domain names တွေကို အမေရိကန်မှာ ရှိတဲ့ ICANN (Internet Corporation  for Assigned Names and Numbers) ဆိုတဲ့ အဖွဲ့အစည်းကနေ ထိန်းချုပ်ထားတာပါ။  သူ့အဓိက တာဝန်ကတော့ domain အမည်နဲ့ ip  address ကို သတ်မှတ်ပေးတာပဲ ဖြစ်ပါတယ်။ အခြား network protocol နဲ့  ဆိုင်တဲ့ လုပ်ငန်းတွေလည်း ကျန်ပါသေးတယ်။ သာမန်လူတစ်ယောက် domain name  ဝယ်ချင်တယ်ဆိုရင် ICANN ဆီကို တိုက်ရိုက် ဝယ်လို့ မရဘဲ domain registrar  လို့ ခေါ်တဲ့  ICANN က အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတွေကနေ တဆင့်  ဝယ်ရတာဖြစ်ပါတယ်။ ဥပမာ Godaddy.com, name.com။
ဒိုမိန်းရောင်းတဲ့သူတွေက အာမခံကြေး သဘောမျိုး ပေးပြီး ICANN ရဲ့အသိအမှတ်ရယူထားပါတယ်။ ဒါမှလည်း domain name ဝယ်တယ်ဆိုရင် သူနဲ့ဆိုင်တဲ့ data တွေကို ပြင်ခွင့်၊ ဖျက်ခွင့် ရရှိတာပါ။ ဂူဂဲလ်ကလည်း godaddy လိုမျိုး ICANN အသိမှတ်ပြု reseller မို့လို့ သူ့ဆီက ဝယ်လို့ရတာပါ။ အသိမှတ်ပြု ကုမ္ပဏီစာရင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။