ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 24 February 2013

သောက်သုံးရေ လှုကြရအောင်

အများကောင်းမှု သောက်သုံးရေ လိုအပ်သော နေရာများတွင် အ၀ီစိတွင်း တူးဖော်နိုင်ရန် တောင်ကြီးမြို့ စိန်ပန်း ဘုန်းတော်ကြီးကျောင်းတွင် တူးဖော်နိုင်ရန် နေရာရရှိသဖြင့် အ၀ီစိတွင်းတူးဖော်သူများနှင့် လှုဒါန်းမည့်သူ အချို့ဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ရေထွက်မထွက် အရင်ဦးဆုံး စမ်းသက်တူးဖော်ရမည်ဖြစ်ပါသည်။ အဆင်ပြေခဲ့ပါက ယင်းရပ်ကွက်ရှိ သောက်သုံးရေရှားပါးမှုကို အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာ ရေစည် ၀ယ်သုံးလျှင်ပင် တစ်ခါတစ်လေ ယနေ့မှာ နောက်နေ့မှ ရတက်တယ်လို့ ရပ်ကွက်မှသိရှိရပြီး အိမ်နေ သိပ်သည်းမှု ရှိသဖြင့် ယခုလို ပူအိုက်ရာသီတွင် မီးရေးအတွက် ရေဆိုတာ ရှိနေမှ ဖြစ်ပါမယ်။ ယခုဆိုလျှင် ရေလှောင်ကန် အလူရှင် တစ်ဦးပေါ်ပေါက်ခဲ့သလို အ၀ီစိတွင်းတူးရန်အတွက် အလူရှင်များစာရင်း တစ်ချိုလည်း ရရှိနေပါပြီ။ အများကောင်းမှုနဲ့ လှုဒါန်းမှာ ဖြစ်တဲ့အတွက်ကြောင့် တက်နိုင်တဲ့ဘက်က လူဒါန်းနိုင်မှာဖြစ်ပါတယ် ရေအကျိုး (၁၀)ပါး မတောင်းပဲနဲ့ပြည့်နိုင်မှာဖြစ်ပြီး အမှန်တကယ်လိုအပ်သော နေရာတွေမှာ လူရတဲ့အတွက် ပိုမိုလို့မွန်မြတ်ပါတယ်။ လူဒါန်းမည်သူများ အသေးစိတ်သိလိုပါက ဆက်သွယ်ရန်၊ ကိုစိုင်းခွန်ဖ ဖုန်း-0941008297၊ကိုနိုင် ဖုန်း 09428363601 တို့ဖြစ်ပါတယ်။ ဦးဆောင်လုပ်ကိုင်မည့်သူများနှင့် လူဒါန်းသူအချို့ အစည်းဝေးလေးလုပ်ဖို့လည်း ရှိပါတယ်။
သဒ္ဒါတရား ပွားများနိုင်ကြပါစေ။ 
Facebook: https://www.facebook.com/groups/342157659225667/
 



Friday 8 February 2013

တောင်ကြီးမြို့တွင် ယနေ့နံနက် ၁၀:၃၀ ချိန် ခန့်တွင် ရှမ်းကျောင်းနှင့် ယာဉ်ထိန်းရဲ ရုံးအနီးတွင် ယာဉ်တိုက်မှုဖြစ်သွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ MarkII ကားမောင်းနှင်လာသူ ဒုတိယနှစ်ကျောင်းသား မောင်စိုင်းနော်ခမ်းဦးသည် ဆိုင်ကယ်အား အရှိန်ပြင်းစွာဖြင့် ကျော်တက်ခဲ့ရာ အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ညာဘက် ဓါတ်တိုင်အား ၀င်တိုက်မိခဲ့သည်။ ကားမှာဖြင့် အောက်ပုံအတိုင်း ဖြစ်ပွားခဲ့သည်။ မောင်နှင်လာသူ စိုင်နော်ခမ်းဦး ဘေးတစ်ဖက်တွင် မိန်းကလေးတစ်ဦးပါပြီး ၄င်းမိန်းကလေးမှာ နဖူးတွင် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ မောင်းနှင်သူ စိုင်းနော်ခမ်းဦးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။



Thursday 7 February 2013

( ၆၆ ) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား





၇.၂.၂၀၁၃ ( ၆၆ ) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအစီအစဉ်
၁။  အခမ်းအနားအစီအစဉ် စတင်ကြောင်း ကြေငြာခြင်း။
၂။  ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲအဆင့်ဆင့်တွင် အသက်ပေးလှူသွားကြသော ရဟန်းရှင်၊             
     လူ၊ ကျောင်းသား၊ ပြည်သူများအားအောင်းမေ့ ဂုဏ်ပြုသောအားဖြင့် (၁) မိနစ် ငြိမ်သက်ခြင်း။
၃။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  တောင်ကြီးမြို့  နယ် ဗဟိုညီလာခံကိုယ်စားလှယ် ဦးကျော်ခင်မှ မိန့်ခွန်း
      ပြောကြားခြင်း။
၎။  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ညောင်ရွှေမြို့နယ် ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးအုန်းမောင်မှ မိန့်ခွန်း
     ပြောကြားခြင်း။
၅။  ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ဒု-ဥက္ကဌ ဦးစိုးအောင်လွင်မှ ရှမ်းပြည်
      နယ်နေ့သ၀ဏ်လွှာကို ဖတ်ကြားခြင်း။
၆။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) မှ ဦးစ၀်ယွန်းပိုင်မှ မိန့်ခွန်းပြောကြားခြင်း။
၇။ ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့ဝင် ဦးဝင်းကိုကိုမှ မိန့်ခွန်းပြောကြားခြင်း။
၈။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကြီးခရိုင် ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး 
     ဦးတင်မောင်ဘိုမှ မိန့်ခွန်းပြောကြားခြင်း။
၉။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးခွန်သန်းလွင် မှ
     မိန့်ခွန်းပြောကြားခြင်း။
၁၀။ ၈၈ မျိုးဆက်သစ် (ရှမ်းပြည်နယ်) မှ ဦးနေမျိုးမှ မိန့်ခွန်းပြောကြားခြင်း။
 ၁၁။ အခမ်းအနား အစီအစဉ်ပြီးဆုံးကြောင်း ကြေငြာခြင်း။
 လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့က သီချင်းများသီဆိုပြီး ကချင်ပြည်နယ် စစ်ဘေးရှောင်
ပြည်သူများအတွက်အလှူငွေကောက်ခံခြင်း များပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်နေ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် ရုံးခန်းဖွင့်ပွဲ




7.2.2013 ရက် ရှမ်းပြည်နယ်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် တောင်ကြီးမြို့ မြို့မရပ်ကွက် စ၀်စံထွန်းလမ်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ရုံးခန်းဖွင့်လှစ်ပွဲ ကျင်းပရာ အခမ်းအနားကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဗဟို ဦးခွန်ထွန်းဦးနှင့် မြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် ဆိုင်းဘုတ်ကို ဦးခွန်ထွန်းဦးမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဆက်လက်ပြီး အခမ်းနား အစီးအစဉ်ကို အစည်းဝေး ခန်းမတွင် ဆက်လက် ကျင်းပခဲ့ရာ နံနက် (၉.၄၅) ချိန်တွင် အခမ်းအနား ပြီးစီးကြောင်း သိရှိရပါသည်။

Tuesday 5 February 2013

အုပ်ချူပ်ရေးမှူး တာဝန်ပေးအပ်ခြင်း

1.2.2013 ရက်နေ့ တောင်ကြီးမြို့နယ် ရပ်ကွက်၊ ကျေးရွာ
အုပ်ချူပ်ရေးမှူးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တောင်ကြီးမြို့နယ်
အုပ်ချူပ်ရေးမှူး ရုံးတွင် ကျင်းပရာ အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်
ပေးအပ်ခြင်းမှာ အုပ်ချူပ်ရေးမှူး တစ်ဦးလျှင် မြို့နယ် ရံပုံငွေအဖြင့်
ငွေကျပ် ၁၀၀၀၀ ကျပ်ဆီ ပေးဆောင်ရကြောင်း အုပ်ချူပ်ရေးမှူးတစ်ဦးမှ
ပြောဆိုမှု့ကိုသိရှိရသည်။

Sunday 3 February 2013

တောင်းပန်ခြင်း






ဒီရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည်၊ အင်တာနက်စာမျက်နှာများ၊ လူမှုကွန်ယက်များ၊ သတင်းမီဒီယာများတွင် အတော်ပြန့်နှံ့နေခဲ့ပါသည်။ ထို့ပြန်နှံ့မှု့သည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း။ အပြည့်အစုံဖတ်ရန်