ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 28 August 2012

Nokia ဖုန်းကို PC မှာ အင်တာနက်သုံးမယ်

 
ဖုန်းတွင် လုပ်ဆောင်ရန်
(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။


ကွန်ပျူတာတွင် လုပ်ဆောင်ရန်
(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
(၂) ဖုန်းကို USB နဲ့ ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။

Friday 24 August 2012

Wireless Router ကို ခ်္တိ္ဆက်ျခင်းနွင့် Configureျပုလုပ်ျခင်း


ကျန်ြတ္တောို့တစ်တြေက Wireless Network ကို သုံျးပီဆိုမွေတာ့ Wireless Router နဲ့ပက်သက္လို့လည်း
သိထားရမွာပဲပေါ့။ ဟုတ္တယ္မို့လား။ အချုေပျာပမွာကဗ်ာ.... Wireless Router ရဲ့ Configuration တြေကို
Update လုပ္ဖို့ အတြက် အဲဒီ Wireless Router ကို Computer နဲ့ဘယ္လ္ခိုတ္ဆက် အသုံျးပုမလဲဆိုတဲ့
အေကြာင်းအရာလေးပါ။ ကျန်ြတ္တောို့တြေ Wireless Router ရဲ့ Configuration တြေ Update လုပ္ဖို့ အတြက်
Router ကိုဆက်ြသယ္ဖို့တော့ လိုကိုလိုအပ္ပါတယ်။ ပထမဦးဆုံး Wireless Router ၇ဲ့ Screen ကို Access
လုပ္ဖို့အတြက် Router ရဲ့ IP Address ကို သိမွရပါမယ်။ နောက်ပြီး Wireless Router ရဲ့ IP Address ကိုသိမွ
ရပါမယ်။ နောက်ပြီး Wireless Router ထဲကိုဝင္ဖို့ အတြက် admin Log in Name နဲ့ Password ကိုသိရပါမယ်။
ကျန်ြတ္တောို့က Wi-Fi Connection တြေရဲ့ Problem တြေနဲ့ သူတို့ကို ဘယ္လိျုေဖရွင်းမလဲ ဆိုတာတြေကို
သိထားသင့် ပါတယ်။1.    Router ရဲ့လက်ရွိ Local IP Address ကိုသက္မွတ်ျခင်း Home Broudband router တြေမွာဆိုရင်တော့ သူတို့ရဲ့ default IP Address တြေကေတာ့ မ်ားသောအာျးဖင့် 192.168.0.1, 192.168.1.1 , 192.168.2.1
တိျု့ဖစ်ကြပါတယ်။ ဆိုလိုတာက

.......Network Router တြေမွာဆိုရင် Internal home LAN အတြက် IP Address တစ္ခု၊ external Internet
WAN အတြက် IP Address တစ္ခုရွိပါတယ်။ Internal LAN - IP Address တြေက ပုံမွန်အာျးဖင့်တော့ Default
ထည့်ထားပါတယ်။
ဥပမာ......Linksys Router တြေဆိုရင် သူ့ရဲ့ Internal IP Address ကို 192.168.1.1  D-link နဲ့ Netgear
Router တြေမွာဆိုရင် သူတို့ Router တြေရဲ့ Internal IP Address က 192.168.0.1 နဲ့ အခို့ US Robotics
Router တြေမွာ192.168.123.254 ၊ အခို့ SMC Router တြေမွာ 192.168.2.1 အစရွိသျဖင့်
အသုံျးပုကြပါတယ်။ ဒါပေမယ့် ဘယ် Router Brand ပျဲဖစ်ျဖစ္ပါ သူတို့ရဲ့ default Internal IP Address
တြေကေတာ့ သူတို့ရဲ့ Documentation မွာပါရွိပါတယ်။
Administrator တြေက ၎င်း default Internet IP Address ကို Router Setupလုပ်ရင်ျးေပာင်းသြားတတ္ပါတယ်။
ဒါပေမယ့် ၎င်း default Internal IP Address က Fixed အေနနဲ့ တည်ရွိတဲ့ အတြက် Router administrative
Console ထဲမွာတြေ့နိုင္ပါတယ်။
External IP Address ကေတာ့ Router ကို Internet ခိတ္ဆက္တဲ့ အခါမွာ ထည့်ရတာပါ။ ဒီ Address
ကိုလည်း Router  ရဲ့ Administrative Console ထဲမွာကြည့်နိုင္ပါတယ်။ ကဲ......IP Address သိပြီဆိုရင်တော့
Router ထဲကိုဝင္လို့ရပြီပေါ့။
2.    မိမိ Computer က Router နဲ့ Ethernet Cable နဲ့သ္လောည်းကောင်း Wireless သ္လောည်းကောင်း

ခိတ္ဆက္ထားတဲ့အခါ မိမိရဲ့ Computer မွာ Valid IP Address ရွိနေရပါမယ်။ ဆိုလိုတာက Router ရဲ့ IP
Address နဲ့ Computer ရဲ့ IP Address ကလိုက်လော်ညီထြေ၇ွိ၇မယ္လို့ျေပာတာပါ။

3.    Router ရဲ့ Local Internal IP Address ကိုအသုံျးပုပြီး Browser နဲ့ဖြင့်လိုက္ပါ။ Browser ရဲ့ Address Bar မွာ

" http:// 192.168.1.1 / "

ုဆိုပြီး ရိုက္ထည့်ပါ။ အဲဒီအခါမွာ  Router ထဲကိုဝင္ဖို့အတြက် User Name နဲ့ Password တောင်းတဲ့ Box
က်လာပါလိမ့်မယ်။ Router ရဲ့ admin Screen ကို အသုံျးပုဖို့ User name ရဲ့ Password ကိုရိုက္ထည့်ပါ။ User
Name နဲ့ Password က Router ရဲ့ Manual စာအုပ်(or) docomentation မွာပါပါတယ်။



4.    အကယ္လို့ Brower ကေန Error Message က်လာရင်တော့ မိမိ Computer နဲ့ Router နဲ့က Connect
မျဖစ်သေးလို့ပါ။ Connection မိအောင် နောက္ထပ် Troubleshooting တြေထပ္လုပ်ရပါလိမ့်အုံးမယ်၊ မိမိရဲ့
Router ကို Reboot (Restart) ခ်လိုက္ပါ။ Network Firewall ကို ယာယီ disable လုပ္လိုက္ပါ။ Router
ကိုစက်ရုံက Default အတိုင်း Setting တျြေပန္ထားပါ။ ၎င်းနောက် အဆင့်(၃) မွာ အတိုင်း Browser
ကေနျပန်ခေါ်ကြည့်ပါ။

Router Configuration(Linksys WRJ54G)

1. Resetting
Router ကို Power Cord နဲ့ခိတ္ဆက္လိုက္ပါ။ Ethernet Connection တြေအားလုံးကျိုဖုတ္လုက္ပါ။Ethernet
Connection တြေအားလုံးကျိုဖုတ္လိုက္ပါ။ Router ရဲ့ Reset Button ကို အနည်းဆုံး 15
မိနစ်လောက်နွိပ္ထားပါ။



2. Cable Setup

မိမိ Computer နဲ့ Router ရဲ့ LAN Port တစ္ခုနဲ့ ခိတ္ဆက္ပါ။



3. Accessing Router
အေစာကျေပာခဲ့တဲ့ အတိုင်း Browser ရဲ့ Address Bar မွာ Rouer ရဲ့ Internal IP Address ကိုရိုက်္ထည့်ပါ။
User Name ကို Blank ထားပါ။ Password ကို admin လို့ရိုက္ထည့်ပါ။


Default Screen



5. Setting Password
ကိုယ့်ရဲ့ Router ကို အျခားသူတြေ ၀င်ရောက် Configure လုပ်ျခင်းမွ ကာကြယ်ရန် အတြက္ကေတာ့ Router
ရဲ့ Password ကိျုေပာင်းပစ်ရပါမယ်။ Router ရဲ့ Password ကို Change ဖို့ အတြက် Administrator ကိုနွိပ္ပါ။
Router Password ဆိုတဲ့နေရာမွာ မိမျိေပာင်းလိုတဲ့ Password ကိုရိုက္ထည့်ပါ။ ပြီးမွ Save Setting ကို Click ပါ။



6. Configure Wireless SSID
Wireless SSID ကို Configure လုပ္ဖို့အတြက် Wireless ကိုနွိပ္လိုက္ပါ။ ၎င်းနောက် Basic Wireless Setting
ကို Click လိုက္ပါ။ Wireless Network Name (SSID) နေရာမွာ မိမိကြိုတ်နွစ်သတ္တဲ့ အမည္ထည့်ပါ။
နောက္ပိုင်းမွာတော့ အခုမိမိ ထည့်လိုက္တဲ့ SSID Name ကိုပဲ သုံးရေတာ့မွာပါ။ ၎င်းနောက် Save Setting
ကိုနွိပ္ပါ။



7. Configure Wireless WEP (or) WPA Security Key
မိမိက ကိုယ့်ရဲ့ Wireless Network ကို Secureျဖစ်အောင် လုပ်ရမယ်။ Internet Connection က
disconnectionျဖစ်နေရင် WEP အစားWPA ကိုအသုံျးပုရမယ်။

For WPA - Wireless tab ကိုနွိပ္လိုက္ပါ။

-   Wireless Security ကိုနွိပ္ပါ။
-   Security Mode မွာ WPA Pre-shared Key ဆိုတာရြေးပါ။
-   WPA Algorithms မွာ TKIP ကိုေ၇ြးပါ။
-   ၎င်းနောက် WPA Sharedkey ကိုရိုက္ထည့်ပါ။ Character 8 လုံးနဲ့ 32 လုံးကြာျးဖစ်ရပါမယ်။ မိမိမွတ္မိလြယ္မဲ့ စကားလုံးမိုး

ကိုထည့်ပါ။
-   Save Setting ကိုနွိပ္ပါ။

For WEP
-   Wireless ကို Click ပါ။
-   Wireless Security ကိုနွိပ္ပါ။
-   Security Mode မွာ WEP ကိုရြေးပါ။
-   Default Transmit Key ကို "1" လို့ထားပါ။
-   WEP Encryption မွာ 128 bits  26 hex digits ကိုရြေးပါ။
-   Passphrase Field မွာနွစ်သက်ရာ Passphrase ကိုထည့်ပါ။
-   Generate ကိုနွိပ္ပါ။
-   Generate ကိုနွိပ္လို့ Key တြေထြက္လာတဲ့ အခါ Key 1 က Code တြေကိုသေခ်ာခ်ရေးထားပါ။ ဒါက ကိုယ်ရဲ့ WEP

Keyျဖစ္ပါတယ်။ နောက္ပိုင်းက်လိုလာပါလိမ့်မယ်။
-   Save Setting ကိုနွိပ္ပါ။





8.Final Cable Setup                                                                                              

မိမိရဲ့ Computer နဲ့ Router ရဲ့ LAN Port တစ္ခုခုနဲ့ ခိ်န္ဆက္ပါ။ ၎င်းနောက္နံရံက Port  နဲ့ Router ရဲ့ WAN
Port ကိုဆက်ြသယ္လိုက္ပါ။



၎င်းနောက် Control Panel ကိုသြားပါ။


Classic View ကိျုေပာင်းလိုက္ပါ။


Network Connection ကိုနွိစ္ခ်က်နွိပ္ပါ.။


Wireless Network Connection ကို Right Click နွိပ်ပြီး Properties လို့ျေပာပါ။



Wireless Network Tab ကိုသြားပါ။



Use Windows to Configure my wireless network Setting ဆိုတဲ့ဘေးက Check box ကို ON ပေးပါ။
၎င်းနောက် Add Button ကိုနွိပ္ပါ။



Network Name SSID ကိုရိုက္ထည့်ပါ။ အေစာက ပေးထားခဲ့တဲ့ အမည် The Key is Provided for me
Automatically ဆိုတဲ့ Check Box ကျိုဖုတ္ပါ။
Network Key နေရာမွာ အေစာက Key 1 ရဲ့ Code တြေကိုထည့်ပေးပါ။ Confirm မွာေ၇ာ နွစ္ခါထည့်ပေးပါ။
okျပိးတဲ့ အခါမွ တော့  ဒီလုပ်ငန်း စဉ်ျပီးဆုံးပျါပီ ။

Wednesday 15 August 2012

Android phone နှင့် အင်တာနက်အသုံးပြုခြင်း


ယနေ့ခေတ်မှာ အင်တာနက်ကို လွယ်ကူစွာရယူသုံးစွဲလို့ရနေပြီဟုတ် ဖုန်းတွေထဲမှာထည့်သုံကြမယ် မိမိLaptop မှာဖုန်းထဲက အင်တာနက်ကိုယူသုံးမယ်ဟုတ်။ ဖုန်းနဲ့သုံးမယ်ဆိုရင်တော့ Android phone တွေကအဆင်ပြေပါတယ်။ Android phone မှာအင်တာနက်သုံးမယ်ဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာ ဆက်သွယ်ရေးမှာ လိုင်းဖွင့်ခိုင်းရပါမယ် (10000)ကျော်ပေးရမယ်ထင်တယ်။ ကိုယ့်ဖုန်းထဲကို အင်တာနက်လိုင်းရောက်လာပြီဆို E ပုံစံလေး ဖုန်းအပေါ်နားမှာလာပေါ်ပါမယ် ပြီးတော့ အဲဒီ E ရဲ့ဘေးမှာ အသွားအပြန်မြှားလေးနှစ်ခုရှိနေပါမယ် အဲဒီလိုမပေါ်ဘူးဆိုရင်တော့ setting လုပ်ဖို့လိုပါမယ် ကျွန်တော်တော်တော်များများ Android phone တွေမှာဆိုဒီလိုတွေ့ရပါတယ် ယခုပြောမှာက Samsung Glaxy Ace မှာလိုလုပ်ပြမှာပါ။ မိမိဖုန်းရဲ့ setting>>Wireless and network>>Mobile network>>Use packet data မှာ အမှတ်ခြစ်ပေးလိုက်ပါ။ Data roaming မှာအမှတ်ခြစ်ပေးလိုက်ပါ နောက်တစ်ခုက Accept Point name ထဲဝင်ပြီး mptnet ဆိုပြီးရိုက်ထဲ့လိုက်ပါ ပြီးရင် Save or Ok ပေါ့ဗျာ။ ဒါဆိုစောစောကကျွန်တော်ပြောသလို E ပုံနဲ့ မြှားပုံ ဖုန်းအပေါ်နားမှာပ်ါလာပါမယ် အဲလိုမှမပေါ်ဘူးဆိုရင်တော့ လိုင်းမပွင့်သေးလို့သေချာပါတယ်။ ဒီလိုလုပ်ပြီးရင် ဖုန်းထဲမှာအင်တာနက်သုံးလို့ရပါပြီ။
နောက်တစ်ခုက ဖုန်းထဲမှအင်တာနက်ကို usb ကြိုးသုံးပြီးကွန်ပျူတာနဲ့ Join သုံးမယ်ဆိုရင်တော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး သူ့ရဲ့PC suite software လိုပါမယ် အဲဒီPC suite software ကိုမိမိကွန်ပျူတာမှာInstallလုပ်ပေးရပါမယ်။PC suite မရှိသူများကတော့ GOOGLE Search မှာရှာပြီးဒေါင်းလိုက်ပါ Install လုပ်ပြီးတာနဲ့ ဖုန်းကို usb ကြိုးသုံးပြီး ကွန်ပျူတာနဲ့ Join လိုက်ပါ။ဖုန်းsetting ထဲကိုဝင်ရပါမယ် Wireless and network>>Tethering andportable hotspot>>usb tethering ကိုအမှတ်ခြစ်ပေးလိုက်ပါ ခဏအကြာမှ Network ချိတ်ဆက်မှုဖြစ်ပေါ်လာပါမယ် ကြိုက်နှစ်သက်ရာ Home network သို့မဟုတ် public network မိမိအသုံးပြုလိုရာရွေးလိုက်ပါ မရွေးပဲပိတ်လိုက်လည်းရပါတယ် အားလုံးဟာ No proxy တွေနဲ့ပဲသုံးပါမယ် ဒါဆိုရင် usb ကြိုးနဲ့ချိတ်ဆက်အသုံးပြုတာ အောင်မြင်သွားပါပြီ။နောက်တစ်ခုကတော့ Portable WiFi hotspot အကြောင်းလေးဖြစ်ပါတယ် ဖုန်းကို usb ကြိုးတပ်ပြီးမသုံးချင်သူများအတွက်ပါ ဖုန်းကနေ WiFi လွှင့်ပြီး WiFi ပါတဲ့ Laptop ကွန်ပျူတာမှာ သုံးဖို့ဖြစ်ပါတယ်။ တစ်ချို့ Android phone တွေမှာတော့  Potable WiFi hotspot မပါဘူးဗျ မပါဘူးဆိုင်လည်း ၀မ်းနှုတ်ဆေးစားလိုက်ပါဗျာ...:D မှားသွားတယ် Portable  WiFi hotspot apk ကို Google မှာရှာဒေါင်းပြီးသွင်းလိုက်ပါနော်။ဖုန်းထဲမှာ ရှိနေပြီဆိုရင်ဒီလိုလုပ်ရအောင် Setting>>Wireless and network>>Tethering andportable hotspot>>portable Wi-Fi hotspot အမှတ်ခြစ်ပေးလိုက်တာနဲ့ မိမိ Laptop မှာ Wireless on ထားတယ်ဆို အဲဒီမှာပေါ်နေပါပြီ များသောအားဖြင့် AndroidAp(....)ဆိုပြီးလာပေါ်ပါမယ် အဲဒီဟာကို connect လုပ်လိုက်တာနဲ့ ဖုန်းမှာရှိတဲ့အင်တာနက်ကို အသုံးပြုနိုင်ပါပြီဗျာ။ဒီပို့စ်လေးကတော့ဖြင့် ကျတော်ကြုံရ သိသမျှလေးဖော်ပြပေးရခြင်းဖြစ်ပါတယ် အပြည့်စုံတာများရှိခဲ့ရင် ခွင့်လွတ်ပါလို့ပြောချင်ပါတယ် ဒီထက်မကရှိတာများကို သိတဲ့မိတ်ဆွေများကလည်း ကွန်မန်းမှေ၇းပေးခြင်းဖြင့် ပြန်လည်မျှဝေပေးစေလိုပါတယ်။ (မှတ်ချက် ရေတစ်ခွက်လောက်တိုက်ပါလား အများကြီးရေးလိုက်ရလို့မောသွားပီ)

ဟာသကမ္ဘာ

*ဧည့်သည် *

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ
မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။ အပြင်တွင်
ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့
အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။ "ကျုပ်က လူသတ်သမားပဲ။
မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်" ယောက်ျားဖြစ်သူက ထိုလူအား
ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။ "မိန်းမရေ၊ ဟောဒီမှာ
မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
သာတဲ့အချက်--

မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘ၀ပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
သမီးရည်းစား

ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ
(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)

ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီး
ရင် ရင်တွေအရမ်းခုန်တာပဲ
(နာမည်မှားခေါ်မိမှာစိုးလို့)

ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမ
ှ လုံခြုံတယ်လို့ ခံစားရတယ် (လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်.
..အိပ်ထဲမှာ ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ
်)ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ
(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)

ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင် ရင်တွေအရမ်းခုန်တယ်
(အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်)

မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ
(မြန်မြန်ပြန်ကောင်းမှာစိုးလို့
)
မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်
ရင် ရင်ထဲမှာဆို့နေတာပဲ(၀မ်းသာလုံး.......၀မ်းသာလုံး)

ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ
(ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့)

ကိုယ်လေမင်းနဲ့လျှောက်လည်ရင် ရင်တွေအရမ်းခုန်တာပဲ
(တိုးမှာစီုးလို့......တိုးမှာစ
ီုးလို့)
ကိုယ်လေမင်းနဲ့လက်ထပ်ရမှာကို ရင်ခုန်နေတယ်
(ဈေးဝယ်ရ.......ချက်ပြုတ်ရ...ေ
လျှာ်ဖွှတ်ရ တော့မယ်)ဟဲ....ဟဲ...ဟဲ.....အနာခံမှ အသာစံရမှာလေ။

Tuesday 14 August 2012

ဟာသကမ္ဘာမှ ဟာသများ

နေ့စဉ်ဘ၀အမောတွေ ပြေပျေက်လို့သွားအောင် ကျွန်တော်အစီအစဉ် တစ်ခုလုပ်လိုက်ပါတယ် ဟာသလေးတွေဖတ်ပြီး စိတ်ညစ်ပြီး မောပန်းတာတွေမရှိရလေအောင် ဟာသကမ္ဘာမှ ဟာသလေးတွေဖော်ပြလိုက်ပါတယ်။ တစ်ချို့က  စိတ်ညစ်ရင် မောပန်းရင် ဘာမှမလုပ်ချင်တက်ကြပါဘူး။ ဒီလိုဟာသလေးတွေကို မြည်းကြည့်ပါ ဖတ်ကြည့်ပါ။အနည်းဆုံး စိတ်ညစ်တာတွေ မောပန်းတာတွေ သက်သာသွားပါလိမ့်မယ် အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
ကဲအားလုံးအဆင်သင့်ဖြင်ပီနော်...ရယ်မောလိုက်ကြစို့................:D

လွတ်လပ်ရေးကိုတိုက်ပေးတဲ့သူ”

တစ်ခါက ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းသည် ကျောင်း တစ်ကျောင်းသို့ရောက်ရှိစဉ် အတန်းများ ကိုလှည့်လည်စစ်ဆေး လေသည်။
ထို့နောက် သုံးတန်း အခန်း တစ်ခုသို့ဝင်ကာကလေးငယ် တစ်ယောက်ကို မေးလိုက်သည်။
ဝန်ကြီး။ ။ သားလွတ်လပ်ရေးကို ရအောင်တိုက်ပေးခဲ့တဲ့သူရဲ့နာမည်ကိုသိလား
ကျောင်းသား။ ။ ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ
ဝန်ကြီး။ ။ ဒါဆိုပြောပြပါဦးကွယ်-
ကျောင်းသား။ ။ ဟုတ်ကဲ့ သီဟတင်စိုး ပါခင်ဗျာ

သူ မှာထားခဲ့လို့

" ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ "
" ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ "

သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။

တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။

လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။

ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။

ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ.................... :P

မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "

" ပါးကျိုးမယ် " တဲ့ :P

မာစတာကီး

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်။

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့
“ယောက်ျားကောင်း မောင်းမတစ်ထောင်”တဲ့။
မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များပိုအိပ်မိရင်တော
့ မကောင်းတဲ့ မိန်းမ။
ကြေးစားမတဲ့။
အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် “မာစတာကီး”လို့
ခေါ်တယ်လေ။
သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့
သော့ခလောက် ဖြစ်သွားမှာပေါ့....

(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"
(ပိုရနိုင်တယ်)

"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
"ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"
သူဘယ်မှာလဲ....

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။


Sunday 12 August 2012

Myanmar Mobile App Market”

Android applicaton,game များကို Android ဖုန်း/Tablet များမှ တိုက်ရိုက်ရယူနိုင်မည့် Mobile App Market ” Myanmar Mobile App Market” ကို Download ရယူနိုင်ပါပြီ။ Android ဖုန်းသုံးစွဲသူ Mobile Users များအဆင်ပြေစေဖို့အတွက် Myanmar Mobile Application Store ရဲ့ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။



မြန်မာ Mobile App Market ရဲ့ Features များကတော့


-ပထမဆုံးမြန်မာစာစနစ်သုံး မြန်မာ Android market application ဖြစ်ခြင်း

-application မှ မြန်မာစာကိုမြင်ရန် ဖုန်းတွင် root လုပ်ထားရန်/မြန်မာစာ သွင်းထားရန်မလိုအပ်ခြင်း

- ဖုန်းဆော့ဝဲ ၊ ဂိမ်းများအားလုံးကို မြန်မာဘာသာဖြင့် detail ဖော်ပြပေးထားခြင်း

-မြန်မာ Mobile App Market မှ ဆော့ဝဲများကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် Direct Download ရယူနိုင်ခြင်း

-free version ထုတ်ဝေထားသော android app,game များ ၊ ပိုက်ဆံပေးဝယ်ယူရမည့် android app,game များကို မြန်မာ Mobile App Maket တွင်အခမဲ့ရယူနိုင်အောင်တင်ပေးထားခြင်း

တို့ပဲဖြစ်ပါတယ်။
မြန်မာ Mobile App Market တွင် App, Game သီးသန့်ကဏ္ဍများခွဲထားသည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ကဏ္ဍခွဲများထပ်မံခွဲပေးထားသောကြောင့် မိမိတို့လိုချင်သော app ကိုရှာဖွေရာတွင် ပိုမိုထိရောက်လွယ်ကူစေမည်ဖြစ်ပါသည်။




application,game တစ်ခုစီချင်းဆီ၏အကြောင်းအရာများကို မြန်မာဘာသာဖြင့်သာ ရှင်းလင်းဖော်ပြထားသောကြောင့် Android ဖုန်းကိုင်သော မြန်မာလူမျိုးတိုင်း application တစ်ခုချင်းစီရဲ့အကြောင်းအရာများကို မိမိတို့၏မြန်မာဘာသာစကားဖြင့် အလွယ်တကူနားလည်သိရှိနိုင်မည်ဖြစ်ပါသည်။

မြန်မာ Mobile App Market အားရယူရန်
  myanmarmobileapp မှကူးယူဖော်ပြထားပါသည်။

Friday 10 August 2012

အိပ်ပျက်ည

အိပ်ပျက်ညတွေမှာ မေးခွန်းတွေနဲ့
အဖြေကိုရှာ မရေရာ ...
အလင်းမဲ့ညတွေထဲ
မျှော်လင့်ချက်တွေ ဗလပွ
အသက်ရှူလို့မ၀တော့ဘူး
အလင်းတန်းတစ်ခုကို လိုက်ရှာနေတယ်
လက်ထဲမှာစုပ်ကိုင်ထားတာ ငါ့ဘဝ
တစ်စုံတစ်ယောက် လုယူသွားပြီ
ငါမရှိတော့ဘူးလာ....
ငါ့ဘ၀ကဘယ်မှာလည်း...........ဘယ်မှာလည်း

Thursday 9 August 2012

မြူနှင်းပုံပြင်

မြို့ပြညတွေက မီးအရောင်တွေနဲ့
ချမ်းအေးမှုက တစိမ့်စိမ့်ပေါ့
တောင်တန်းတွေပေါ်က ဆင်းသက်လာကျတဲ့
မြူနှင်းတွေက မသဲကွဲစေတော့ဘူး
လူတွေနဲ့ အရာဝတ္ထုတွေ မှုန်ဝါးစေပြီ...
စက်တပ်ယာဉ်တွေမှ မီးအလင်းတွေမြင်ရတယ်
ကိုယ်စီသွားလာနေကြတယ်...
ကျွန်တော့်အတွေးတွေကလည်း
ဆက်လက်မျောပါနေခဲ့တယ်
အအေးကဲနေတာကိုမေ့လို့
ကျဆင်းနေတဲ့ မြူနှင်းတွေက
ကျွန်တော့်ကိုလာမေးနေကြတယ်
မှုန်ဝါးနေတဲ့အရသာကို ခံစားနေတာလားတဲ့
ဟုတ်တယ်.....မှုန်ဝါးနေတဲ့ ကျွန်တော့်ဘဝ
ဘယ်အချိန်များ ဆိုတဲ့ခံစားမှုတွေနဲ့
သူတို့တွေမပြန်ခင် ပြောသွားကြတယ်
ဒါတွေဟာ အခိုက်အတန့်ပါ
ဘ၀ဆိုတာ ပုံပြင်တစ်ပုဒ်ပါတဲ့
တစ်ခန်းခြင်းသွားနေတဲ့ ပြဇာတ်တစ်ပုဒ်လိုပါတဲ့
မြူနှင်းတွေ ကျွန်တော့်ကိုပုံပြောသွားတာလား
အတွေးတွေရပ်သွားတော့ အရမ်းအေးနေပြီ
လမ်းမဘေးမှ ကျွန်တော်ထွက်ခွာသွားရလေပြီ....

Wednesday 8 August 2012

"အခန်းထဲက ကဗျာ"

ငါ့အခန်းကျင်းလေးထဲမှာ မွန်းကြပ်မှုတွေနဲ့
ငါတစ်ယောက်တည်း...
မျှော်လင့်ထားမှု့တွေအတွက်နဲ့
ငါ့အင်အားတွေ....
အချိန်တွေက စကားပြောတယ်
တိတ်တိတ်လေး အနားကထွက်သွားတယ်
တိတ်တိတ်လေးပဲ ပြန်ဝင်လာခဲ့တယ်
ပုံရိပ်တွေဆိုတာ ပုံရှိခဲ့လို့ပေါ့
အမြဲပုံဖော်နေခဲ့တယ်...
ပျော်စရာအချိန်တွေ ခဏလေး
ရင်မှာကိုယ်စီ အတွေးတွေနဲ့ည
မနက်ဖြန်တိုင်းကို မျှော်ငေးနေမိတယ်
ငါ့အတွက်က ကမ်းပါ
မိုးတိမ်းတွေက ရွာသွန်းတယ်
ငါ့အတွက်မျက်ရည်
တသွင်သွင် စီးဆင်းလို့ စမ်းချောင်းက
ငါ့အလွမ်းတွေ.........
ပန်းလေးတွေပွင့်လို့ ကမ်းလင့်လို့မမှီ
ငါ့အတွက်အဝေးမှာ အတွေးတွေနဲ့ဝေ
နေညိုချိန်တွေ ငါလွမ်းတက်လို့
အဝေးကအမေ့အိမ်ကို တမ်းတနေတယ်
အဖြူရောင်စာမျက်နှာတစ်ချို့
ညစ်ပတ်လို့နေပြီ အမေ............။

Sunday 5 August 2012

ကော်ဖီည

ရေချလိုက်မိတာတွေက စိတ်ကူးယဉ်မှုတွေနဲ့အတူ လက်တွေရှင်သန်ခြင်းတွေနဲ့ပေါ့ ဒီနေ့ဆိုစနေနေ့လေးတစ်ရက် ညနေ(4.30)မှာချစ်ရသူDuty ရှိတဲ့အတွက် အိမ်ကိုသွားခေါ်ပြီးအလုပ်ကိုလိုက်ပို့ခဲ့လိုက်တယ် သူညပြန်ရင်အေးမှာမို့အင်္ကျီအပိုတစ်ထည်ပါလာတယ်လေ အဲဒါကို ကျတော်အိမ်အပြန်ယူသွားလိုက်တယ် အိမ်ရောက်တော့ ခုတင်ပေါ်ပါလာတဲ့ချစ်သူအင်္ကျီကိုထားပြီး နာရီကို Alam ပေးပြီးအိပ်လိုက်တော့တယ် ည(7)သွားကြိုရမဲ့အချိန်ထက်အနည်းငယ်စောထပြီး မျက်နှာသစ်အ၀တ်စားလဲပြီးသွားလိုက်တယ် ပြီးတော့ ကျတော်တို့ချစ်သူနှစ်ယောက်ပြောထားတဲ့အတိုင်း ဘုရားရင်ပြင်ပေါ်သွားပြီး ကော်ဖီသောက်ရင်းထိုင်နေမိကြတယ် ဗိုက်ဆာတယ်ဆိုလို့ စတော်ဘရီပေါင်မုန့် တစ်ခုပါသေးတယ် အစီအစဉ်မရှိတဲ့စကားတွေပြောနေရင်း နှစ်ယောက်သားကျေနပ်နေခဲ့ကြတယ် လူကနှစ်ယောက် ကော်ဖီသုံးခွက်ဖြစ်သွားခဲ့တယ် ကျတော်ကော်ဖီတစ်ခွက်မ၀လို့ဆိုပြီး နောက်တစ်ခွက်မှာလိုက်တာပါ နှစ်ယောက်အတူသောက်လိုက်တယ် အချိန်အနည်းငယ်ကြာတော့ ရင်ပြင်မှာရှိတဲ့လှေခါးထစ်တစ်နေရာမှာထိုင်ပြီး ကော်ဖီသောက်ပြီး ညရဲ့အေးချမ်းတဲ့အရသာနဲ့အတူ လေပြေတွေဖြတ်အသွားမှာပေါင်းစပ်ခံစားနေလိုက်ကြတာ အချိန်က(9)နာရီရှိနေပြီ ဒါနဲ့မြို့ထဲဆိုင်ကယ်ပတ်စီးပြီး ချစ်သူကိုအိမ်ပြန်လိုက်ပို့ခဲ့ပါပြီ။ အိမ်အပြန်လမ်း တစ်ယောက်တည်းအတွေးတွေနဲ့ပေါ့ ချစ်သူကိုသတိရနေပြန်တာမလွန်ပါဘူး သူ့ရဲ့နွေးထွေးမှုတွေနဲ့ ခဏလေးဝေးသွားရရင် ကျတော်စိတ်ထဲမှာမနေတက်တော့ဘူးဖြစ်နေရတယ်လေ ချစ်သူကပြောဘူးတယ် အနိုင်အရှုံးနဲ့ပတ်သက်လို့ ကျတော်ကနိုင်ပါတယ်ဆိုတာမျိုးပေါ့ ကျတော်က အဲဒီလိုအနိုင်အရှုံးသက်မှတ်မယ်ဆိုရင်တောင် တစ်ဘ၀လုံးကျတော်ကရှုံးနိမ့်ရမှာပါ ဘာကြောင့်လည်းဆို ရင်ဘက်ထဲကနစ်နေအောင်ချစ်ခဲ့မိလို့ပါပဲ အရမ်းချစ်မိရင် သံသယတွေရှိတက်မယ် အရမ်းခံစားရတက်လွယ်မယ် မကြာခဏ သတိရနေတက်တာတွေကသက်သေပေါ့။အနားမှာမရှိတဲ့အချိန်တွေတိုင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးအေးစက်ပြီး သူအနားမှာရှိနေတက်တဲ့နွေးထွေးမှုတွေကိုတောင်းတနေတက်မိပြီ။ဒီညတော့ ကော်ဖီပူပူလေးအတူသောက်ပြီး ချစ်သူနွေးထွေးမူ့တွေကို ကျတော်ပိုင်ဆိုင်ခဲ့ရပါတယ် အချိန်ပေးအတူရှိနေပေးတဲ့ချစ်သူကို ကျေနပ်ကျေးဇူးတင်ပါတယ်ကွာ

"အဓိပ္ပါယ်မဲ့အသက်ရှူနေ့ရက်တွေနဲ့ငါ"

လွမ်းစရာတွေက တစ်စုံတစ်ရာများစွာ
နာကြင်စရာတွေက မကြာခဏ
အခါခါ ရှုံးနိမ့်ရတာတွေက ကြုံတွေ့ရ
ပြေးထွက်ဖို့လမ်းတွေက ဘယ်မှာမသိ
အကြိမ်ကြိမ်ငါတွေးကြည့်တော့
မရေရာတဲ့ ဘ၀က ငါ့အတွက်တဲ့လား
သေချာတာတစ်ခုကတော့
အလင်းတန်းရှိတဲ့ရက်ကို ငါမျှော်လင့်နေတာ
လက်ရှိငါတွက်နေတဲ့ပုဒ်စာ
အဖြေမှရှိသေးရဲ့လား ဘ၀ကခါးနေတာလား
အသက်ရူလို့မ၀တဲ့ ငါ့နေ့ရက်တွေ
လေပြေရယ် ခဏလောက်သယ်ဆောင်ပေးပါလားကွယ်...