ခြေထောက်နှစ်ချောင်း ရပ်တည်ခြင်းက
လောကတစ်ခု စိန်ခေါ်ခြင်းနှင့်အမျှ
ထက်တူညီခဲ့၏ …။
ထိုသည်အရပ် သွားမည်ဆုံးဖြတ်
ယုံကြည်မဲ့ခြင်း ငါ့တွင်မရှိ
တစ်ခုတည်းသော ခံယူချက်ပဲရှိခဲ့၏
ငါသည် လုံ့လ ဇွဲနှင့် သည်းခံ
ခံစားသည်မြင် မြင်သည်ကိုမှတ်
လောကဇာတ်ခုံသွားလင့်နေအံ့
ဘယ်မည်ရပ်တန့် ငါလဲမသိခဲ့ပြီ
ရေအလျှင်သွားလင့်နေမည် ….။
ဆုံးမည့်အချိန်ငါအဘယ် သည့်မည်နည်း
နူးညံ့မှုလည်း ငါကြုံတွေ့မည် မုန်တိုင်းထန်လဲ
ငါဝင်တိုးမည် …ကြုံကြုံသမျှ
ငါဘ၀ အဟာရပေတည်း….။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။