ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 24 December 2014

ပအိုဝ်း အမျိုးသားများ ဆန္ဒထုတ်ဖော်


၂၄.၁၂.၂၀၁၄ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် တောင်ကြီးမြို့ ပထမ တောင်ကျောင်းကြီး စာသင်တိုက်တွင် စုရပ်လုပ်ပြီး ဦးဆောင်အဖွဲ့ (၁၁) ဦးဖြင့် လူဦးရေ သုံးထောင်ဝန်းကျင်ခန့်က အဓိက အချက် (၅)ချက်ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
(၁) ပြည်တွင်း ငြိမ်းချမ်း အမြန်ရရှိရေး
(၂) ပြုပြင်ပြောင်းလဲမှု အမြန်ဆုံးဆောင်ရွက်ရေး
(၃) တိုင်းရင်းသားများ အခွင့်အရေး ရရှိရေး
(၄) ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး
(၅) တောင်းဆိုချက်များကို အမြန်ဆုံး ဆောင်ရွက်ရေး တို့ဖြစ်ပါသည်။




Thursday 4 December 2014

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ထုတ်သည့် ဂိုဏ်းကို ငွေတုထုတ်စက်များနှင့်အတူ ရွှေညောင်မြို့တွင် ဖမ်းမိ

ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ထုတ်သည့် ဂိုဏ်းကို ငွေတုထုတ်စက်များနှင့်အတူ ရွှေညောင်မြို့တွင် ဖမ်းမိ မြန်မာနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သော ကျပ်တစ်သောင်းတန်ကို အတုလုပ်ကာ ဖြန့်ဝေထုတ်လုပ်သည့် ငွေစက္ကူ အတုထုတ်ဂိုဏ်းကို ငွေတုထုတ် စက်များနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ် ရွှေညောင်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
လွန်ခဲ့သော ငါးရက်ခန့်က မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် အမျိုးသားသုံးဦးထံမှ သိန်း ၉၀၀ ကျော် တန်ဖိုးရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းခဲ့ရာမှ ရွှေညောင်မြို့တွင် ငွေစက္ကူအတု ပြုလုပ်သောဂိုဏ်းမှ အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ဘီးလင်းမှာ မိခဲ့သူတွေက တောင်ကြီး ပွဲစားတန်းဝင်းက ငွေအတုတွေ ဝယ်ယူခဲ့တာလို့ လိမ်ပြီး ထွက်ဆိုခဲ့ပေမယ့် အမှုကွင်းဆက်တွေကို စုံစမ်းနေတုန်း ရွှေညောင်မြို့က အမျိုးသား နှစ်ယောက်ဆီကနေ ငွေအတု လုပ်စက်တွေနဲ့အတူ ဖမ်းမိခဲ့တာ” ဟု ရွှေညောင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ အိုအေစစ် စားသောက်ဆိုင်တွင် လာရောက်တည်းခိုနေသော အမျိုးသားသုံးဦးထံမှ ကမ္ဘောဇဘဏ်လီမိတက် (ဘားအံဘဏ်ခွဲ) တံဆိပ် ရိုက်နှိပ်ထားသော ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု သိန်း ၉၁၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
ယင်းအမျိုးသားသုံးဦးကို စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့ရှိ ဆိုင်ကယ်ပွဲစားတန်းမှ ပွဲစားဖြစ်သူ ဦးတင့်လွင်က ငွေစက္ကူအစစ် ကျပ်သိန်း ၃၀ ဖြင့် ရောင်းချခဲ့ကြောင်း ထွက်ဆိုခဲ့သောကြောင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရာမှ ငွေစက္ကူအတု ထုတ်လုပ်သော ဂိုဏ်းအဖွဲ့ဝင်များကို ရွှေညောင်တွင် ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
“သူတို့ပြောတဲ့ ဦးတင့်လွင်က တောင်ကြီးမှာ တကယ်ရှိတယ်။ ရဲတပ်ဖွဲ့က ဦးတင့်လွင်ကို ခေါ်စစ်ဆေးချိန်မှာ ဒီအမှုနဲ့ ဘာမှမပတ်သက်ဘူး ဆိုတာ ပေါ်လွင်ခဲ့တာကြောင့် ဘီးလင်းက ဖမ်းမိထားသူတွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေကို ထပ်စုံစမ်းခဲ့ရာက ရွှေညောင်မြို့က အမျိုးသားနှစ်ယောက် နေအိမ်မှာ ငွေစက္ကူ အတုလုပ်တဲ့ စက်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာ” ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ငွေစက္ကူအတု ထုတ်သော ဂိုဏ်းအဖွဲ့ဝင်နှစ်ဦးမှာ ရွှေညောင်မြို့နယ် မင်္ဂလာအောင်မြေရပ်ကွက်တွင် နေထိုင်သော အသက် ၂၃ နှစ် အရွယ်ရှိ အောင်ထိုက်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ ဝဏ္ဏ (ခ) ဝဏ္ဏအောင်တို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့၏ နေအိမ်အတွင်းမှ ငွေအတု ထုတ်လုပ်သော စက်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရွှေညောင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။
“အခု မိထားသူတွေက တစ်သောင်းတန်ကို ဟန်းဖုန်းနဲ့ ရိုက်ပြီး ကာလာပရင်တာနဲ့ ထုတ်ခဲ့တာလို့ ထွက်ဆိုပေမယ့် သူတို့ထုတ်တဲ့ ပိုက်ဆံအတုတွေက တော်တော် Quality ကောင်းတယ်။ သာမန်လူဆို အစစ်နဲ့ အတုခွဲဖို့ ခက်ခဲတယ်။ စသုံးလုံးအဖွဲ့က နောက်ကွယ်မှာ တရုတ်ပြည်ဘက်က ငွေအတုထုတ်တဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ဆက်နွယ်နေမယ်လို့ ကနဦး ယူဆထားကြောင်း သိရတယ်” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ရွှေညောင်မြို့နယ်တွင် ဖမ်းမိသူနှစ်ဦးကို ငွေစက္ကူအတုများ စတင်ဖမ်းမိခဲ့ရာ မွန်ပြည်နယ် ဘီးလင်းမြို့မ ရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း၊ ယင်းငွေ ကျပ်သိန်း ၉၀၀ ကျော် တစ်သောင်းတန်အတုများ သိမ်းဆည်းရမိမှုမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ အသက် ၃၄ နှစ်မှ ၃၉ နှစ်ကြားရှိ အမျိုးသားသုံးဦး အပါအဝင် ၎င်းတို့ ငါးဦးကို နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆/၁၀၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်

Wednesday 3 December 2014

Sandal Wood Hotel (Nyaung Shwe Township) WiFi Service



WiFi Product -
UBIQUITI Indoor & Outdoor 2.4 GHz
Service, Ko Naing - Taunggyi
Contact - 09428363601. 09 254601305. 081 206269

Sandal Wood Hotel WiFi Service (Nyaung Shwe)

WiFi Product -
UBIQUITI Indoor & Outdoor 2.4 GHz
Service, Ko Naing - Taunggyi
Contact - 09428363601. 09 254601305. 081 206269


Cassiopier Hotel WiFi, Service (Nyaung Shwe)

Product -
UBIQUITI and TPlink product.

Service, Ko Naing (Taunggyi)
Contact, 09 428363601, 09 254601305, 081 206269



ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံတဲ (အ.ထ.က)ကျောင်း ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ(29) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင်ကျင်းပရာ ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးး ဦးချစ်ဆွေ၊ ကျောင်း အကျိုးတော်ဆောင် နာယက ဦးကျော်ဇောတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ကျောင်းအစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ ပညာရေးဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လျှံထူးအောင် ကုမဏီမှ မန်းနေဂျင်းဒါရိုင်တာ ဦးသော်တာအောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအုန်းရွှေထံ ပေးအပ်ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူ ဒါန်းသည့် တစ်ယောက်ထိုင် စာရေးစာပွဲခုံ အစုံ(၄၀)ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်းမှ လှူ ဒါန်းသည့် ဘိလပ်မြေအိတ်အလုံး (၇၀)ကို ဦးဥာဏ်လင်းကိုယ်စား ပြည်နယ်ပါတီကော်မတီဝင် ဦးအုန်းဖေမှလည်းကောင်း၊ ပတ္တမြားနဂါးကုမဏီ ဒါရိုက်တာဦးဝင်းနိုင်မှ ဘိလပ်မြေအိတ် အလုံး(၁၀၀)နှင့် ကွန်ပျူ တာ(၁)စုံကိုလည်းကောင်း၊ လျှံထူးအောင်ကုမဏီမှ စာရေးခုံ အစုံ(၁၀၀)ကိုလည်းကောင်း အလှူ ရှင်အသီးအသီးမှ လှူ ဒါန်းမှုကိုတာဝန်ရှိသူများက လက်ခံရယူပြီးနောက် ကျောင်းအကျိုးတော်ဆောင် နာယက ဦးကျော်ဇောမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး န၀မတန်း ကျောင်းသူ/ကျောင်းသားများမှ ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေပြီး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအထိမ်းအမှတ် အလံများနှင့် လက်ဆောင်ပစ္စည်းများကို ကျောင်းအကျေိုးတော်ဆောင်အဖွဲ့မှ အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များအား နေရာအရောက်ပေးအပ်ပြီး အခမ်းအနားကို နံနက်(၁၀း၃၀) အချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူ ရှင်များ၊ မိဘပြည်သူများ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါကျောင်းဆောင်သစ်ကို နိုင်ငံတော်အစိုးရမှ ခွင့်ပြု ရံပုံငွေ ကျပ်သိန်း(၁၆၈၀) ကျပ်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။
သန်းထူး(တောင်ကြီး)

 

ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒေသတွင်း ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒေသတွင်း ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် စစ်တမ်းများကောက်ယူခြင်းကို နိုဝင်ဘာ(၂၆)ရက်မှ စတင်ပြီး မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရာ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် မိဘပြည်သူများနှင့် တွေ့ဆုံရာတွင် ရှေးဦးစွာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သူရရှင်းမှ စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှု အနေအထားကို ရှင်းလင်းပြောကြားပြီးနောက် မိဘပြည်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ တစ်ရွာချင်းစီအလိုက် စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို နိုဝင်ဘာ(၂၆)မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ ကျောက်တလုံးကြီးမြို့နယ်ခွဲအပါအ၀င် တောင်ကြီး တစ်မြို့နယ်လုံးကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
"တောင်ကြီး (သန်းထူး) မှ သတင်းပေးပို့ထားပါသည်။"
 

Tuesday 2 December 2014

Royal Star Hotel WiFi Service , Taunggyi



WiFi Product -
UBIQUITI UNIFI AP-LR
Service, Ko Naing - Taunggyi
Contact - 09428363601. 09 254601305. 081 206269

Friday 21 November 2014

ရှမ်းကထိန်မှ ဓါတ်ပုံတစ်ချို့

ရှမ်းပုံရိပ်တစ်ချိုူ့ကို အမှတ်တရကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ် ...







စပိန် နိုင်ငံသားတစ်ဦး ဆိုင်ကယ်တစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်

၂၁-၁၁-၂၀၁၄ နံနက် (၉း၀၀) နာရီချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ရာပြည့်ဟိုတယ်တွင် (၁၉.၁၁.၂၀၁၄)မှ (၂၁.၁၁.၂၀၁၄) အထိ လာရောက်တည်းခိုသော စပိန်နိုင်ငံသား Mr Javier SANCHEZDE PEDROBAENA နှင့်အဖွဲ့ဝင် (၁၂)ဦးသည် မောင်တော်ကား (၄)စီ့း မော်တော်ဆိုင်ကယ် (၄)စီးဖြင့် ရောက်ရှိလာပြီး ၂၁.၁၁.၂၀၁၄ နံနက်(၇း၃၀)ချိန်တွင် ၄င်းဟိုတယ်မှ ထွက်ခွာပြီး နေပြည်တော်သို့သွားစဉ် လမ်းခရီး အောင်ပန်းမြို့အ၀င် ကားကြီးကို ရှောင်စဉ် လမ်းတစ်ခုမှ ထွက်လာသော ဆိုင်ကယ်တစ်စီးနှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါကြောင်း သိရှိရပါသည်။

Wednesday 19 November 2014

ရှမ်းနှစ်သစ်ကူး တောင်ကြီး နေ့လွှတ် အရုပ်

အဝေးရောက် ရှမ်းမင်းသား မင်းသမီးများ အလွမ်းပြေ ကြည့်ရှုနိုင်ရန်အတွက် ၁၉ ရက်နေ့ နေ့လွှတ် အရုပ်များကို တင်ပေးလိုက်ပါတယ်။