒီလင့်ခ်မှာ Flash Tool ကနေ တင်ပုံတင်နည်းကိုကြည့်ပါ
Firmware Installing Guide

မိမိရဲ့ဖုန်းက Jellybean version ဖြစ်ပြီးသားဆိုရင်တော့ Root မယ်ဆိုရင် ဆက်သွားရအောင် ;)
Root ဖို့အတွက်ကတော့မိမိရဲ့ဖုန်းက Unlock Bootloader ဖြစ်ထားရပါမယ်
Unlock Bootloader စစ်ရန်
Dial *#*#7378423#*#*   -> “Service Info” -> “Configuration“.
Bootloader unlock allowed – Yes << ဒါဟာ Bootloader is Locked
Bootloader Unlocked         – Yes << ဒီလိုပြနေပြီဆိုရင်တော့ bootloader is unlocked

Unlock Bootloader မလုပ်ရသေးသူများ မဖြစ်သေးသူများအတွက် ဒီလိုင်းအတိုင်းလုပ်ပေးပါ = > Unlock Bootloader Guide
Unlock ဖြစ်ပြီးဆိုရင်တော့ ဒေါင်းစရာရှိတာလေးတွေကိုဒေါင်းရအောင် :)
1. CWM
2. Root Zip  
3. Kernel.sin
Root Zip ကိုတော့မိမိဖုန်းရဲ့ SD Card ထဲမှာသွင်းထည့်ထားပေးပါ
လုပ်ငန်းစရအောင်
CWM(boot.img) လေးနဲ့ kernel.sinလေး ကို Flash Tool ရဲ့ firmware ထဲမှာသွင်းထည့်ထားပေးပါ
Flash Tool ကို RUN လိုက်ပါ အဲဒီမှာ  မိုးကြိုးသွားပုံလေးကိုနှိပ်လိုက်ပါ ကျတော်တို့ firmware တင်တဲ့အခါ ရွေးပေးနေတဲ့ Flash Mode ဆိုတာကိုမရွေးပဲ
Fastboot mode ဆိုတာလေးကိုရွေးပေးပါ
x j 1
ပြီးရင် fastboot mode ၀င်ရအောင်ဖုန်းကို Power Off လိုက်ပါ.   Volume Up ကီးကိုနှိပ်ထားပေးပြီး ကြိုးထိုးလို်က်ပါ (မီးအပြာလေးလင်းပါလိမ့်မယ်)

x j2
ပြီးရင်တော့ ဒီပုံအတိုင်းသွားပြီး အစောက firmware ထဲမှာထည့်ထားတဲ့ boot.img ဆိုတာလေးကိုရွေးပေးလိုက်ပါ
cwm for xperia j
finished! ပြသွားပြီဆိုရင် ကြိုးဖြုတ်လိုက်ပါ
Battery ခဏဖြုတ်ထားပေးပါ…ပြန်တပ်ပြီးတော့ ပါဝါအွန်လိုက်ပါ
(Vibrate တုန်သွားရင် ) မီးအပြာလေးလင်းလာရင် volume up key ကိုနှိပ်လိုက်လွှတ်လိုက် နှိပ်လိုက်လွှတ်လိုက်လေးလုပ်ပေးပါ
Recovery Mode
ဝင်သွားပါလိမ့်မယ်
ae
အဲဒီထဲမှာ install zip from ကနေ အဆင့်ဆင့်သွားပြီး အစောက SD Card ထဲမှာ သွင်းထည့်ထားတဲ့ root zip လေးကို install ပေးလိုက်ပါ
ပြီးရင်တော့ Reboot ပေါ့နော်
ဒါပေမယ့် Boot ပြန်တက်လာမှာမဟုတ်ပါဘူး…အဲဒီတော့ ဖုန်းကို Battery ဖြုတ်လိုက်ပါ…ခဏနေရင်ပြန်တပ်ပြီး အစောကလိုပဲ Volume up ကီးကိုနှိပ်ထားပေးပြီး  ကြိုးထိုးလိုက်ပါ
Flash Tool ကိုပြန် RUN လိုက်ပါ
အပေါ်မှာ boot.img သွင်းသလိုမျိုး fastboot mode ကနေ select kernel to flash ကနေ အဲဒီ kernel.sin လေးကို သွင်းပေးလိုက်ပါ
xperia j kernel.sin after root zip installing
Finished! ပြသွားပြီဆိုရင်တော့ ကြိုးဖြုတ်လိုက်ပါ
Battery ခဏဖြုတ်
ပြန်တပ်ပြီး ဖုန်း Power ဖွင့်လိုက်ပါ…ပြီးရင်တော့ Super Su လေးကိုမြင်ရပါလိမ့်မယ် ..အဲဒါဆိုရင်တော့ Root လို့ပြီးပါပြီ..
yiy-Screen
credit to XDA
စမ်းသပ်အောင်မြင်သူ Shallow Way
အားလုံးပဲအဆင်ပြေကြပါစေ
နောင်နောင် (Innocent Love)

From myanmarmobileapp

Monday, 1 October 2012

Huawei U8818 ICS 4.0.3 အလွယ်ဆုံးတင်နည်း

အရင်ဆုံးလိုအပ်တာလေးတွေနဲနဲပြောပြမယ်နော်။
၁။ သင် u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
Firmware Download
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။
dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။
ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။
Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို
ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း
စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select "OK"
ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။

၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။
ထိုအချက်အလက်များအားသေချာ ဖတ်ပြီး တစ်ဆင့်ခြင်း လုပ်သွားလျှင် မရစရာ မရှိကြောင်းအာမခံပါတယ်။
သင့်ဖုန်း ဟာ Huawei u8818 ဖြစ်ရုံနဲ့တင် ICS တင်လို့ရပါတယ်။ အများကြီးမစဉ်းစားစေချင်ပါဘူး။
Original Firmware
၈။ Boot မှ ဆက်မတက်ပဲ Firmware ကျသွားသူများကတော့
သင့် ORIGINAL Firmware တင်ရင်လဲ ဒီအတိုင်းပဲတင်ရပါတယ်။ အထက်မှာ ပြောထားတဲ့ နာပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော - ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ထိုနည်းပညာ ကို Huawei U8818 ကိုင်တဲ့ သူငယ်ချင်းများအားလုံးကိုသိစေချင်တဲ့ ဆန္ဒ ပါ။ ကျွန်တော် ၂ညတိတိ မအိပ်မနေ လေ့လာခဲ့ရတာပါ ခင်ဗျာ။ လုံးဝမှန်ကန်ပါကြောင်း အာမခံပါတယ်။
Huawei U8812 ကိုလဲ သူ့ original firmware( Part 1download ////// Part2Download )များ update firmware များအား ဒေါင်းကာ ထိုနည်းတွေအတိုင်းလုပ်နိင်ပါတယ်ခင်ဗျာ။

Huawei U8818 Version 2.3.6 Root လုပ်နည်း


အဆင့် (၁) မိမိ၏ဖုန်းတွင်းမှ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) Download ရယူထားသော U8818 Root Tool မှ Super Root မှ install-superrecovery-    windows ကိုဖွင့်ပါ။ cmd box တွင် [ waiting for device ] ပေါ်လာပါမည်။

အဆင့် (၃) မိမိ၏ဖုန်းကို ပါဝါပိတ်၍ ဓာတ်ခဲဖြုတ်ပါ။ ၁၀စက္ကန့်လောက်အကြာတွင် ဓာတ်ခဲပြန်တပ်ပါ။

အဆင့် (၄) Vol down + Power ခလုပ်ကိုတွဲနှိပ်ပါ။ထိုအခါဖုန်းတွင် boot log နှင့်ရပ်နေပါမည်။

အဆင့် (၅) Phone နှင့် computer ကို usb ကြိုးနှင့် ဆက်သွယ်လိုက်သောအခါ cmd box စတင်အလုပ်ပါမည်။၁၀စက္ကန့်လောက်စောင့်၍ usb ကြိုးဖြုတ်ပြီး ဖုန်းဘက်ထရီကိုဖြုတ်ပါ။

အဆင့် (၆) ဖုန်းကိုဘက်ထရီပြန်တပ်၍ vol up + Power ကို ၁၀စက္ကန့်လောက်တွဲနှိပ်ပါ။Recover Mode တက်လာပါမည်။စက်ရုပ်ကလေးပလက်လန်းလဲသွားလျှင် power ခလုပ်ကို နှိပ်၍ reboot လုပ်ပါ။ root လုပ်ခြင်းပြီးဆုံးသွားပါပြီ။