ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Saturday 23 January 2010

flash sound လုပ်နည်း




swish max ကိုစပြီး run တဲ့ပုံပါ Background ကိုတော့ကြိုက်နှစ်သက်သလိုအရောင်ရွေးနိုင်ပါတယ် အခုတော့ အနက်ရောင်ရွေးထားပါတယ် back gr color မှာရွေးရမှာဖြစ်ပါတယ် width and height ကိုတော့ လိုချင်သလောက်ဆိုက်ကိုထားပါ


insert tab ကိုနှိပ်ပြီးတော့ sound track ကိုရွေးလိုက်ပါ mp3 သီချင်းထည့်ဖို့ပါ mp3 format ဖြစ်ရပါမယ် တစ်ခြား format တွေလက်မခံပါဘူး ။ အဲဒီ tab မှာ image tab ကတော့ ဓါတ်ပုံထဲ့တဲ့ tab ဖြစ်ပါတယ်။ text ကတော့ စာထည့်ဖို့အတွက်ပါ button က play and stop button လုပ်ဖို့၊ sprite က group ဖွဲ့ဟာပါ။
insert- sound track ကိုနှိပ်လိုက်ရင် ပုံအတိုင်းဖြစ်လာပါမယ် မိမိလုပ်ချင်တဲ့ MP3 ကိုယူလိုက်ပါ ၊ MP3 ကို slect မှတ် open နှိပ်ရန်။ အဲဒီလိုပဲ ပုံတွေထည့်ချင်ရင် insert - image ကိုနှိပ်ပြီး အခုလိုပဲထည့်ရပါမယ်။
MP3 time line ထည်းကိုရောက်လာပါပြီ mouse cursor နဲ့ပြထားပါတယ် သို့မဟုတ် ဘယ်ဘက်ဘေးနားက Secne1 အောက်မှာလဲကြည့်နိုင်ပါတယ်။


text ကိုထည့်ပါမယ် insert > text ကိုနှိပ်လိုက်ပါ။
Time line မှာ T ဆိုတာလေးပေါ်လာရင် စာရိုက်လို့ရနေပါပြီ။
လိုချင်တဲ့ font ကိုရွေးပေးလိုက်ပါ win dagon ကိုရွေးပေးလိုက်ပါ။
ညာဘက်ဘေး ကွက်လပ်လေးမှာ ရိုက်ရပါမယ် ပုံကိုကြည့်ပါ သို့မဟုတ်ရင် အပြင်က note pad မှာရိုက်ပြီး
copy ယူထည့်လဲရပါတယ်။
mouse နဲ့ ကိုယ်ကြိုက်တဲ့နေရာကို ရွေ့ နိုင်ပါတယ် ပုံပါအတိုင်းလုပ်ကြည့်ပါ။


စာတန်းကို effect ထည့်ပါမယ် time line ကိုကြည့်လိုက်ပါ အနီမျဉ်းလေးကိုတွေ့ရပါမယ် ထိုနေရာကနေ စထည့်မည်ဆိုပါက select မှတ်ထားရပါမယ်။

အဓိက effect 5 မျိုးရှိပါတယ် ပုံပါအတိုင်း ၊ အခုပြထားတဲ့ effect ကတော့ Appear into position အ၀င် effect ဖြစ်ပါတယ် လိုင်းခွဲတွေကတော့ အများကြီးပါပါတယ် ဒုတိယ effect ကတော့ အထွက် effect ဖြစ်ပါတယ် အခု အ၀င်ထဲက 3d spin in and grow ကိုရွေးလိုက်ပါပြီ နောက် effect ကိုတော့ နောက်တစ်ခုမှာ ဆက်ကြည့်ပါ ။

effect ၀င်လာပါပြီ time line မှာကြည့်ပါ သီချင်းနဲ့ စာသား ကိုက်မကိုက် play ကြည့်ပါ test run ကြည့်ရပါမည် စာသားနဲ့ သီချင်း မကိုက်ရင် effect ကိုရွေ့ပေးရပါမယ် mouse လေးသုံးပြီး လိုချင်တဲ့နေရာကို ရွေ့ပေးလို့ရပါတယ် ။

text run tab ပါ fx လို့ အစိမ်းရောင်လေးနဲ့တွေ့ပါလိမ့်မယ် effect ကို select လုပ်ပြီး အဲဒီ fx လေးကိုနှိပ်ကြည့်လိုက်ပါ effect ထည့်ထားတဲ့နေရာလေးတင် play ပါလိမ့်မယ် ear phone လေးနဲ့ နားထောင်ကြည့်ပါ စာသားနဲ့ ကိုက်မကိုက်ကိုတော့ တဖြေးဖြေးချင်း လိုက်လုပ်ပေးရပါမယ်။
ကိုက်ပြီဆိုရင် စားသားကိုပြန်ထွက်အောင် အထွက် effect ပြန်ထည့်ရပါမယ် အ၀င် effect နောက်မှာထည့်ဖို့ကို ထည့်ချင်တဲ့နေရာကို select မှတ်ပေးရပါမယ် ပုံကိုကြည့်ပါ။
ဒီပုံကတော့ အထွက် effect ထည့်မည့်ပုံပါ အခုပြထားတဲ့ ဒုတိယ လိုင်းက အထွက် effect only ပါ 3d spin out ကိုရွေးလိုက်ပါပြီ....
ပုံပါအတိုင်း စာသားထွက်သွားပါပြီ fx နဲ့စမ်းပြီး run ကြည့်ပါ အခုပြထားတဲ့အထိကတော့ စာသားတွေကို အ၀င် အထွက်လုပ်တဲ့ အထိပါ ဒီလိုပဲ သီချင်းတစ်ပုဒ်လုံးကို လုပ်ရပါမယ် စာသားတစ်ခုထည့်တိုင်း time line မှာတစ်ခုတိုးပါမယ် သတိထားပြီးကြည့်ပေးရပါမယ် ကိုယ်လိုချင်တဲ့စာသားကို select လုပ်ပြီးမှ effect ထည့်လို့ရပါမယ် မှားလို့မရပါဘူး ...။
စာသား(3)လိုင်းထပ်ထည့်ထားတဲ့ပုံပါ ။ ဘယ်ဘက်ဘေး scene 1 အောက်မှာပေါ်နေပါတယ် mouse ပြထားတဲ့နေရမှာလဲ ကြည့်နိုင်ပါတယ် ။ အထက်ကပြောခဲ့သလိုပဲ စာသားတစ်ခုဆီမှာ အ၀င် effect နဲ့ အထွက် effect တွေကိုလိုသလို ထည့်သွားနိုင်ပါတယ်...။ သီချင်းစာသားနဲ့ အသံကိုက်အောင်တော့ ချိန်ညှိပေးရပါမယ်..

ဒုတိယ စာသားမှာ effect ထည့်ထားတဲ့ပုံပါ။ အ၀င်ကော အထွက်ကော ထည့်ထားပြီးပါပြီ..။
အခုလိုပဲ သီချင်းအစအဆုံးကိုလုပ်ရပါမယ် အားလုံးပြီးသွားရင်တော့ file အောက်က save as ကိုနှိပ်ပြီး လုပ်လက်စဖိုင်က သိမ်းရပါမယ်။ အဲဒီလိုသိမ်းခြင်းအားဖြင့် နောက်တစ်ချိန် ပြန်လည်ပြုပြင်နိုင်ပါတယ်။
save as ကိုနှိပ်ပြီးကြလာတဲ့ပုံပါ ။ သိမ်းမည့်ဖိုင်းကို နာမည်ပေးလိုက်ပါ။အခုပုံပါအတိုင်း mama.swi နဲ့သိမ်းလိုက်ပါပြီ ။(. swi) ကတော့ အခုလုပ်လက်စ ဖိုင်နာမည်ပါ။save ကိုနှိပ်လိုက်ပါ သိမ်းမည့်လမ်းကြောင်းကိုရွေးပြီးမှသိမ်းပါ။
swi ကိုသိမ်းပြီးတာနဲ့ ပုံပါအတိုင်းထပ်ြပီးကြလာမယ် ဒါကတော့လုပ်ပြီးသားဖိုင်ကို သိမ်းဖို့ဖြစ်ပါတယ် ။ flash file အဖြစ် swf နဲ့ သိမ်းရပါမယ်။နာမည်ကတော့ ပေးစရာမလိုတော့ပါဘူး ပထမ ပေးထားတဲ့ မမ နာမည်နဲ့ပဲသိမ်းပါမယ် လုပ်ပြီးသား swf ဖိုင်ကို run ဖို့ကတော့ flash player လိုပါတယ် အဲဒါကတော့ ကွန်ပျူတာမှာမရှိရင် google မှာရှာလိုက်ပါ free download လုပ်နိုင်ပါတယ် ဒေါင်းရန်လိပ်စာကိုလဲ ရေးပေးလိုက်ပါသေးတယ် www.sagarwarmyae.net မှ မြန်မာတေးဥယျာဉ် ကိုနှိပ်ပြီး ဒေါင်းနိုင်ပါတယ်။
ဒါကတော့ ဓါတ်ပုံထည့်မဲ့ ပုံပါ insert >> image ကိုနှိပ်လိုက်ပါ။ ပြီးရင် ထည့်ချင်တဲ့ပုံကို select လုပ် open လိုက်ပါ။အဲဒါဆိုဓါတ်ပုံဝင်လာပါမယ်....
ပုံက နောက်က background ထက်ကြီးနေပါတယ် အနီဝိုင်းလေးနဲ့ဖော်ပြထားပါတယ် ဓါတ်ပုံက time line ထဲဝင်လာတဲ့ပုံပါ။
ဒါကတော့ ဓါတ်ပုံကို သေးအောင်ပြန်လုပ်တဲ့ပုံပါ mouse နဲ့ drag ဆွဲပြီး ချုံ့ ၊ ချဲ့ လုပ်နိုင်ပါတယ်။အနီဝိုင်းလေးကိုကြည့်လိုက်ပါ ကိုယ်လိုချင်တဲ့ အနေအထားမှာထားလိုက်ပါ ။
time line မှာဝိုင်းပြထားအပါတယ်။ ဓါတ်ပုံရဲ့ အ၀င် effect ထည့်မဲ့နေရာကို မှတ်တာပါ။
အ၀င် effect ထည့်ပြီးတဲ့ပုံပါ fade in effect ဖြစ်ပါတယ်။ အဲဒီနေရာကိုရောက်ရဓါတ်ပုံပေါ်လာပါလိမ့်မယ်။
ဒါကတော့ fade out effect ပါ။ အဲဒီနေရာကို ရောက်ရင် ဓါတ်ပုံပြန်ပြီးထွက်သွားပါလိမ့်မယ် အထက်ပါအတိုင်း ဓါတ်ပုံတွေကို ကြိုက်သလောက်ထည့်နိုင်ပါတယ် အားလုံးပြီးသွားရင်လဲ အထက်ပါအတိုင်း save လိုက်ပါ ဓါတ်ပုံ ဆိုဒ်များကြီးနေရင် swf ဖိုင်ဆိုဒ်လဲ ကြီးနိုင်ပါတယ်၊ MP3 လဲ ထို့နည်းအတူပါ။ဖိုင်ကြီးရင်ကြီးသလို out put file ကြီးနိုင်ပါတယ်။
ဒီပုံကတော့ effect ရွေးတဲ့နေရာပါ။အနီလေးဝိုင်းလေးနဲ့ပြထားပါတယ်။အပေါ်မှာပြခဲ့သလို အဓိကအသုံးအများ
ဆုံး effect တွေပါ add effect ရဲ့ down arrow လေးအောက်က အားလုံးကတော့ effect အဖြစ်အသုံးပြုတဲ့ tab တွေပါပဲ။တစ်ခုဆီ စိတ်တိုင်းကြလုပ်ကြည့်ပါ..အခုလုပ်တဲ့ software လိုချင်ရင်တော့ ကျွန်တော့် အစ်ကိုကြီး doubletun@gmail.com ဆီကိုလဲမှာယူနိုင်ပါတယ် အပြင်မှလဲဝယ်ယူရရှိနိုင်ပါတယ်ဗျာ အခုပြောပြတာတွေကို အားလုံးအဆင်ပြေနိုင်ကြပါစေ
ကျွန်တော့် ကို ပေးပို့ပေးတဲ့ အစ်ကို ထွန်းထွန်းကိုလဲ ကျေးဇူးတင်ပါတယ်














2 comments:

  1. ကောင်းပါတယ် ကျွန်တော်ကတော့လုံးဝမလုပ်ဘူးတော့သိပ်မသိဘူးခင်ဗျ ဒါပေမယ့်ဝါသနာတော့ပါတယ်ဗျ အကိုအခုလိုရှင်းပြပေးထားတာကိုကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  2. ကောင်းပါတယ် လာရောက်လေ့လာသွားပါတယ်နော်

    ReplyDelete

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။