ည အားလပ်ချိန်လေး အပြင်မှာထိုင်နေရင်း ကောင်းကင်ကို မော့ကြည့်နေမိတယ် တစ်ခြမ်းပဲ့လလေးကို တိမ်တွေက တိုးဝှေ့လို့ ပေါ်တလှည့် ပျောက်တလှည့်နဲ့ပေါ့ စိတ်ထဲမှာလည်း လွမ်းရိပ်တွေက ဘယ်နေရာက တိုးဝင်လာလည်းမသိ ဟိုအရင် ရက်တွေဆီကိုရောက်သွားခဲပါတယ် တစ်ယောက်တည်းတိုးတိတ်စွာ။ အဆောင်ရှေ့မှာ ချစ်သူကိုယ်စီ စကားစမြည်ပြောနေကြလို့ တို့နှစ်ယောက် စကားတွေမဆက် ကောင်းကင်နက္ခကိုကြည့်နေမိတယ်။ ကြယ်တွေ လင်းလတ်တာကိုလည်း ကြည်နူးခဲ့တယ် ခုနှစ်စင်ကြယ် အစအဆုံ ရေတွက် ပြောနေမိတဲ့ အသံတွေ မကြာပါဘူး .. အဆောင်တံခါးပိတ်တော့မယ် အသိစိတ်တွေ ကိုယ်စီ ၀င်လာတော့မှ စကားပြောနေပြန်တယ်လေ တစ်ညတာ လွမ်းပြေရေးတွက်။ အတိတ်ရဲ့ နမ်ချက်တိုင်းဟာ အခု အလွမ်းတံတိုင်းတွေ ဖြစ်ဖို့ဆိုတာ ဘယ်သိခဲ့မှာလည်း။ မျက်လုံးပေါ် မိုးစက်တစ်ပေါက်လွင့်လာတော့မှ အသိစိတ်ဝင် အလွမ်းတောမှ ပြန်လာခဲ့ပါပြီ။ မိုးစက်တွေလည်း ခဏပါပဲ ပျောက်ကွယ်သွားလေပြန်ပေါ့။ ပိုပြီးတော့ သာယာနေတဲ့ မိုးကောင်းကင်ရယ် တစ်ခြမ်းပဲ လမင်းရယ် ငါကြည့်မ၀အောင်လှပနေတယ။် ခွဲခွာခြင်းတွက များလာတော့ အလွမ်းတွေဆို တာမကုန်ဆုံးနိုင်တော့ပါဘူး။စိတ်မှာ ပြန်တွေ သံစဉ်တွေကို ဆိုငြီးနေမိ အဆောင်ရှေ့ တီးခတ်ခဲ့တဲ့ သီချင်းလေး တစ်ချို့ပေါ့ .. သူမကြားနိုင်တော့ပါ ဝေးရာအရပ်မှာ သူပျော်နေမယ်ထင်ရဲ့။ ဒီလူမှာတော့ အလွမ်းရှေ့ ဒူးထောက် ခေါင်းစိုက်နေရရှာပေါ့။မင်းသိပါစေ ငါ့ အလွမ်း
Thursday, 17 June 2010
Wednesday, 16 June 2010
Monday, 7 June 2010
သာစွဟန်လင်း
ဆောင်းတွင်းအခါ မြောက်လေလာက
အိမ်သာအနံ့ ၀တ်အနံ့တို့
သင်းပျံ့မွှေးစွာ နေရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
ခဲသလဲပါ ရောင်ဝါထိန်ငြီး
လုံးတီးထမင်း ပျော့ဖျင်းဖျင်းကို
ရသာကင်းစွာ လွေးရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
အရေကျဲကာ ဆီမပါသည့်
ဟင်းလျာအဟုတ် ချက်ပြုတ်ရန်တွက်
အက်သံထက်သေး အတုံးလေးများ
ရရှိလာအောင် ဖန်ဆင်းဆောင်သည့်
ဂုဏ်ရောင်ပြောင်ထူး စားဖိုမူးအား
နိုဘယ်ဆုပင် အပ်နှင်းချင်သည်
သက္ကသီလာ မြကျွန်းသာရိပ်
ချွေးသိပ်ခိုဝင် ပညာသင်ရင်း
ဆောင်ဟန်လင်းမှာ ကြုံလာသောက
အ၀၀တို့ ချောလှတမူ
နှင်းဆီသူနှင့် အတူယှဉ်တွဲ
ဒင်နာပွဲကြောင့် ဒီမောင့်ရင်ခွင်
ကင်းပျောက်စင်ရာ တာဝတိံသာက
ရူံးရလောက်သည် ပီတိဖရဏ
စိတ်မှာထင်ဟပ် ရွတ်ဆိုအပ်ပြီ
သာစွဟန်လင်းပေတကား။
မျိုးမြင့်သန်း(မန်းစက်မြေ)
Subscribe to:
Posts (Atom)