ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 26 March 2010

LAN ထဲမှာ Hidden Folder ပြုလုပ်၍ file share ပြုလုပ်ခြင်း

မိမိကွန်ပျုတာကနေ တခြားကွန်ပျုတာတစ်ခုဆီသို့ lan ထဲမှာ file share
ပေးချင်တယ်.။ ဒါပေမဲ့ အဲဒီ share ကို တခြားသူတွေကို မမြင်စေချင်ဘူး..။
တခြားသူတွေ copy မလုပ်စေချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ hidden share
လုပ်လို့ရပါတယ်။ သိပ်ပြီးခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး..။
အတော်တော်များများလည်း ဒီနည်းကို သိပြီးကြပြီ ဖြစ်မှာပါ။
ပြုလုပ်နည်းကတော့..

- မိမိ share ပေးလိုတဲ့ folder name ရဲ့နောက်မှာ $ sign လေးထည့်ပြီးတော့ rename လုပ်ပေးလိုက်ပါ။

-ပြီးရင် အဲဒီ share ကို share လုပ်ပေးလိုက်ပါ။

ဒါလိုဆိုရင် အဲဒီ share ပေးထားတဲ့ folder ကို Network Places ထဲက view
my workgroup computer ကပဲကြည့်ကြည့်၊ Run ထဲက computer name နဲ့ဖြစ်ဖြစ်
IP address နဲ့ဖြစ်ဖြစ် ကြည့်တာနဲ့ share လုပ်ထားတဲ့ folder ကို မြင်ရမှာ
မဟုတ်ပါဘူး..။

ဒီ folder ကို တဖက်ကွန်ပျုတာက ဖွင့်ချင်တယ်ဆိုရင်တော့ Run ထဲကနေ
ဖွင့်လိုတဲ့ computer name (or) IP address ရဲ့ နောက်မှာ share folder
name $ ကိုတိုက်ရိုက် ရိုက်ထည့်ပြီး ခေါ်ယူရပါမယ်.။ ဥပမာ.. share ပေးထားတဲ့
folder name က Data$ ပဲဆိုပါစို့..။ Run ထဲမှာ အောက်ပါအတိုင်း ရိုက်မှ
မြင်ရပါမယ်..


ဒါဆိုရင် hidden share လုပ်ထားတဲ့ Data ဆိုတဲ့ folder ကိုအလွယ်တကူ ဖွင့်လို့ရသွားပါပြီ..။ စာဖတ်သူတွေ အသုံးဝင်ကြမယ်လို့ ထင်ပါတယ်.။


Solakoko မှ ပြန်လည် Share ပေးလိုက်ပါတယ်..။



No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။