..........၀င်ရိုးစွန်းမှာ.............
            နင်ဟာငါ့ရဲ့ စကားလုံးတွေ
            သီချင်းများကိုပြောင်မြောက်စေသူ....
            နင်ဟာငါ့ရဲ့  မိုးစက်လေး
            နင်သာငါ့ရဲ့ မီးတောက်
            မီးဖိုလေးကိုနွေးစေခဲ့.........
            နင်ဟာငါ့ရဲ့  မျိုးစေ့
            ငါ့သစ်ပင်တို့   စိမ်းလန်းစွာ........
            ငါ့ဝင်ရိုးစွန်းမှာ  နင်ရှိတယ်
            နင်ဟာငါ့ရဲ့  ကိုယ်ယောင်ပြသူ
            အလင်းရောင်ထိုးတိုင်း  လန့် လန့် နိုးတက်တဲ့အိမ်မက်
            နင်ဟာငါ့ လူလိမ်
            အရှံးထဲကငါ့ဘ၀ကို  အဖက်ဆယ်ဖို့   ကြိုးစားခဲ့တဲ့တဲ့လူလိမ်..
            ဝေးလိုက်ကြပါအုံးစို့ 
            နူတ်ဆက်လို့   ပြန်တွေ့ ကြတဲ့အခါ....................
                                      ကောင်းဇော် (ရန်ကုန်)
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။