ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 30 December 2012

တွဲဖက်၍ မစားသင့်သော အစာများ


က
ကကတစ် နှင့် ကြာဟင်း
ကုန်းကျေး နှင့် ပုစွန်
ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး(သံပုရာသီး)
ကျွဲခေါင်းသီးနှင့် လက်ဖက်
ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
ကုန်းငှက်သား နှင့် ကြက်ဆူဆီ
ကန်စွန်းမြစ် နှင့် နှမ်းမှုန့် 
ကြာစွယ် နှင့် ဝက်သား
ကြက်ဆူဆီ နှင့် ခါသား
ကြက်ဆူသီး နှင့် ငှက်သား
ကောက်ညှင်း နှင့် ရေငန်သီး
ကတိုး နှင့် သရက်သီး
ကြံတင်လဲ နှင့် နှမ်းမှုန့် ဆုပ်
ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ်နှမ်းဆီ
ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
ကျောက်ဖရုံ နှင့် အိုးမဲ
ကြောင်လျှာသီး နှင့် ငါးသေတ္တာ
ကြောင်လျှာသီး နှင့် ကြက်သား
ကျေးသား နှင့်ဘူးသီး
ကျွဲသား နှင့် ကြာစွယ်ကြာဥ
ကြက်သွန်ဖြူ နှင့် နို့ ရည်
ကြံ့သား နှင့် ငါးခူ ငါးဒန်
ကြက်သား နှင့် အင်ဖူး
ကြက်ဟင်းခါးသီး နှင့် မှို
ကြက်ဟင်းခါးသီး နှင့် ကြက်သား
ကိုင်းဥ နှင့် ပုဇွန်ချဉ်
ကြက်ဥ နှင့် ခံသီးး
ကြက်ဥ နှင့် တမာရွက် တမာဖူး


ချင်း နှင့် သဘောင်္သီး သဘောင်္ပွင့် 
ချောကလက် နှင့် စောင်းလျား     ချောကလက် နှင့် ပဲမြစ်
ချိုချဉ် နှင့် ပဲငါးပိ
ချဉ်ဆီ နှင့် ထောပတ်
ခရမ်းပိမ့် သီး နှင့် နို့ ရည်
ခရု နှင့် အမဲသား
ခိုသား နှင့် ချင်းစိမ်း
ခိုသားနှင့် ခြေလေးချောင်းသား
ခိုသား နှင့် မုန်ညင်းဆီ
ခံသီးနှင့် ငရုတ်ကောင်း
ခံသီးနှင့် နို့ ရည်
ချီးသီး နှင့် နို့ ရည်
ခံသီးနှင့် ပီလောပီနံဥ
ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
ခါးနာပျောက်ဆေး ဖီနိုင်ဗျူတာဇုန် ကိုအစာခံမရှိဘဲ မသောက်ရ၊


ဂွေးရွက် နှင် နို့ ရည်
ဂွေးသီး နှုင့် အာတာလွတ်ဥ
ဂွေးသီးနှင့် နို့ အေးချောင်း
ဂွေးသီးနှင့်ပီလောပီနံဥ
ဂျယ်လီ နှင့် ကော်ဖီ


ငရုပ်ကောင်း နှင့် ခံသီး
ငွေ နှင့် ရှိန်းခို
ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
ငါးဆီ နှင့် ပိတ်ချင်းရွက်
ငှက်ပျောသီး နှင် မှို
ငါးရံ့ သား နှင့် ပွေးသား
ငုံးသား နှင့် စောင်းလျား
ငုံးသား နင့် ခိုသား
ငှက် သား နှင့် ကြက်ဆူဆီ
ငါးပူတင်းဥများ
ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း      

စတော်ဘယ်ရီ နှင့် သီးသီး
စားတော်ပဲ နှင့် သီးသီး
စိန် နှင့် သံပုရာသီး
စိမ်းစားဥ နှင့် ချောကလက်
စိမ်းစားဥ နှင့်  ရေခဲချောင်း
စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
စောင်းလျားသီး နှင့် ခိုသား
စောင်းလျားသီး နှင့် ရှောက်သီး


ဆေးခြောက် နင့် နနွင်းရည်
ဆီ နှင့် ဆီခဲစပ်တူ
ဆင်သမနွယ်ရွက် နှင့်  နို့ ရည်
ဆောင်မေခါးရွက် နှင့် နို့ ရည်
ဆိတ်ဖူး နှင့် ငှက်ပျောဖူး
ဆိတ်သား နှင့်  ကျွဲသား
ဆတ်သားနှင့်  ဆူးပန်းရွက်
ဆတ်သား နှင့် နို့ ရည်
ဆိတ်နို့ နှင့် ဆူးပန်းရွက်
ဆပ်ပြာ နှင့် အုန်းရည်
ဆပ်ပြာနှင့် အချဉ်မျိုး
ဆိတ်နို့ ဆိတ်သား နှင့် ငါးကြီးဆီ


ဇောင်းလျားသီး နှင့် ပီလောပီနံဥ
ဇာဒင်း(Zadine) နှင့် အရက်


ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး


တလည်းသီး နှင့် နို့ ရည်
တလည်းသီးနှင့် ပဲကြီး
တောပဲရိုင်း နှင့် နို့ 
တောင်ပိန္နဲ သီး နှင့် နို့ ရည်
တေဇောဘမ်းနှင့် ခါချဉ်ကောင်ကိုက်သည်ကိုမလိမ်းရ၊

ထနောင်းရွက် နှင့်  မန်ကျည်းသီးမှည့် 
ထုံး နှင့် မြင်းသား
ထန်းလျက် နှင့် နလင်ကျော်
ထန်းလျက် နှင့်  သပြေသီး
ထန်းရည်ချို နှင့်  ၀က်သား
ထန်းသီး နှင့် နို့ မျိုး ချဉ်
ထန်းလျက် နှင့် သပြေသီး
ထောပတ်နှင့်  ကြေးခွက်
ထောပတ် နှင့် ဆီခဲအမျိုးမျိုး
ထုံးရေတို့ တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း


ဒန့် သလွန်ရွက် နှင့် နို့ ရည်
ဒန့် သလွန်သီး နှင့် ကလောဥ
ဒိန်ချဉ် နှင့် ထန်းသီးမု န့် 
ဒုတ္တာ နှင့် အချဉ် မျိုး ၂
ဒူးရင်းသီး နှင့်ရှိန်းခို့ 
ဒေါင်းသား နှင့်နို့ ချဉ်
ဒေါင်းသား နှင့် ပီလောပီနံ


နလင်ကြော် နှင့် ထန်းလျက်
နလင်ကြော် နှင့် အချဉ်
နို့ ခဲပျက် နှင့်ပဲဒလက်
နို့ မျိုး နှင့် ဆား
နို့ မျိုး ချဉ် နှင့် ပီလောပီနံဥ
နို့ စိမ်း နှင့် အချဉ်မျိုး
နို့ ရည် နင့်စောင်းလျားသီး
နို့ ရည် နှင့်ကုလားပဲ
နို့အေးချောင်း နှင့် သခွားသီး
နို့ အေးချောင်း နှင့် ဘူးသီး
နှမ်းမှုန့် ဆုပ် နှင့် တလည်းသီး
     

ပတဲကော နှင့် သံပုရာသီး
ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
ပဲကြီး နှင့် မုန် လာ
ပဲဒလက်စေ့ နှင့်  ဆူးပန်း
ပဲလင်းမြွေသီး နှင့် လင်းမြွေသား
ပဲဒလက်စေ့ နင့် ဆိတ်သား
ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
ပိန္နဲသီးနှင့်ပျားရည်
ပီလောပီနံ နှင့် ပျားရည်
ပီလောပီနံ နှင့် ပေအူ
ပေရည် နှင့်  ငှက်သား
ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
ပျားရည် နှင့် မိုးရည်
ပျားရည် နှင့် ကင်းပိတ်ရွက်
ပျားရည် နှင့် ရှားစောင်း
ပျားရည် နှင့် ပိတ်ချင်းရွက်
ပုန်းရည် နှင့် ဗျိုင်းအောက်သား
ပြောင်းသား နှင့်နို့ ရည်
ပိုင်ရီတွန် (Piriton) နှင့်အရက်


ဖရဲသီး နှင့် နို့ မျိုး
ဖရဲသီး နှင့် ဘဲဥ
ဖရုံ သီးနှင့် နို့မျိုး
ဖားသားနှင့်မှို
ဖွတ်သား နှင့် ကြက်ဆူဆီ
ဖောင်စီးဂဏန်း နှင့်မှို
ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
ဖန်ခါးသီး နှင့် ပီလောပီနံဥ


ဗုံလုံသီး နှင့် ပီလောပီနံ
ဗျိုင်းသား နှင့်ဝက်ဆီ
ဗျိုင်းအောက်သား နှင့် ဝက်ဆီ
ဗျိုင်းနှမ်းနှင် သေရည်


ရေငန်သီး နှင့် လက်ဖက်
ရှားစောင်းချဉ် နှင့် အမဲသား
ရှားစောင်း နှင့် ကုလားဗရာကြော်
ရှောက်သီး နှင့် စောင်းလျားသီး
ရှောက်သီး နှင့် ပီလောပီနံေ
ရှောက်သီး နှင့် ပဲစိမ်းစားဥ
ရှောက်သီး နှင့် ခိုသား
ရှောက်သီး နှင့် နို့ရည်


လိမ်းဆေးပရုတ်ဆီ နှင့်ကရင်နီကောင်ကိုက်သည့် နေရာကို မလိမ်းပါနှင့် 


ဝက်သားချဉ် နှင့် မဲနယ်အိုး
ဝက်သား နှင့် ဒိန်ချဉ်
ဝက်သား နှင့် နွားနို့ 
ဝမ်းဘဲဥ နှင့် ဖရဲသီး
ဝမ်းဘဲဥ နှင့် ပေသီးပေရည်
ဝါစေ့/၀ါဆီ နှင့် သမင်သား
ဝါးမျှစ် နှင့် အင်ဥ


သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
သမုန်းရွက် နှင့် ငါးချက်သောအိုး
သကြားပြာ နှင့် ပျားရည်
သမင်သား နှင့် ၀ါရွက်
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် နို့ ရည်
သံပရာသီး နှင့် စိမ်းစားဥ
သားငါးအဆီ နှင့် ထောပတ်
သားငါးတို၏အဆီ နှင့် ချဉ်ဆီ
သားမျိုးဟင်း နှင့် နှမ်းမှုန့် 
သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
သေရည်သေရက် နှင့် နှမ်းမှုန့် ဆုပ်
သေရက်မျိုး နှင့် ပိတ်ချင်းရွက်
သေရည် နှင့် ဗျိုင်းအောက်သား
အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
နွားနို့ + မှို = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + သြဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂၇ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ


ဘူးသီး နှင့်ကြက်တူရွေးသား
ဘာစပရိုဆေးပြား နှင့် သံပရာသီး
ဘာမီတွန်ဆေးပြား နှင့်ထန်းလျက်ခဲ
ဘာမီတွန် နှင့် တစ်ဖီအစိမ်းရောင် ကတ်
ဘီလုံးငှက် သား နှင့်ကြက်ဆူဆီ
ဘာစပရိုဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊


မဲနယ်အိုး နှင့် သားငါး
မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
မိချောင်းသား နှင့်နနွင်း
မန်ကျည်းသီး နှင့်နို ရည်
မင်းကွတ်သီး နှင့် သကြား
မတ်ပဲ နှင့် တင်လဲ
မတ်ပဲ နှင့် မုန်လာ
မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
မုန်လာမြစ် နှုင့် ပျားရည်
မုန်လာ နှုင့် မတ်ပဲ
မှို နှင့် ရှားစောင်း
မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
မြေဇာဥ နှင့် သစ်ကြားသီး
မျောက်တည်သီး နှင့် နို့ရည်
မြွေသား နှင့် ငါးရံသား
မြန်မာလျက်ဆား နှင့်  သွားတိုက်ဆေး
မြင်းခွာရွက် နှင့် သခွားသီး
မက်ထရိုနီဒါဇော(meronidazole)နှင့် အရက်


ယုန်သား နှင့်မှို
ယင်နားစားများကို မစားပါနှင့်


ရာဘာချဉ် နှင့် ဆိတ်သား
ရှာလကာချဉ် နှင့် ပီလောပီနံ
ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
ရေခဲသုပ် နှင့် ချင်းသုပ်

သေရည်သေရက် နှင့် နို့ အမျိုး၂
သစ်ကြားသီး နှင့် ဝက်မြေဇာဥ
သည်းခြေ နှင့် သားဟင်းမျိုး


ဟင်းငန်ရွက် နှင့် နှမ်းဖတ်
ဟစ်တမင်း (histamine) နှင့် အရက်


အင်ဥ နှင့်  ပြောင်းဆန်
အမဲသားချဉ် နှင့် မဲနယ်အိုး
အရက် နှင့် ဘိန်း
အရက် နှင့် ဘာမိတွန်
အချဉ်မျိုး နှင့် နို့ မျိုး
အိမ်ဆီးချို နှင့် နို့ရည်
အုန်းသီး နှင့်နိုရည်
အုန်းရည် နှင့် ပျားရည်
အုံတုံဆံ နှင့် ကလောဥ



ဥသျှစ်သီး နှင့် ပျားရည်
ဥဒေါင်းသား နှင့် ကြက်ဆူဆီ
ဥမျိုး နှင့် ကြက်ဆူဆီ
ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
သြဇာသီး နှင့် ပျားရည်

တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ

ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ

Friday 28 December 2012

ရင်ဘက်နဲ့ကပ် တံဆိပ်ရိုက်ခြင်း

မခွဲတမ်း အရိပ်တကြည့်ကြည့်
ငါ့အနား မင်းရှိနေစေဖို့
အလွမ်း ဒဏ်ရာတွေနဲ့
ငါက အဝေးမှာလေ...
မပျော်နိုင်ခဲ့ နေ့ညတွေက
အဝေးပြေးကား တစ်စီး
ငါ့အရှေ့တည့်တည့် ထွက်ခွာသွားခဲ့ပြီးနောက်ပေါ့...
အစဉ်ခိုင်မြဲဖို့ ဖြူစင်အချစ်တွေနဲ့ငါ
အခုတော့ အဝေးမှာ ကြေကွဲစရာပေါ့
မင်းအတွက် ဖြန့်ခဲ့တဲ့ ငါ့တောင်ပန်တွေ
မင်းကိုယ်တိုင် ရိုက်ချိုးခဲ့တယ်
ညတစ်ညရဲ့ အရိပ်က
ငါ့ဘ၀ကို လောင်ကျွမ်းစေခဲ့
ပွေ့ဖတ်ထားတဲ့ ငါ့လက်တွေက
အဲဒီည မင်းကိုနွေးထွေးစေခဲ့တယ်။
ဒီကဗျာမှာ ငါ့မျက်ရည်တွေပါတယ်
အတိတ်ကို တမ်းတလိုလား
အနာဂတ်တစ်ခု ပျက်စီးသွားလို့လား
တစ်စုံတစ်ခုမှမရှိတော့ဘူး
ပစ္စုပ္ပန်က မင်းကြောင့် မျက်ရည်တွေနဲ့...
ငါက ဒီကဗျာကို ရင်နဲ့ကပ်
တံဆိပ်ရိုက်လိုက်တာ မင်းသိမှာပါ ချစ်သူ
ခပ်မှေးမှေးလေး မင်းနှလုံးသားအနီးလေးမှာ
ငါ့ကို ထာဝရငေးမောခွင့်လေးပေးပါ ချစ်သူ ...
 ခက်ပျက်ပျက် အဆုံးသက်က
အကြောင်းမဲ့ အတိတ်ကိုမေ့တယ်
ရှေ့ဆက်ဖို့လည်း မရှိတော့တဲ့နောက်
မင်းနှလုံးသားကို ဘယ်သူခိုင်းစေလိုက်တာလည်း ချစ်သူ...

Thursday 27 December 2012

ကဗျာ ခါးခါး

ကဗျာက အဆိပ်သင့်လူ...
နှလုံးသားအ၀မှာ ချိန်ကိုက်ဗုံးနဲ့
အချိန်တွေသက်မှတ် သူထွက်သွားတော့မယ်
ငါ့အနား တစ်သက်တာ...။
     နှစ်တွေအကြာ အနေတွေဝေး...
     အချိန်က စကားပြောလိုက်တာလား
     လမ်းခွဲစကား...။
အတိတ်ရဲ့ နေ့တွေ သူမေ့လိုက်ပြီ
ကာရံမညီ ငါ့နှလုံးသားတွေ
တစ်စစီ...။
အမှတ်တရ ခါးသီးဆုံးည
နောက်ထပ်တစ်ကြိမ် နှစ်သစ်ကူးပြီ
ငါ့ရဲ့ စိတ်တွေ ဆောက်တည်ရာမဲ့
ယောက်ယက်ခက်လို့ နေလေပြီ..
    အသဲကွဲတာ မဟုတ်ဘူး..
    ဘ၀ကွဲတာ
    တစ်ခြမ်းပဲ့  ဘဝ
    ငါ ဘယ်ကို ဘယ်လမ်းကို
    မျှော်လင့်ချက်တွေ သေကုန်ပြီ....။
        မင်းပြောထွက်တဲ့ စကား
        မုန်တိုင်းကို သနားသေးရဲ့
        ငါ့ဘ၀ကို ခါးသက်စေခဲ့
       မျှော်လင့်ခဲ့ ညတွေ
နေ၀င်နေပြီ .... သူထားရစ်ခဲ့လေပြီ
အချစ်နဲ့ ဘ၀ခါးသီးသွား
ကော်ဖီခါးခါး ငါ့အတွက်ဆိုရင်
ဒီကဗျာဟာလည်း ကဗျာခါးခါးပေါ့

Wednesday 26 December 2012

သစ်ပင်မှ သဘာဝ ပုံဖော်ခြင်း

Air Bagan လေယာဉ် ဟဲဟိုးမှာ အရေးပေါ်ဆင်းပြီး မီးလောင်


Air Bagan လေးကြောင်းရဲ့ ထုတ်ပြန်ချက်အရ သေဆုံးခဲ့သူတစ်ဦးက လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ဧည့်လမ်းညွှန် တစ်ဦးနှင့် လေယာဉ်ဆင်းလာစဉ် တိုက်မိသွားခဲ့တဲ့ ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ လေယာဉ်မှုးနှင့် အကူလေယာဉ်မှုးအပါအ၀င် ခရီးသည် (၉)ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲဒီခရီးသည်တွေထဲမှာ အမေရိကန် (၂)ယောက် ၊ပြင်သစ်(၂)နှစ်ယောက်၊ဗြိတိသျှ တစ်ဦးနှင့် ကိုရီးယားလူမျိုး တစ်ဦးပါဝင်ပါတယ်။လေယာဉ်ပေါ်မှာ ကမ္ဘာလှည့် ခရီးသွားအများစုပါဝင်တဲ့ ခရီးသည် (၆၅)ဦးနှင့် လေယာဉ်အမှုထမ်း (၆)ယောက် လိုက်ပါလာခဲ့ကြတယ်လို့ Air Bagan ကတာဝန်ရှိသူကပြောပါတယ်။ အဲဒီခရီးသည်တွေထဲ့က ထိခိုက်ဒဏ်ရာမရရှိခဲ့သူတွေကိုတော့ ရန်ကုန်မြို့ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အခုပျက်ကျတဲ့ လေယာဉ်အမျိုးအစားဟာ Fokker 100 jet ဖြစ်ပြီး Air Bagan မှ ဒီလိုအမျိုးအစား ၂စီးဖြင့် ပြေးဆွဲနေတာဖြစ်ပါတယ်။အခုအခါ လေယာဉ် ကုမ္ပဏီကလည်း ဒီလိုအမျိုးအစားလေယာဉ်တွေကို ဆက်ထုတ်လုပ်ခြင်းမရှိတော့ပါဘူး။
ယခုလို ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို အများအပြားလာလည်ချိန်မျိုးမှာ လေယာဉ် မတော်တဆ ဖြစ်တဲ့အတွက် ပြည်ပခရီးသွား လုပ်ငန်းကိုထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လျှက်ရှိပါတယ်။သေဆုံးသူဦးရေ သတင်းမှာ တိကျမှုမရှိသေးပါကြောင်း သိရပါတယ်။
Air Bagan လေယာဉ်ပျက်စီးမှုဓါတ်ပုံ(၁)
ပျက်စီးဓါတ်ပုံ(၂)
ပျက်စီးဓါတ်ပုံ(၃)






ၹၹၹၹ


Saturday 22 December 2012

လွတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်ပွဲ အခမ်းအနား (ရှမ်းတောင်)


(22.12.2012) ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ (8:50)နာရီ ရှမ်းပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချူပ် ဦးစ၀်အောင်မြတ် မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ရှမ်းပြည်နယ် လွတ်တော် ဥက္ကဌ ဦးစိုင်းလုံစိုင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးညဏ်လင်း၊ ရှမ်းပြည်နယ်
တောင်ပိုင်း ဘဏ်ဏာခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံလင်း၊ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးနိုင်ဝင်း တို့မှတက်ရောက်ခဲ့ကြောင်းသတင်းရှိပါသည်။




Sunday 16 December 2012

ဇန်န၀ါရီလ ၁ ရက်နေ့ မှစပြီးယခင်အတိုင်း မိနစ်အလိုက်ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက်ခံမည်


ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်း ဖုန်းဖြင့် အင်တာနက် အသုံးပြုခများ
ကို Data စနစ်ဖြင့် ပြောင်းလဲကောက် ခံတော့မည် မဟုတ်ဘဲ ယခင်အတိုင်း
မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ၁၅ ရက် နေ့တွင် ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြေညာခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခုနောက်ဆုံးထုတ်ပြန်ချက်များအရ ၎င်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်ရန် မရှိတော့ကြောင်း၊ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက် နေ့မှာလည်း အရင်အတိုင်းမိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက်သွားမှာပါ။ သုံးစွဲသူတွေ အဆင်ပြေစေမယ့် အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းကဆိုသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဆိုပါကEDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေးကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက်

 ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား ရှမ်းပြည်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသ အတွင်းရှိ ရရလဖ ဗဟိုဌာန ချုပ်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပသည်။ နံနက် ၉း၀၀ နာရီခန့်တွင်တက်ရောက်လာသောအရပ်ဖက်လူ့အဖွဲ့အစည်းများ၊ကျောင်းသားသမဂ္ဂများ၊ငြိမ်းချမ်းရေးအဖွဲ့အ
စည်းများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအထက်မြန်မာပြည်တို့က ရရလဖ၏ အာဇာနည် ကျောက်တိုင်အားအလေးပြုပြီး ၊လွမ်းသူပန်းခွေ ချကာ ၊နံနက် ၉း၃၀ တွင် လူထု အစည်းအဝေး စတင်သည်။ ယင်းလူထုအစည်းအဝေးတွင် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၊ ရွှေဝါရောင် အရေးခင်း ဆရာတော် တစ်ပါး၊ ၁၉၇၄၊၇၅၊၇၆ အရေးခင်းဖြတ်သန်းလာသူ ဦးမောင်မောင်အေး ၊မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ မှ ကျော်ကိုကို ၊နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ၊ အလုပ်သမားအခွင့်ရေး လုပ်ရှားသူများ မှ ကိုယ်စား လှယ်တစ်ဦး၊ တက္ကသိုလ်ကျောင်းသားများအဖွဲ့ (တကသ)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ၊မန္တလေး ရေတော်တိုက် ဆရာတော် ဦးဝိသုတ ၊နိုင်ကျဉ်းကွန်ရက် အထက်မြန်မာပြည် ဦးရွှေထူး၊ လက်ပံတောင်းကယ်တင်ရေး ကော်မတီအတွင်းရေးမှုး  ဦးအောင်မြင့်ဦး ၊ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ၊၈၈ ဗကသ ဥက္ကဌေ ဟာင်း ကိုသန့်ဇင် ၊ မိထ္ထိလာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး ၊သာစည် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်နွဲ့နွဲ့ယဉ် နှင့် မိုးထိမိုးမိ ရွှေလုပ်သား ကိုနေမင်း အစရှိသည်တို့က ယင်းတို့၏ လုပ်ဆောင်နေကြသည့် နိုင်ငံရေးလုပ်ရှားမှု ၊တိုင်းရင်းသားအရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု အရေး၊ လက်ပံတောင်း တောင်အရေး တို့ကိုဆွေးနွေးတိုင်ပင် ခဲ့ကြသည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား အစိုးရနှင့်ငြိမ်းချမ်းရေး သဘောတူညီမှုရရှိထားသည့် RCSS/SSA ၊ KNU/KNLAဆက်ဆံရေးရုံးတာဝန်ခံ၊ ကယန်းပြည်သစ်ပါတီ ၊ အစရှိသည့် အဖွဲ့အစည်းများပါတက်ရောက်ခဲ့သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) သည်
၁၉၂၉/၁၉၄၆ ခုနှစ်ကတည်းက မြစ်ဖျားခံ ခဲ့သော ရှမ်းပြည် လဲချားစော်ဘွား နယ်တွင် ဦးကျောင်းတိယုံက ခေါင်းဆောင်ခဲ့ပြီး၊  ၁၉၈၈ ၊၁၉၈၃ တွင် တပြည်လုံး လက္ခာဆောင်သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ၀င်ဖြစ်ခဲ့ပြီး ဘုံရန်သူကို ဆန်ကျင်ခဲ့သည်။ ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေးအဖွဲ့အဖြစ် အစိုးရနှင့် လက်တွဲပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရအမျိုးသားညီလာခံအတွင်း တိုင်းရင်းသားများ၊ပါတီများ နှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုအရေးရပ်တည်သော သဘောထားမျးတင်ပြခဲ့ကြောင်း ၊၂၀၀၇ တွင် ဗိုလ်သူရိန် အဖွဲ့မှ လက်နက်ကိုင်ြ်တော်လှန်ခဲ့ကြောင်း၊ ဦးခွန်ချစ်မောင် အစိုးရထံ တရားဝင် လက်နက်ချခဲ့ကြောင်း၊ အခြေခံဖွဲ့စည်းပုံ ဥပဒေကို
ငြင်းဆန်ပြီး လက်နက်ကိုက်တပ်များ လက်နက်မအပ်နှင်းသဖြင့် ပြသနာများ ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၀၈မှ ၂၀၁၂ကာလတွင် ဦးခွန်စိန်ရွှေ အဖွဲ့ လက်နက်ကိုင်တပ်များ အဖျက် သိမ်းခံခဲ့ရကြောင်း၊ ရလလဖ အဖွဲ့အစည်းသည် မှတ်ပုံတင်ခြင်း မရှိပဲ အချိန်ကာလတစ်ခု ထိမြေအောက်အဖွဲ့အစည်းတခုအဖြစ်ရပ်တည်ခဲ့ကြောင်း ၊၂၀၁၁ခုနှစ် အကုန်လောက်တွင်မှ နိုင်ငံတော် အစိုးရသစ်က တရားဝင်ပြန်လည် ဆက်ဆံလာသောကြောင့် ယခု တရားဝင်တည်ရှိ လှုပ်ရှားနေကြောင်း ရရလဖ အဖွဲ့၏ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးဘုန်းနိုင် ကပြောသည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား ရန်ကုနမန္တလေ်းအခြေစိုက် ပုံနှိပ် မီဒီယာသမားများ၊ DVB ၊RFA အစရှိသည့် ရုပ်သံမီဒီယာများ နှင့်ပြနကြားရေး ဌာန မိဒီယာ သမားများပါ လာရောက်သတင်းရယူသည်ကို တွေ့ရသည်။

Saturday 15 December 2012

နည်းပညာစာအုပ်များ

နည်းပညာ စာအုပ်များ လိုချင်သူများရနိုင်ပါပြီ ဒေါင်းလုပ်လင့် အောင်မှာပေးထားပါတယ်

နည်ပညာစာအုပ်များ ဒေါင်းရန်

အေးသာယာ (အခမဲ့)ကွန်ပျူတာ အခြေခံသင်တန်း


တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၆)အကွက်ကြီး ၅၃/၅၆တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးပြီး အခမဲ့ကွန်ပျူတာအခြေခံသင်တန်းကို ၁၅-၁၂-၂၀၁၂ ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းသင်တန်းတွင် ကွန်ပျူတာအလုံး ၂၀ ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်ကြားပို့ချပေးသူမှာ ဆရာမဒေါ်ဝင်းဝင်းဌေးဖြစ်ပြီး သင်တန်းချိန်ကိုသုံးချိန်သတ်မှတ်ထားပြီးနံနက်(၉)နာရီမှ(၁၀:၃၀)၊(၁၀:၃၀)နာရီမှ(၁၂)နာရီ၊(၁၂)နာရီမှ(၁)နာရီ
ထိသုံးချိန်ထိသင်တန်းပို့ချပေးလျှက်ရှိကြောင်းသိရှိရပါသည်။

Friday 14 December 2012

Piano-Keyboard ဒေါင်းလုပ်လင့်

အစ်ကိုရေ
               download link မတွေ့ဘူးဗျ။ link လေးတစ်ချက်လောက်ပြန်စစ်ပေးပါ လား။ ဆိုတဲ့ ကိုဇော်သွင်းနဲ့ လိုအပ်သူများအတွက် ပြန်တင်ပေးလိုက်ပါတယ် အောက်မှာ ဒေါင်းလုပ်လင့်ပြန်ပေးထားပါတယ်။ လိုအပ်သည်များကို ကွန်မန်းမှာ ပေးခဲ့ရသလို မေးနဲ့ပို့ပြီးတောင်းဆိုနိုင်ပါတယ်။

Thursday 13 December 2012

Android Device များပေါ်တွင် Ubuntu OS ကို ထည့်သွင်းပုံ



Android Platform အသုံးပြုထားတဲ့ Android Phone, Tablet များပေါ်မှာ Ubuntu OS ကို ထည့်သွင်းချင်သူတွေ အတွက် ထည့်သွင်း အသုံးပြုနိုင်စေရန် အတွက် ထည့်သွင်းပုံကို ယခုတစ်ပတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android အသုံးပြုထားတဲ့ Phone တွေ Tablet တွေမှာ Ubuntu OS ကို ထည့်သွင်းအသုံးပြုဖို့အတွက် အသုံးပြုမယ့် Android OS ဟာ Roted ဖြစ်နေရမှာ ဖြစ်ပြီး Busybox လည်း ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ Android OS ရဲ့ Version ကလည်း 2.1 Eclair Version နဲ့ အထက် ဖြစ်ရမှာ ဖြစ်ပါတယ်။ Rom ဟာလည်း Custom Rom မဖြစ်ရဘဲ Offcial Rom သာ ဖြစ်ရမှာ ဖြစ်ပါတယ်။ CPU အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကတော့ အနိမ့်ဆုံး 1 GHz Speed ရှိရမှာဖြစ်ပြီး SD Card Storage အတွက်ကလည်း အနိမ့်ဆုံး 3.5 GB Free Space ရှိရမှာ ဖြစ်ပါတယ်။
Ubuntu OS ကို ထည့်သွင်းရန် လောလောဆယ်မှာ အဆင်ပြေတဲ့ ဖုန်းတွေရဲ့ စာရင်းတွေကို http://geeknizer.com/install-run-ubuntu-on-android/ ဒီဝက်ဘ်စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Android Phone နဲ့ Tablet တွေအတွက် လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် ကွန်ပျူတာထဲမှာ ADB ကို Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် http://downloadandroidrom.com/file/AndroidUbuntu/ubuntu.zip ဆိုတဲ့ ဝက်ဘ်ဆိုက်နေရာမှာ Ubuntu Zip ဖိုင်ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Android Device တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်း အသုံးပြုချင်သူတွေ အနေနဲ့ Linux Command တွေကို အခြေခံ သိရှိထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒေါင်းလုပ်ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ရဲ့ အရွယ်အစားဟာ ကြီးမားတာကြောင့် SD Card ကတော့ Free Space များများ ရှိမယ်ဆိုရင် ပိုအဆင်ပြေစေပါတယ်။ ဖုန်းပေါ်မှာ တင်မယ့် Ubuntud OS ဖိုင်တွေကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားတွေကတော့ Download ပြုလုပ်ရတဲ့ Version တွေပေါ် မူတည်ပြီး တစ်ခုနဲ့ တစ်ခုတော့ တူညီမှာ မဟုတ်ပါဘူး။ Large Version ကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားဟာ 1.5 GB ပမာဏရှိမှာ ဖြစ်ပြီး Installation ပြုလုပ်တဲ့အခါ ဖိုင်အရွယ်အစားက 3.5 GB ပမာဏရှိမှာ ဖြစ်ပါတယ်။ Lightweight ကို Download ပြုလုပ်မယ်ဆိုရင်တော့ Download Size က 500 MB ရှိရမှာဖြစ်ပြီး Installation Size ကတော့ 2.5 GB ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ Screen အရွယ်အစား Resolution တွေကို လိုက်ပြီးတော့လည်း Ubuntu OS ကို တင်သုံးခွင့်ရှိတဲ့ Handset တွေကို ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Download ပြုလုပ်ရမယ့် ဖိုင်အမျိုးအစားကိုလည်း Core, Small, Full ဆိုပြီး ဆော့ဖ်ဝဲတွေ ပါတာနဲ့ မပါတာ ခွဲခြားပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
core ဆိုတာကတော့ ဘာဆော့ဖ်ဝဲမှ မပါပါဘူး။ Small ကတော့ Software အနည်းငယ် ပါဝင်ပြီး RAM နိမ့်တဲ့ Device တွေအတွက် ထုတ်လုပ်တာပါ။ Full ကတော့ RAM ပမာဏများတဲ့ Device တွေ အတွက်ဖြစ်ပြီး Full မှာ Software တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Full မှာတော့ Firefox, Thunderbird, Openoffice, GIMP, Emacs Text Editor, Java, Python, PDF Viewer, File Manager, Terminal, Leafpad အစရှိတဲ့ Application တွေ ပါဝင်လာမှာ ဖြစ်တဲ့အတွက် Phone, Tablet တွေပေါ်မှာ Operating System ကို Professional အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Phone Handset နဲ့ Tablet တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး Android ထဲမှာရှိတဲ့ အရေးကြီးတဲ့ ဖိုင်တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။ SMS တွေ Contact List တွေနဲ့ Call Log တွေကိုလည်း Backup ပြုလုပ်ထားသင့်ပါတယ်။
ယခုအဆင့်က စပြီးတော့ Ubuntu OS ကို ကွန်ပျူတာကနေ Android Device ထဲ စတင်ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ထည့်သွင်းဖို့အတွက် Download ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ကို Root directory ထဲမှာ Unzip ပြုလုပ်ထားရပါမယ်။ အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း Android OS ဟာလည်း Root ဖြစ်ပြီး ဖြစ်ရပါမယ်။ ပြီးရင်တော့ ADB Installer ရှိတဲ့ Folder ထဲမှာ Shift+Right Click ကို နှိပ်လိုက်ပါ။ ပြီးရင် Open Command Windows here ဆိုတာကို ရွေးချယ်လိုက်ရင် Command Prompt ပေါ်လာမှာ ဖြစ်ပါတယ်။ Command Prompt မှာ ပထမဆုံး adb server ကို စတင် အလုပ်လုပ်အောင် အောက်ပါ Command ကို အသုံးပြုပါ။ အသုံးပြုရမယ့် Command ကတော့ adb start-server ဆိုတဲ့ Command ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ Android Device ကို တပ်ဆင်မယ် ဆိုရင် ပထမဆုံး System ထဲက Development Option ထဲက USB Debugging ကို အမှန်ခြစ် ထည့်ပေးထားရမှာ ဖြစ်ပါတယ်။ adb ကို စတင် အလုပ်လုပ်ခိုင်းပြီးပြီဆိုရင် သင်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Device ကို သိလား မသိလား ဆိုတာ သိရအောင် adb device ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ပြီးပြီဆိုရင်တော့ adb shell ဆိုတဲ့ Command လေးနဲ့ Shell ကို ဖွင့်လိုက်မယ်ဆိုရင် Command Prompt မှာ $ Sign လေးပေါ်လာမှာ ဖြစ်ပါတယ်။
အဲဒီမှာ Super User Premission ရရှိဖို့အတွက် $sh-4.1#su ဆိုတဲ့ Command ကို ရိုက်ထည့်ရပါမယ်။ ပြီးရင် SD Card ထဲ Ubuntu Folder ကို သိဖို့အတွက် ညွှန်ပေးရမှာ ဖြစ်ပါတယ်။ Ubuntu Folder ကို သိဖို့အတွက် $sh-4.1# cd/sdcard/Ubuntu ဆိုပြီး ရိုက်ထည့်ပေးလိုက်ပါ။ ဒီအဆင့် ပြီးပြီဆိုရင်တော့ Ubuntu Folder ထဲမှာ Script ကို Run နိုင်အောင် $ sh-4.1# sh Ubuntu.sh ဆိုတဲ့ Command ကို အသုံးပြုလိုက်ပါ။ ဒီ Command ကတော့ SD Card ထဲမှာရှိတဲ့ Ubuntu Folder ထဲမှာ Ubuntu.sh ဆိုတဲ့ ဖိုင်ကို Run နိုင်အောင်အသုံးပြုတဲ့ Command ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ $ sh-4.1# bootubuntu ဆိုတဲ့ Command နဲ့ Shell ကနေ ထွက်ရပါမယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone သို့မဟုတ် Tablet တွေပေါ်မှာ တင်သွင်းတဲ့အဆင့်က ပြီးသွားပြီ ဖြစ်ပါတယ်။
နောက်ထက် အဆင့်အနည်းငယ်ကတော့ Ubuntu OS ထဲမှာ Package တွေကို Update ပြုလုပ်နိုင်ဖို့နဲ့ ဒေါင်းလုပ်တွေ ပြုလုပ်နိုင်ဖို့အတွက် အနည်းငယ် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Package တွေကို ပြင်ဆင်ဖို့ အတွက်ကတော့ Source List မှာ သွားရောက် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Source List မှာ ပြင်ဆင်ချင်သူတွေအတွက် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ Source List ကို ပြင်ဆင်ဖို့အတွက် Terminal ကို ဖွင့်ရမှာဖြစ်ပါတယ်။ Terminal ထဲမှာ $ cat> etc/apt/source.list ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ရင် Source ဖိုင်တွေကို ပြင်ဆင်ပေးနိုင်မယ့် Editor တစ်ခု ပွင့်လာမှာ ဖြစ်ပါတယ်။ Source File ထဲမှာ deb http://old-releases.ubuntu.com/ubuntu/karmic main univer ဆိုတာကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် ပြန်ထွက်ပြီး Terminal uae Package တွေကို Update ပြုလုပ်ဖို့ အတွက် $apt-get update ဆိုတာကို ရိုက်ထည့်ရပါမယ်။ apt-get update ဆိုတဲ့ command ဟာ Super User တွေမှသာ အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် Root အကောင့်နဲ့ဖြစ်ဖို့ အရေးကြီးပါတယ်။
သာမန် User Level ဆိုရင်တော့ sudo ကို အရှေ့ကခံပြီး sudo apt-get update ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ tight-vncserver ကို Install ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ tightvnc-server ကို Install ပြုလုပ်ဖို့အတွက် $ apt-get install tightvncserver ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီ Command ကို ရိုက်ထည့်ပြီးရင် Program ကို Install လုပ်ဖို့အတွက် လုပ်မှာလား မလုပ်ဘူးလား ဆိုတာကို မေးတဲ့အချိန်မှာ “y” Key ကို နှိပ်ပြီး Install လုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone, Tablet အစရှိတဲ့ Device တွေမှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ Ubuntu OS ကို Android Device တွေမှာ ထည့်သွင်းဖို့အတွက်ကတော့ Device တိုင်းကို အထောက်အပံ့ ပေးနိုင်မှာ မဟုတ်တဲ့အတွက် လက်ရှိထည့်သွင်း အောင်မြင်ပြီးသား Device တွေရဲ့ စာရင်းမှာ သင်အသုံးပြုတဲ့ Android Device ပါဝင် မပါဝင်ကို အရင်စစ်ဆေးသင့်ပါတယ်။ ပြီးရင်တော့ သင့် Device ဟာ Ubuntu OS ကို အထောက်အပံ့ပေးတဲ့ စာရင်းထဲမှာ ပါဝင်နေရင်တောင် အရေးကြီးတဲ့ Data တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။

Tuesday 11 December 2012

တောင်ကြီးမြို့ ဦးကြီးခမ်းရပ် မြတ်လေးလမ်းတွင် မီးလောင်မှုဖြစ်ပွား

ယနေ့နေ့လည်း (၁၂)နာရီခန့်တွင် တောင်ကြီးမြို့ ဦးကြီးခမ်းရပ် မြတ်လေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်နှစ်အိမ်ပျက်စီးခဲ့ပါတယ်။ အိမ်ပိုင်ရှင်တစ်ဦးမှပြောကြားရာ အိမ်အပေါ်ထပ်တွင် မီးလောင်နေတာကိုတွေ့မှ သိလိုက်ရတယ် သူ့အမေကို အိမ်အပြင်ခေါ်သွားလိုက်ပြီးနောက် မီးဟာအရမ်းပြင်းထန်စွာလောင်နေပါပြီ လေကလည်းတိုက်နေပါတယ်လို့ပြောခဲ့ပါတယ်။





Monday 10 December 2012

တောင်ကြီးမြို့ မွေ့ယာဆိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား

 ဒီဇင်ဘာ ၁၀၇က်နေ့ တောင်ကြီးမြို့ ၊မိန်းလမ်းအောက်ဘက်၊ကန်အောက်ရပ်၊ပင်လုံလမ်း။နယ်မြေ (၇) ၊အိမ်အမှတ် (၄၆) ရှိ ဦးသိန်းအောင်+ဒေါ်နန်းခမ်းလှပိုင် ရွှေမြို့စံ မွေ့ယာဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည် ဖြစ်ပွားပုံပါ တိုက်နံရံ နှင့်ကပ်လျက် ဘုရားကျောင်းဆောင်ပေါ်တွင်
ဖယောင်းတိုင်မီး များဖြင့် ဘုရားမီးပူဇော်ထွန်းညှိရာ မှတဆင့် နံနက် ၉း၀၀နာရီတွင် ဘုရားစင်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့က အရံမီးတပ်ကားနှင့်အချိန်မီ ငြိမ်းသတ်နိုင် သဖြင့် နံနက် ၉း၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်ပတ်သတ်ပြီး ဘုရားကျောင်းဆောင်၊ဆက်တီခုံ ၊တိုက်မှန် နံရံများ၊ပျက်စီးဆုံးရှုံးခဲ့ကြောင်း အခြားဘာမှ မလောင်ကျွမ်းကြောင်း အိမ်ရှင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။ ပင်လုံလမ်းရပ်ကွက် နေသူ တစ်ဦးကပြောကြားရာတွင် ယခုကဲ့သို့ ပွင့်လင်းရာသီတွင် မီးလောင်မှုများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ၊ယခင် ၂၀၀၃ခုနှစ်ကလည်း ပင်လုံလမ်းရှိ မွေ့ယာအရောင်းဆိုင်မှ တဆင့် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ဖူးကြောင်း သိန်းထောင်ကျော် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ဖူးကြောင်း ၊ယခုလည်းအချိန်မီသာ မသိရှိလျင် ယခင်၂၀၀၃ ခုနှစ်က ကဲ့သို့ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း ပြောကြားသည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား လာရောက်စုံစမ်းစစ်ဆေးနေသည့် တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့က တာန်ရှိသူတစ်ဦးအား ယခုမီးလောင်ကျွမ်းမှုဖြစ်စဉ်အား မည်သည့်ပုဒ်မှဖြင့် အမှုဖွင့်အရေးယူမည်နည်းဟုမေးမြန်းရာ မိမိသည် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ပြည်သူတွေ ဘ၀ကိုစာနာနားလည်ကြောင်း မည်သူကမှ မိမိအိမ် မီးလောင်စေရန် မီးရှို့လိမ့်မည်မဟုတ်ကြောင်း၊ သည့်အတွက် ကြီးသည့်အမှုငယ်အောင်၊ငယ်သည့်အမှုပပျောက်အောင်သာဆောင်ရွက်ပေးဖို့ရည်ရွယ်ထားကြောင်းယခု
မီးလောင်မှုဖြစ်စဉ်အားလည်း ဖြစ်နိုင်ရင် မီဒီယာတွေမှာ မဖော်ပြဖို့မေတ္တာရပ်ခံပါကြောင်း ယင်းကပြောကြားခဲ့သည်။ ကျွန်တော်က မီဒီယာသမားမှမဟုတ်တာ Blogger သမားလေ... :D

Thursday 6 December 2012

တောင်ကြီးမြို့ တွင် သံဃာအပါး(100)ဆနဖော်ထုတ်





ရှမ်းပြည်နယ် သံဃာတော်များ၏တောင်းဆိုချက်

(၁)လက်ပံတောင်း တောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော သံဃာတော်တို့အား နှိမ်နှင်းခဲ့သူများကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်။
(၂)လက်ပံတောင်း တောင်ဆန္ဒပြခြင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော ပုဂ္ဂိုလ်များကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။
(၃)သံဃာတော်များအား ဒဏ်ရာရအောင် ဆောင်ရွက်ခဲ့သည့် အဓိကတာဝန်ရှိသူများမှ ကာယကံရှင် သံဃာတော်များနှင့် ၄င်းတို့၏ဥပစ္ဈယ်ဆရာတော်များအား ၀န်ချတောင်းပန်ရန်။
တောင်းဆိုလိုက်သည်။


Sunday 2 December 2012

ပင်းတယမြို့မှ အမှတ်တရ

ပင်းတယမြို့ ရောက်တုန်း အမှတ်တရ ဓါတ်ပုံတွေပါ










ပင်းတယ မြို့မှ ကွန်လုံ ဆရာတော် အား ဖူးမျှော်နိုင်ရန်

ကွန်လုံ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်
Add caption
ကွန်လုံ ဆရာတော် ဘုရားကြီး၏ ဖယောင်းသားပုံတူ ရုပ်ကလပ်တော်

Friday 30 November 2012

ဘာကြောင့်လည်း ဘာအတွက်လည်း ???

ကြွရောက်လာ ဘလော့ဂ် မိတ်သဟာ ညီအစ်ကိုမောင်နှမများကို ပြန်လည်တင်ပြခွင့်ရပါပြီခင်ဗျာ ကျွန်တော့် ဘလော့ဂ် နံနက်(10)နာရီဝန်းကျင်တွင် ကျွန်တော်ပို့စ်တစ်ခု တင်ဖို့ကြိုးစားနေတုန်းမှာပဲ ကျွန်တော်ဘလော့ကို view blog လုပ်ကြည့်ချိန်မှာ Blogger not found ဆိုပြီးလာပြပါတော့တယ် Google Search မှာလည်း ခရီးသည် ဆိုတဲ့ကျွန်တော့် လိပ်စာမတွေ့ရတော့ပါဘူး နောက်သေချာစစ်ကြည့်လိုက်တော့ ကျွန်တော်ဖွင့်ထားတဲ့မေးတွေပြန် ၀င်ကြည့် Google Talk တွေဖွင့်ကြည့်လိုက်ချိန်မှာ သေချာသွားပါပြီ။
ဘာအကြောင်းကြောင့် ဘယ်သူဘယ်ဝါ ဟတ်လိုက်လည်းသိပါဘူးဗျာ အဲလိုလုပ်လိုက်တဲ့အတွက် သူတို့ဘာအကြိုးရှိမှာမို့လည်းမသိပေါင် ဒါပေတိ ဒီဘလော့လေးက ကျွန်တော့မှတ်တိုင် ကျွန်တော့်မှတ်စုဖြစ်တဲ့အတွက် ဆုံးရှုံးရမှာကိုတော့ ကျွန်တော် အရမ်းတုန်လှုပ်သွားခဲ့ပါတယ် အခုတော့ Back up လုပ်ထားလိုက်ပါပြီ။ ဖြစ်သင့်မဖြစ်သင့် လုပ်သင့်မလုပ်သင့် ခင်ဗျားတို့ပဲစဉ်းစားကြည့်ကြပါဦးဗျာ။

WiFi password ခိုးနည်းလေးပါ :D

C box မှာ မေးထားတဲ့ moe zaw: အကို wifipassward
ခိုးနည်းရှိရင်တင်ပေးပါအုံး..လေးစားလျှက်။ ဆိုတဲ့ကိုမိုးဇော်
ကျွန်တော်တင်ပေးလိုက်ပြီနော် အဆင်မပြေမှာပါ။

WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။
အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi
ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။ အခု Wireless Wifi Password ကို
အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော် လုပ်နည်း နှစ်နည်းတော့
တွေ့ထားပါတယ်.. ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။
ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။ လုပ်နည်းလေးကတော့။
အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။ အက္ခရာပေါ်နေတဲ
့ SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။ ဥပမာ .....(069500)
လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။
ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက် က ထည့်ရမဲ့စာလုံးကို
တော့သေချာထည့်ပေးဖို့လိုပါတယ်။ အဲဒါကို ကလစ်လိုက်ရင် Password
တောင်းလာလိုက်မယ်။ ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့
ရအောင်ယူမလဲဆိုတော့ ဥပမာ..ပြထားတဲ့ ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ဝ
)ကိုဖြုတ်ပြီး ( 695001FFB0 ) လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm တောင်းလာရင် နကိုယ်အတိုင်း(
695001FFB0 ) လို့ပဲပြန်ရေးပြီး OK သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။

Azlie

617a6c69303761707231393738

092f222

-----------------------------------

shaiful

30313232343433333730313233

-----------------------------------

Ghost

abcd368368

----------------------------------

Yong ah foo

31393230333331313435323233

----------------------------------

meingan

63353131313036303535323735

----------------------------------

ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ 
Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။

Friday 23 November 2012

ဖုန်းနံပါတ်အပူးအလှ လေလံပွဲ ၀၉-၄၀၄၄၄၄၄၄၄

"မန်းတွင် ဈေးအမြင့်ဆုံး လေလံအောင်ခဲ့သော ဂျီးဖုန်းနံပါတ် ၀ယ်သူမရှိ၍ ရန်ကုန်တွင် ထပ်မံလေလံတင်"

ရန်ကုန်၊ နိုဝင်ဘာ 23

နိုဝင်ဘာ ၁၅ ရက်နေ့က မန္တလေး၌ ကျင်းပခဲ့သည့် ဖုန်းနံပါတ်အပူးအလှ လေလံပွဲတွင် ကျပ် ၄၇ သိန်းဖြင့် ရောင်းချခဲ့သည့် ၀၉-၄၀၄၄၄၄၄၄၄ ဖုန်းကို လေလံအောင်နိုင်သူ လာရောက်ငွေချေခြင်းမရှိသည့်အတွက် ရန်ကုန်တွင် အဆိုပါ ဖုန်းကိုထပ်မံလေလံတင်ရာင်းချခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

အဆိုပါ ဖုန်းမှာ ဂျီဖုန်းအမျိုးအစားဖြစ်ပြီး မန္တလေး၌ ၄၇ သိန်းဖြင့် အမြင့်ဆုံး လေလံဈေးရရှိခဲ့သော်လည်း ရန်ကုန်တွင်မူ ကျပ် ၄၁ သိန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် နံပါတ်အပူး အလှများ လေလံပွဲအထက်ပါဖုန်းနံပါတ်အပူးမှ ဈေးအမြင့်ဆုံးပေးသူကို လက်ဆောင်အဖြစ် i Phone 5 ချီးမြှင့်ပေးခဲ့သော်လည်း လေလံအောင်သူမှာ စရံငွေ ငါးသောင်းသာ မြန်မာ့ဆက်သွယ်ရေးကို ပေးချေပြီး နံပါတ်ကို မ၀ယ်ယူခဲ့ကြောင်း သိရသည်။
(From Popular Myanmar News Journal)

တောင်ကြီးတန်ဆောင်တိုင် (၂၃)ရက်ညလွှတ်အစီစဉ်

(23-11-2012) ညလွှတ်အစီအစဉ်(ညမီးကြီး၊ စိန်နားပန်)

စဉ်                   အဖွဲ့ခေါင်းဆောင်                           မီးအမည်                            ရပ်ကွက်

*( ၁ )               ကိုကျော်ကျော်                                  ခေတ်သစ်                            စိန်ပန်း
*( ၂ )               ကိုရွှေရိုး+ကိုအောင်ငွေ                      ဂိုးလ်စတား                        ညောင်ရွှေဟော်ကုန်း
*( ၃ )               ကိုသန်းထိုက်                                    မြောက်ကျောင်း                 ကံသာ 
*( ၄ )               ကိုအုန်းလွင်                                      လင်းယုန်                             အေးသာယာ
  ( ၅ )                ထူးခန့်ဖြိုး                                         ဓလေ့                                 ချမ်းသာ
  ( ၆ )               ဇေယျာလတ်                                    လမ်းပြကြယ်                        ရေအေးကွင်း
  ( ၇ )               သူရမောင်                                        လူဖြောင့်                              စိန်ပန်း
  ( ၈ )                နေမျိုးကျော်+အောင်မိုးထွေး            ကြယ်ပြောင်                          ကံရှေ့
  ( ၉)                ခွန်အောင်သိန်း                                ခဲဉ်းထောင်း                           ညောင်ဖြူ
  ( ၁၀ )             ဦးငွေ+ညွန့်အောင်                            ရွှေပြည်                               မင်္ဂလာဦး
  ( ၁၁ )             ခွန်မောင်စိုးငယ်                              ဂလတ်စီ(Glaxy)                    ဘုရားဖြူ
  ( ၁၂ )             အိုက်နော်+အောင်သူ                      ပလုတ်တုတ်                          ရတနာသီရိ
  ( ၁၃ )             ဇင်လင်းကို+အောင်စိုးဦး                   ကောင်တန်                            ကျောင်းကြီးစု
  ( ၁၄ )             ကိုတင်မောင်ထွေး(ခ)ရှိုင်းအောင်           ဇင်ယော်                                ချမ်းမြ
      

Thursday 22 November 2012

မီးပုံးပျံစာရင်းများ



 ကြည့်ရတာပုံသေးနေတယ်ဆို Save လုပ်ပြီးကြည့်ပေးပါ။

တောင်ကြီးတန်ဆောင်တိုင် ဒီခေတ်မီး



စိန်နားပန်



ပကပ

တောင်ကြီး တန်ဆောင်တိုင် ဒီခေတ်မီးရဲ့ ဗိုလ်ချူပ်အောင်ဆန်း

ယခုနှစ်မှာ ထူးထူးခြားခြားကတော့ ဒီခေတ်မီးရဲ့ ဒီဇိုင်းက ဗိုလ်ချူပ်အောင်ဆန်းရဲ့ ပုံဖြစ်ပါတယ် ဒီဇိုင်းရေးဆွဲသူ "ကိုအောင်သူ" ဖြစ်ကြောင်းသိရပါတယ် လက်ရာကောင်းမွန်တယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိနေရပါတယ် ဒီခေတ်မီးကို အားပေးတဲ့ပရိတ်သတ်တွေဟာ မကြားရတာကြာနေခဲ့တဲ့ နိုင်ငံတော်သီချင်းတွေသီဆိုပြီး အားပေးနေကြပါတယ် မီးပုံးပျံတစ်ကွင်းလုံး အသံတွေဟိန်းလို့ပေါ့....

Tuesday 13 November 2012

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံစာရင်း

တောင်ကြီး တန်ဆောင်တိုင် မှာ မီးပုံးပျံ လွှတ်တင်မဲ့ အရေအတွက်----
(၁) ညလွှတ် စိန်နားပန် (၃၆) လုံး
(၂) ညလွှတ် ညမီးကြီး (၉၆) လုံး
(၃) နေ့လွှတ် ခြေ(၂) ချောင်း (၁၆၁) လုံး
(၄) နေ့လွှတ် ခြေ(၄) ချောင်း (၉၆) လုံး
(၅) နေ့လွှတ် အရုပ်အုပ်စု (၇၀) လုံး
စုစုပေါင်း (၄၄၉) လုံး လွှတ်တင်မှာ ဖြစ်ပါတယ်။ နေ့အလိုက် လွှတ်တင်မဲ့
စာရင်း မဲခွဲ ဆုံးဖြတ်ပြီးပြီ ဖြစ်လို့ မကြာမီ လက်ကမ်းစာစောင်များနဲ့
ဖြန်ဝေတော့မှာ ဖြစ်ပါတယ်။

Thursday 1 November 2012

တောင်ပေါ်သား ခရီးသည်ယာဉ် ကျွဲတပ်ဆုံ တံတားတွင် မှောက်

31.10.2012 ည(10)ရီခန့်တွင် တောင်ကြီးမှထွက်ခွာလာသော တောင်ပေါ်သား ခရီးသည်ယာဉ်သည် ကျွဲတပ်ဆုံ တံတား အ၀င်တွင် မတော်တဆ တိမ်းမှောက်ခြင်းဖြစ်ပွားခဲ့ရာ ယင်းဖြစ်ပွားမှုကြောင့် လူအသေအပျောက်သတင်းမရရှိသေးပါ။ နံနက်(10)နာရီအထိ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေကြောင်းသိရှိရပါသည်။

Monday 29 October 2012

ညထဲက ကဗျာ


အိပ်မရတဲ့ ငါ့ညတွေထဲ အတွေးတွေနဲ့
အရှုံးမပေးခဲ့ ဘ၀ရဲ့ လမ်းတွေထဲ

လဲကျ ဖေးမသူမရှိလဲ ငါတစ်ယောက်တည်း
ဘ၀ရဲ့ခရီး လေနှင်ခဲ့

ငါ့အနားနား မင်းမရှိတဲ့ နေ့တွေလည်း
ငါကြွေကွဲ ဒီနေ့တွေပဲ...

အချိန်တွေရယ် ကုန်ပါတော့ကွယ်
ငါ့အနား မင်းရှိဖို့လိုတယ်...

ငှက်တစ်ကောင် အိပ်မက်

အလင်းရောင်ရှိတုန်း ငါပြေးလို့သွားမယ်...
အမှောင်ချိန်တွေဟာ တစ်နေ့ရောက်လို့လာလိမ့်မယ်
အရှိန်အဟုန်နဲ့ အဝေးမှာ....
ငါ အိပ်မက်မက်သလို အချစ်တွေနဲ့
အခိုက်တန့် မမြဲခြင်းတွေ
မိုးသားတွေလို ၀ိုးတ၀ါးပါ...။
ပြန်တွေးကြည့်တော့ မမြဲခြင်းတွေသာ
ငါ့အနားထွက်ခွာ တစ်နေရာစီမှာ
ကမ္ဘာခြားခဲ့ပြီကွာ..။
နေ၀င်ချိန်တွေက ငါ့ကိုလှောင်ပြောင်လို့
သူ့အပြုံးတွေက အောင်မြင်မှုဟန်
ရဲရင့်အရောင်တွေနဲ့ တိမ်တွေနီနီ
နေလုံးနီ...

Tuesday 23 October 2012

Window 7 Desktop မှာ မြန်မာလို မပေါ်တဲ့ ပြသနာ

Window 7 Desktop မှာ မြန်မာလို မပေါ်တာက Them Change ထားလို့ လဲဖြစ်တယ် နောက်တစ်ခု အဲဒီ Them ရဲ့ Font မှာ တစ်ခြား ဖေါက် တစ်ခုခု ဖြစ်နေလို့ ဖြေဆင်းနည်းကတော့ ဒီလိုပါ ပထမဦးဆုံး Right click တောက်လိုက်ပါ Desktop မှာ ပြီးရင် Personaliz ကိုသွား  ပြီးရင် အောက်ဆုံးမှာ Desk top Background ရယ် Windows Color ၇ယ် Sonds ရယ် Secreen Saver  ရယ် လေးခုတွေ့မယ်  windows color ကို Click လိုက်ပါ  ပြီးရင်  ပွင့်လာရင် အောက်ဆုံးက Advanced appearance Settings ကို Click ပါ ပီရင် BOx ပေါ်လာရင် Iteam မှာ ICon ကိုရွေးလိုက် အောက်က Font မှာ Zawgyi one ကိုရွေးလိုက်ပါ  Ok

Friday 19 October 2012

စကုမြို့ အမှတ်တရ


စကုမြို့ထိပ်တွင်တည်ရှိနေသော ဘုရားစေတီများဖြစ်ပါတယ် စကုမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိတဲ့ မင်းဘူးခရိုင်ထဲမှ (စကု)မြို့ဖြစ်ပါတယ် ဒီပုံတွေကိုကျွန်တော်ရောက်ခဲ့တုန်းက ရိုက်ယူခဲ့တဲ့ပုံတွေပါ ဗီဒီယိုဖိုင်တွေရှိပါသေးတယ် File Size တွေနဲ့ကွန်နက်ရှင်နဲ့ အဆင်မပြေသေးလို့ မတင်သေးတာပါ ဒီပုံတွေဟာ စကုမြို့ရဲ့ ပုံရိပ်တွေဆိုလည်းမမှားနိုင်ပါဘူးဗျာ။









စကုမြို့ထိပ် ထုံးဖြူဖြူးစေတီ
                  

ဘိုးနန်းသူဘုရားစေတီ
ကျောင်းသားဟောင်းများ အမှတ်တရဖြစ်စေဖို့



ကျောင်းတက်ကျောင်းဆင်းခေါင်းလောင်းလေး မှတ်မိနေမှာပေါ့