ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Saturday 31 December 2011

2012 ပျော်ရွှင်ပါစေ



အသစ်အသစ်တွေနဲ့ နှစ်သစ်
အတိတ်ကအဖြစ်တွေကလည်း သစ်လို့နေ
နှစ်သစ်မှာပျော်ရွှင်ပါစေ.... ။
ငြိမ်းချမ်းတဲ့ တို့မြေ
အမုန်းတရား ကင်းဝေးပါစေ
မြန်မာပြည်...။
ဝေဆာဖူးပွင့် အနာဂတ်သစ်
ကမ်းလင့်ကြိုဆို အပြုံးချိုချို
2012 ကိုကြိုဆိုပါစို့....။

Thursday 29 December 2011

photoshop ဖြင့်အလှဆင်


2012 နှစ်သစ်အတွက်အလှပလေးတွေဖန်တီးလို့ရအောင် Photoshop ရဲ့အစိတ်ပိုင်းလေးတစ်ခုကို ပို့တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ် နံပါတ်တွေ စလုံးတွေထဲမှာ မိမိတို့ ဓါတ်ပုံ တစ်ခုခုပေါ့ဗျာ ကိုယ့်ကိုကြိုက်သလိုဖန်တီးလို့ရအောင်ကျွန်တော် ပုံလေးနဲ့အတူ ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်
ခုကျွန်တော်ဖော်ပြလိုက်တာက photoshop Cs4 နဲ့ဖြစ်ပါတယ်။
(1)ကွန်ပျူတာထဲမှာရှိတဲ့ photoshop ကိုဖွင့်လိုက်ပါ။
(2)File ထဲမှ New ကိုသွားပါမယ်အဲဒီထဲမှာမှမိမိကြိုက်တဲ့ အရွယ်စားတွေကိုရွေးလို့ရပါတယ်ပြီးရင် ok ။
(3)Type tool (T) ကိုရွေးပြီးကြိုနှစ်သက်တဲ့ စာကိုရေးလိုက်ပါ ဥပမာ 2012 ပေါ့။စာလုံးဆိုဒ်ကိုကတော့ကြီးရင်ပိုပေါ်လွင်ပါတယ်။
(4)စာလုံးထဲပုံတွေထည့်မယ်ဆိုရင်တော့ File မှ Open ကိုသွားပြီးကြိုက်နှစ်သက်ရာပုံကိုယူလိုက်ပါ။
(5)ယူထားတဲ့ပုံကို အစောပိုင်းက ရေးထားတဲ့စာထဲကို mouse နဲ့စွဲပြီးယူထည့်လိုက်ပါ။
(6)Layer ဖွင့်ထားပြီးသားမရှိဘူးဆိုရင် Menu bar မှ window>>Layer သို့မဟုတ် (F7)ကိုေ၇ွးပေးလိုက်ပါ။
(7)ဒါဆိုရင် ကျွန်တော်တို့ရွေးထားတဲ့ ပုံရယ် 2012 ဆိုတဲ့စာလုံးကိုတွေ့ရမှာဖြစ်ပါတယ် Alt ကိုနှိပ်ပြီး အဲဒီ စာနဲ့ပုံကြားမှာ Click တစ်ချက်နှိပ်လိုက်ပါ ပုံကိုကြိုက်သလိုရွေ့ပြောင်းထားလို့ရပါတယ် Arrow key သုံးပြီး ရွေ့လို့လည်းရပါတယ်။ဒီလောက်ဆိုအဆင်ပြေပါပြီ မိမိကိုယ်ကိုကြိုက်သလိုဖန်တီးလို့ရသွားပါပြီ။
ကျေးဇူးတင်ပါတယ်လို့ကိုယ့်ကိုပြောလိုက်ပါတယ်...:D

Sunday 25 December 2011

အနာမ်းတစ်ပွင့်

အဓိပ္ပါယ်တွေက ပြည့်စုံလွန်းတယ်
ရိုးသားစွာရယ် တစ်ဒင်္ဂမှာကွယ်...
အနာမ်းတစ်ပွင်ရယ်....။
အချိန်တွေရှိတယ် နေ့ရက်တစ်ခုရယ်
ကြုံဆုံရတဲ့ နေ့ရက်အပိုင်းစတွေမှာကွယ်
သူ့ရဲ့ပါးပြင် ရင်ခုန်သံအစစ်နဲ့
အနာမ်းတစ်ပွင့်ပါကွယ်....။
ဘ၀တွေက ခဏပါ
ပထမတွေနဲ့စတယ် အဆုံးသက်တစ်ခုရယ်
မေ့မရတဲ့နေ့တစ်ခုဖြစ်စေတယ်
အရောင်မဲ့တဲ့ အနာမ်းတစ်ပွင့်ပါချစ်သူရယ်...။

Friday 23 December 2011

For mIRC

အကူညီတောင်းဆိုမှုကြောင့် ပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်
ပုံမှအဆင့်တွေပြီးသွားရင် အသုံးပြုလို့ရနိုင်မယ်ထင်ပါတယ်။
အဆင်မပြေမှုရှိသည့်အကြောင့်အရာကို Comment
တွင်ပြန်လည်ရေးသားပေးခဲ့နိုင်ပါတယ်။

Thursday 22 December 2011

ငါသိတဲ့အချစ်

အရာရာပြောင်းလဲတက်ခြင်းတွေမှာ အချစ်ဆိုတာပါသလား ပါတယ်ပြောလို့ရတယ် ဒါပေမဲ့မှားယွင်းနေတယ် ဘကြောင့်လည်း အချစ်ဆိုတာသူ့သူတည်မြဲနေတာမလား ပြောင်းလဲခြင်းတွေမှာမပါပါဘူး ချစ်ကိုဦးတည်ပြီး ငါဘယ်လိုမျိုးချစ်တယ် ခံစားမှုမျိုးစုံနဲ့ချစ်နေကြတယ်လေ ဒီတော့အချစ်ဆိုတာကိုအရောင်မျိုးစုံနဲ့ ချစ်တက်ကြတာမမှားနိုင်ဘူးလို့ပြောလို့ရတယ်။ မကောင်းဘူးပေါ့ဗျာ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်ကို ပေါ့ပေါ့လေးချစ်ခဲ့တယ် သူ့မှာလူတစ်ယောက်ကိုချစ်ဖို့ဝန်မလေးဘူးပေါ့။သူ့အတွက်အကာကွယ် နွေးထွေးမှုစီးကြောင်းလေးတွေကို ချိုမြိန်စွာသုံးဆောင်ချင်တယ်လေ။ ကောင်လေးကလည်းသိသိနဲ့စားသုံးခိုင်းပါတယ် သူ့ကိုချစ်တဲ့ အချစ်အမျိုးစားကိုသူနားလည်သဘောပေါက်ပါတယ် နားလည်ပေးထားလိုက်တာပေါ့ ခဏချစ်မျိုးပေါ့။ တကယ်တော့ဒါဟာအချစ်တော့မဟုတ် အချစ်နဲ့မဆိုင်ဘူး ချစ်တယ်စကားတွေပြောဖို့ဝန်မလေးတဲ့ သူတွေအတွက်တော့စိတ်မကောင်းမိပါဘူး တစ်ချိန်ချိန်အချစ်ကဒဏ်ခက်သွားပါလိမ့်မယ် သို့မဟုတ်အချစ်ရဲ့နောက်ကွယ်က ခါးသီမှုတွေကို ရင်ဆိုင်နေရလိမ့်မယ်။ အချစ်မှာအရောင်တွေမရှိပါဘူး   မြင်နိုင်ဖို့အစွမ်းတွေမရှိပါဘူး အချစ်ဆိုဒါစိတ္တဇနာမ်ဆိုတာကျတော်တို့တွေသိနေတယ်ဆိုရင် အရောင်တွေမဆိုးသင့်ပါဘူး အစောသောက်တွေမှာတောင်ဆိုးဆေးများရင်ရောဂါရတက်တယ်မလား ကျန်မာရေးနဲ့မညီညွတ်ဘူးလေ အချစ်မှာအရောင်တွေပါရင်လည်း မကောင်းဘူး အချစ်နဲ့မညီညွတ်ဘူးလေ ဘယ်လိုပဲချစ်ချစ် လူတိုင်းမှာခံစားချက်တွေရှိတယ် ခံစားချက်တိုင်းဟာအချစ်မဟုတ်ဘူး မုန်းတီးတဲ့ခံစားချက်လား ချစ်တက်တဲ့ခံစားချက်လားဆိုတာရှိနေသေးတယ်။ ဒီတော့ကလူတိုင်းလူတိုင်းမှာတော့ လောကရဲ့အကွေ့ကောက်တွေမှာ ခံစားချက်အမျိုးမျိုးရှိနေကြလိမ့်မယ်။ အလွမ်းတွေ သတိရမှုတွေတိုင်းဟာစစ်မှန်မယ်ဆိုရင် နေမ၀င်အချစ်မဟုတ်ရင်တောင် အချစ်အတွက်ခံစားချက်ကသက်ဝင်နေပါတယ်။ စကားလုံးအချို့တွေလူတိုင်းသုံးစွဲခွင့်ရှိပါတယ် အစောပိုင်းကပြောခဲ့တဲ့ အချစ် အချစ် ချစ်ပါတယ်ဆိုတာတွေလည်း လူတိုင်းသုံးစွဲခွင့်ရှိပါတယ် ဘာကြောင့်လည်းဆို ဒါကစကားလုံးတွေလေ ပြောခွင့်ရှိတာပေါ့ အချစ်ဆိုတဲ့စိတ္တဇနာမ်တစ်ခုဟာ လူသားတစ်ယောက်ဖြစ်နေမယ်ဆိုရင် အလွဲသုံးစားလုပ်မှု ပုဒ်မပေါင်းများစွာနဲ့ တရားစွဲခံနေရမှာသေချာနေပါပြီ

Monday 12 December 2011

Networking Step-1 : Making LAN Cable

မြန်မာနိုင်ငံပြန်ရောက်ပြီးမှ ပထမဆုံးရေးတဲ့ post ပါ။ အရင် က မူကြမ်းတောင်မရေးပဲ post တင်တဲ့ ကျနော်။ ခု ပို့စ်တင်ဖို့ A4 စက္ကူပေါ်ရေးနေရပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ရတဲ့နည်းနဲ့ ပေးချင်တာတွေ ပေးသွားပါ့မယ်။

စာတမ်းတစ်စောင် (သို့) စာအုပ်တစ်အုပ်အဖြစ် အကြောင်းအရာ တစ်ခုခုကို တင်ပြရေးသားမယ်ဆိုရင်တော့ သဘောတရားတွေနဲ့ သိသင့် သိထိုက်တာတွေ အရင်ရေးရမယ်။ ပြီးမှ လိုက်ပါလုပ်ဆောင်ဖွယ်ရာတွေ ရေးသားရမှာပါ။ ဒါပေမယ့် ကျနော်ပေးချင်တဲ့ ပုံစံက တစ်မျိုးဗျ။ လက်ရှိလူတိုင်းက ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ သဘောတရားတွေထက် ဘာလုပ်ဖို့အတွက်ဆို ဘယ်လိုမျိုးဆိုတဲ့ easy making တွေကို ပိုစိတ်ဝင်စားလာကြတယ်။ နောက်ပြီးလူဆိုတာက တတ်ကျွမ်းပြီးမှသာ နှံ့စပ်ချင်တယ်။ မသိသေးပဲ အသေးစိတ်ကျတဲ့ အချက်အလက်တွေ မမှတ်ချင်ဘူး။ အဲဒါကြောင့် ပြုလုပ်နည်းကို ကျနော် အရင်ရှင်းသွားမယ်။ အသုံးချင်နေတာတွေပြောပြီး အခေါ်အဝေါ်တွေ ရင်းနှီးလာမှ သိထားသင့်တဲ့ သဘောတရား အချက်အလက်တွေကို ပြန်ရေးမယ်။

အခုတင်ပြရေးသားမယ့် အပိုင်းက အရင် မရေးဖြစ်ခဲ့တဲ့ Networking အပိုင်း။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ network က ကျနော်တို့ ပတ်ဝန်းကျင်မှာ တော်တော်လေး နေရာယူလာပါပြီ။ Computer များသာမက PS II ဂိမ်းဆိုင်တွေမှာပါ Network ကို သုံးလာတာတွေ့ရပါတယ်။ (PSII နောက်ပိုင်း မော်ဒယ်တွေကို ကွန်ပျူတာဖြင့် network ချိတ်ပြီး game CD ကို HDD မှ ရယူအသုံးပြုခြင်းကြောင့် စက်ပျက်စီးမှု၊ ခွေဖိုးကုန်ကျမှုများ များစွာ သက်သာသွားစေပါတယ်။) အဲဒါကြောင့် သင်သုံးနေတဲ့ ကွန်ယက် (network) ကို ဘယ်လိုပြုလုပ်ပြီး တည်ဆောက်ထားတာလဲ ဆိုတာ သိသင့်ပါတယ်။ (မက်လုံးပေးရရင်တော့ စက် ၁၀ လုံး networking ပြုလုပ်ခြင်းအတွက် အသားတင် လက်ခ တစ်သိန်းမှ တစ်သိန်းခွဲကြား ပေးရပါတယ်။) အခုအချိန်ကစပြီး အဲဒီမခဲယဉ်းလှတဲ့ နည်းပညာကို စာဖတ်သူတို့ဆီ ကျနော်မျှဝေပါ့မယ်။ level တိုင်းနားလည်အောင် တင်ပြသွားပါ့မယ်။
First step ကတော့ ဆက်သွယ်တပ်ဆင်တဲ့ကြိုး (Networking Cable) ပြုလုပ်ခြင်း ဖြစ်ပါတယ် …
အသုံးပြုနိုင်သော Network Cable တစ်ခု ပြုလုပ်ခြင်း
(၁) Cable Length :   လက်ရှိအသုံးများတဲ့ ကွန်ပြူတာ network cable များဟာ twisted pair wire Categories 5 အမျိုးအစားဖြစ်ပြီး Cable တစ်ချောင်းကို မီတာ ၁၀၀ ထက် ပိုရှည်လို့ မရပါဘူး။

(၂) Connector :       RJ 45 – 4 pairs (8 wires) , RJ 11 – 2 pairs (4 wires)
ဝါယာ ရှစ်ခုပါ RJ 45 သည် ကွန်ပြူတာ အတွက် ဖြစ်ပြီး၊ ၀ါယာ လေးခုပါ RJ 11 သည် ဖုန်းနှင့် ချိတ်ဆက်ရန် အတွက် ဖြစ်ပါတယ်။

(၃) Color code :       twisted pair cat 5 ကြိုးတွင် ၀ါယာရှစ်ခုပါဝင်ပြီး နှစ်ပင်ပူးစီ လိမ်ထားသော အတွဲလေးတွဲ ပါသည်။ အပြာဖြူကြား နှင့် အပြာတွဲ၊ လိမ္မော်ဖြူကြားနှင့် လိမ္မော်တွဲ၊ အစိမ်းဖြူကြားနှင့် အစိမ်းတွဲ၊ အညိုဖြူကြားနှင့် အညိုတွဲ တို့ဖြစ်သည်။ color code သည် network cable အတွက် အရေးကြီးသဖြင့် အောက်ပါအတိုင်း မှတ်သားထားပေးပါ။

(အတိုကောက်အနေနဲ့ BOGBr ဟုမှတ်ပါ။ B=Blue, O=Orange, G=Green, Br=Brown ဟု အတွဲလေးတွဲ အစဉ်လိုက်ဖြစ်ပြီး၊ အဖြူကြားမှ စ၍ အရောင်ကြိုးမှာ ဆုံးတယ်။ အတွဲ ၁၊ ၂၊ ၃၊ ၄ ကို ဤနည်းဖြင့် မှတ်သားထားပါ။)

(၄) Ping assignment :  အသုံးပြုနိုင်သော network cable တစ်ခုဖြစ်ရန် အတွက် connector တွင် ထည့်သွင်း စီစဉ်ရသော pin assignment နှစ်မျိုးရှိပါတယ်။
(က)  T-568A (type A)
(ခ)    T-568B (type B)
(က) Type A (T-568A)       :           pin assignment စီစဉ်မှုတွင် အတွဲ ၁ မှ ၄ သို့ အစဉ်လိုက် အစား အတွဲ ၃၊ ၁၊ ၄ ဟုစီပြီး၊ ၃ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၂ ကို စီလိုက်ပါ။

(ခ) Type B (T-568B) :                  pin assignment စီစဉ်မှုသည် Type A ၏ အတွဲ ၂ နှင့် ၃ ကို နေရာပြောင်းလိုက်ရုံသာ ဖြစ်သည်။ ထပ်ရှင်းရလျှင် အတွဲ  ၂၊ ၁၊ ၄ ကို စီပြီး ၂ နှင့် ၄ ကြား ၁ ကို ခွ၍ အတွဲ ၃ ကို စီလိုက်ပါ။

(၅) Cable type :           ကွန်ပြူတာနှင့် ဆက်စပ်အသုံးပြုရန် cable အမျိုးအစား နှစ်မျိုးရှိသည်။
(i)  Straight-through Cable
(ii) Cross Cable
(i)                  Straight-through Cable အမျိုးအစားသည် pin assignment တူတူချင်း စီစဉ်ကာ connector တပ်ဆင်ထားခြင်း ဖြစ်သည်။ ထပ်ရှင်းရလျှင် cable တစ်ခု၏ ထိပ်နှစ်ဘက် စလုံးကို type A ချည်းသာ (သို့မဟုတ်) type B ချည်းသာ Straight-through Cable ဟု ခေါ်သည်။ (၎င်း cable အမျိုးအစားကို path cable ဟုလည်းခေါ်ပြီး ကွန်ပြူတာမှ hub (သို့မဟုတ်) Switch သို့ ချိတ်ဆက်ရာတွင် အသုံးပြုသည်)

(ii)                  Cross cable အမျိုးအစားသည် Type A နှင့် Type B ကို တစ်ဖက်စီ တပ်ဆင်ထားသော cable ပင် ဖြစ်သည်။ (crossover cable ကို hub အချင်းချင်း၊ switch အချင်းချင်း နှင့် ကွန်ပြူတာ နှစ်လုံး တိုက်ရိုက်ချိတ်ဆက်ခြင်းများတွင် အသုံးပြုသည်)

မှတ်ချက်။ ထို cable အမျိုးအစား နှစ်ခုကို ခွဲခြား သိလိုပါက cable ၏ ထိပ်နှစ်ဖက် ဖြစ်သော connector နှစ်ခုကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ pin စီစဉ်ထားမှု အရောင်များ တစ်ထပ်တည်း တူညီပါက Straight-through ဖြစ်ပြီး၊ မတူညီပဲ A-B ဖြစ်နေပါက cross cable ဖြစ်သည်။
(၆) Making Network Cable : ရှေ့တွင်ဖော်ပြပြီး အချက်(၅)ချက်သည် သိရှိရန်ဖြစ်ပြီး ယခု အချက်များသည် လိုက်ပါလုပ်ဆောင်ရမည့် အချက်များဖြစ်သည်။ တနည်းဆိုရသော် ကြိုးတစ်ချောင်း ရရန် ယခုမှပင် စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
အဆင့် (၁) Cable Cutter : မိမိဆက်သွယ်ချိတ်ဆက်မည့် အရာနှစ်ခု၏ အကွာအဝေးအတိုင်း လိုအပ်သလောက်သာ ကြိုးကို ဖြတ်တောက်ပါ။ အမှားအယွင်း ရှိခဲ့ရင် ပြင်ဆင်ပြုလုပ်နိုင်ဖို့ အနည်းငယ်တော့ ပိုဖြတ်ထားဖို့ လိုပါတယ်။ ဒါပေမယ့် မမေ့ဖို့က မီတာ ၁၀၀ ထက် မပိုရ။

အဆင့် (၂) Striper : Cable အစွန်းနှစ်ဖက် စလုံးကို အထဲမှာ ပါတဲ့ ၀ါယာအရောင်များ ကွဲပြားစွာ မြင်နိုင်ဖို့ အခွံနွှာ ပစ်ရပါမယ်။ တစ်လက်မခွဲခန့် အပေါ်ယံ (jacket) ကို နွှာပစ်ရမှာဖြစ်ပြီး၊ အထဲမှ ၀ါယာများ မပေါက်ပြဲစေရန် ဂရုပြုပါ။ ပေါက်ပြဲ ပွန်းရှ ခဲ့ရင် ထိုနေရာမှ စ၍ ညှပ်ပစ်ပြီး နောက်သို့ ဆုတ်၍ strip ပြန်လုပ်ပါ။

အဆင့် (၃) Spread the wire : cable ကို အပေါ်ယံ jacket နွှာလိုက်ပါက twisted pair ဖြစ်သည့်အတွက် နှစ်ပင်ပူးစီ လိမ်ထားတာကို တွေ့ရပါလိမ့်မယ်။ strip လုပ်ထားတဲ့ အရင်းမှ ကိုင်ပြီး မိမိပြုလုပ်မယ့် အမျိုးအစား (type A (or) type B) အတိုင်း ၀ါယာကြိုး အရောင်ကို စီတန်းလိုက်ပါ။ ပြီးနောက် connector အတွင်းသို့ ထည့်သွင်းရန် လက်မ၀က် ခန့်သာ ချန်ပြီး အဖျားပိုင်းကို ညှပ်ပစ်ပါ။

အဆင့် (၄) Connector အတွင်းသို့ ထည့်သွင်းခြင်း :  ညှပ်ပြီးသော ၀ါယာ (၈) စကို connector ထဲသို့ ထည့်ပါ။ ၀ါယာစီတန်းမှုအတိုင်း connector တွင်း တစ်ချောင်းစီ ထည့်သွင်းကာ ထိပ်ထိ ညီအောင် ပြုလုပ်ပါ။ ၀ါယာ (၈)ချောင်းသည် connector အဆုံးတွင် ညီနေမှသာ connector အပေါ် pin နှင့် ဆက်သွယ်မှု ရှိမှာဖြစ်ပါတယ်။ strip လုပ်ထားသည့် အရင်းသည် connector အတွင်းတွင် ရှိနေရမည်ဖြစ်ပြီး plunger နေရာထိ jacket ရောက်နေရမှာ ဖြစ်ပါတယ်။

အဆင့် (၅) crimping : crimp ပြုလုပ်ခြင်းသည် network cable ပြုလုပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ connector ခေါင်း နှင့် cable ကြိုး ချိတ်ဆက်မှု မြဲမြံအောင် crimping tools (crimper) ကို အသုံးပြု၍ ဖိညှပ်ခြင်း ဖြစ်ပါတယ်။ crimper မကောင်းပါက connector ပျက်စီးတတ်ပါတယ်။
Crimper ကို connector အမျိုးအစား သတ်မှတ်ပြီး ထုတ်သလို၊ အားလုံးအတွက် ပြောင်းလဲ အသုံးပြုနိုင်အောင် ဘလောက်တုံး အရှင်များဖြင့်လည်း ထုတ်ပါတယ်။ (အခုနောက်ဆုံး အသုံးများတဲ့ crimper တွေမှာ cutter, striper တွေပါ သုံးနိုင်အောင် ထည့်ပေးထားပါတယ်။ အဲဒါကြောင့် အဲလို crimper မျိုးတစ်ခုဆောင်ထားရုံနဲ့ cable လုပ်လို့ရပါပြီ)

RJ 45 connector ကို crimp လုပ်မှာဖြစ်လို့ 8 pin ဘလောက်တုံး (RJ 45 crimper) ကို ရွေးချယ်တပ်ဆင်ပါ။ connector ကို crimper အတွင်းတွင် နေရာတကျ ဖြစ်အောင် ထည့်လိုက်ပါ။ connector ကို သေချာထည့်သွင်းပြီးတာနဲ့ တချက်တည်း အဆုံးထိရောက်အောင် အားစိုက် ဖိညှစ်ပါ။ crimper တွေဟာ connector အတွက် လိုအပ်တဲ့ နေရာတွေမှာပဲ သက်ရောက်မှု ရှိအောင် ပုံစံထုတ် ထားတာဖြစ်တဲ့အတွက် နေရာထား မှန်ကန်ရင် ပျက်စီးမှု မရှိပါဘူး။

Crimper ဖိညှစ်ခြင်းကြောင့် အားသက်ရောက်မှု ရှိသွားတဲ့ နှစ်နေရာက အောက်က ပုံအတိုင်းဖြစ်ပါတယ်။ ၁ မှာ pin အတွက် ဖြစ်ပြီး၊ ၂ မှာ jacket ပေါ် plunger ဖြင့် ဖိထားလိုက်ခြင်း ဖြစ်ပါတယ်။

ထိုဖိအားကြောင့် ၀ါယာ (၈) ခု ပေါ်မှ insulator ကို ဖောက်ပြီး connector ပေါ်ရှိ pin (conductor) များနှင့် တစ်သားတည်း ဖြစ်သွားပါတယ်။ strip လုပ်ထားတဲ့ ပမာဏ ရှည်နေရင် plunger ဟာ jacket ပေါ်မရောက်ပဲ ၀ါယာတွေပေါ် ရောက်နေလိမ့်မယ်။ အဲဒါဆိုရင် မြန်မြန်ပျက်တာတို့၊ error ဖြစ်တာတို့ ကြုံလိမ့်မယ်။

ဖော်ပြခဲ့ပြီး အဆင့်အားလုံး အောင်မြင်စွာ လုပ်ဆောင်ပြီးပြီဆိုရင် ဒီနည်းအတိုင်းပဲ cable နောက်တစ်ဖက်ကို connector တပ်ဆင်လိုက်ပါ။

ပြုလုပ်ပြီး cable ကောင်း/မကောင်း စမ်းသပ်ရန်အတွက် cable tester များကို အသုံးပြုနိုင်ပါတယ်။ Straight-through နှင့် crossover ကို LED မီးသီးများ ကြည့်ခြင်းဖြင့် ခွဲခြား သိနိုင်ပါတယ်။ (professional မဟုတ်ဘူးဆိုရင်တော့ မလိုပါဘူး။ စက်မှာတပ်ကြည့်ရင် သိနေတာပဲ)

Networking Step-3 :Connection PS II Game and PC

Intro: ကျနော် networking ကို အခြေခံကနေစပြီးရေးလာတာ နှစ်ပိုင်းပဲပြီးသေးတယ်။ အပိုင်း (၃) အနေနဲ့ sharing ကို ရေးပြီးတော့မှ အသုံးချခြင်းအနေနဲ့ ဒီဆောင်းပါးကို ရေးမလို့။ တောင်းဆိုချက်တွေအရ ဒါကိုကျော်ပြီးရေးပေးလိုက်ပါတယ်။
သဘောတရား - PS II game စက်များကို ခွေထည့်ပြီး ကစားမယ့်အစား အဲဒီခွေကို ကွန်ပျူတာ hard disk မှာ သိမ်းထားပြီး network လမ်းကြောင်းမှ ယူသုံးစေတာပဲဖြစ်ပါတယ်။
အားသာချက် -
(၁) ခွေမသုံးရတဲ့အတွက် Game စက်ရဲ့ ခွေဖတ်မှန်ဘီလူး (lens) တွေ ပျက်စီးမှု သက်သာပါတယ်။
(၂) CD/DVD ခွေ ကူးရ၊ ၀ယ်ရ သက်သာပါတယ်။
(၃) ခွေကန့်သတ်မှု မရှိတော့ပါဘူး။ (ဥပမာ – ဆိုင်မှာ စက်ဆယ်လုံးရှိတယ်။ FIFA 2011 ကို ၁၀ လုံး စလုံး တစ်ပြိုင်တည်း ကစားမယ်ဆိုရင် အဲဒီခွေကို ၁၀ခွေကူးထားရမှာ အမှန်ပဲ။ ဘယ်ဆိုင်မှ ကူးမထားနိုင်ပါဘူး။ အဲဒီအခါမှာ ဟိုဘက်စက်ကပြီးမှယူ ဆိုတာမျိုး ခွေအရေအတွက် ကန့်သတ်ချက် ရှိပါတယ်။ PC ဖြင့် network ချိတ်ဆက် အသုံးပြုပြီ ဆိုတာနဲ့ hard disk ထဲမှာရှိသမျှ game အားလုံးကို ကြိုက်တဲ့ခွေ ကြိုက်သလောက် ကစားပဲ။ ခွေကန့်သတ်ချက် မရှိတော့ပါဘူး)
(၄) loading time မြန်ပြီး ခွေထစ်တာ မရှိတော့တဲ့အတွက် အသုံးပြုသူတွေ စိတ်ချမ်းသာစေပါတယ်။
(၅) PC ကို Sever အနေနဲ့ အသုံးပြုရတယ် ဆိုပေမယ့် windows sever သုံးစရာ မလိုပါဘူး။ ရိုးရိုး windows ပဲ သုံးပြီး hard disk ကို share ပေးထားတာပဲ ဖြစ်ပါတယ်။ CPU နှင့် RAM usage မများတဲ့အတွက် သာမာန်အနိမ့်စား PC နဲ့တောင် အသုံးပြုနိုင်ပါတယ်။
လုပ်ဆောင်ချက် အကျဉ်းချုပ် – စာဖတ်သူတွေထဲမှာ ကွန်ပျူတာနဲ့ networking ကို ကျွမ်းကျင်သူရော စတင်လေ့လာသူရော အမျိုးမျိုး ရှိပါလိမ့်မယ်။ ကျနော်က အားလုံးအဆင်ပြေအောင် ရေးပေးချင်ပါတယ်။ စတင်လေ့လာသူတွေအတွက် နားလည်အောင်ရှင်းတော့ သိပြီးသားသူတွေအတွက် ပျင်းစရာကောင်းနေပါလိမ့်မယ်။ ဒီတော့ Networking နားလည်ပြီးသား PS II နဲ့ချိတ်တာလောက်ပဲ သိချင်သူတွေအတွက် အကျဉ်းချုပ်လေး သက်သက်ရေးပေးပါ့မယ်။ အကျယ်ရှင်းပြထားတာဖတ်ပြီးရင်လည်း ဒီအချက်တွေ ပြန်ကြည့်လိုက်ပါ။ နားလည်သွားပြီဖြစ်လို့ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်လုပ်ရမယ်ဆိုတာ ရှင်းသွားသလို မှတ်မိလည်း လွယ်သွားမှာပါ။
၁။ PC နဲ့ switch (သို့) hub ကို straight-through cable သုံးပြီး ချိတ်မယ်။ အဲဒီ Hub ကနေ PS II စက်တိုင်းကိုလည်း straight-
through cable သုံးပြီး ဆက်သွယ်မယ်။
၂။ PC ရဲ့ IP properties မှာ အောက်က ဂဏန်းတွေဖြည့်သုံးရမယ်။
IP Address : 192.168.0.2
Subnet mask : 255.255.255.0
Default gateway : 192.168.0.1
၃။ game cd တွေကို hard disk အသစ်တစ်ခုမှာ PS II converter နဲ့ file type ပြောင်းပြီး ထည့်ပါမယ်။
၎။ အဲဒီ hard disk ကို PC မှာ Secondary hard disk အနေနဲ့ တပ်ဆင်ပါ။
၅။ My Computer ဖွင့်ပြီး game cd တွေ ထည့်ထားတဲ့ drive ကို PS2SMB ဆိုတဲ့ နာမည်နဲ့ full share ပေးပါ။
၆။ PS II စက်ကို USB Loader သုံးပြီး network config ထဲ ဝင်ပါ။
၇။ PS II စက်အတွက် IP ကို စက်ဖွင့်တိုင်း (ခွေလဲတိုင်း) ပြင်ပေးရပါတယ်။ (Default IP address က 192.168.0.10 ဖြစ်ပါတယ်။
နောက်ဆုံး Octet ကို 3 မှ 254 ကြား တစ်ခုခု သက်မှတ်ပေးပါ။ စက်တစ်လုံးနဲ့တစ်လုံး IP တူလို့ မရပါဘူး)
၈။ network config မှာ IP ပြင်ဆင်သက်မှတ်ပေးပြီပြီဆိုရင် network start ကို နှိပ်ပြီး၊ network ထဲဝင်ပါ။
၉။ (share ပေးမှု၊ sharing files မှန်ကန်မှု နဲ့ network ဆက်သွယ်မှု အားလုံးမှန်တယ်ဆိုရင်) network အောက်မှာ game cd တွေ
ပေါ်လာပါလိမ့်မယ်။ လိုချင်တဲ့ခွေ ရွေးချယ်ပြီး ဖွင့်ရုံပါပဲ။
** PC မှ share ပေးထားတာဖြစ်လို့ အသုံးပြုနေစဉ် PC လုံးဝ ပိတ်သွားလို့ မရပါဘူး။ game စက်ဖွင့်တိုင်း (သို့) ခွေလဲချင်တိုင်း PS II
စက်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ Loader CD သုံးပြီး IP address ပြင်ခြင်း၊ network ထဲဝင်ရောက်ခြင်း လုပ်ငန်းစဉ်ကို စက်ဖွင့်တိုင်း (သို့)
ခွေလဲတိုင်း လုပ်ရမှာဖြစ်ပါတယ်။ **
လိုအပ်ချက် -
(၁) hard disk အပိုတစ်လုံး – game ခွေတွေအားလုံးကို ဒီ hard disk မှာ သီးသန့်ထားပြီး share ပေးထားမှာဖြစ်ပါတယ်။ သီးသန့် hard disk ဖြစ်သွားတဲ့အတွက် စက်တွေက ဘယ်လောက်ဆွဲဆွဲ OS အလုပ် လုပ်နေတဲ့ hard disk မဟုတ်တဲ့အတွက် ကွန်ပျူတာ ဟန်းတာ မဖြစ်တော့ဘူးပေါ့။ hard disk space အနေနဲ့ ခွေထည့်ထားချင်တဲ့ အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူပါ။ တစ်ခွေကို 3Gb နီးပါး နေရာယူမှာဖြစ်ပါတယ်။ 500Gb hard disk တစ်လုံးဆိုရင် ခွေ ၂၀၀ လောက် ဆန့်ပါတယ်။ အဲလောက်ခွေအများကြီး ရှိစရာမလိုပါဘူး။ game ဆိုင်တွေမှာ အများဆုံး ကစားကြရင် ခွေ ၅၀ – ၁၀၀ ပေါ့။
(၂) switch (or) hub – ကွန်ပျူတာမှ ထွက်လာတဲ့ LAN ကြိုးကို switch (သို့) hub မှာ တပ်ပေးမယ်။ အဲဒီ switch/hub ကနေပြီး game စက်တစ်လုံးကို တစ်ကြိုး ဆက်သွယ်ရမှာဖြစ်လို့ switch/hub တွေကို စက်အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်ပါ။ game စက်က ၁၀ လုံး ရှိမယ်ဆိုရင် စက်က ၁၀ ကြိုး နဲ့ ကွန်ပျူတာက တစ်ကြိုး ဖြစ်လို့ အနည်းဆုံး ၁၁ ပေါက်ပါတဲ့ switch/hub လိုပါတယ်။ စက်အရေအတွက်များလို့ switch/hub တစ်ခုတည်းနဲ့ မလုံလောက်ရင် နှစ်ခု သုံးခု extension ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ (switch နဲ့ hub ဘယ်ဟာသုံးသုံး အဆင်ပြေပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်ကို ကျနော့်ရဲ့ Networking အပိုင်း (၂) မှာ ပြောခဲ့ပြီးပါပြီ)။
(၃) LAN cable – LAN ကြိုးကတော့ စက်အရေအတွက်နဲ့ နေရာအကွာအဝေးတွေပေါ် မူတည်ပြီး သုံးရမှာဖြစ်ပါတယ်။ စက်တွေ၊ switch/hub တွေနဲ့ ကွန်ပျူတာကို နေရာချပါ။ အဲဒီအကွာအဝေးအတိုင်း LAN ကြိုး ဖြတ်ပြီး ဆင်ပါ။ switch/hub ခံပြီး ချိတ်မှာဖြစ်လို့ straight-through cable ကို သုံးရပါမယ်။ (ကျနော့်ရဲ့ Networking အပိုင်း (၁) မှာ cable ပြုလုပ်နည်းရေးခဲ့ပါတယ်။ ကိုယ်တိုင်ကြိုး မညှပ်တတ်ဘူး အချိန်လည်း မရဘူးဆိုရင် ready made ကြိုးတွေ ၀ယ်လို့ရပါတယ်)။
(၄) USB Loader – PS II game စက်တွေက အလိုလျောက် network ထဲကို မ၀င်ရောက်နိုင်ပါဘူး။ သူ့ရဲ့ သာမာန်အလုပ်ဖြစ်တဲ့ ခွေဖတ်ပြီး ဖွင့်ပေးဖို့ပဲ ကြိုးစားမှာပါ။ USB stick နဲ့ game ဖွင့်ချင်တာပဲဖြစ်ဖြစ်၊ network ကနေပြီး ဖွင့်ချင်တာပဲဖြစ်ဖြစ် အဲဒီနေရာတွေကို ရောက်ဖို့ USB Loader software ကို အသုံးပြုရပါတယ်။ PS II စက်ရဲ့ model ပေါ်မူတည်ပြီး USB loader software version ကွာပါတယ်။ အကြမ်းဖျင်းပြောရရင် PS II slim model တွေက USB loader 0.7 CD version ကို အသုံးပြုရပါတယ်။ စက်အထူတွေကတော့ PS II memory card နဲ့ USB loader version အဟောင်းကို အသုံးပြုရပါတယ်။ (PS II game ပစ္စည်းပြုပြင်/ရောင်းဝယ်တဲ့ ဆိုင်တွေမှာ “USB memory stick ကနေပြီး game ဖွင့်ဖို့ software လို့ ပြောဝယ်ရင် ရပါတယ်)။
(၅) PS II converter – game ခွေတွေကို USB stick (သို့) hard disk မှာ သိမ်းထားပြီး စက်ကနေ ပြန်ရှာတဲ့အခါ game ခွေအဖြစ် သိဖို့အတွက် ဖိုင်တစ်မျိုးနဲ့ ချုံ့ပြီးသိမ်းပေးရပါတယ်။ (ဥပမာ – virtual drive တွေက ခွေအဖြစ်သိဖို့ iso ဖိုင်အဖြစ် ပြောင်းပြီး သိမ်းပေးရသလိုမျိုးပေါ့)။ အဲဒီဖိုင်ပြောင်းဖို့အတွက် converter software လိုပါတယ်။
Network ချိတ်ဆက်ရန် ပြင်ဆင်ခြင်း (PC တွင်)
Step (1) IP – network တစ်ခု ချိတ်ဆက်မယ် ဆိုတာနဲ့ ကြိုးတွေသွယ်ပြီးရင် network class တွေ သက်မှတ်ပေးရပါမယ်။ (IP ရဲ့ သဘောတရားနဲ့ network class တွေ အကြောင်းကို ကျနော့်ရဲ့ “Networking အပိုင်း (၂) မှာ ရေးခဲ့ပြီးပါပြီ)။ ကွန်ပျူတာကနေပြီး share ပေးပြီး PS II စက်တွေကနေ ယူသုံးရမှာဖြစ်လို့ အဲဒီစက်တွေက အဆင်သင့်မယ့် network class ကို သုံးပေးရပါမယ်။ PS II စက်တွေမှာလည်း IP ကို ကြိုက်သလို ပြင်ဆင်ထည့်သွင်းနိုင်ပေမယ့် ခွေတစ်ခါလဲရင် IP တစ်ခါပြန်ထည့်ရမှာဖြစ်လို့ ကိုယ်ကြိုက်သလို
ပြင်သုံးခဲ့မယ်ဆိုရင် တော်တော်အလုပ်ရှုပ်ပါလိမ့်မယ်။ ဒီတော့ PS II စက်တွေက Default အနေနဲ့ အလိုလျောက် ထည့်ပေးပြီးသားတွေအတိုင်းပဲ သုံးလိုက်မယ်။ ဒါဆိုရင် အခုဖွင့်မယ့် PS II စက်ရဲ့ network config ထဲ ၀င်လိုက်ပြီဆိုတာနဲ့ အောက်မှာပြထားတဲ့အတိုင်း မြင်ရပါလိမ့်မယ်။ ကျနော်တို့ သုံးရမယ့် IP နဲ့ ပါတ်သတ်တာတွေကို မှတ်သားထားလိုက်ပါ။
IP for PC 192.168.0.2
Subnet mask 255.255.255.0
Default gateway 192.168.0.1
Share name PS2SMB ဆိုပြီး တွေ့ပါလိမ့်မယ်။ PC အတွက် IP ကို default အနေနဲ့ 192.168.0.2 လို့ ဂိမ်းစက်မှာ အလိုလျောက် ထည့်သွင်းပေးပြီးသားပါ။ အဲဒီအတိုင်းပဲ သုံးပေးလိုက်ရင် အမြဲတမ်းအတွက် အဆင်ပြေပါတယ်။ share name ကိုလည်း သက်မှတ်ပေးပြီးဖြစ်လို့ ဒီနာမည်နဲ့ပဲ share ပြန်ပေးရပါတယ်။
ဒါနားလည်ပြီဆိုရင် PC မှာ IP စဖြည့်လို့ရပါပြီ။ Run မှ ncpa.cpl လို့ ရိုက်ပြီး Enter ခေါက်ပါ။ Local Area Connection ဆိုတဲ့ icon ပေါ်လာပါလိမ့်မယ်။ right-click ထောက်ပြီး properties နှိပ်ပါ။
Internet Protocol Version 4 (TCP/IPv4) ကို select လုပ်ပြီး properties နှိပ်ပါ။ (Windows XP မှာဆိုရင် IPv4 တစ်ခုထဲရှိတဲ့အတွက် Internet Protocol (TCP/IP) လို့ပဲ တွေ့ပါလိမ့်မယ်။ Vista နဲ့ 7 မှာတော့ IPv6 ပါလာပါပြီ။ IPv4 နဲ့ပဲသုံးပါ့မယ်)။
ပေါ်လာတဲ့ box ထဲမှာ ခုနက မှတ်သားထားတဲ့ IP တွေကို အောက်ပါအတိုင်း ဖြည့်သွင်းပါ။ (PS II game စက် ဘယ် model ဖြစ်ဖြစ် ဒီဂဏန်းတွေပဲမို့ ကြည့်စရာတောင်မလိုပဲ အလွတ်ကျက်ထားလို့ရပါတယ်)။
ပြီးရင်တော့ OK ပြီး OK နှိပ်ပေါ့။ PC မှာ network အတွက် ပြင်ဆင်ရမယ့် အပိုင်းက ဒီလောက်ပါပဲ။ ဘယ် windows မှာမဆို ဒီအတိုင်းလေး ဖြည့်သွင်းရုံပါပဲ။
Step (2) Sharing – sharing စမလုပ်ခင်မှာ game CD တွေကို hard disk အပိုမှာ ကူးထည့်ပြီး၊ hard disk ကိုလည်း PC မှာ secondary အနေနဲ့ တပ်ဆင်ပြီး ဖြစ်ရပါမယ်။ နောက်တစ်ခု အကြံပေးချင်တာက External အနေနဲ့ မသုံးပါနဲ့။ USB နဲ့ ဆက်သွယ်ပြီး external အနေနဲ့ သုံးမယ်ဆိုရင် game စက်များတာနဲ့အမျှ ကွန်ပျူတာရော စက်တွေရော ဟန်းပါလိမ့်မယ်။ USB ရဲ့ data transfer rate နဲ့ SATA ရဲ့ data transfer rate အများကြီး ကွာပါတယ်။ ဒီတော့ SATA ကြိုးနဲ့ PC မှာတပ်ပြီး secondary အနေနဲ့ သုံးတာ အကောင်းဆုံးပါပဲ။ (PC မှာ Windows တင်ထားတဲ့ hard disk ကို Primary hard disk လို့ ခေါ်ပြီး၊ data တွေထည့်ပြီး အပိုတပ်ထားတဲ့ hard disk ကို secondary hard disk လို့ ခေါ်ပါတယ်)။ အပေါ်က ပြောခဲ့သလောက် လုပ်ပြီးပြီ secondary hard disk လည်း drive တစ်ခု အနေနဲ့ ပေါ်နေပြီလို့ သက်မှတ်ပါတယ်။ share ပေးတာ စပါမယ်။
Windows Vista နှင့် 7 တွင် – My Computer ကို ဖွင့်ပြီး game cd တွေထည့်ထားတဲ့ partition ကို Right-Click ထောက်ပါ။ Share with -> Advanced sharing … ကို နှိပ်ပါ။
ပေါ်လာတဲ့ sharing tab က Advanced sharing ဆိုတဲ့ button ကို နှိပ်ပါ။
ပေါ်လာတဲ့ Advanced Sharing box မှာ လုပ်ဆောင်ဖွယ် ၃ ခု ရှိပါတယ်။ အဲဒီ သုံးခုကို လုပ်ဖို့ အပေါ်ဆုံးက Share this folder ဆိုတာကို check ပေးလိုက်ပါ။
1. က share name ဖြစ်ပါတယ်။ PS II စက်က ပေးထားတဲ့အတိုင်း လိုက်ပေးတာဖြစ်ပါတယ်။ PS2SMB လို့ ရေးလိုက်ပါ။
2. ကတော့ ယူသုံးမယ့် စက်အရေအတွက်ကို ပြောတာပါ။ မိမိဆိုင်မှာ ရှိတဲ့ PS II စက် အရေအတွက်ထက် 5 လုံးလောက်
တော့ပိုထည့်ပေးပါ။
3. ကတော့ ယူသုံးခွင့်ပြုမယ့် ဖိုင်တွေအတွက် ခွင့်ပြုမှု ကန့်သက်ချက် ဖြစ်ပါတယ်။ Permissions ဆိုတဲ့ button ကို နှိပ်ပါ။
အောက်ကပုံမှာ ပြထားတဲ့အတိုင်းပဲ Allow အောက်က check box အားလုံးကို check ပေးလိုက်ပါ။
ခွင့်ပြုမှု အပြည့်ပေးတာဖြစ်ပါတယ်။ (full share ပေးတယ်လို့ အလွယ်ခေါ်ပါတယ်) ပြီးရင်တော့ OK သုံးခါနှိပ်လိုက်ပါ။ share ပေးပြီး ဖြစ်ပါလိမ့်မယ်။
Windows XP တွင် – My Computer ကို ဖွင့်ပြီး game cd တွေထည့်ထားတဲ့ partition ကို Right-Click ထောက်ပါ။ Sharing and Security ကိုနှိပ်ပါ။
တစ်ခါမှ share မပေးဘူးသေးတဲ့ windows မှာဆိုရင်တော့ အောက်ကပုံအတိုင်း ပေါ်လိမ့်မယ်။ အဲဒီစာတန်းနေရာကိုပဲ click နှိပ်ပေးလိုက်ပါ။
အောက်မှာကျနော်ပြထားတဲ့ ပုံအတိုင်းပေါ်လာလိမ့်မယ်။ ၁.၂.၃ တပ်ထားတဲ့အစဉ်အတိုင်းသာ လုပ်ပေးပါ။ ၁ – share လုပ်ရန်၊ ၂ – share folder ၏ အမည်၊ ၃ – share ပေးထားသော ဖိုင်များကို ပြင်ဆင်ခွင့် ပေးခြင်း တို့ဖြစ်ပါတယ်။
အထက်ကပုံအတိုင်း ဖြည့်ပြီးရင်တော့ Apply – OK ပေါ့။ sharing ပြီးပြီ ဖြစ်လို့ PC မှာ ပြင်ဆင်ရမယ့် လုပ်ငန်းစဉ် ကုန်ပါပြီ။
** PC sharing အပိုင်းမှာ windows အားလုံးအတွက် ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ PS II နဲ့ ချိတ်ဆက်ရာမှာ networking အတွေ့အကြုံမရှိတဲ့သူများအဖို့ Windows XP သုံးတာပိုကောင်းပါတယ်။ Windows 7 နဲ့ Vista မှာ sharing security တွေက ပိုရှုပ်ထွေးလို့ပါ။ **
Network set up (PS II စက်တွင်)
Step (1) Loader – PS II စက်ကို network ထဲ ၀င်နိုင်ဖို့ပဲဖြစ်ဖြစ်၊ USB stick ကနေ ခွေယူဖတ်ဖို့ပဲဖြစ်ဖြစ် loader လိုပါတယ်။ နောက်ပိုင်း model ဖြစ်တဲ့ PS II slim တွေ အတွက် USB loader 0.7 ဆိုတဲ့ CD Version ခွေကို အသုံးပြုနိုင်ပြီး အဲဒီထက်ရှေးကျတဲ့ model တွေအတွက် PS II memory card ကို အသုံးပြုနိုင်ပါတယ်။ (လက်ရှိ ကျနော့်အနေအထားက ပို့စ်တင်ဖို့တောင် အနိုင်နိုင်ကြိုးစား နေရတာဆိုတော့ ဒီ software တွေကို upload တင်ပေးဖို့အတွက် အဆင်မပြေသေးပါဘူး။ အဲဒီတော့ အခုလောလောဆယ် အဆင်ပြေဆုံးနည်းက ရှေ့မှာပြောခဲ့တဲ့အတိုင်း ဆိုင်ကြီးတွေမှာ USB နဲ့ ဂိမ်းဖွင့်လို့ရတဲ့ software လို့ပြောပြီး ၀ယ်လိုက်တာက အဆင်ပြေမှာပါ။ Online က Download လုပ်ချင်သူတွေအတွက် https://bitbucket.org/ifcaro/open-ps2-loader/downloads/ မှာ version ၆ မျိုး တင်ထားပေးပါတယ်။ ကျနော်မသုံးဘူးတာ 0.8 ပဲ။ 0.7 ကတော့ တော်တော်အဆင်ပြေပါတယ်။
Model နှစ်မျိုးလုံးမှာ သူ့အားသာချက်နဲ့ သူပေါ့ဗျာ။ cd လုံးဝ မသုံးချင်တဲ့လူတွေအတွက်တော့ slim ကို IC လဲပေးလိုက်လို့ရပါတယ်။ အဲဒါဆိုရင် memory card သုံးလို့ရပါပြီ။ (မန္တလေးက ဆိုင်တွေမှာတော့ ic လဲရင် စက်တစ်လုံး 8000/- ဆိုလားပဲ)။ Loader တွေ ရလာပြီဆိုပါစို့။
CD version ဆိုရင်တော့ ခွေထည့်ပြီး စက်ဖွင့်လိုက်တာနဲ့ Loading လုပ်ပြီး သုံးစက္ကန့် လောက် အတွင်းမှာ USB Disk မှာ ရှိတာတွေ ပြလာလိမ့်မယ်။ (PS II memory card နဲ့ဆိုရင်တော့ တိုက်ရိုက် loading မလုပ်ပါဘူး။ အဆင့်ဆင့်သွားရတာပါ။ Online က download လုပ်မယ်ဆိုလည်း memory card ထဲကို ကိုယ့်ဘာသာထည့်တတ်မှာမဟုတ်ပါဘူး။ ဒီတော့ ဆိုင်မှာပဲ USB နဲ့ဖွင့်ဖို့အတွက်ဆိုပြီး ၀ယ်လိုက်ပါ။ သူပေးတဲ့ loader version အလိုက် ဘယ်လိုဝင်ရမယ်ဆိုတာပါ မေးခဲ့လိုက်ပါ။ Loader အသုံးပြုနည်း Online မှ လေ့လာချင်သူတွေများအတွက် http://openps2loader.info/7/ မှာ လေ့လာနိုင်ပါတယ်)
USB stick ကနေ ဂိမ်းဖွင့်ချင်တာဆိုရင်တော့ ဒီအဆင့်မှာတင် ခွေတွေပေါ်နေပြီ လိုချင်တဲ့ခွေဖွင့်ရုံပဲ။
USB stick တပ်မထားဘူးဆိုရင်တော့ အဲဒီအောက်မှာ no item ဆိုပြီး ဖြစ်နေလိမ့်မယ်။ network ထဲ ဝင်မှာဆိုရင်တော့ နောက်တစ်ဆင့် ထပ်သွားရအောင်။
Step (2) network config – ဒီအပိုင်းက PS II ကို network ထဲ ဝင်ရောက်ဖို့ IP ထည့်ပေးရမယ့် အပိုင်းဖြစ်ပါတယ်။ ဒါမပြောခင် ကြိုတင်ရှင်းပြဖို့ လိုတာတွေရှိပါသေးတယ်။
PS II စက်ဆိုတော့ ကီးဘုတ်မပါဘူး။ ဂိမ်းခလုပ် (joy stick) ကို သုံးပြီး IP address ထည့်တာတွေ၊ အခြား setting ပြောင်းချင်တာတွေကို လုပ်ရမှာဖြစ်ပါတယ်။ joy stick မှာ ပါတဲ့ ခလုပ်တွေထဲက သုံးရမယ့် ခလုပ်တွေကို ညွှန်းပေးပါ့မယ်။
မျှားလေးခုကတော့ မျှားပြထားတဲ့ အရပ်မျက်နှာအတိုင်း ရွေးချယ်ထားတဲ့နေရာ ရွှေ့ဖို့ သုံးပါတယ်။ (ကွန်ပျူတာမှာဆို cursor ရွှေ့တာပေါ့) အဲဒါအပြင် အခြားအနေနဲ့ သုံးဖို့လိုတဲ့ ခလုပ်လေးခုကို သိဖို့လိုပါတယ်။
(1) ခလုပ်ဖြစ်တဲ့ ကို နောက်ပြန်ဆုတ်ဖို့ back (or) Esc အဖြစ် သုံးပါတယ်။
(2) ခလုပ်ဖြစ်တဲ့ x ကို ဝင်ရောက်ဖို့နဲ့ ပြင်ဆင်ဖို့ Enter အဖြစ် သုံးပါတယ်။
(3) ဖြစ်တဲ့ up arrow ကိုတော့ ဂဏန်းတန်ဖိုး တင်ဖို့နဲ့ အခြားတန်ဖိုးပြင်ဖို့ သုံးပါတယ်။ ဥပမာ – IP address နောက်ဆုံးအလုံးက 10 ဆိုတာကိုပြင်ဖို့ ကိုနှိပ်ပြီး အပေါ်မျှားကို နှိပ်လိုက်ရင် 11 – 12 – …… စသဖြင့် ဂဏန်းကြီးလာလိမ့်မယ်။ အခြားတန်ဖိုး ဆိုတာတော့ yes ပေးထားတဲ့ နေရာကို နှိပ်ပြီး အပေါ်မျှားနှိပ်ရင် no ဖြစ်သွားမယ်လို့ ဆိုလိုတာပါ။
(4) ဖြစ်တဲ့ down arrow ကတော့ up နဲ့ ပြောင်းပြန်ပေါ့။ ဂဏန်းတန်ဖိုး လျှော့ဖို့နဲ့ အခြားတန်ဖိုးပြင်ဖို့ သုံးပါတယ်။
USB Loader 0.7 ရဲ့ loading ပြီးရင် USB stick မှာ ရှိတဲ့ game cd တွေကို တန်းပြီးပြပါတယ်။ stick မထိုးထားရင် no item ပေါ့။
Left arrow ကို နှိပ်ပြီး network config ဆီ ဆက်သွားပါတယ်။
x ကိုနှိပ်ပြီး network config ထဲ ဝင်ပါတယ်။ network ဆိုင်ရာ data တွေ တွေ့ပါလိမ့်မယ်။ PC နဲ့ တူအောင် ညှိရမှာဖြစ်ပေမယ့် အစထဲက PC ကို ဒီကောင်တွေနဲ့ တူအောင် ညှိပြီးသားဖြစ်လို့ အခြားဟာတွေ ဘာမှ ပြင်စရာ မလိုတော့ပါဘူး။ ဒီစက်အတွက် IP တစ်ခု သက်မှတ်ပေးရုံပဲ ဖြစ်ပါတယ်။ Network Class C ဖြစ်လို့ နောက်ဆုံး Octet ကိုပဲ ပြင်ရမှာပါ။ PC ကို 192.168.0.2 လို့ ပေးပြီး default gateway ကို 192.168.0.1 လို့ ပေးထားတဲ့အတွက် PS II စက်တွေအတွက် IP address က 3 မှ 254 ကြား တစ်ခုခု ဖြစ်ရပါမယ်။ စက်တစ်လုံးနဲ့တစ်လုံး IP တူလို့ မရပါဘူး။ (ဥပမာ – network ဆိုတာ လမ်းတစ်ခုဆိုပါစို့။ အဲဒီလမ်းထဲက IP ဆိုတဲ့ အိမ်နံပါတ်တွေ တူလို့မရပါဘူး။ တူနေရာ data တွေ ဘယ်ပို့ရမှန်းမသိဖြစ်ပြီး စက်ဟန်းပြီပေါ့)
* ကျနော့်ရဲ့ networking အပိုင်း (၂) မှာ network ဆိုင်ရာ အချက်အလက်တွေအကြောင်း နဲ့ IP တွေအကြောင်း ရေးခဲ့ပြီးပါပြီ။ မဖတ်ရသေးရင် ပြန်ဖတ်ပေးပါဦး။ နားလည်ပြီး လုပ်တာက ပိုကောင်းပါတယ်။ *
** စာဖတ်သူရဲ့ ဆိုင်မှာ စက် ၁၀ လုံး ရှိမယ်ဆိုရင် IP တွေကို ဘယ်လို သက်မှတ်ပေးမလဲ ?
အခက်အခဲရှိတာက ကီးဘုတ်မဟုတ်ပဲ ဂိမ်းခလုပ်က မျှားနဲ့ IP ထည့်ရတာ ဖြစ်ပါတယ်။ တစ်လုံးချင်း နှိပ်လို့မရပါဘူး။ နံပါတ်တွေ ပြောင်းတာ အရမ်းမြန်ပါတယ်။ မိမိက 11 လိုချင်လို့ အပေါ်မျှား တစ်ချက်နှိပ်တဲ့အချိန်မှာ သူက 19 လောက် ဖြစ်နေပြီ။ များလို့ ပြန်လျှော့ဖို့ အောက်မျှားတစ်ချက်နှိပ်ရင် 9 လောက်ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ကောင်းမယ်ထင်တဲ့ နည်းလေးတစ်ခုလောက် အကြံပေးပါ့မယ်။ စက်ဖွင့်တာနဲ့ အလိုလျောက် ပေါ်နေမယ့် default IP က 192.168.0.10 ဖြစ်ပါတယ်။ စက် ၁၀ လုံးမို့ စက်နံပါတ် (1) ကို 10 မှ 19 ထိ၊ နံပါတ် (2) ကို 2 မှ 29 ထိ စသဖြင့် ရှေ့ဂဏန်းကို စက်နံပါတ်နဲ့ တူအောင် သုံးလိုက်။ ဒါဆိုရင် မမှားတော့ဘူးပေါ့။ **
*** စက်ဖွင့်တိုင်း (သို့) ခွေလဲချင်တိုင်း စက်ကို ပိတ်ပြီး ပြန်ဖွင့်ပေးရမှာဖြစ်ပါတယ်။ ဖွင့်ပြီးတိုင်းလည်း network config ထဲ ဝင်ပြီး IP သက်မှတ်ပေးရပါမယ်။ ဖွင့်ဖွင့်ချင်းတွေ့ရမယ့် address ကလည်း 192.168.0.10 ပဲ ဖြစ်ပါတယ်။ စက်နံပါတ် (1) ကို 10 မှ 19 ကြား ထားလို့ ပြောထားပေမယ့် 10 ကို မသုံးပါနဲ့။ တစ်လုံးကို 10 နဲ့ သုံးနေစဉ် အခြားစက်တစ်လုံးကို ယောင်ပြီးတော့ပဲဖြစ်ဖြစ် IP မပြင်ပဲ network ထဲ ဝင်မိရင် 10 နှစ်ကောင် သွားတွေ့ပြီ။ ဟန်းပြီပဲ ***
ကဲ … စက်နံပါတ် (1) အတွက် IP ထည့်ပြီး ဆက်သွားကြည့်ရအောင်။ cursor က IP ရဲ့ 1st Octet ဆီကို ရောက်နေပါလိမ့်မယ်။ right arrow ကိုနှိပ်ပြီး 4th Octet ဖြစ်တဲ့ 10 ဆီကို ရွှေ့ပါ။
10 ဆီရောက်ရင် x နှိပ်ပါ။ စာလုံးအရောင် ပြောင်းသွားပါလိမ့်မယ်။ အပေါ်မျှားနှိပ်ပြီး IP ပြင်ပါ။ နံပါတ် (1) စက်ဖြစ်လို့ 11 နဲ့ 19 ကြား တစ်ခုခုမှာ ရပ်လိုက်ပါတယ်။ x ကို ပြန်နှိပ်လိုက်ပါ။ စာလုံးအရောင် အရင်တိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
Up arrow ကို နှိပ်လိုက်ရင် အောက်ဆုံးက OK ဆီကို cursor ရောက်သွားပါပြီ။ (အပေါ်ဆုံးကနေ အောက်ဆုံးသွားမှာဖြစ်လို့ down arrow နဲ့ တစ်ဆင့်ချင်း မသွားပဲ up နှိပ်ပြီး တိုက်ရိုက်သွားလိုက်တာပါ) x နှိပ်လိုက်ပါ။ network config အပြင်ကို ပြန်ရောက်ပါလိမ့်မယ်။
Right arrow နဲ့ အစွန်ဆုံးက start network ဆီ သွားပါမယ်။
x နှိပ်လိုက်ရင် network start ဆိုပြီး ၅ စက္ကန့် ကို count down ပြပါလိမ့်မယ်။
၅ စက္ကန့် Loading ပြီးသွားရင် ခုနက အတိုင်း network ပြန်ပေါ်လာပြီး သုံးစက္ကန့်အတွင်းမှာ HDD ထဲက game ခွေတွေ ပေါ်လာပါလိမ့်မယ်။
(အဲဒီလို ပေါ်မလာခဲ့ဘူးဆိုရင် တစ်ခုခု လွဲနေခဲ့တာတော့ သေချာပြီပေါ့။ ကျနော်ပြောခဲ့တဲ့ အဆင့်တွေအတိုင်း တစ်ခေါက်ပြန် ကြည့်လိုက်ပါ)
Game ခွေတွေ ပေါ်လာပြီဆိုရင်တော့ မိမိလိုချင်တာကို arrow နဲ့ ရွေးပြီး x နှိပ်လိုက်ပါ။ ၎င်းဂိမ်းခွေ ပွင့်လာပါလိမ့်မယ်။
PS II ဂိမ်းစက်များကို PC ဖြင့် network ချိတ်ခြင်း ဒီမှာတင်ပြီးပါတယ်။
by: သံလုံငယ်

Sunday 11 December 2011

ဒီဇင်ဘာည

(ပုံ) စိတ်ကူးဖြင့်ပုံဖော်သည်

ဒီဇင်ဘာရဲ့ ညက အအေးဓါတ်ကိုပိုကဲလာစေတယ် တဖြေးဖြေးနဲ့အေးလာပြီ သြော် .....ကိုယ်ရပ်နေတာက ကွင်းပြင်တစ်ခုလိုနေရာမှာပါ့လား....အပေါ်အမြင့်ကိုကြည့်မိလိုက်တော့ အရင်ညတွေနဲ့မတူ ကောင်းကင်မှာ ထူးခြားနေတယ် သာနေတဲ့ဖိုးလမင်းကြီး တဖြေးဖြေးမှေးမှိန်နေတာတွေ့ရတယ် သူ့ရဲ့ပတ်ပတ်လည်မှာတော့ ကြယ်တွေကအုပ်စုလိုက် တစ်ကွဲစီလည်းနေရာယူနေကြတယ် တဖြေးဖြေးမှေးမှိန်နေတဲ့ ဖိုးလမင်းကိုငေးကြည့်နေရင်း အသံတွေကိုကြားနေရတယ် သံဗုံးခေါက်သံ၊တစ်စုံတစ်ခုတွေကို တုတ်နဲ့ရိုက်နေတဲ့အသံတွေဘာအဓိပ္ပါယ်တွေလည်းတော့မသိတော့ပါဘူး သေချာတာကတော့ ငေးကြည့်နေမိတဲ့ ဖိုးလမင်းကြီးဟာဖြင့် အလင်းမဲ့ညကိုပုံဖော်ပေးသလိုပါပဲ သူအလင်းမရှိတော့ဘူးလေ လ ကြပ်တာပါ။ အလင်းဖျော့ဖျော့လေးတော့မြင်ရပါသေးတယ် သူ့ကိုပုံဖော်ကြည့်လို့တော့ရပါတယ် ဖိုးလမင်းကြီး ဒီလိုညတွေဟာဖြစ်တက်ခဲပါတယ်။ အကြိမ်ပေါင်းများစွာ အမြဲလိုလိုပါ အကာရံ အဖော်မွန်တွေနဲ့ သူ့ဘေးမှာလင်းလက်တဲ့ကြယ်စင်တွေဟာ သူ့ကိုပုံဖော်ပေးတယ် ပေါ်လွင်စေခဲ့တယ် အဓိပ္ပါယ်တွေပြည့်ဝစေခဲ့တယ်။
သြော်..ငါဟာဖိုးလမင်းနဲ့ မိုးနဲ့မြေပါ့လား ငါရပ်တည်နေတာကလည်း ကမ္ဘာမြေရဲ့တစ်နေရာမှာပါ့လား စိတ်ကူးတွေကိုခေါက်သိမ်းပြီ ညရဲ့အေးစိမ့်မှုတွေကို ခန္ဓာကိုယ်ကလက်မခံနိုင်တော့တဲ့အချိန်မှာ နွေးထွေးစွာ အိပ်ရာဝင်လိုက်ပါတော့တယ်။ (မှတ်ချက်။ ။ည(၁၁)နာရီထိုးမှာ လ ပြည်ပြည့်သွားပါတယ်)

စိတ္တဇ မာယာ

စိတ္တဇည မှောင်မှိုက်တဲ့ည
အခန်းငယ်ထဲက ဘဝ
ပြေးထွက်ဖို့က လမ်းစရယ်မရှိ
အံကြိတ်လို့ ခံဖို့သာရှိတော့သည် ...။
မီးအိမ်ငယ်ငယ် လင်းလက်ပေးပါကွယ်
ငါ့မှာမွန်းကြပ် အသက်ထွက်လုနီးနေပြီ ...
ပုံရိပ်တွေကိုဖမ်းစား
မင်းမဟုတ်မှန်းသိရဲ့ နဲ့  ရှင်သန်
ငါ့ကို အမှန်တရားဖြစ်ခွင့်ပေးပါ ချစ်သူရယ်...
ဟန်ဆောင်လောက စိတ္တဇညတွေ
မင်းမရှိလို့သာဖြစ်ပေါ်နေ.. မင်းသိပါစေ.......။

"ငါ့ညရဲ့  အဓိပ္ပါယ်" (ချစ်သူ့ကဗျာ)

ငါ့ညထဲမှာ ကဗျာတစ်ပုဒ်
အသက်သွင်းတုန်း
နာရီက နှစ်ချက်ထမြည်တယ်လေ...
ညစဉ်ကြားရတဲ့
ဒီအသံကို အပြစ်မတင်ချင်ဘူး
တားမရတဲ့ လက်တွေကိုပြန်ပြီး
ရိုက်ချိုးချင်မိခဲ့...တယ်။
အမှောင်ဆိုတာ ငါ့ဘ၀အတွက်
မထူးဆန်းပေမဲ့
သူ့ကိုတော့ဆွဲမခေါ်ရက်ဘူးလေ....
အလင်းရှိရာကိုပဲ
ပို့ဆောင်ပေးချင်သူ....။
ဖြူစင်တဲ့ညတွေကိုလည်း
အရောင် မဆိုးရက်လို့
မနက်ခင်းအလင်း စောင့်မျှော်ရင်း
ငါ့ညရဲ့  အဓိပ္ပါယ်ကဗျာတွေထဲ
ဆက်လက်မျောပါ...သွားပြန်တယ်....။

Tuesday 6 December 2011

စနေ

ကြယ်စင်မင်း ဒီနေ့ဆိုခွင့်ရက်မို့ အလုပ်ကိုမသွားဘူး အိမ်မှာနေရင်း အပြင်တစ်ခြား အလုပ်ကိစ္စလေးတွေလည်း သွားလုပ်တယ် ကြယ်စင်မင်း နံနက် (8:00)နာရီအိပ်ရာထတယ် နံနက်စာစားပြီးနောက် ခဏလမ်းလျှောက် အလုပ်အကြောင်းနဲ့ ဘာလုပ်ရမယ်ဆိုတာစဉ်းစားနေမိတယ် အဲဒီအချိန်မှာ သတိရသွားတာက အင်တာနက်ဆိုင်တစ်ဆိုင်က ခေါ်ထားတာကိုသတိရသွားတယ် စက်တွေပျက်နေလို့ လာကြည့်ပေးပါဦးဆိုပြီးခေါ်ထားတာပါ ကြယ်စင်မင်း အဲဒီဆိုင်ကိုသွားခဲ့ပြီး ဆိုင်မှာအချိန်အနည်းငယ်ကြာခဲ့တယ် နောက်ပိုင်း စက်တစ်စက်က မန်မိုရီမကောင်းတဲ့အတွက် မြို့ထဲကိုဆင်းပြီးသွားရတော့မယ် ဆိုင်ပိုင်ရှင်က photo paper နှစ်ထုပ်နဲ့ A4 teach ကင်မရာ (၃)လုံးမှာလိုက်တယ် ညနေပိုင်းမှပြန်လာမယ်လို့ ကြယ်စင်မင်း ပြောပြီး ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ကြယ်စင်မင်း သူ့မိတ်ဆွေတွေဆီ ခဏ၀င် သူတို့တွေကလည်း ၀န်ထမ်းတွေဆိုတော့ ပိတ်ရက်မှာ ထမင်း၊ဟင်း ချက်ပြုပ်စားသောက်တက်ကြတယ်လေ ရောက်သွားတော့ တစ်ယောက်က အ၀တ်လျှောက်လို့ နောက်တစ်ယောက်က ချက်ပြုပ်ဖို့ပြင်ဆင်နေတာကိုတွေ့ရတယ် "ကြယ်စင်မင်း" ကမေးလိုက်တယ် အစ်ကိုဘာချက်မလို့လဲ မကြာမကြာပြောတက်တဲ့ ရခိုင်ဟင်းပါတဲ့ ထို့နောက် ကြယ်စင်မင်း စကားပြောရင်း သူ့မိတ်ဆွေချက်ပြုပ်နေတာကိုငေးကြည့်နေမိတယ် အရင်ဦးဆုံး ပဲဇောင်ခါးသီးလားပဲ လှီနေတယ် နောက်ပြီးမုန်လာဥဖြူ၊ဂေါ်လခါးသီး (စူကာသီး)တို့ကို အသင့်သင့်လုပ်ကိုင်ပြီး ရေဆေး ပန်းကန်ပြားတစ်ချက်မှာထည့်ထားလိုက် ပြီးတဲ့နောက် ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းမခြမ်းတို့ကို ဆီသတ်ဖို့လုပ်ကိုင်ပြန်တယ် ကြယ်စင်မင်း ဆက်ကြည့်နေတယ် အိုးပူပူမှာ ဆီတက်နေတယ် ဆီသတ်ပြီးတဲ့နောက်မှာ အစောပိုင်းက ပုကံပြားထဲမှာထည့်ထားတာတွေကို သွန်ထည့်လိုက်တယ် သူတစ်ခုမေ့ကျန်နေခဲ့တယ် အစောပိုင်းကငါးခြောက်တစ်ချို့ကို အပိုင်းလေးတွေဖြတ်ထားတာရှိတယ် ဆီသတ်တဲ့အချိန်မှာမထည့်လိုက်ရဘူး ဒါနဲ့အခုမှတစ်ခါတည်းရောသမမွှေလိုက်တော့တယ် ရခိုင်လူမျိုးကြီးဆိုတော့လည်း အိမ်ကပေးလိုက်တဲ့ရခိုင်ငပိစစ်စစ်ကို ရေသန့်အနည်းငယ်ရောပြီး အိုထဲထည့်လိုက်တယ် ကြက်သားမှုန့်၊စားအနည်းငယ်၊ငရုပ်သီးမှုန်တို့ကို အချိုးစားညီမျှအောင်ထည့်ပြီး ချက်နေပါပြီ ထိုအချိန်မှာ သူနဲ့အတူနေတဲ့ ကြယ်စင်မင်း မိတ်တွေတစ်ယောက်ကစားလှမ်းပြောလိုက်တယ် အစ်ကိုဟင်းကဘာဟင်းလဲ စည်ပင်သာယာပုံးကို အောက်က မီးအပူပေးပြီးချက်တဲ့ဟင်းလားဆိုပြီး နောက်နေတယ် အကြောင်းကဒီလို အသီးအရွက်တွေ ဓါးနဲ့ခုတ်ဆင်းစဉ်က တစ်ချို့နာတာလေးတွေပါ ရောထည့်လိုက်တာကို မြင်သွားတာလေ အသီးအရွက်ကလည်းစုံနေတော့ နောက်လိုက်တာပါ။ နောက်ဆုံး ဟင်းအိုးချခါနီးမှာ နံနံပင်အနည်းငယ်ညှပ်ပြီး ထည့်လိုက်သေးတယ် ကြယ်စင်မင်း ဟင်းကိုမြည်းကြည့်လိုက်တော့ တော်တော်အစပ်အဟပ်တည့်တဲ့ဟင်းဆိုတာလက်ခံလိုက်တယ်။ ဟင်းချက်မိတ်တွေက လှပါတယ်ဆိုမှ သနပ်ခါးမလိမ်းရသေးဘူးဖြစ်နေတယ် ဒီဟင်းကောင်းတာက ချက်တက်လို့ကောင်းတာမဟုတ်ဘူး ငပိကကောင်းလို့ပါဆိုပြီးဆက်ပြောသေးတယ် အရမ်းခင်စရာကောင်းတဲ့ မိတ်ဆွေနှစ်ယောက်ပါ။ဟင်းကျက်တာနဲ့ ကွန်ပျူတာပစ္စည်းအရောင်းဆိုင်းအဖော်လိုက်ခဲ့တယ် အားလုံးပြီးတာနဲ့ ကြယ်စင်မင်းရဲ့မိတ်တွေကို ကြယ်စင်မင်းပြန်လိုက်ပို့ပေးခဲ့တယ် ထမင်းဖို့အရမ်းတားနေတယ် ဒီနေ့သူတို့ချက်ပြုပ်တဲ့ ဟင်းတွေကတော့ စုံနေတာပါပဲ ကြယ်စင်မင်းလည်း အလုပ်ကိစ္စရှိတာနဲ့ ထမင်းစားဖို့ငြင်းပြီးပြန်လာခဲ့တယ် ပြန်လာရင်းလမ်းမှာ ငါးဝယ်ချင်စိတ်ပေါက်လာတယ် အရင်တစ်ခေါက်က ရောက်ပြီးဝယ်ဖူးတဲ့ ငါးဆိုင်ကိုဝင်ခဲ့တယ် ငါးတွေကတော့စုံပါတယ် ကောမက် တစ်ကောင် ငမန်းပေါက်ပုံစံလေး နာမည်တော့မသိပါဘူး အဲဒီနှစ်ကောင်ဝယ်ခဲ့တယ် အိမ်မှာဝယ်ထားပြီး နေ့လည်စာစားပြီးခဏနေ အိပ်လိုက်တယ် ညနေ အိပ်ရာနိုးတော့ နံနက်ကလုပ်စရာရှိတာလေးတွေပြန်သွားလုပ်တယ် အလုပ်ကို ကြယ်စင်မင်းရဲ့တူ လိုက်လာတယ် သူက အတန်းပညာရှစ်တန်းရှိပြီ ကူညီပါအုန်းတဲ့ ကျောင်းမှာ ပြိုင်ပွဲတစ်ခုရှိတယ် အဲဒီအတွက် ပါဝါပွိုင့် လုပ်ပြီး ရှင်းပြရမှာမို့ သူ့လိုအပ်တာလုပ်ပေးပြီးနောက် အိမ်ပြန်လိုက်ပို့ပေးခဲ့တယ် ကြယ်စင်မင်းရင်ဘတ်က လှုံ့ဆော်ပေးလာခဲ့တယ် သူချစ်တဲ့ လမင်းဆီကို ဖုန်းဆက်ဖို့ပါပဲ တကယ်ပါပဲ ကြယ်စင်မင်း ဖုန်းခေါ်လိုက်တယ် သူ့ချစ်သူ လမင်းနဲ့ တွေ့ပါတယ် လမင်းက ဖုန်းမဆက်တော့ဘူးထင်နေတာ ဒီနေ့ သတိရနေတယ်ဆိုတာကို လမင်းကပြောတယ် ကြယ်စင်မင်းကလည်း အမှန်တကယ် သတိရလို့ဆက်လိုက်တယ်ဆိုပြီး ပြန်ပြောတယ် အချိန်အနည်းငယ် ဖုန်းပြောပြီးနောက် စနေနေ့ တံခါးကြီးကို ပိတ်လိုက်ပါတယ်

Friday 2 December 2011

Oscar Fish



ငါးကန်ကကြာလာတော့ ရေညှိတောင်တက်နေတယ်။ ခုတော့နဲနဲကလီးယားထားတယ်..:D ခုမှန်ကန်ထဲမှာမွေးထားတာ oscar fish နဲ့ ကောမက် လှလှလေး နှစ်ကောင်ထဲ့ထားတယ်။ ချစ်အော်စကာကအစားကြမ်းတယ် ဒါပေမဲ့ အဲဒီငါးက အစာရွေးတယ် သူကပုဇွန်ဆို အကြိုက်ဆုံးပါပဲ နက်ပေါ်မှာ oscar food ရှာကြည့်တော့ ပုဇွန်က အကောင်းဆုံးဖြစ်နေတယ် ပုဇွန်အစိမ်းကို အခွန်လွှာကျွေးတော့ ပိုကောင်းတာပေါ့ အဲဒီအစားအစာ စားနေရရင် သူတော်တော်ကျေနပ်တဲ့ပုံကိုလဲတွေ့ရတယ်ညအိမ်ပြန်ပြီဆိုချစ်အော်စကာငါးကို သေချာဂရုတစိုက်ကြည့်ရတယ် နေမှကောင်းရဲ့လား အစားမှန်ရဲ့လားဆိုပြီး အိမ်မှာရှိတဲ့သူတွေကို မေးကြည့်ရတယ် မနက်မိုးလင်းပြန်တော့လဲ ညကအပူပေးတာ ဘယ်လိုအခြေနေရှိလဲ ပြန်ကြည့်ပေးရတယ် မျက်နှာသစ်ပြီးတာနဲ့ သူတို့ကို အစာကျွေးဖို့ လုပ်ရတယ် မြေကန်ထဲက ငါးတွေကတော့ တော်တော်လေးအဆင်ပြေနေတယ်။သူတို့မှာ သဘာဝကဲ့သို့မှီခိုနေထိုင်စားသောက်ဖို့ အဆင်ပြေတယ်လေ အဲဒီမြေကန်မှာတော့ ငါကြင်းတောင်ရှည် ၊ကောမက်နဲ့ တစ်ခြားငါးတွေဆုံနေတာပါပဲ။မနက်ကတော့ အိမ်ကအမေဈေးသွားတော့ မမေ့မလျှော့ ပုဇွန်သုံးရာကျပ်ဖိုး ၀ယ်လာခဲ့တယ် ..D ဒီနေ့ အော်စကာ ငါးလေးကို ဒီလောက်ပဲ ရပ်နားထားလိုက်ပါတယ်ဗျာ...:D

Sunday 27 November 2011

အထိဋ်အထိပ်လာဘသုခအောင်ချမ်းသာ စေတီတော်ကြီး

အထိဋ်အထိပ်လာဘသုခအောင်ချမ်းသာ စေတီတော်ကြီး
အထိဋ်အထိပ်လာဘသုခအောင်ချမ်းသာ စေတီတော်ကြီးမြစိမ်းတောင် ၊တောင်ကြီးမြို့ ။

ရှမ်းနှစ်သစ်ကူး/ကထိန်ပွဲ

ပုံတွေကအကောင်းကြီးတော့မဟုတ်ပါဘူး ကင်မရာကကောင်းဘူးလေ...:D ဘာဖြစ်ဖြစ် အမှတ်တရ ကြည့်လို့ရအောင် တင်ပေးလိုက်တယ်နော်....