ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 26 June 2012

Android ဖုန်းပေါ်မှာ စန္ဒယားတီးချင်သူများအတွက် My Piano v2.5

Android ဖုန်းပေါ်မှာ စန္ဒယားတီးချင်သူများအတွက် My Piano v2.5 ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းပေါ်မှာသုံးရတာဆိုပေမယ့် တော်တော်အဆင်ပြေပါတယ်။ တီးလို့ကောင်းတဲ့ application လေးတစ်ခုပါ။ Multi touch စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်တာကြောင့် ဖုန်း Screen ပေါ်မှာ Piano ခလုတ်ကို တစ်ခုထက်ပိုပြီး တစ်ပြိုင်တည်း တီးနိုင်ပါတယ်။ Piano ချစ်သူများအတွက် အောက်မှာရယူနိုင်ပါတယ်။ My Piano v2.5 အားရယူရန်

Java ဖုန်းတွေ အတွက် Sms massage ရေးပြီးသား apps လေးပါ ။တော်တော် စုံတယ် ။သုံး ကောင်းတယ်

SMS Cocktail (Eng)

Android ဖုန်းတွေအတွက် EasyTether pro ဖြင့် PC ကိုအင်တာနက် မျှသုံးရအောင်


ကဲ ဒီတစ်ခါပြောမဲ့ အကြောင်းလေးကတော့ စက်ရုပ်ဖုန်း ကိုင်ဆောင်ထားတဲ့
သူတွေအတွက်ပါ..။
မိမိဖုန်းအင်တာနက်ကို ကွန်ပြူတာကို ဘယ်လို မျှသုံးမလဲမေးနေသူတွေအတွက်…
(တစ်ချို့ bullet-in android phone တွေမှာ မပါတဲ့သူတွေအတွက်ပါ….)
ဖုန်းကနေ ကွန်ပြူတာကို ပြန် share ပေးနိုင်မဲ့ EasyTether pro ဆိုတဲ့ Android
app လေးတစ်ခုဖြစ်ပါတယ်…။
EasyTethered Pro.apk ဒေါင်းလုပ်ယူရန်

အရင်ဆုံးပြောချင်တာကတော့ Root မလုပ်ထားလဲ သုံးလို့ရတယ်ဆိုတာပါပဲ။
ဘယ်လို သုံးမလဲဆိုတော့…အရင်ဆုံး EasyTether_0.9.3.apk ဆိုတာလေးကို
ဖုန်းထဲမှာ install လုပ်ပြီးတော့ မိမိသုံးမဲ့ ကွန်ပြူတာ က
(Windows 7/Vista/XP 64-bit/32-bit, Mac OS X 10.4/10.5/10.6/10.7,
Ubuntu 10.4+, Fedora 13+) စသည်တို့မှာ လဲ EasyTether driver လေးကို
install လုပ်ထားဖို့လိုပါတယ်…

EasyTether PC Driver ဒေါင်းလုပ်ယူရန်

( ကွန်ပြူတာတွင် driver install လုပ်ထားပြီး သူများ ဖုန်းတွင်ဒေါင်းစရာမလိုတော့ပါ )
ဒေါင်းလုပ်လင့်များကို အောက်တွင် ဖေါ်ပြပေးထားပါတယ်…
အသုံးပြုနည်းကတော့ လွယ်ပါတယ်.. ဖုန်းတွင်EasyTether ကိုဖွင့်၍ USB
( Enable USB tethering service ) ဆိုတာမှာ အမှန်ခြစ်ပေး၍ ထားပါ။

ကွန်ပြူတာတွင်လဲ ညာဘက်အောက်နား တွင် မိမိ install လုပ်ထားသော EasyTether icon
လေးတွင် ညာဘက် ကလစ်နှိပ်၍ setting ထဲတွင်ပြင်ဆင်နိုင်ပါတယ်……







From: mmapp

Friday 22 June 2012

ချက်တာ နှင့် ဘလော့ဂါ


ယနေ့ခေတ်ရဲ့ Chatter and Blogger နဲ့ပတ်သက်တာလေးပါမူရင်းဆိုဒ်မှာသွားဖတ်နိုင်ပါတယ် Click

မောဟိုက်ပင်ပန်းရပါတယ်

ငါဘယ်လိုဖြေရပါ့မလည်းချစ်သူ ငါဒါတွေကိုကြိုမြင်ခဲ့ပေမဲ့ ငါမခံစားနိုင်ပါဘူး အမှတ်တမဲ့တွေကို ငါကြောက်တယ် အွန်လိုင်းချက်တင်ဆိုတာ  လက်တွေ့ဘ၀ကိုသည်ဆောင်သွားနိုင်တယ်လေ အဲဒီထဲမှာတင်ရှိနေရမယ်ဘယ်သူမှမသက်မှတ်ထားပါဘူး နောက်တစ်ဆင့် ဖုန်းနံပါတ်တွေပေး အချိန်ကြာလာတာနဲ့အမျှ လက်တွေ့ဘ၀ကိုကူးစက်လာပါတယ်။ငါချစ်သူကိုမယုံကြည့်လို့မဟုတ်ပေမဲ့ ကံကြမ္မာဆိုတာ လူကလုပ်တယ်လို့ ပြောကြပါတယ် အဲဒီကံကြမ္မာကိုပဲငါမယုံကြည်ဆုံးပါ။ အင်တာနက်ပေါ်မှာတွေ့တဲ့သူငယ်ချင်းဆိုတာ အကောင်းဆိုးတွေအများကြီးရှိပါတယ် ဆိုးတဲ့ လိမ်ညာမှုတွေက အရမ်းကိုများပါတယ်။ ဆက်သွယ်ဖို့ဖုန်းတွေပေးတယ် ပြီးရင်အပြင်မှာတွေ့ဆုံကြမယ် အရမ်းကိုအန္တရယ်များလှပါတယ် ချစ်သူ အင်တာနက်ပေါ်မှာ ရှိတဲ့သူငယ်ချင်းဆိုတဲ့သူတွေအတွက်နဲ့ ငါတို့ချစ်ခြင်းမှေးမှိန်သွားစေတယ်ဆိုတာသတိပြုမိရဲ့လား။ငါမှာအရမ်းမောဟိုက်နေ ရပါတယ်ချစ်သူ။ အင်တာနက်ပေါ်ကဟာ အင်တာနက်ပေါ်မှာထားလိုက်ပါ ဆက်သွယ်စရာဖုန်းနံပါတ်တွေပေးပြီးပြောဆိုနေတာ ငါဘယ်လိုခံစားနိုင်မှာလည်း အင်တာနက်ပေါ်ကအသိမိတ်ဆွေထက် ကိုယ့်ချစ်သူကအရေးမပါတော့ဘူးလား။ ကိုယ်ချစ်သူ မကြိုက် မဖြစ်စေချင်တာတွေကို အကြိမ်ကြိမ်လုပ်ခဲ့တယ်ချစ်သူ ငါအဝေးကြီးကိုထွက်သွားချင်နေပြီ အရာရာကိုငါမပြောချင်တော့ပေမဲ့ ငါ့ရင်ဘက်တွေကဆူညံနေပါတယ်။ အပျင်းပြေဆိုတာကြီးကိုငါကြောက်သွားပါပြီ။ အင်တာနက်အပျင်းပြေသုံးတာဆိုတာကြီးက လွဲမှားနေမှုဆိုတာ အကြိမ်ကြိမ်ငါသိတာတွေ ဖြစ်နေတာတွေကို ပြောပြ ခဲ့ပြီပဲ။ မင်းဘေးနားမှာချစ်သူရှိနေတယ်ဆိုတာဂရုမစိုက်တော့ပါလား။အင်တာနက်ချက်ရွန်းရဲ့စွဲလန်းရူးသွတ်မှုဟာ အသက်အရွယ်အပိုင်းခြား မသက်မှတ်ထားခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက် မမြင်မဆုံရသေးတာကိုအရမ်းတန်ဖိုးထားတယ် ဆက်သွယ်ဖို့ဖုန်းနံပါတ်တွေပေးဖို့လိုအပ်
ခဲ့လို့လား အစပိုင်း အင်တာနက်သုံးရချိန်မှာ အဝေးရောက်နေတဲ့ အတူလက်တွေ့မှာခင်မင်ခဲ့တဲ့သူငယ်ချင်းတွေနဲ မင်းတွေ့ရတဲ့အတွက် ငါအရမ်းကျေနပ်ခဲ့တယ်
တဖြေးဖြေးနဲ့ လွန်ကဲမှု တွေက ငါ့စိတ်တွေကို အချိန်နဲ့မျှမောဟိုက်ပင်ပန်းနေရပြီချစ်သူ။အနားမှာရှိနေတဲ့ချစ်သူကို မင်းမကြည့်တော့ဘူးနော်..

အိပ်မက်ကိုအသက်မသွင်းခင်

ရင်ဘက်တစ်ခုလုံးမှာ သူ့ကိုချစ်တဲ့စိတ်တွေနဲ့
တလောကလုံးကိုမမြင်နိုင်အောင် ဖုံးလွှမ်းနေ
တကယ်တော့ အချစ်က ရစ်မူးစေခဲ့တာပဲ...
အိပ်ရာကငါနိုးထခဲ့ချိန် ...
ငါနဲ့ဝေးတဲ့အရပ်ဆီမှာ အရာအားလုံးပါပဲ
တစ်ချို့က တိမ်တွေကိုခိုစီးလိုက်ပါသွားကြတယ်
တစ်ချို့က လှိုင်းတွေနဲ့အတူ
တစ်ချို့က လေပြေနဲ့ပေါ့....
ငါဘာကိုစုပ်ကိုင်ထားမိတာလည်း
မျှော်လင့်ခြင်းဆိုတဲ့.....အလင်းရောင်ပါပဲ..

Tuesday 19 June 2012

Happy Birthday


Find more photos like this on ခရီးသည်

စနေ (၁၆)

တကယ်တော့ ငါနေတက်ပါတယ် ဒီလိုပဲငါနေခဲ့တာပဲလေ တစ်ယောက်တည်းအလွမ်းတွေနဲ့ ငါမှာကျိန်စာသင့်ထားတဲ့အလွမ်းတွေရှိနေခဲ့ပြီးသားပဲ။ အခုလည်းမင်းမရှိပေမဲ့ ငါအလွမ်းတွေနဲ့ပေါ့ ငါ့စိတ်ကိုငါအတက်နိုင်ဆုံး အဆင်ပြေအောင်လျှော်လိုက်ရတာက မင်းမသိပေမဲ့ ကြာလာရင် အချိန်တစ်ခုက ငါတို့နှစ်ယောက်ဖြစ်ခဲ့တာတွေကိုဝါးမြိုသွားမှာမဟုတ်တဲ့အတွက်ပါပဲ။ ငါလုပ်ချင်တာ တစ်ခုနဲ့ပြောပြချင်တာ ပေးပြချင်တာတစ်ခုကိုမင်းသိသွားခဲ့ရင် မင်းအတွက် ငါအရမ်းဝမ်းနည်းရမှာပါ။ တကယ်ဆို ငါအမှားပါ မင်းအတွက် အရာရာငဲ့ညှာသင့်တာပါ။ငါ့အနားမင်းရှိနေစေခြင်းက ငါ့အတ္တနဲ့ စွဲလန်းမှုကြောင့်ပါပဲ။ ငါမမှားတာတစ်ခုက သေချာစဉ်းစားကြည့် ငါတို့တွေ တွေ့နေကြရတဲ့အချိန်ကာလအပိုင်းတိုလေးတွေဟာ မင်းအတွက် ထိုက်သင့်သလောက်အဆင်ပြေနေပေမဲ့ ငါ့အတွက် ပျက်ကွက်မှု့တွေနဲ့ အပြောဆိုခံမှုတွေကြာမှာလေ။ ဒါပေမဲ့ မင်းအနားမှာ ငါရှိနေခဲ့တယ် ချစ်သူအနားမှာရှိနေပေမဲ့ အခက်ခဲ့တွေနဲ့ အလုပ်ကတစ်ဖက် အဆင်မပြေဘူးဆိုတာမင်းသိပါတယ် ဒါကိုအမြဲတမ်းတွေ့နေရပါတယ်ဆိုတဲ့စကားက မှန်ပေမဲ့ ငါ့အတွက် ဘယ်လိုအဓိပ္ပါယ်ရှိမှာလည်း လွတ်လပ်အေးဆေးတဲ့အချိန်နဲ့ ကိုယ့်အနားမှာ ရှိနေချင်သေးတာပေါ့။ စကားကိုလက်လွပ်စပါယ်ပြောတာကို ငါမကြိုက်ဘူး ငါ့သယောဇဉ်နဲ့ လေးစားမှုကိုပါ။ အိမ်ထောင်တစ်ခုအတွက် နားလည်မှုက အရေးကြီးတယ်ဆိုတာပြောဘူးပါတယ် နားလည်ပေးတယ်ဆိုတာကလည်း နားလည်ပေးသင့်မှပေါ့။အချစ်တစ်ခုမှာနွေးနွေးထွေးထွေး မရှိနေခဲ့ဘူးဆိုရင် အိမ်ထောင်ရေးမှာ ဘယ်တော့မှာနွေးထွေးမှာမဟုတ်ပါဘူး။ ဒါကြောင့် နွေးထွေးတဲ့ တွေ့ဆုံမှုတွေနဲ့အချိန်တွေကို ချစ်သူနှစ်ဦးမှာပိုင်ဆိုင်မထားသင့်ဘူးလား။ အခုငါအချစ်တစ်ခုအတွက်ရယ် ငါ့ရဲ့တစ်ဖက်သက်ကြနေမှုတွေကြောင့် ငါမင်းအတွက်ရှိနေမှာပါ ငါအတက်နိုင်ဆုံး ငါ့အတ္တတွေကို မင်းအတွက်မဖြစ်စေလိုတော့ပါဘူး။ ငါတောင်းပန်ပါတယ်ချစ်သူ ငါနေတက်အောင်ကြိုးစာပါမယ်။ ဟဟ ဒါအချစ်လားဗျာ....။

Monday 18 June 2012

လွမ်းရက်ရှည်တွေ

မင်းအနားမှာ ငါရှိနေချင်တယ်
ငါအနားမင်းရှိနေခြင်းက
အဓိပ္ပါယ်တွေပြည့်စုံနေပြီ...။
အခုဆိုငါ ... မျှော်လင့်ခြင်းတွေနဲ့
အဝေးမှာ လွမ်းရက်ရှည်တွေနဲ့
ငါ့စိတ်မှာ မင်းရှင်သန်နေဦးမှာ....
ဘယ်လိုဝေးနေပါစေ အကြင်နာနေ့ရက်တွေနဲ့
ငါတို့တွေရင်ခုန်ရဦးမှာ....
သံစဉ်တွေလှပလို့ ငါတို့တွေ ပျော်ရွှင်ရဦးမှာ
အတူဆုံချိန်တွေ တမ်းတနေခဲ့တာ ငါမင်းရဲ့အဝေးမှာ....။

Tuesday 12 June 2012

တိတ်တိတ်လေး ငါ့အတွေး

တိတ်တိတ်လေးငါ အတွေးတွေနဲ့
သံဇဉ်တွေဟာ ငါ့အနားသဲ့သဲ့
ဘ၀ကိုရစ်မူးနေတဲ့ငါ...
အဆုံးသက်ဘ၀နေ့ရက်ကို ငါမမြင်
လက်တွေ့ကြုံနေရတဲ့ ဘ၀စာမျက်နှာ
အထင်းသားကြီးဗျ။
မိုးတွေခြိမ်းတော့ ငါအရမ်းကြောက်တယ်
ငါ့အနားမှမင်းမှမရှိနေတာ...
မင်းရှိနေခဲ့ချိန်က ငါမင်းရင်ခွင်ထဲမှာလေ
 မင်းမှတ်မိနေဦးမှာပေါ့ ငါတို့ရှိနေချိန်တွေ။


မြိုင်ရာဇာတွတ်ပီရဲ့ နတ်ဝင်သည်များ


ဒီနေ့တော့ အပျင်းပြေဖတ်လို့ရအောင် ကျတော်ရှာထားတဲ့ စာအုပ်အချို့ကို တင်ပေးလိုက်ပါတယ် မြိုင်ရာဇာတွတ်ပီရဲ့ နတ်ဝင်သည်များ စာအုပ်ကို ဒေါင်းလုပ်ယူပြီး ဖတ်လို့ရနေပါပြီ  အောင်မှာဒေါင်းလုပ်ပေးထားပါတယ်ခင်ဗျာ။

နတ်ဝင်သည်များ Download

စာရေးဆရာ ဒဂုံရွှေမျှားရဲ့စိတ်နှင့်အခြားဝတ္ထုတိုများ

ဒဂုံရွှေမျှားရဲ့ စိတ်နှင့်အခြားဝတ္ထုတိုများဖြစ်ပါတယ် စာဖတ်သူပရိတ်သက်များ စိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင် အောင်မှာဒေါင်းလုပ်ပေးထားပါတယ် ဒေါင်းသွားနိုင်ပါပြီဗျာ။


ဒဂုံရွှေမျှားစိတ်နှင့်အခြားဝတ္ထုတို Download

တောင်နီစံပြကျေးရွာဈေးဟောင်းပြည်လည်ဖွင့်လှစ်ခွင့်ပေး

တောင်ကြီးမြို့နယ် တောင်နီစံပြကျေးရွာရှိ မူလဈေးကို (2.6.2012)တွင် ပုဒ်မ (188) ထုတ်ပြန်ပြီး ဈေးပိတ်ကာ ဈေးသစ်သို့ပြောင်းရွေ့ဖွင့်လှစ်ရန်ဆောင်ရွက်ခြင်းအပေါ် ကျေးရွာလူထုနှင့်ပြည်သူများ
က မခံမရပ်ဖြစ်ပြီး စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။(7.6.2012)ရက်နေ့တွင်လည်း ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသာလွတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(1) ကိုယ်စားလှယ် ဦးဥာဏ်လင်းထံသို့ ထိုကျေးရွာရပ်မိရပ်ဖနှင့်ဈေးကော်မတီအဖွဲ့များက (11.6.2012)တွင် လာရောက်တွေ့ဆုံပြီး (12.6.2012)ရက်နေ့တွင် မူလဈေးဟောင်းအားပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း လာရောက်ဆွေးနွေးတင်ပြကြရာ ဦးဥာဏ်လင်းမှ ပြည်သူများ၏ကိုယ်စား ရှမ်းပြည်နယ်အစိုးရ ၀န်ကြီးချူပ်ထံသို့ စာဖြင့်တောင်နီစံပြကျေးရွာအား (12.6.2012) တွင်ပြည်လည်ဖွင့်လှစ်ပေးရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ အစိုးရအဖွဲ့မှ ပြည်သူ့ဆန္ဒအရ ဈေးဟောင်းအား    ပြန်လည်ဖွင့်လှစ်စေခဲ့ကြောင်း သိရှိရပါသည်။ ဒါဟာပြည်သူများရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်ဆိုတဲ့ အတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယခုအကြောင်းအရာအား ပမာထားပြီး ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်အတွင်းမှ ကိုယ်စားလှယ်များဟာဖြင့် ယခုလို ပြည်သူလိုအပ်ချက်များကို ဆောင်ရွက်ပေးစေလိုကြောင်း ယခုပို့စ်နဲ့အတူ တင်ပြအပ်ပါသည်။ (သွားပြီးငိုက်မနေနဲ့နော်...:D)

Monday 11 June 2012

တောင်ကြီးမြို့ တောင်နီကျေးရွာမှ ဆန္ဒပြမှု

 
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းမှာရှိတဲ့ တောင်နီစြံပကျေးရွာသူားများသည် မိမိတို့ဈေးဟောင်းကို ပြန်လည်ဖွင့်လှစ်ရောင်းချခြင်းကို ခွင့်ပြုရန်တောင်းဆိုဆန္ဒပြရာ  စည်ပင်နှင့်သက်ဆိုင်ရာအချို့မှ မှခွင့်မပြု ကြောင်း။တောင်နီ စံပြကျေးရွာတွင် (7)ရက်နေ့ နံနက် ၇ နာ၇ီအချိန်တွင် လူ အင်အား ၅၀၀ ခန်.လောက် ပါဝင်သည်. ဈေးသူဈေးသား များသည် ဒုတိယအကြိမ် ဆက်လက် ဆန္ဒပြတောင်ဆိုနေကြောင်း သိ၇ပါသည်။ စည်ပင်ဝန်ထမ်းများ ရဲများ က အင်အား ၁၀၀ လောက်ခန့် နှင့် စောင့် ကြည့် လျက်ရှိနေပါသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်လို့ တောင်နီကျေးရွာသူားများသည် တောင်နီတွင် ဆန္ဒပြခဲ့သည်။ ညှိနှိုင်းမရပါက တောင်ကြီးမြို့ပေါ်ထိ တက်ရောက်ပြီး ဆ`န္ဒပြကြမည်ဖြစ်သည်ဟု ကြားသိရပါသည်။ တောင်ကြီးမြို့တွင် စည်ပင်နှင့်သက်ဆိုင်ရာလူကြီးများဖြင့် ညှိနှိုင်းရာ အဆင်မပြေဟု ကြားသိရပါသည် ဒီအတွက်ကြောင့် မနက်ဖြန်တွင် တောင်နီမှ ကျေးရွာသူားများ တောင်ကြီးမြို့ပေါ်သို့ တက်ရောက်ဆန္ဒပြမည်ဟု ကြားသိရပါသည်။ စိုးရိမ်စရာတစ်ခုမှာ တောင်နီ ကိစ္စသည် ရခိုင်၊ကုလားပြသနာနှင့်မသက်ဆိုင်သော်ငြား သို့ဖြစ်ရာ ရောထွေး သွားနိုင်စရာရှိပါကြောင်း။ ကမ္ဘာကြီး ငြိမ်းချင်းပါစေ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချစ်ပါစေ လူတွေအားလုံး ငြိမ်းချမ်းကြပါစေ။ အမှားအမှန်တစ်ခုကို အဖြေရှာရာတွင်လည်း တရားမျှတမှု ရှိစေလိုပါသည်။ ဥပဒေအတိုင်း ဖြစ်သင့်သည်ကို ဖြစ်စေလိုကြသည်မှာ ပြည်တွေအားလုံးပါပဲ။
 ငြိမ်းချမ်းရေးကို ပြည်သူတွေအားလုံးလိုလားပါသည်။ပြည်သူတွေဘက်မှလည်း ဆန္ဒပြတောင်ဆိုရာတွင် တရားမျှတစေလိုပါသည်။ မျှတမှုရှိစွာ ဆန္ဒပြပါက သက်ဆိုင်ရာ လူကြီးများအသေချာစဉ်းစား ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း ပြည်သူတွေဘက်ကို တစ်ချက်လေးငဲ့ကြည့်စေလိုပါကြောင်း။

Sunday 10 June 2012

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ(ေ၇ွှဥဒေါငး)


ပို့စ်တွေမတင်ဖြစ်တာလည်းကြာပြီ ဘလော့မှာ လာလည်သူတွေကို အားနာပါတယ် တင်စာရာတွေတော့အများကြီးရှိပါတယ် ဒီနေ့တော့ စာရေးဆရာ ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကိုတင်ပေးလိုက်ပါတယ် အောက်မှာဒေါင်းလုပ်ယူသွားနိုင်ပါပြီပါဗျာ။

ပြည်ခိုင်ဖြိုးပါတီ ဒီမိုဂရေစီလမ်းကို အမှန်တကယ်လျှောက်နေပြီလား....


ကျေးရွာတစ်ရွာမှ ဓါတ်ပုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအား အရည်အချင်းပြည့်ဝပြီး ပြည်သူများကို ဦးဆောင်နိုင်သော၊ ပြည်သူ့ကိုယ်စားပြု အမာခံများဖြစ်စေရေး၊ ပြည်သူက ယုံကြည်အားကိုးသော ပြည်သူ့ပါတီကြီးဖြစ်စေရေး၊ ပါတီအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဒီမိုကရေစီ နည်းစနစ်အရ ပြည်သူက ရွေးချယ်တင်မြှောက်သည့် ပါတီကော်မတီဝင်များ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းအား တစ်နိုင်ငံလုံး ပျံ့နှံ့စွာ ဆောင်ရွက်နေကြောင်း၊
ယခုကဲ့သို့ဆောင်ရွက်ရာတွင် ပထမအဆင့် ရပ်ကွက်/ကျေးရွာအုပ်စု များရှိ ပါတီဝင်များမှ အုပ်စုခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များကို မဲပေးစနစ်ဖြင့် ပဏာမရွေးချယ်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင်လည်း အဆိုပါရွေးချယ်ပွဲကို ရွေးချယ်နိုင်ရန်အတွက် (၈-၅-၂၀၁၂)ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်တစ်မြို့နယ်လျှင် ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး (၁)ဦး၊ EC ၂ ဦး စုစုပေါင်း (၃)ဦး တက်ရောက်စေပြီး ၄င်းတို့မြို့နယ်ရှိ နယ်မြေအခြေအနေသုံးသပ်ချက်၊ အုပ်ချုပ်ရေးနှင့်ပါတီ၏ ဆက်ဆံရေး၊ အုပ်ချုပ်ရေးနှင့် ပြည်သူ၏ဆက်ဆံရေး၊ ပါတီနှင့်ပြည်သူဆက်ဆံရေး အုပ်ချုပ်ရေးနှင့် ပြည်သူဆက်ဆံရေး အခြေအနေများကို အစီရင်ခံစာပြုစုလာရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
သို့ပါ၍ မြို့နယ်တိုင်းတွင် ၁၀-၅-၂၀၁၂ ရက်နေ့မှ စတင်ကာ အောက်ခြေရပ်/ကျေးအဆင့် ကျစ်လစ်ခိုင်မာစွာ ဒီမိုကရေစီနည်းလမ်းအရ အခြေခံအဖွဲ့၊ အခြေခံအဖွဲ့စိတ်နှင့် အခြေခံအဖွဲ့စုများအား ပါတီဝင် အနည်းအများပေါ်မူတည်ပြီး ပြန်လည် ဖွဲ့စည်းရမည်ဖြစ်ကြောင်း အဆိုပါ အခြေခံအဖွဲ့များထဲမှ ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များကို ပါတီဝင်များမှ မဲပေးရွေးချယ်စေခဲ့ကြောင်း သိရှိရပါသည်။
ပြန်လည်ဖွဲ့စည်းမှု အခြေအနေအား ၂၅-၅-၂၀၁၂ ရက်နေ့တွင် ထပ်မံအစည်းအဝေးခေါ်ယူပြီး သုံးသပ်ချက်များ တင်ပြစေခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ခရိုင်(၁)ခု၊ မြို့နယ်(၁၀)မြို့နယ်၊ မြို့နယ်ခွဲအဆင့် (၇)ခုရှိပြီး ရပ်ကွက် (၁၄၃ ) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃၀)အုပ်စု၊ ရွာပေါင်း(၂၉၀၈)ရွာခန့် ရှိတဲ့အနက် အုပ်စုခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များကို ပထမဦးစွာ ရွေးချယ်ပြီး ၄င်းတို့ထဲမှ မြို့နယ်အဆင့်တွင် ဒီမိုကရေစီ နည်းလမ်းကျကျ ၀င်ရောက် ရွေးချယ် ခံရမှာ ဖြစ်ကြောင်း ပါတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
မြို့နယ်အဆင့်ကိုလည်း (၄-၆-၂၀၁၂)ရက်နေ့မှ (၉-၆-၂၀၁၂)အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ တစ်မြို့နယ်လျှင် ပါတီကော်မတီဝင် အဟောင်း (၁၅)ဦးနှင့် အုပ်စုခေါင်းဆောင်၊ ဒုခေါင်းဆောင်များထဲမှ မဲအများဆုံးရရှိသည့် ပါတီဝင် (၁၅)ဦးနှင့် ခရိုင်/ပြည်နယ်ကော်မရှင်အဖွဲ့မှ ကြီးကြပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ ပါတီဝင်များမှ လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် အသီးသီး ရွေးချယ်တင်မြှောက်လျှက်ရှိပြီး မနက်ဖြန်မှာ မြို့နယ်အားလုံး အပြီးသတ် ရွေးချယ်ပြီးစီးမည်ဖြစ်ကြောင်း ပါတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ထိုသို့ရွေးချယ်ရာတွင် ပြည်နယ်ပါတီမှ (၁)ဦး၊ ခရိုင်ပါတီမှ (၁)ဦး၊ လွှတ်တော်ကိုယ်စားလှယ်(၃)ဦး စုစုပေါင်း (၅)ဦးဖြင့် မြို့နယ်ကော်မရှင်များဖွဲ့စည်းပြီး ဆောင်ရွက်ခြင်း၊ ရွေးချယ်ခံရသည့် မြို့နယ်ပါတီကော်မတီဝင် (၁၅)ဦးမှ အောက်ပါကျမ်းသစ္စာဆိုကြရကြောင်း-
ကျွန်ုပ်သည် - ပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့်၏ ဦးဆောင်မှုကို ခံယူပါမည်။
- ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် ထာဝရ ခံယူပါမည်။ (ဖြစ်နိုင်ပါ့မလား)
- ပြည်ခိုင်ဖြိုးပါတီအပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါ။ မည်သူ့အခြေအနေတွင်ဖြစ်စေ၊ ပြည်ခိုင်ဖြိုးပါတီအပေါ် ထာဝရ သစ္စာရှိပါမည်။ (အခွင့်ရေးရှိသလောက်လား)
- ပြည်ခိုင်ဖြိုးပါတီ၏ ရည်မှန်းချက်၊ မူဝါဒလမ်းစဉ်များနှင့်အညီ ပြည်သူလူထု၏ အကျိုးစီးပွားကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပါမည်။(စဉ်းစားပါဦး)
- ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။(သြော်)
- ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်း ခံယူကျင့်သုံးပါမည်။(ဟုတ်ကဲ့)
- နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်။(ထားပါတော့)
အမှန်တကယ်လိုက်နာကျင့်သုံး ဆောင်ရွက်မယ်ဆိုလျှင် ပြည်သူတွေက အမုန်းဆိုတာဘယ်ထားကြမှာလည်း ပြည်ခိုင်ဖြိုးပါတီမှန်ကန်နေရင် ထောက်ခံပေးကြမှာပါပဲ။ဆက်ပြောပါဦးမယ်။
ခရိုင်အဆင့်ရွေးချယ်ပွဲကိုလည်း ၁၄-၆-၂၀၁၂ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ပြည်နယ်ပါတီရုံးခန်းမမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင် (၁၅)ဦးလုံး တက်ရောက်ရမည်ဖြစ်ရာ စုစုပေါင်း (၁၅၀)ဦးဖြစ်ပြီး ၄င်း ရွေးချယ်ခံ ကိုယ်စားလှယ်(၁၅၀)ဦးထဲမှ ဒီမိုကရေစီနည်းလမ်းဖြင့် ပဏာမ (၉)ဦး ရွေးချယ်မှာဖြစ်ကြောင်း၊ ၄င်း(၉)ဦးနှင့် လက်ရှိ ခရိုင်ကော်မတီဝင် (၉)ဦးတို့မှလည်း ဒီမိုကရေစီနည်းလမ်းအရ တက်ရောက်သူအားလုံးမှ လျှို့ဝှက်ဆန္ဒမဲများ ရွေးချယ်တင်မြှောက်ကြမှာဖြစ်တယ်လို့ သိရပါသည်။
အလားတူ ပြည်နယ်အဆင့် ရွေးချယ်ပွဲကိုလည်း ၁၅-၆-၂၀၁၂ ရက်နေ့မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး၊ မြို့နယ်ပါတီမှ (ပ)ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်ပေါင်း(၂)ဦး၊ စုစုပေါင်း (၃၀)ဦးနှင့် ခရိုင်မှ (၉)ဦး ပေါင်း (၃၉)ဦးတို့မှ (၁၅)ဦးရွေးချယ်ပြီး ၄င်း (၁၅)ဦးနှင့် ယခုလက်ရှိ (၁၅)ဦး ပေါင်း (၃၀)ဦးတို့မှလည်း လျှို့ဝှက်ဆန္ဒမဲ ပေးစနစ်ဖြင့်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်း အကြမ်းဖျင်းသိရှိရပါကြောင်း ပါတီဝင် (၁)ဦးမှ ပြောကြားပါသည်။
တိုင်းနဲ့ပြည်နယ်အားလုံးမှာ တစ်ပြိုင်နက် ကျင်းပတယ်လို့လည်း သိရပါတယ်။ ဒီလိုကျင်းပတာဟာ နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်ဖြင့် အမှန်တကယ် အချိန်ပေးလုပ်ဆောင်နိုင်သူ၊ ပြည်သူများမှ တင်မြှောက်သည့် စစ်မှန်သော ပါတီကော်မတီဝင်များပေါ်ထွက်လာနိုင်တယ်လို့ယူဆရပါတယ်။ တကယ်လို့သား ကျင့်ကြံ ပြုလုပ်ကြမည်ဆိုလျှင် ကောင်းမွန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးစီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီအမှတ်တကယ်လျှောက်လှမ်းနေတာကို လက်ခံရမှာပေါ့။သို့မဟုတ်ပဲ အရင်လမ်းစဉ်များအတိုင်း ကိုယ့်လူကိုရွေး မဲပေးကြေးဆိုလျှင်တော့ဖြင့် ပြည်သူကိုလှည့်စားတာလွန်လွန်းသွားပြီပေါ့ဗျာ။ ဘာဖြစ်ဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ယခုလို ဒီမိုကရေစီဆန်ဆန် စနစ်တကျ နေရာပြန်လည်ရွေးနေတာဟာ ကောင်းမွန်တဲ့အလားအလာပါပဲလို့ ပြောချင်ပါတယ်။

နည်းပညာ ကာတွန်းများ




Thursday 7 June 2012

မြန်မာငွေတစ်သောင်း (၁၀၀၀၀) ကျပ်တန်


(15) ရက်နေ့တွင် မြန်မာငွေ 10000 ကျပ်တန်ကို နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်လုပ်သွားမည်ဟု ယနေ့ညနေ
(6) နာရီသတင်းတွင် FM Radio မှ သတင်းကြေငြာသွားပါသည်  ယနေ့ည 8 နာရီသတင်းတွင် ပုံနှင့်တကွကြော်ငြာမည်  အရောင်မှာ အပြာရောင် ဖြစ်ပြီး ဆင်နှစ်ကောင်ပါရှိပါမည်  မြန်မာနိုင်ငံမြေပုံကို သပြေနှစ်ခက်ဝန်းရံပြီး ထပ်တွင် ကြာ ဖြူနှစ်ပွင့်ပါမည် နောက်ကြောဘက်တွင် မန္တလေးနန်းမြို့ရိုးပုံပါရှိမည် ဟုသိရှိရပါသည်။

Wednesday 6 June 2012

ပြန်လာသင့်ပြီ

ကံကြမ္မာကို ငါမယုံဘူး
ငါတို့လက်တွေဆက်ဖို့ ငါတို့မှာတာဝန်ရှိတယ်
အရင်လိုချစ်တုန်းပဲမလား...
ဒီနေ့ ငါဘာဖြစ်ဖြစ်ပျော်နေမယ်
ချစ်စရာကောင်းလွန်းတဲ့
မင်းအသံက ငါ့တစ်ဘ၀လုံးကို
ငြိမ်းချမ်းစေတယ်လေ...
"ဟယ်လို...ဖုန်းမှားနေပါတယ်။
မင်းအရင်လိုပါပဲ ငါတို့ရင်ခုန်သံတွေနီးဖို့
ငါတို့လျှောက်ခဲ့တဲ့ လမ်းဟောင်းလေးတွေ
မင်းတစ်ချက်လောက်လှည့်ကြည့်လိုက်ပါ
ပူနွေးနေတုန်းပါပဲ ငါတို့ရင်ခုန်သံတွေ
အချိန်ရာသီတွေသာပြောင်းလဲသွားတယ်
မြတ်နိုးစရာမင်းအသံလေးက အခုထိပါပဲလား