အရင်ရက်တွေမှာဆို နေအရမ်းပူတာပဲ မနေ့က မိုးရွာတော့ အိပ်ကောင်းမယ် ထင်ခဲ့တာ အိပ်မပျော်ခဲ့ပါဘူး မီးကလည်းမလာဘူး နဖူးပေါ် လက်တင်လိုက်မိတယ် သူအဲဒီနေရမှာ ဘာတွေလုပ်နေလည်း ဘယ်လိုပုံ များဖြစ်နေလည်း၊ မသိ မမြင်နိုင်တော့ အတွေးနဲ့ပေါ့ စမ်းတ၀ါးဝါးနဲ့ လက်နှိပ်ဓါတ်မီးကို စွဲကိုင်လိုက်ရင်း အိတ်တစ်လုံးမှာ ရှာဖွာကြည့်ရင်း သူ့ဓါတ်ပုံတွေ တွေ့လိုက်မိတယ် ကြည့်နေရင် အဝေးကိုရောက်သွားတဲ့ အတွေးတွေ ပြန်ခေါ်လို့မရအောင်ပါပဲ။ အတူဆုံခဲ့တဲ့ရက်တွေကို စမြုပ်ပြန်နေမိပါတယ်။
ဝေးသွားခဲ့တာကလည်း နှစ်တွေတောင် ကြာနေခဲ့ပြီလေ တစ်ခါတစ်လေတော့လည်း သူ့အသံကို ကြားရတက်ပါတယ် ၀တ်တရားနဲ့ဖြေသိမ့် ပြောနေတာလား နားမလည်နိုင်လောက်တဲ့ စကားတွေလည်းကြားရပါတယ် အရာရာ အိပ်မက်လို့လည်း သူမှတ်ယူတယ်လို့ ခဏခဏလည်း ကြားနေရတက်ပါတယ် အဲလောက်လွယ်ကူတက်လား တွေးနေခဲ့မိတယ် အတွေးကမဆုံးပါဘူး ညကနက်လာပြီလေ။ဒါပေမဲ့ အတွေးကိုမရပ်တန့်ချင်ပါဘူး အတိတ်ရက်တွေ ခေါင်းထဲ ၀င်လာတယ် ကျောင်းသူ / သား နေ့ရက်တွေ အတူလက်တွဲ ပျော်ရွင်ခဲ့ဘူးတာက တစ်ရက်တာ မဟုတ်တဲ့ နှစ် လ ရက် တွေလေ ဒါတွေကို လွယ်လွယ်နဲ့ မေ့ပျောက် အိပ်မက် သက်မှတ်ချင်ခဲ့သူ ။
အချိန်တွေ ပြောင်းသွားပေမဲ့ လွမ်းသူ ရင်မှာ အရင် ဇာတ်ကွက် အတိုင်းပါပဲလေ ဆုံတွေ့ခြင်းက ခွဲခွာခြင်းဖြစ်ခဲ့ပြီးနောက် ခွဲခွာပြီးနောက် ဆုံတွေ့ဖို့ရှိနိုင်မလား အတွေးတွေနဲ့ ဒီတစ်ည မျက်စိမှိတ်လိုက်ခဲ့ပြီ။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။